Friday, February 24, 2012

ယာသမား လယ်သမား ကိုင်းသမား......... ဘဝ

by Chan Myae on Saturday, February 25, 2012 at 10:56am ·


ပူပြင်း တယ်ဆိုတဲ့ စကားထက် ပိုတဲ့ စကားလုံးကို တွေးကြည့်တယ်... ပူလောင်တယ် လို့ပဲ ခေါ်မလား.. လောင်မီးကျနေတယ်လို့ပဲ သုံးရမလား။ ရာသီဥတု ရဲ့ ရက်စက်မှုတွေကို ခံရတဲ့ အထဲမှာ ကိုယ်တယောက်ထဲတော့ မဟုတ်ဘူး.. ဒီ သုံးလေး နှစ်အတွင်း သူ့လို့ပဲဖောက်ပြန်တဲ့ ရာသီဥတု ကြောင့် ကိုင်းသမား ( သို့ ) ယာ သမားတွေ တော်တော်လေး အခြေအနေဆိုးခဲ့ရတယ် ။

မြွေပူရာ ကင်းမှောက့် ဆိုသလို အမြတ်ကြီးစား လူတန်းစားတွေ ကြောင့်လည်း သူတို့ ဘ၀တွေ အရောင်အဆင်းက မွဲချာလိုက်နေရတယ်။

ဒီနှစ် အတွက် စိုက်ထားတဲ့ သီးနှံ ကို ဒီနှစ်ပေါက်ဈေး ရရင် တော့ အခြေအနေက ဆိုးမှာ မဟုတ် ပွဲစားတွေရဲ့ အောက်ဈေး နှိုက် မတရား
ခေါင်းပုံဖြတ် တာတွေကြောင့် တော်တော်လေး အထိနာခဲ့ရပြီ ။ အရင်ကရော ဒီလို ပဲလားဆိုတော့ မဟုတ်ပါဘူး....။ရွာတရွာကို အရင်ကဆိုရင် ပွဲစား ၅ ယောက်သော် လည်းကောင်း ၇ ယောက်သော် လည်းကောင်း စသဖြင့် လာတတ်ပါတယ် ။ ဒီတော့
တယောက်က ၁၀၀ ပေးလို့ မရောင်းချင်ရင် နောက်တယောက်ကို ၁၂၀ နဲ့ ရောင်းလို့ရပါသေးတယ် ။ ကိုယ်စိတ်ကြိုက် လူကို ကြိုက်ဈေးနဲ့ ရောင်းလို့ ရတဲ့ အနေအထားမျိုးပါ ဒီတော့ ယာသမားတွေ ရဲ့ ဘ၀ က ချောင်လည်နေတဲ့ အခြေအနေပါ ။
အခုကျတော့ အခြေအနေကပြောင်းပြန် အနေအထားပါ ပွဲစားက တရွာကို တယောက်ပဲ လာပါတယ် သူကြိုက်တဲ့ဈေး ( အောက်ဈေး )ကိုပဲ  ပေးပါတယ်ရောင်းချင်ရောင်း မရောင်းချင်နေ သူ့ကို မရောင်းရင် ကိုယ့်သီးနှံတွေက ပုပ်ကုန်တွေ ဖြစ်သွားမှာပါ ဒီလိုမှ မရောင်းချင်ဘူးလား ကိုယ်မှာလှောင်နိုင်တဲ့ အင်အား ရှိနေသလား ဒီလို ဆိုရင်တော့ လှောင်ပေါ့ ။ ခက်တာက ယာသမားဆိုတာကလည်း ၁၀၀ မှာ ၈၀ လောက်ကအကြွေးနဲ့ မကင်းနိုင်တော့ (ဗိုက်နာနေတဲ့ဈေး ) နဲ့ ရောင်းရတာပါပဲ ။

ဒီမှာ ယာသမားတွေ လောကမှာ လူတန်းစား ၃ ခု ဖြစ်ပေါ်လာပုံ အကြောင်းပြောချင်ပါတယ် နံပတ် ၁ လူတန်းစားကတော့ ဘာမှ မရှိတဲ့ အနေအထား အောက်ခြေဆိုမှာ ဟိုး မြေကြီးပေါ်မှာ ကပ်ပေါက်နေတဲ့ မြက်ပင် က အဖေခေါ်ရမဲ့လူတွေပါ ဒီလိုလူတွေက ယာသမား ၁၀၀ မှာ ၆၀ လောက် ရှိပါတယ် ဒီလိုလူတွေကျတော့
ပထမ ဈေး ( ပွဲစားပေးတဲ့ ဈေး) နဲ့ မဖြစ်မနေ ရောင်းရပါတယ် ။ နံပတ် ၂ လူတန်းစားကတော့ ချောင်ချောင်လည်လည် ရှိတဲ့ လူတန်းစား သူကျတော့ ပွဲစားပေးတဲ့ ဈေးကို မကြိုက်လို့ မရောင်းပဲ တင်းခံထားလိုက်တယ် ဒီလို တင်းခံထားရင်က ပွဲစားက နောက်တခေါက် ပြန်လှည့် လာရင် ပေါက်ဈေး မဟုတ်သော်လည်း ပေါက်ဈေးနီးပါးရတော့ ရောင်းရပါတော့တယ် ။ဒီလို လူတန်းစားက  ယာသမား ၁၀၀ မှာ ၂၀ လောက်ရှိပါတယ် ။ နောက်ဆုံး လူတန်းစားကတော့ ငွေလည်းရှိတယ် လှောင်တဲ့ ဂိုထောင်လည်း ရှိတယ် ကြိုက်ဈေးကို တောင်းပြီး ရောင်းနိုင်တဲ့ လူတန်းစားပါ သူတို့ ကတော့ ဈေးအမှန်ကို ရပါတယ်။

ဒီနေရာမှာ ဘာကြောင့် ပွဲစားတွေ က ရွာကို အရင်ကလို များများစားစား ဆင်းမ၀ယ်ကြတာလဲ ဆိုတာ က မေးစရာရှိလာပါပြီ......။
အဓိကတော့ ပွဲစားတွေကို ချုပ်ကိုင်နေတဲ့ ကုန်သည်တွေ ရဲ့ လှည့်ကွက်ပါ လုပ်ချင်ရာ လုပ်ခွင့် ရနေတော့ ဈေးကွက်ကို လိုသလို
မျက်လှည့်ပြနေတာပါ ပွဲစားတွေကို လစာပေးပြီး ခန့်ထားတယ် ဈေးနှုန်းတခုကို သတ်မှတ်ပေးလိုက်တယ် ဒီဈေးနဲ့ပဲ လိုက်ဝယ်ခဲ့
ဆိုရင် ဒီဈေးထက် ပိုပြီး ပွဲစားက ကျော်မပေးရဲပါဘူး ။ ပွဲစားတွေ ရသမျှ ကုန်တွေကို သူတို့က ဈေးကွက်မှာ အမြတ်ကြီးတင်ပြီး
ရောင်း ကြတာပါ ။ ယာသမားတွေ ကို ပေးတဲ့ ဈေးက တကယ့်အောက်တန်းစားဈေးမှာ သိုသော်ဈေးကွက်မှာ ဒီနေ့ ဆန်ဈေး ဆီဈေး
တွေ အဆမတန်ကြီးလာတာက တော့ ဈေးကွက်ကို လုပ်ချင်တိုင်းလုပ်နေလို့ပါပဲ ။ အစိုးရ က ရော ဒီလို အခြေအနေကို ၀င်ထိန်းပေး
မယ်လို့ ထင်နေရင်တော့ မှားပါလိမ့်မယ် အစိုးရကိုယ်တိုင် က ကုန်သည် ဖြစ်နေတာ လားဆိုတာတော့...........။

ယာသမားတွေ က ဒီပြသနာကို မသိတာလား ဆိုတော့သိသိကြီးနဲ့ ခံနေရတာပါ လက်တစုပ်စာ လူတန်းစားရဲ့ ချုပ်ကိုင်မှုအောက်မှာ
သူတို့ ဘ၀တွေက နိမ့်ကျသထက်နိမ်ကျလာနေပါတယ်။ သားသမီးတွေရဲ့ ပညာရေး ကျမ်းမာရေး လူမှုရေး အဘက်ဘက်က နိမ့်ကျ
နေတဲ့ ဘ၀ကို သူတို့ ဘာတတ်နိုင် ပါ့မလဲ.....။  စက်မှုလယ်ယာ ခေတ် သို့ ဆိုပြီး ကြွေးကျော်သံတွေ က ယာသမားတွေ အတွက်
ရယ်စရာ ပြက်လုံး တခုပါပဲ. အစိုးရရဲ့ ချေးငွေ ဆိုတာကလည်း အမှီးနုတ် ခေါင်းနုတ် အတိုးဖြတ် စာရွက်စာတန်းကြေးဖြတ်ပြီး သကာလ
လက်ထဲေ၇ာက်တော့ တနေ့စာဈေးဖိုး ရရင် ကံကောင်းတယ် လို့ဆိုရပါမယ် ။ လယ်ထွန်စက် တွေ ဒီလောက် ပေါနေတာ ၀ယ်ပါလား
လို့ ပြောရင်တော့ ဟုတ်ပါတယ် ပေါပါတယ်ခင်ည ဒါပင်မဲ့ ဈေးက မပေါဘူး ခင်ဗျ လို့ ဖြေရမှာပါပဲ နွား ၂ ကောင်နဲ့ တပတ် ထွန်ရတဲ့
ထယ်ကို လယ်ထွန်စက် နဲ့ ဆို တရက်ထဲ ပြီးတာပေါ့ဗျ နွားနဲ့ ထွန်ထားတဲ့ ထွန်သွားက အစိုဓါတ်ကလေးများ မရလောက်ရင် ဒုတိယံမိထွန်ရပါသေးတယ် ။ လယ်ထွန်စက် နဲ့ ထွန်ရင် ထွန်သွား ပိုနက်တော့ အစိုဓါတ် ရရမရရ ပစ်ထား ပျိုးကျဲ ချင်တဲ့ အချိန်ကောက်ကျဲ
လိုက် အဆင်ပြေတာပေါ့ ။ အရစ်ကျ စနစ်ဆိုတာလည်း မူလ တန်ဖိုးထက် ၁ ဆခွဲနီးပါ ဆိုတော့ အခြေအနေက တော်တော်လေး လှမ်း
တယ်လို့ပြောရမယ် ။ ယာသမားတွေ အတွက် နောက်ဆုံး ထွက်ပေါက် ကတော့ ယာတွေကို ရရာဈေးနဲ့ ရောင်းပြီး ရန်ကုန်ကို တက်
လာရတော့တာပါပဲဗျာ............။

ရန်ကုန်မှာ ရှိတဲ့ စက်ရုံတွေမှာ လုပ်ချင်လုပ် မလုပ်ချင်ရင် လမ်းဘေး မှာ ဈေးရောင်းချင်ရောင်း ရွေးစရာကတော့ နည်းပါးလှပါတယ်။
မိသားစု ဘ၀တွေ အတွက် ယာသမားဘ၀ကို စွန့်လိုက်ရတယ် ဆိုပင်မဲ့ တသက်လုံး လုပ်လာခဲ့တဲ့ အလုပ်ဆိုတော့ အဆင်ပြေမယ်
ဆိုရင် လုပ်ချင်တာ ပါပဲဗျာ ။ ကိုယ်ပိုင်တဲ့ လယ်မှာ ကိုယ်ပျိုး ကိုယ်ကျဲ ကိုယ်သီးနှံ ကိုယ်စိုက် လွတ်လွတ်လပ်လပ် ဘ၀ကနေ ရှုပ်ထွေး
နေတဲ့ ကားတွေကြား မွန်းကြပ်နဲ့ လေထုတွေ ကြားကို ရောက်ရတဲ့ ဘ၀ဆိုတော့ စိတ်ပျက်လှပါတယ်.။ ရွာသားက ရွာမှာပဲ ပျော်တာ
မဆန်းပါဘူးဗျာ ရွံတွေ ဗွက်တွေ နဲ့ နေရတဲ့ ဘ၀ကို ပိုပြီးတက်မက်ပါတယ် ။ ဒီလို စက်ရုံ အလုပ်ရုံတွေ နဲ့ အချိန်တိုင်း သွားသုတ်သုတ်
လာ သုတ်သုတ် ဘ၀တွေ ကို မလိုချင်ပါဘူး..။ ရွာမှာပဲ မိသားစု နဲ့ လယ်အလုပ်ကို ပျော်ပျော်ရွှင်နေချင်တာပေါ့ ခက်တာက......

လယ်သမားတွေ လယ်လုပ်လို့ မရတော့ တဲ့ ခေတ်ကိုးဗျ ..........
ကိုယ်စိုက်ပျိုးနေတဲ့ ကိုယ့်လယ်မြေကို ဘယ်သူက ဘယ်အချိန်မှာ လာသိမ်းရမလဲဆိုတဲ့ စိုးရိမ်တဲ့ ခံစားချက်
ကိုယ်ရဲ့ စိုက်ပျိုးထားတဲ့ သီးနှံတွေကို သူတောင်းစား သာသာဈေးနဲ့ ရောင်းလိုက်ရလို့ ရင်နာရတဲ့ ခံစားချက်
ကိုယ့်ရဲ့ သီးနှံပင်လေးတွေ ရင်မှည့်လာချိန် မှာ ရာသီဥတု ဖောက်လို့ ပျက်စီးသွားရတဲ့ ခံစားချက်ဒီလို အခက်အခဲတွေကို လယ်သမား ယာသမားတွေ က လွဲလို့ ဘယ်သူက သိနိုင်မှာလဲဗျာ................။

ချမ်းမြေ့

( လယ်သမားတယောက်နဲ့ စကားပြောရင်းက နိမ့်ကျလှတဲ့ ဘ၀ကို ရေးမိတာပါ ကျွန်တော်တို့ တတိုင်းပြည်လုံးရဲ့ ၇၀ ရာခိုင်နှုန်းက လယ်သမားတွေ ပါပဲ )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...