Tuesday, October 4, 2016

မြန်မာပြညိဟိုင်းဝေး

Nyi Nyi Tun 

နေပြည်တော်အမြန်လမ်းဆိုတာကြီးကို နိုင်ငံပိုင်ငွေကြေးမြောက်များစွာ အကုန်အကျခံပြီး ဖောက်လုပ်ပေးခဲ့တယ်။
ဘယ်လောက်တောင် စောက်သုံးမကျတဲ့ကောင်လည်းဆိုတာ ဒီစာလေးဖတ်ကြည့်လိုက်ရင် သိသွားမယ်။
တရုတ်ပြည်မှာ လမ်းဖောက်တာ အစိုးရကတပြားတချပ်မှအကုန်အကျမခံဘူး။ပုဂ္ဂလိကကို အကုန်အပ်လိုက်ပြီး လမ်းကြေးကောက်ပြီးပိုက်ဆံပြန်ရှာစေတယ်။မြန်မာပြည်မှာတော့ ခွေးသူခိုးတွေက နိုင်ငံပိုင်ပိုက်ဆံတွေနဲ့ အမြန်လမ်းကြီးကိုဖောက်ခိုင်းတယ်။ GEတို့ဆောက်လုပ်ရေးတို့နဲ့ပေါင်းပြီး ပုဂ္ဂလိကကုမ္ပဏီတွေ ပက်ပက်စက်စက် ခိုးပွဲကြီးဆင်နွှဲကြကာ ကျိကျိတက်ချမ်းသာသွားကြတယ်။
ပြီးတော့တခါလမ်းကြေးတွေထပ်ကောက်ခိုင်းပြီး ပြည်သူ့ပိုက်ဆံ
ဖောက်ထားတဲ့လမ်းကို ပြည်သူတွေဆီကလမ်းကြေးထပ်ကောက်ပြီး စောက်ရူးလုပ်ပြန်တယ်။
၏ဒီ#ခေါင်းဆောင်ဆိုတဲ့ကောင်တွေက တရုတ်ပြည်အမြဲသွားတယ်။တရုတ်တွေဖင်ချတာပဲခံနေကြပြီး လမွှေးဘယ်နှပင်ရှိလဲ ရေနေကြတာနဲ့ပဲ ဒီကောင်တွေအမြင်က တရုတ်ခါးအောက်ပိုင်း မကျော်ဘူးဖြစ်နေတယ်။
----------------------------
ဒီနှစ် နှစ်ဆန်းပိုင်းလောက်က
တရုတ်ပြည်ကို တာဝန်နဲ့ ရောက်ခဲ့ပါတယ်...
မြန်မာပြည် ရန်ကုန်ကနေ ကူမင်းကို လေယာဉ်နဲ့ သွားတော့
ရန်ကုန်-မန္တလေး အမြန်လမ်းကို ကောင်းကင်ကနေ
(Aerial View) နဲ့ မြင်လိုက်ရမှ
ဖြောင့်မလိုလိုနဲ့ ကွေ့ကောက်နေတာ သတိထားလိုက်မိပါတယ်.....
ကူမင်းရောက်တော့ လေဆိပ်မှာ မစ္စတာလီက လာကြိုနေပြီး
လေဆိပ်ကနေ မစ္စတာလီရဲ့ ကားနဲ့ ချူချုံး (Chuxiong) ကို
ဆက်ထွက်ခဲ့ကြပါတယ်...
လေဆိပ်ကနေ ကူမင်းမြို့ကိုဖြတ်ပြီး ဟိုင်းဝေးလမ်းမကြီးအတိုင်း သွားရတာပါ...
လမ်းကြီးက တော်တော်ကောင်းပြီး
နိမ့်လိုက် မြင့်လိုက် မရှိသလို
အကွေ့အကောက်လည်း တော်တော်နည်းပါတယ်...
ကီလိုမီတာ ၁၅၀ လောက်ထိ မောင်းတာတောင် ငြိမ်နေတာပါပဲ....
ကားပေါ်မှာ ထိုင်လိုက်လာရင်း မြန်မာပြည်က ဟိုင်းဝေး လမ်းမကြီးနဲ့
နှိုင်းယှဉ် စဉ်းစားနေမိပါတယ်...
မစ္စတာလီကလည်း မြန်မာလို ကောင်းကောင်းတတ်တော့
ကျွန်တော်သိချင်တာတွေ ကားစီးလာရင်း မေးမိပါတယ်...
"လမ်းကြီးက ကောင်းလိုက်တာဗျာ...
ဖောက်ထားတာ ကြာပြီလား မစ္စတာလီ..."
"မကြာသေးဘူးဗျ.... လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်လောက်ကမှ ဖောက်တာ...
ဒီလမ်းက ရွှေလီထိ ပေါက်တယ်လေ...
ဟိုးမှာ မြင်ရလား...
ကွေ့ကွေ့ကောက်ကောက်နဲ့ တောင်ကို ပတ်ပြီးဖောက်ထားတာ ....
အဲဒါက လမ်းဟောင်းလေ...
အရင်တုန်းက ကူမင်းကနေ ရွှေလီ သွားရင် (၆)ရက်လောက်ကြာတယ်....
ခုတော့ နေ့ချင်းပေါက် ရောက်တယ်..."
အင်း... ဒါဆို မြန်မာပြည်က ရန်ကုန်-မန္တလေး အမြန်လမ်းဖောက်ချိန်နဲ့ သိပ်မကွာ ဘူးလို့ သိလိုက်ရပါတယ်...
"ဒီလမ်းဖောက်တာ အစိုးရက ပိုက်ဆံတော်တော်ကုန်မှာပဲနော် မစ္စတာလီ"
"အစိုးရက ဘာမှ မကုန်ဘူးလေ... ပိုက်ဆံတောင် ရသေးတယ်..."
"ဗျာ... ဘာလို့လဲ"
"ဒီလမ်းကို ဗဟို အစိုးရက ကိုင်တယ်...
ယူနန်အစိုးရက လုပ်လို့ မရဘူး...
တင်ဒါခေါ်တုန်းက ပီကင်းထိ လိုက်ပြိုင်ရတာ...
သူတို့လိုချင်တဲ့ ပုံစံအတိုင်း လုပ်ပေးနိုင်တဲ့ ကုမ္ပဏီတွေက တင်ဒါရတယ်လေ...
တင်ဒါအောင်ရင် စာချုပ်ပြပြီး ဗဟိုဘဏ်မှာ ကုမ္ပဏီတွေက ငွေချေးလို့ရတယ်....
အတိုးတော့ ပေးရတာပေါ့...
အစိုးရက တစ်ပြားမှ မပေးဘူး...."
"လမ်းညွှန်ဆိုင်းဘုတ် အောက်မှာ CCTV ကင်မရာတွေ တွေ့တယ်ဗျ..."
"ဟုတ်တယ်... ရဲက ရုံးကနေ စောင့်ကြည့်နေတာ...
သတ်မှတ်မိုင်နှုန်းကျော်ရင် လှမ်းသတိပေးတယ်...
စည်းကမ်းဖောက်ရင် ကားလိုင်စင် သက်တမ်းတိုးချိန်မှာ
ဒဏ်ကြေးဆောင်ရတယ်...."
"Toll Gate တွေမှာ အစပိုင်းတုန်းက ကဒ်ပြားပေးပြီး...
နောက်ဂိတ်တွေကျတော့ ဘာလို့ ပိုက်ဆံပေးရတာလဲ မစ္စတာလီ...."
"အမြန်လမ်း စတက်တာနဲ့ ပထမဆုံး Toll Gate မှာ
ကဒ်ပြားထည့်လိုက်တုန်းက စက်က စမှတ်ထားတာ...
လမ်းမှာ တွေ့တဲ့ ဂိတ်တွေမှာ ကဒ်ပြားထည့်လိုက်ရင်
လမ်းကြေးကျသလောက် ဖြတ်လိုက်တယ်...
အစွန်းထွက်လဲ အတိအကျပဲ...
ကျနော့်ကဒ်က ငွေဖြည့်ထားတာ ကုန်သွားလို့
နောက်ဂိတ်တွေမှာ ပိုက်ဆံ ထုတ်ပေးလိုက်တာ...
ခဏနေပြမယ်... လမ်းမှာ ဖိုင်ဘာကြိုးဆွဲနေတာကို...
ဟိုမယ်တွေ့လား...
အဲဒါ ဆက်သွယ်ရေး ကုမ္ပဏီက ဖိုင်ဘာလိုင်းဆွဲနေတာ ...
အဲဒိဖိုင်ဘာနဲ့ ဖုန်းလိုင်းလဲရတယ်...
ရဲကလည်း CCTV ကို ဖိုင်ဘာလိုင်းနဲ့ သုံးတယ်...
Toll Gate က ကဒ်ထည့်တဲ့ စက်တွေ.. ငွေကောက်တဲ့ စက်တွေကို Network ချိတ်ပြီး ကူမင်းက Server နဲ့ ဆက်ထားတယ်....
လမ်းဖြတ်သန်းခ ဘယ်လောက်ရတယ်ဆိုတာ ရုံးကနေ စစ်လို့ ရတယ်...
လိမ်လို့ မရဘူး..."
"Toll Gate က ငွေကောက်တဲ့ သူတွေက
ယူနီဖောင်းနဲ့ ပိကက်နဲ့ ဆိုတော့ ရဲတွေလားဗျ..."
"ဟားဟားဟား.... ရဲ မဟုတ်ပါဘူးဗျ...
ကုမ္ပဏီဝန်ထမ်းတွေပဲ...
သူတို့က အဲလို သပ်သပ်ရပ်ရပ်ဝတ်ရတယ်...
ဖြတ်သွားတဲ့ ကားတွေကိုလဲ ကောင်းကောင်းမွန်မွန် ဆက်ဆံရတယ်....
မလုပ်ရင် အစိုးရက ဒဏ်ရိုက်တယ်လေ..."
"တောင်တွေ့တိုင်း လိုဏ်ဂူဖောက်ထားတယ်နော်...
လိုဏ်ခေါင်းထဲ မမှောင်အောင် မီးတွေထွန်းထားသေးတယ်...
မီး ဘယ်လို သွယ်လဲဗျ..."
"ဟိုင်းဝေး လမ်းတလျှောက် ခွဲရုံတွေရှိတယ်....
အဲဒိက ယူထားတာ..."
"ကျောက်ဖြူကနေ ကူမင်း အထိ Gas ပိုက်လိုင်း ရှိတယ်လေ....
ကျနော်တို့ ဆီမှာ လမ်းဘေး တလျှောက် ထင်းနေတာပဲ...
အခု ကျနော်ကြည့်နေတာ... ပိုက်လိုင်း မတွေ့ဘူးဗျ..."
"သေချာတော့ မသိဘူး....
ပြောတာတော့ ပိုက်လိုင်းက ကားလမ်းအောက်မှာ တဲ့"
အင်း ... တရုတ်ကြီးကတော့ Well Plan နဲ့
ဟိုင်းဝေးလမ်းရော
Gas Pipe Line ရော
ဖိုင်ဘာလိုင်းရော...
ဓာတ်အားလိုင်းရော စုပေါင်းပြီး
Infrastructure ကို အကုန်အကျနည်းပြီး
Multi Purpose Road ဖောက်တာဖြစ်မယ်....
တော်တော်လေးကို ကောင်းတဲ့ လမ်းကြီးပါဗျာ...
တရုတ်ပြည်တ၀ှမ်း ဒီလိုလမ်းတွေ အများကြီး ဖောက်ထားကြောင်း
ဆက်လဲ ဖောက်နေကြောင်း သိလိုက်ရပါတယ်...
လမ်းတွေကို အတိုဆုံး ၊ ကုန်ကျစရိတ် အနည်းဆုံး ၊
သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်တဲ့ Design ကို
တက္ကသိုလ်ကကျောင်းသားတွေက သုတေသန (Research) လုပ်ကြ၊
စာတမ်းတင်ကြပါတယ်...
ကုမ္ပဏီတွေက ကျောင်းတွေနဲ့ ချိတ်ဆက်ထားပြီး
အစိုးရက တင်ဒါခေါ်ချိန်မှာ လမ်း Design နဲ့ ရင်းနှီးမြှုနှံမှု တင်ပြပြီး
တင်ဒါပြိုင်ကြပါတယ်...
တင်ဒါနိုင်တဲ့ ကုမ္ပဏီတွေကို အစိုးရက လုပ်ကိုင်ခွင့်သာ ချပေးပြီး
ငွေတိုက်ရိုက် မထုတ်ပေးပါဘူး....
ကုမ္ပဏီတွေက မိမိငွေနဲ့ စိုက်လုပ်ပြီး...
လမ်းပြီးရင် ရလာမယ့် ယာဉ်ဖြတ်သန်းခ တွေနဲ့ ငွေပြန်ဖော်ကြပါတယ်...
နှစ်ရှည် ရင်းနှီးမြှုပ်နှံမှု လုပ်ကြတာပါ...
ငွေလိုရင် အစိုးရ ဘဏ်ကနေ ချေးကြပါတယ်...
ဒီတော့ အစိုးရက စီမံကိန်း တစ်ခုချပေးလိုက်တိုင်း..
(၁)လုပ်ကိုင်ခွင့်/လိုင်စင်ကြေး/တင်ဒါကြေး/မှတ်ပုံတင်ကြေး /၀င်ငွေခွန်/ကုန်သွယ်ခွန် စတဲ့ အခွန် အခတွေ ရပါတယ်...
(၂)ဘဏ်တွေကနေ တစ်ဆင့် အစိုးရက အတိုးရပါတယ်..
(၃)ဒေသအတွင်း အလုပ်အကိုင် အခွင့်အလန်းတွေ များစွာပေါ်လာပြီး အလုပ်လက်မယ့် ပြသာနာကို ဖြေရှင်းပြီးသား ဖြစ်သွားပါတယ်
(၄)ငွေတွေ လှည့်ပတ်စီးဆင်းရင်း နိုင်ငံအတွက် လိုအပ်တဲ့ Basic Infrastructure တွေ ပေါ်ထွက်လာပါတယ်...
(၅) ကုန်စည်စီးဆင်းမှု မြန်ဆန်လာပြီး စီပွားရေး ဖွံ့ဖြိုးတိုးတက်စေပါတယ်
(၆)လမ်းဖောက်ဖို့ အမြင့်ပေ (Elevation) တစ်ခုသတ်မှတ် လမ်းဖောက်ထားပြီး တောင်တွေ့ရင် လိုဏ်ခေါင်းဖောက်ထားတော့ စီမံကိန်းကြောင့် တောင်လဲ မဖြိုရ ၊ သစ်ပင်လဲ မခုတ်ရ ၊ စမ်းချောင်း နဲ့ ချောင်းငယ်တွေလဲ မပိတ်တော့ သဘာဝပတ်ဝန်းကျင်လဲ ထိခိုက်မှု မရှိသလောက် နည်းပါတယ်....
(၇) မိုးရွာလို့ တောင်ပြိုတာ၊ ရေကြီး ရေကျော်လို့ လမ်းပိတ်တာတွေ မရှိတော့ လမ်းလဲ မပျက်ဆီးလို့ အပိုငွေလဲ ထပ်မကုန်တော့ပါဘူး...
(၈)ဥယျာဉ်ခြံမြေ ၊ လယ်၊ ယာတွေ မဖြတ်ရလို့ စီမံကိန်းတလျှောက် ကျေးရွာတွေမှာ စိုက်ပျိုးမြေ ဆုံးရှုံးနစ်နာမှု မရှိလို့ ပြသာနာလည်း မရှိသလောက်ရှားပါတယ်....
လမ်းပြီးရင် သူတို့ကုန်စည်တွေတောင် မြန်မြန်သယ်နိုင်လို့ အစိုးရကိုတောင် ကျေးဇူးတင်နေကြပါတယ်...
အစိုးရ အနေနဲ့ အရင်းမစိုက်ပဲ Authority သာ ကိုင်ထားပြီး
အကျိုးအမြတ်များစွာ ရတဲ့အပြင်
ဘာမှလဲ ရှုံးစရာမရှိတာ တွေ့ရပါတယ်...
ကျနော်တို့ဆီမှာတော့ ရန်ကုန်-မန္တလေး အမြန်လမ်း လေး ဖောက်လိုက်တာ....
(၁) အစိုးရ ဘဏ္ဏာလဲ သောက်သောက်လဲကုန်
(၂)လမ်းလဲ ကောင်းကောင်းကန်းကန်းမရ
(၃)လယ်မြေတွေဆုံးရှုံး
(၄)သဘာဝ ပတ်ဝန်းကျင်လဲထိခိုက်
(၅)ပြသာနာတွေကလဲ ရှင်းလို့ မပြီးနိုင်
(၆)လူတွေလဲ သေကြတာ မနည်း
(၇) လမ်းကြေးဆောင်ရင်လဲ အစွန်းထွက်က ပိုယူ
(၈) CCTV အစား လမ်းမှာ ရဲကင်းတွေဆောက် ရဲတွေနေရာဖြန့်ချ ၊
ဆိုင်ကယ်နဲ့ ကင်းလှည့်နေလို့ ကုန်ကျစရိတ်တွေ ထပ်တက်တဲ့အပြင် ၀န်ကပိ
(၉) ကျန်တဲ့ ဆိုးကျိုးတွေကလဲ ပြောမကုန် etc...
မြန်မာပြည် ခြံစည်းရိုးလေးကျော်ပြီး ငဲ့ကြည့်လိုက်ရင်
အိန္ဒိယ၊တရုတ်၊ထိုင်း နီးနီးလေးပဲ...
နည်းနည်းလေးတော့ အတုယူပြီး လေ့လာ လုပ်ကိုင် သင့်တယ်လို့
ထင်မိပါတယ်...
ကျနော် လည်းပဲ ခရီးသွားဟန်လွဲ မေးရတာဖြစ်လို့
အချက်အလက်တွေ လွဲကောင်းလွဲနိုင်ပါတယ်...
ဒါပေမယ့် မြန်မာပြည်က လမ်းဖောက်တဲ့ စီမံကိန်းတွေမှာ စီမံခန့်ခွဲမှု
လွဲနေတာတော့ မြင်မိပါတယ်....
"မစ္စတာလီ ခဗျားလဲ မြန်မာပြည် ရောက်ဘူးတာပဲ....
ကျနော်တို့ နိုင်ငံက လမ်းတွေအကြောင်းသိမှာပေါ့" လို့
သွေးတိုးစမ်း ရင်း သူ့အမြင်သိချင်လို့ မေးလိုက်တော့...
"သိတယ်...သိတယ်
လမ်းတွေ ဆိုးနေသေးတယ်...
စိတ်မဆိုးနဲ့နော်....
မင်းတို့ အစိုးရက ပိုက်ဆံ မရှာတတ်ဘူး"တဲ့... :)
ကဲ ကျွန်တော်တို့ တတွေတော့ လွဲနေကြပြီ....
ဘယ်လိုပြင်မှာလဲ ?
ဘယ်တော့ ပြင်မှာလဲ ?
ဘယ်သူပြင်မှာလဲ ?
ဘာတွေပြင်သင့်တယ်ဆိုတာတော့ ဖုန်းလေးပွတ်ရင်း ဖတ်ရင်းနဲ့
ဘာတွေကွာသွားလဲ ဘာတွေလွဲနေလဲ မြင်သွားမယ် ထင်ပ ... :)
ခုချိန်ထိတော့ မြန်မာပြည်ဟာ ညမှောင်မှောင် မျက်လုံးပိတ်ပြီး
လမ်းလျှောက်နေသူလို ၀ါးတားတားနဲ့ ခရီးက မပေါက်သေးပါဘူး....
ကျွန်တော် ချူချုံးကနေ အပြန် ကူမင်း ကို ထပ်ရောက်တော့
မိုးမျှော်တိုက်ကြီးတွေ အပြိုင်အဆိုင် ဆောက်နေတာ မြင်ရလို့
စပ်စုထားတာလေးတွေ ရှိသေးတယ်ဗျ....
အခု ရန်ကုန်မှာ ဆောက်လုပ်ရေး ဂယက်ထနေတော့
မရေးသေးတာ ကောင်းမယ်ထင်တယ်နော်... :) :) :)
လေးစားစွာဖြင့်
ထွန်းဝဏ္ဏ
(23.7.2016)(11:30)
((ခရီးသွားရင် တွေ့ကြုံခဲ့မှုအပေါ် ကျွန်တော့်ရဲ့ ပုဂ္ဂလိက အမြင်လေးပါ...
ပုတ်ခတ်အပြစ်ပြောလိုစိတ် လုံးဝ မရှိပါ။
ကျွန်တော် အဓိက Comparison လုပ်ပြီး တင်ပြလိုတာက
လုပ်နည်းလုပ်ဟန် နဲ့ စနစ်ပါ :)
မအောင်မြင်တော့တဲ့ လုပ်ကိုင်ပုံ ပုံစံတွေကို သုံးသပ်ပြု ပြင်စေချင်တာပါ...
ဒါ့အပြင် စီမံကိန်း ခေါင်းစဉ်နဲ့ ဘတ်ဂျက်တင်တောင်းနေကြတာအစား
စီမံကိန်း ချပေးပြီး တိုင်းပြည်ဝင်ငွေတက်အောင် လုပ်တဲ့ ဌာနတွေ ဖြစ်စေချင်လို့
ကျွန်တော့်အဆင့်နဲ့ ညဏ်မှီသလောက်
အပြုသဘော သုံးသပ်တင်ပြခြင်းသာ ဖြစ်ပါတယ်
အချိန်ပေးပြီး အဆုံးထိဖတ်သွားလို့ ကျေးဇူးတင်ပါတယ်...
စာရေးတာ ရှည်သွားရင် ခွင့်လွှတ်ပါဗျာ...
ဖတ်ပြီး တစ်ခုခု ကျန်သွားစေချင်တဲ့ စေတနာနဲ့
ရေးသားတင်ပြမိတာပါ... :) ))

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...