Thursday, August 21, 2014

မိန်းမတို့ သဘောထား


၁။ ကျွန်မတို့ စိတ်ကောက်လျှင် ဓမ္မဓိဌာန်ဖြေခြင်း မဟုတ်သဖြင့် ရှင်တို့ မှားမှားမှန်မှန်ချော့ပါ ။
၂။ ကျွန်မတို့ ၏ SMOKEY EYES, BIG EYES, CHERRY LIPS များသည် အလှအပကြိုက်သော ရှင်တို့ အတွက်ဖြစ်သဖြင့် ( အလှပြင်တာ ကြာလိုက်တာဟု မညည်းညူ ပါနှင့် )
၃။ ဘော်ဒါများကို အချိန်ပေးနိုင်သော်လည်း ( ရည်းစားကိုပစ်ထားခြင်းကို လက်မခံပါ )

၎။ မှားတိုင်းအပြစ်မဖြစ်ပါ ။ ( ရှင်တို့ မဖုံးမကွယ် ၀န်ခံရန်သာလိုသည် )
၅။ အရက်ဆိုလျှင် အမည်းဝယ်ကျွေးမည် ။ ဆေးလိပ်ဆိုလျှင် ပြာခွက်ဝယ်ပေးမည် ။ ဘောပွဲရူံးလျှင် ချေးငှာပေးနိုင်သည် ။ ( မိန်းမနှင့်ပတ်သတ်သော သတင်းထွက်လျှင် ကိုယ့်အသိစိတ်နှင့်ကိုယ် သတ်သေနှင့်ပါ )
၆။ ဒေါသထွက်လျှင် နံရံကိုသာပိတ်ထိုးပါ ။ ( လက်မပါပါနှင့် မအော်ပါနှင့် )
၇။ ရန်ဖြစ်လျှင် ဖုန်းကဒ်တစ်သောင်းအကုန်ခံပြောရန်မလိုပါ ။ ( တစ်ထောင်ဖိုးအပွင့်နှစ်ဆယ် နှင်းဆီသာလိုသည် )
၈။ တစ်လမှာ လေးငါးရက် ကယောက်ကရက်ဖြစ်မည် ။ ( ပညာရှိရှိ ချော့မော့ချင်းဖြင့် အမှတ်ယူပါ )
၉။ မိန်းမတစ်ယောက်နှင့် ရင်းနှီးမှုကို ခါးခါးသီးသီး ကန့် ကွက်လျှင် ရပ်တန်းကရပ်ပါ ။ ( Snake Snake ချင်းသာ Legs See ပါသည်)
၁၀။ အထိမ်းမှတ်နေ့ များတွင် အဖိုးတန်လက်ဆောင်ကို မမျှော်လင့်ပါ ။ ( သတိရကြောင်း စကားတစ်ခွန်း Message တစ်စောင်ဖြင့် လုံလောက်သည် )
၁၁။ ကိုးရီးယားမင်းသားများနှင့် ဘောလုံးသမားများကို ကဲကဲလှုပ်ပါမည် ။ ( သို့ သော်ကိုယ့်ချစ်သူ ရုပ်ဆိုးပုံမလာကိုသာ သည်းသည်းလှုပ်ချစ်ပါသည် )
Credit - Original Writer

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...