သန်၎ကို ဟာသများ (23-12)
Thanlay Ko
ကိုဖိုးသန် နဲ့ ရဲမျိုးတို့ နှစ်ယောက် အိမ်ပြန်လာတယ်။
လမ်းမှာ... "ဟေ့... ရွှတ် ရွှတ်" နဲ့ ခေါ်သံကြားလို့ ရဲမျိုးက လိုက်ကြည့်တော့ အမျိုးသမီးချောချောတစ်ယောက်ကို တွေ့တယ်၊ သူတို့ ဖြတ်လာတဲ့တိုက်အပေါ်ထပ် ပြူတင်းပေါက်ကနေ ခေါ်နေတာ။
မနေ့က...
ရုံးမှာ ကွန်ပြူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေတုန်း စာရေးမလေးက လာပြောတယ်...
"ဦး... ဖုန်းလာနေတယ်"
"အေး.. ပေး ပေး"... ဆိုပြီးသူကမ်းလာတဲ့ cordless ဖုန်းကိုယူ နားထောင်လိုက်တော့ အိမ်က မမမိုးဆီက ဆက်တာ...

ရဲမျိုးက ဘာလဲဆိုပြီး မေးငေါ့ပြတယ်။
ကိုဖိုးသန်က 'သွားရအောင်ပါကွာ'... ဆိုပြီး ရဲမျိုးလက်ကို ဆွဲခေါ်တယ်။
ဟိုမိန်းမက ထပ်ခေါ်ပြန်တယ်... ...
"ဟေ့... ရွှတ် ရွှတ် အပေါ်တက်ခဲ့ပါလား၊ ဒီမှာ ဒို့တစ်ယောက်ထဲ"
ရဲမျိုးက အပေါ်ထပ်တက်ဖို့ ဇွတ် ပြင်တယ်။
ကိုဖိုးသန်က မသွားဖို့ပြောပြီး အတင်းဆွဲခေါ်တယ်။
မရဘူး၊ ကိုဖိုးသန်ရဲ့လက်ကို ဖြုတ်ချပြီး ရဲမျိုးတစ်ယောက် အမျိုးသမီးရှိရာ အထပ်ကို တက်သွားပါလေရော။
အခန်းထဲ ဝင်သွားတော့ အမျိုးသမီးက မခို့တရို့ကြည့်ရင်း သူ့ အပေါ်အင်္ကျီကို ချွတ်ချလိုက်တယ်။
ရဲမျိုးကလည်း အခွင့်အရေးကို လက်လွှတ်မခံဘဲ အဝတ်အစားတွေချွတ်ဖို့ ပြင်နေတုန်း... ...
"ပွမ်... ပွမ်..."... ဆိုပြီး ကားဟွန်းသံအကျယ်ကြီးကြားလိုက်တယ်။
အမျိုးသမီးက ပြူတင်းပေါက်ရှိရာကို ပြေးလာပြီး ငုံ့ကြည့်ရင်း ပြောတယ်... ...
"ဟော်တော့... ကျမယောက်ျားပြန်လာပြီ"
"ဟမ်... ပြသနာတော့ တက်ပါပြီ"
"ဟုတ်တယ်ရှင့်... ခုမှ ဆင်းပြေးလို့လည်း လွှတ်မှာမဟုတ်ဘူး"
"အေး လေ...ငါ... ငါ... ဘာလုပ်ရမလဲ"
"ရော့... ရော့... ဒီအဝတ်တွေကို ဒီမီးပူနဲ့ တိုက်နေ၊ သူကမေးရင် Laundry service ကို အိမ်ခေါ်ခိုင်းထားတယ်လို့ ပြောလိုက်မယ်၊ သူ ပြန်ထွက်သွားမှ ကျမတို့ ကြည့်စီစဉ်ကြတာပေါ့"
"အေး... အေး..."
ညနေ အတော်စောင်းတော့မှ ရဲမျိုးတစ်ယောက် မောကြီးပန်းကြီးနဲ့ အိမ်ပြန်ရောက်လာတယ်။
အိမ်ရောက်လို့ ကိုဖိုးသန်ကိုတွေ့တော့ သူက ပြောတယ်... ...
"လခွမ်း... အပိုင်ပဲဆိုပြီး ၀ုန်းမယ်လုပ်မှ သူ့ယောက်ျားက ပြန်လာတယ်၊ အာ့နဲ့ သူ့ယောကျာ်း အပြင်ပြန်အထွက်ကို မီးပူတိုက်ရင်း စောင့်လိုက်တာ... ..."
"အဲ့ကောင်က ပြန်မထွက်ဘူး မို့လား"
"ဟမ်... မင်းက ဘယ်လိုလုပ် သိလဲ"
"အဲ့ဒီအဝတ်တွေကို မနေ့ကလျှော်ခဲ့တာ ဘယ်ကောင်များ မှတ်နေလဲကွ ဟေ..."
"ငင်..."
.
.
.
သန်၎ကို - ရမ်းဘာသာပြန်သည်။
-----------

"ဟလို... ပြော မိန်းမ"
"ယောက်ျား... ဒီနေ့ ဘာနေ့လဲ"
"ငင်..."
ဘုရား ဘုရား
ဒီနေ့ ဘာနေ့ပါလိမ့်
လူက အလုပ်ကများနေတော့ နေ့တွေညတွေတောင် သိပ်မကွဲတော့တာကို
ကိုယ့်ဟာကို အလုပ်များလို့ မေ့တာ အကြောင်း မဟုတ်ဘူး
သူ့နဲ့ပတ်သက်တဲ့ အထိမ်းအမှတ်နေ့ကို မေ့လို့ကတော့ သေပြီသာမှတ်
အင်း... ဒီနေ့ ဘာနေ့ပါလိမ့်
သူ့ မွေးနေ့လား
မဟုတ်သေးဘူး
မင်္ဂလာ နှစ်ပတ်လည်နေ့များလား
ဒါလည်းမဟုတ်ဘူး
ဗာလင်တိုင်းများလား
ဟာ... ခုမှ ဒီဇင်ဘာပဲ ရှိသေးတာ
တောက်စ်... စဉ်းစားလို့ မထွက်ပါလား
"ကဲ... ကဲ... ရှင် မသိရင်လည်း နေတော့... ဂွပ်"
ဖုန်းတန်းလန်းကြီးနဲ့ စဉ်းစားနေတာကို မမမိုးက စိတ်မရှည်တော့ဘဲ လူကို ငေါက်ပြီး ဖုန်ချသွားတယ်။
'ဒီနေ့ ဘာအထိမ်းအမှတ်လဲ'... ဆိုတာ ထိုင်စဉ်းစားနေရတာနဲ့ ရုံးမဆင်းမချင်း အလုပ်ထဲ စိတ်ပြန်ထည့်လို့ကို မရတော့ဘူး... ဟူး
ရုံးဆင်း အိမ်ပြန်တော့ မျက်နှာငယ်လေးနဲ့ အိမ်ပေါ်တက်လာခဲ့တယ်
မမမိုးက ငေါက်တော့မှာလေ...။
သူက ဧည့်ခန်းထဲမှာ သိုးမွေးထိုးနေရင်း လှမ်းကြည့်တယ်
ကိုယ်က ဦးအောင် မျက်နှာချိုသွေးရင်း ချော့ရတာပေါ့...
"မိန်းမရယ်... ဟွာလေ... အလုပ်တွေးကများတော့လေ... ကိုယ်လေ... ဟိုလေ... ဒီနေ့ ဘာနေ့မှန်း မသိဘူး ဖြစ်နေတယ်ကွာ... အာ့လေ... "
ဆိုတော့ သူကပြန်ပြောတယ်... ...
"အော်... ရပြီ ရပြီ ယောက်ျားရဲ့၊ နှစ်ကုန်တော့မှာဆိုပြီး ပြက္ခဒိန်အဟောင်းကို လွှင့်ပစ်မိတာ၊ ဒီနေ့ ဘာနေ့မှန်းမသိဘူး ဖြစ်သွားတယ်၊ ခုနမှ သတိရလို့ ဖုန်းထဲက ပြက္ခဒိန်ကို ကြည့်လိုက်တာ၊ သိပြီ... ဒီနေ့ ကြာသာပတေးနေ့"
ဟာ... တေနာမ
ငါကွာ
ဟင်း... တောက်စ်
ငါ ထလုပ်လိုက်ရ နေ့ခင်းကြီးမို့ကွာ
(နေ့ခင်းကြီး ငိုနေရင် လူကြားမကောင်းဘူးလေ)
ငါ့မှာတော့ ဘာအထိမ်းအမှတ်နေ့ကို မေးတာလဲလို့ စဉ်းစားလိုက်ရတာ အလုပ်တောင် မဖြောင့်ဘူး
သူက...
ကြာသာပတေးနေ့ တဲ့
အေးတာပဲ

0 comments:
Post a Comment