လည်ပင်ကြီးရောဂါဆိုတာ
“မေမေရေ.. .ဟိုအန် တီကြီး လည် ပင်းက ဖုလုံးကြီး ထွက်နေတယ်။ အကြီး ကြီးပဲနော်။ ကြောက် စရာကြီး” ဈေး ထဲမှာ ကလေး တစ်ယောက် အော်ပြော လိုက်တဲ့ အသံကြောင့် လှမ်းကြည့် လိုက်တော့ ကလေးပြောတဲ့အတိုင်း တောင်ပေါ်သူတစ်ယောက်မှာ လည် ပင်းကြီးရောဂါ Goitre ဖြစ်နေတာ ကို တွေ့ရပါတယ်။ ဥတုရာသီတောကို မှီ၏ဆိုတဲ့အတိုင်း ရာသီဥတုတွေ ဖောက်ပြန်ရခြင်းဟာ သစ်တောတွေ ပျက်စီးဆုံးရှုံးရခြင်းကြောင့် အဓိက ဖြစ်ပါတယ်။
သစ်ပင်တွေ ခုတ်ဖြတ် လှဲတော့ သစ်တောတွေ ပြုန်းတီးရတဲ့ အပြင် မြေဆီလွှာရှိ သဘာဝဓာတ် ဆားတွေဟာလည်း ရေတိုက်စားမှု ကြောင့် ဆုံးရှုံးရပြန်ပါတယ်။ အဲဒီလို ဆုံးရှုံး သွားတဲ့ သဘာဝဓာတ်ဆားတွေ အနက် အိုင်အိုဒင်းဓာတ်ချို့တဲ့မှုဟာ လည်ပင်းကြီးရောဂါဖြစ်စေတဲ့ အဓိက လက်သည် တရားခံပါပဲ။
လည်ပင်းဘာကြောင့် ကြီးရတာလဲ
ဖြစ်နိုင်တဲ့အကြောင်းအရာတွေ က အများကြီးပါပဲ။ ဒါပေမယ့် ဖြစ်နိုင် ခြေများကတော့... (၁) အိုင်အိုဒင်းဓာတ်ချို့တဲ့လို့ (၂) သိုင်းရွိုက်အကျိတ်ကင်ဆာဖြစ်လို
ထင်ရှားတဲ့ လည်ပင်းကြီး ရောဂါသည်တွေကို သင်သိပါသလား
အမေရိကန်ပြည်ထောင်စု သမ္မတဟောင်း ဂျော့ခ်ျဘုခ်ျနှင့်ဇနီး ဘာဘရာဘုခ်ျတို့ဟာ Graves Disease ခေါ် လည်ပင်းကြီးရောဂါ တစ်မျိုး ခံစားနေရသူတွေ ဖြစ်ပါတယ်။ သမ္မတကြီးဂျော့ခ်ျဘုခ်ျရဲ့ သိုင်းရွိုက် လည်ပင်းအကျိတ်တွေဟာ ၂ နှစ် အတွင်း တဖြည်းဖြည်းကြီးလာပြီး သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှုများ ပြားလာခြင်းကြောင့် နှလုံးခုန်မမှန် တော့တဲ့အထိ ဖြစ်ပွားခဲ့ပါသတဲ့။ လိပ်ပြာတောင်ပံလို ပုံစံရှိတဲ့ သိုင်းရွိုက်အကျိတ်ဟာ လည်ပင်း ဇလုတ်ရဲ့အောက်နားမှာရှိပါတယ်။
� လည်ပင်းကြီးလာပေမယ့် နာလည်း မနာတော့ သတိမထားမိကြပါဘူး။
� သို့သော် အတိုင်းအတာတစ်ခု ထိ ကြီးလာပြီးမှ၊ လည်ပင်းကြီး ကြီးလာတယ်နော်လို့ သူများကပြောမှ သတိထားမိ တတ်ကြတာများပါတယ်။
လည်ပင်းကြီးကြောင်း ဘယ်လိုစမ်းကြည့်နိုင်မလဲ
တံတွေးမျိုချလိုက်ပြီး စမ်းလို့ရပါ တယ်။ စမ်းသပ်မယ့်သူဟာ လူနာရဲ့ နောက်ဘက်မှာရပ်ပြီး လူနာကို တံတွေး မျိုချခိုင်းပါ။ လက်နှစ်ဖက်ကို သိုင်းရွိုက် အကျိတ်ရဲ့ ဘေးတစ်ဖက် တစ်ချက်မှာ လက် ၄ ချောင်းစီတင်ပြီး လက်မ ကိုတော့ လူနာ၏လည်ကုတ်ပေါ် တင် ထားပါ။ သိုင်းရွိုက်ဂလင်းဟာလည်ပင်း ရဲ့အောက်ခြေ အရင်းနားမှာ ရှိတာမို့ လူနာတံတွေးမျိုလိုက်တာနဲ့ အဖုအလုံး ကြီးကိုစမ်းသပ်ရနိုင်ပါတယ်။ ကျွမ်းကျင် သူနဲ့ သေချာပြသတိုင်ပင်သင့်ပါတယ်။
ဘာဝေဒနာတွေ ခံစားရပါသလဲ
များသောအားဖြင့် ဘာဝေဒ နာမှ ခံစားရလေ့မရှိပါဘူး။ -သို့သော် လည်ပင်းမှာ အကျိတ် အဖုတွေကို စမ်းမိရတတ်ပါတယ်။
-တချို့ကတော့ အသံပြောင်းလာ တတ်တယ်။ နဂို အသံနဲ့မတူဘဲ အသံ ဝင်သွားတတ်တယ်။
- မကြာခဏ ချောင်းဆိုးနေတတ်တယ်။ - လည်ချောင်းထဲ ချွဲကျပ်သလိုခံစားရတတ်ပါတယ်။
- အစာမျိုချရခက်တယ်။ (အဖြစ်တော့ နည်းတယ်)
- အသက်ရှူကြပ်တတ်တယ်။ (ဒါလည်း အဖြစ်နည်းတယ်) ဒါကြောင့် လည်ပင်းကြီးသူဟာ ဆေးလိပ်ပါသောက်တတ်ရင်တော့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေဟာ အလွန်မြင့်မားသွားပါလိမ့်မယ်။ ဒီရောဂါဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာအဖြစ်များတတ်ပါ
ဒေါက်တာရည်ညွန့််မေ
Ref:Health Digest
မေမွန်ကျော်
0 comments:
Post a Comment