ယနေ့လူငယ်များပြောဆိုနေကြသော
စကားများထဲတွင် ‘လန်းတယ်’၊ ‘ဟတ်ထိတယ်’၊ ‘ဖလန်းဖလန်း’ စသော
စကားမျိုးတွေမကြာ ခဏကြားရသည်။ ကာလအလိုက် အ သစ် အဆန်းတီထွင်သုံးစွဲကြသော
စကားများဖြစ် သည်။ များသောအားဖြင့်လူငယ်များ၏ နှုတ် ဖျားမှ ပေါ်ပေါက်လာသော
စကားများဖြစ် သည်။ ထိုစကားမျိုးကို ဗန်းစ ကား ( Slang )ဟုခေါ်ပါသည်။
ဗန်းစကားသည် ဘာသာစကားထဲတွင် စ
ံအဖြစ်အတည်အခံ့သုံးသော
စကားမျိုး မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးအလွတ်သဘော ပြောဆိုရေး သားသုံးနှုန်းသော
စကားမျိုးဖြစ် ကြောင်း၊ လုပ်ငန်းတူရာအစုအဝေးအသိုက် အဝန်းအလိုက်
တီထွင်သုံးစွဲလေ့ရှိကြကြောင်းဘာသာစကားပညာရှင်များက
ဖွင့်ဆိုကြ သည်။ မြန်မာဘာသာစကားနယ်ပယ်တွင် လည်း ခေတ်အဆက်ဆက် ဗန်းစကားများ
ပေါ်ပေါက်ခဲ့သည်။ ဆက်လက်၍လည်း အသစ်အသစ်ပေါ်ပေါက်ဦးမည်ပင်ဖြစ် သည်။
အစုအဝေးတစ်ခုတွင် အချင်းချင်းနားလည် အောင် ပြောဆိုသုံးနှုန်းရာမှ
အသုံးကျယ်ပြန့်လာသော စကားမျိုးဖြစ်သည်။
ကျောင်းသားလူငယ်များ၊ အမှုထမ်းများ၊
သဘင်သည်များ၊ မော်တော်ယာဉ်အလုပ် သမားများ စသည်ဖြင့် အသိုက်အဝန်းအသီး
သီးတွင် ပြောဆိုသုံးနှုန်းကြသော ဗန်းစကား များ
ရှိမြဲဖြစ်သည်။ငနဲ(ယောက်ျား)၊ မဒ (မိန်းမ)၊ မဒီ (မိန်းကလေး)၊
စွပ်ဖား(အင်္ကျီ)၊ရှပ် (အရက်)၊ ရှပ်တေ့ (အရက်သောက်)၊နွဲ့(ဘိန်း) ၊ နွဲ့သမား
(ဘိန်းစား)၊ တွတ်(စားသည်)၊ ပုံးတွတ် (ထမင်းစားသည်)၊ ငဝက်(ပိုက်ဆံ)၊ ယွန်း
(သွားသည်)၊ စန့် (သေသည်) တို့မှာ ၁၉၂ဝဝန်းကျင်က စ၍သုံးခဲ့သော ဗန်းစကားများ
ဖြစ်ကြောင်း မှတ်သားရသည်။ ‘ ဒီငနဲတော့ စန့်နေပြီ’ ဆိုသော စကားမျိုး
ဝတ္ထုတွေ ထဲမှာ တွေ့ရပါသည်. အရက်သမားကို ‘ဇိုးငနဲ’ ၊’ဇိုးသမား’ဟုလည်း
ခေါ်သည်။ ဆရာကြီးမဟာဆွေ၏ ဝတ္ထုတစ်ပုဒ် အမည်မှာ’ဇိုးမောင်ေ မာင်’ဖြစ်သည်။
၁၉၁၄ခုနှစ်ကပေါ်ထွက်သော ဦးလတ်၏ ရွှေပြည်စိုးဝတ္ထုတွင် ဘိလပ်မှာ ပညာသွား
သင်ပြီး စိတ်ကြီးဝင်လာသော ဝတ်လုံတော်ရ မောင်သောင်းဖေက ‘အဖေ၊ညက
အငြိမ့်ပွဲမှာ အလွန်လှပသော မဒကလေးတစ်ယောက်ကိုကျွန်တော်တွေ့
ခဲ့ပါတယ်။ကျေးဇူးပြု၍
သည် မဒကလေးကိုကျွန်တော့်ကို စပ်ပေးပါ’ဟုပြော သည့် အခန်းပါသည်။ ‘မဒ’မှာ
မိန်းမဟု အဓိပ္ပာယ်ရသော ဗန်းစကားဖြစ်သည်။ လူ ငယ်ချင်း
အပြောင်အပြက်ပြောရာတွင် သုံး လေ့ရှိသော်လည်းလူကြီးကို ထိုစကားမျိုး
ပြောလျှင် မရိုသေရာကျသည်။ ဦးလတ်သည် ထိုစကားကိုမောင်သောင်းဖေက အဖေအား
ပြောစေခြင်းဖြင့် မောင်သောင်းဖေ သရုပ်ပျက် နေပုံကို ထင်ရှားအောင်ပြခြင်ြး
ဖစ်သည်။ (တစ်ဆက်တည်းသတိရ၍ ပြောရလျှင် မကြာမီက
တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်သည်
သူအလွန်လေးစားသော ဆရာ့ထံ ကောင်လေးတစ်ေ ယာက်ခေါ်လာ ပြီး ‘ဒါ သမီးရဲ့
ဘဲပါဆရာ’ ဟု မိတ်ဆက်ပေး ရာ ဆရာမှာ ဘယ်လိုမျက်နှာထားရမှန်း မသိ
အောင်ဖြစ်သွားသည်ဟု ကြားရပါသည်။ မောင်သောင်းဖေက သူ့အဖေရှေ့မှာ
‘မဒ’ဆိုသောစကားကို လူကြီးရှေ့မပြောသင့်သော စကားဟုမသိဘဲ ပြောပုံမျိုးနှင့်
တူပါသည်။)ဆရာကြီး ဒဂုန်နတ်ရှင်က ‘ယောပန’ ဆိုသော စကားသည် ၁၉၂ဝကျော်က
မန္တလေးမှာ သုံးသော ဗန်းစကားဖြစ်ကြောင်း ‘ဘုန်ကြီး’ဟု အဓိပ္ပာယ်ရကြောင်း
ရေးဖူးပါ သည်။ ‘ယောပနဘိက္ခဝေ’ဆိုသော ပါဠိက ထာထဲက စကားကို
ယူခြင်းဖြစ်ပုံရပါသည်။ မိန်းမကို ‘မဒ’ဟု ခေါ်သကဲ့သို့ ‘မြာ၊ ဇယ်၊
စမူ’စသည်ဖြင့်လည်း ဗန်းစကားများဖြင့် ခေါ်ပါသည်။ (ယောက်ျားကလေးကို ‘ဘဲ’
ဟုခေါ်သလို မိန်းကေ လးကို ခေါ်သောဗန်း စကားကိုလည်း လူငယ်တွေပါးစပ်ရဲရဲဖြင့်
သုံးနေကြပါသည်။
အများသိပြီးသားစကားဖြစ်၍ ရေးမပြလိုတော့ပါ။)လက်ပစ်ဗုံးကို
‘နာနတ်သီး’၊ လက်ပတ် နာရီကို ‘ရဟတ်’၊ မော်တော်ကားကို ‘ဒလိမ့်’
ဟုခေါ်သောဗန်းစကားများ တစ်ချိန်ကအသုံး တွင်ခဲ့ပါသည်။ ယာဉ်ထိန်းရဲကို မစ
တတ်သူ ဟူသော အဓိပ္ပာယ်ဖြင့် ‘ဘိုးဘိုးအောင်’ဟုသုံး
ရာမှမီတာနှစ်ဆနှစ်ဆတက်တတ်သော ဖင်မလိယာအငှားကားကလေးများကိုလည်း
ဝတစ်လုံးက နှစ်လုံးဖြစ်အောင် နှစ်ဆပေါင်း ပြီး မစတတ် သည့် အဓိပ္ပာယ်ဖြင့်
၁၉၇ဝဝန်း ကျင်လောက်က ‘ဘိုးဘိုးအောင်ကား’ဟု ခေါ်
ခဲ့ကြဖူးပါသည်။ယခုထိုအငှားကားများပျောက် ကွယ်သွားသည်နှင့်အတူထိုဗန်းစကား
လည်း ပျောက်ကွယ်သွားပါပြီ။ပါးစပ်ထဲက ထွက် လာသော စကားကို စကားထွက်လာသည့်
အာခေါင်အဖြစ်တင် စား၍ ‘အာကောင်း တယ်’၊ ‘အာများတယ်’၊ ‘အာသမား’ စသည်ဖြင့်
သုံးရာမှ ‘အာလူးပေးတယ်’ ဆို သော ဗန်းစကားကို တစ်ချိန်ကတွင်တွင်
ကျယ်ကျယ်သုံးခဲ့ကြပါသည်။’အာလူးလာ မပေးနဲ့လေနည်းနည်းလျှော့’ဆိုသော သီချင်း ပင်ပေါ်ပေါက်ခဲ့ပါသည်။’အာလူးဖုတ်တယ်’၊
‘အာလူးပဲ’ စသည်ဖြင့်လည်း သုံးပါသည်။ခိုးသည့် အဓိပ္ပာယ်ကို ‘ဘုံးတယ်’၊ ‘ကစ်
တယ်’ ဟု သုံးသလို၊’တိုတယ်’ ဟုလည်း သုံး ပါသည်။ သူခိုးကို
‘ငတို’ဟုခေါ်ပါသည်။ ‘ကလေကချေ’ဟူသော စကားကိုယူ၍ ပေပေ
တေတေနေသူကို’ဂလေ’၊’ဂလေရိုက်နေတယ်’
စသည်ဖြင့်လည်း သုံးပါသည်။ဗန်းစကားများသည် စာဝင်ပေဝင် တည်တည်တံ့တံ့
စကားများမဟုတ်သည့်အတွက် မသုံးသင့်ဟု အချို့ကယူဆကြပါသည်။ ကလက်တက် တက်
စကားများ အဖြစ်လည်း အထင်သေး တတ်ကြပါသည်။ သို့သော် ဘာသာစကား၏
သဘောအရဗန်းစကားများသည် အစဉ် အဆက် ပေါ်ပေါက်နေမည် သာဖြစ်ပါသည်။ တားဆီး
ပိတ်ပင်၍ မရစကောင်းပါ။ ဆိုင် ရာဆိုင်ရာအသိုက်အဝန်းတွင် ပေါ့ပေါ့ပါးပါး
ပြောဆိုရာမှ အများလက်ခံ မသုံးတော့လျှင် အလိုအလျောက်မှေးမှိန်
ပျောက်ကွယ်သွား မည်သာဖြစ်ပါသည်။တမင်ပိတ်ပင်တားဆီး
စရာမလိုပါ။ အများလက်ခံသုံးလျှင်မူ ဘာသာ စကားနယ်ပယ်ထဲမှ အသားကျလာပြီး
နေ့စဉ် သုံးစကားအဖြစ်တည်တည် တံ့တံ့နေရာယူ လာတတ်ပါသည်။သိပ္ပံမောင်ဝသည်
၁၉၂၇ခုနှစ်က ‘ပေါ် ပေါက်ခါစ စကားကလေးများ’ဟူသော ခေါင်း စဉ်ဖြင့် သူ့ခေတ်မှာ
အသစ်သုံးနှုန်းကြသော ဗန်းစကားများအကြောင်းရေးသားရာတွင်
‘ကြမ်းပိုး’ ဆိုသော စကားကို သာဓက ဆောင်ပါသည်။ ‘ဘိုင်စကုပ်ကြမ်းပိုး’၊
‘ကွင်းကြမ်းပိုး’၊ ‘ကလပ်ကြမ်းပိုး’ စသော အသုံး များကို
သတင်းစာမဂ္ဂဇင်းများမှ ထုတ်ပြပြီး လူတို့၏အသွေးအသားကို သောက်စား သော
ကြမ်းပိုးများကဲ့သို့ မြင်းပွဲ၊ ဖဲဝိုင်း၊ ကလပ် စသည်တို့တွင်
ကပ်ရပ်မှီခိုနေကြေ သာ အလုပ်မရှိလူစားကို ကြမ်းပိုးဟု ခေါ်ဟန်
တူကြောင်းရှင်းပြထားသည်။ ‘ကြမ်းပိုး’ကို ဗန်းစကားအဖြစ် သုံးခါစ အခြေအနေဖြစ်
ကြောင်းသိရပါသည်။ ယခုအခါတွင်မူ ‘ကြမ်း ပိုး’ သည်
‘အကျင့်ရှုပ်ပွေသူ’၊’ညာလှိုင်းမှီခို
တတ်သူ’ဟူသော အဓိပ္ပာယ်ဖြင့် အသုံးတွင် ကျယ်နေသည့်အပြင် ‘နှံ့စပ်သူ’ ဟူသော
အဓိပ္ပာယ်ဖြင့်လည်းသုံးနေပါ ပြီ။ ‘ကြမ်းပိုး ကျတယ်’၊’ကြမ်းပိုးထိုးတယ်’၊
‘တေလေကြမ်းပိုး’ ဆိုသော မကောင်းသည့် အဓိပ္ပာယ်အပြင် ‘စာကြမ်းပိုး’ဟူ၍
နှံ့စပ်သည့်အဓိပ္ပာယ်ပါ ဆောင်နေပါပြီ။ ဘာသာ စကား ကို စနစ်တကျလေ့လာ သော
ပညာရှင်များသည် ဗန်းစကားများကို ကဏ္ဍတစ်ခုအဖြစ် လေ့လာကြပါသည်။
ခေတ်မီဘာသာဗေဒစာအုပ်များ၊ ကျမ်းများ တွင် ဗန်းစကား၏ သဘောလက္ခဏာများကို
ကဏ္ဍတစ်ခုအဖြစ်ဖော်ပြကြပါသည်။ ဗန်းစကားများကို သုတေသနပြု၍ စာတမ်းများ
ဖတ်ကြပါသည်။ဆက်စပ်ဖော်ပြရလျှင် ၁၉၇ဝကျော် က ထွက်သော
စိတ်ဝင်စားစရာစာအုပ်တစ်အုပ် တွေ့ဖူးပါသည်။ ‘မင်းမင်းလတ်’ ပြုစုသော
‘လမ်းပေါ်ကဝေါဟာရများ’ဖြစ်ပါသည်။ တစ် အုပ်မကထွက်ခဲ့ ပုံရပါသည်။ ထိုကာလက လူငယ်များသုံးနေသောဗန်းစကားအများအပြား ပါဝင်ပါသည်၊၊ဘာသာစကားလေ့လာမှုအတွက် လိုအပ်သော လုပ်ဆောင်ချက်တစ်ခုပါ။
(ဗန်းစကားများအကြောင်း ဆက်လက်တင်ပြ ပါမည်။)
မောင်ခင်မင်(ဓနုဖြူ)
popularmyanmar.com
0 comments:
Post a Comment