Wednesday, August 27, 2014

"ကျွန်တော်နှင့်ဘဝတူ ဆရာ/မများသို့"

သူငယ်ချင်းတစ်ယောက်က ဖိတ်လို့ ညစာစားပွဲတစ်ခုကို ကျွန်တော် တက်ရောက်ရတယ်၊၊ ကျွန်တော်ရောက်တော့ သူငယ်ချင်းတော်တော်များများ လူစုံနေကြပြီပေါ့၊၊ ငယ်သူငယ်ချင်းတွေက စစ်အင်ဂျင်နီယာ၊ ဆရာဝန်၊ စစ်ဗိုလ်၊ သင်္ဘောသား၊ လုပ်ငန်းရှင်တွေဖြစ်နေကြပြီလေ၊၊ ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက စာသင်တာဝါသနာပါတော့ ဆရာပဲလုပ်နေတာပေါ့၊၊
ဒါ့ကြောင့် သူငယ်ချင်းတွေက ကျွန်တော့်ကိုကျောင်းဆရာလို့ပြောင်းပြီးခေါ်ကြတယ်၊၊ ဒါနဲ့ စားသောက်ကြရင်း တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်စကားပြောကြတာပေါ့၊၊ စကားပြောရင်းနဲ့ ကျွန်တော်နဲ့မရင်းနှီးသေးတဲ့ ကျွန်တော့်သူငယ်ချင်းနဲ့အတူပါလာတဲ့သူ ... သူက ကုမ္ပဏီ အမှုဆောင် အရာရှိချုပ်(CEO)တဲ့၊၊
သူငယ်ချင်းတွေက သူနဲ့မိတ်ဆက်ပေးတယ်လေ၊၊ သူကမိတ်ဆက်ပေးပေးချင်းပဲ ပညာရေးနဲ့ ပက်သက်လို့ သူသဘောမကျတာ သူအစာမကြေတာတွေကိုဟောင်ဖွာဟောက်ဖွာပြောနေတာကြောင့် အားလုံးက သူ့စကားကို နားထောင်နေကြတယ်၊၊ ကျွန်တော်ကတော့ဘာမှမပြောပဲ နားထောင်နေပေးနေတာပေါ့၊၊ အဲဒီမှာတင် သူက "အခုခေတ်မှာကျောင်းဆရာတွေက ခပ်ချာချာ ၊ သူတို့မွေးထုတ်လိုက်တဲ့ ကလေးတွေရဲ့ အနာဂတ်ကရင်လေးစရာပဲ" လို့ ကျွန်တော့်ကိုစစော်တော့တာပဲ၊၊ သူငယ်ချင်းက လက်ကုပ်ပြီး စကားနဲရန်ဆဲ ပြန်မပြောစေချင်ဘူးလေ၊၊ ကျွန်တော်လဲ သူများဖိတ်တဲ့ဧည့်ခံပွဲဆိုတော့လဲ ဘာမှပြန်မပြောဘဲဆက်နားထောင်နေလိုက်တယ်၊၊ အဲဒီတော့ ကျွန်တော့်ညာဘက်ဘေးကသူငယ်ချင်းက ကျွန်တော့်နားကပ်ပြီးပြောတယ် "သူကစီအီးအိုဖြစ်နေတော့ ဆရာတွေကိုနှိမ်ချိုးနှိမ်ပေါက်လုပ်တာကွ"
အဲဒီလူက ဂုဏ်ယူဝင့်ကြွားပြောနေရင်း ခဏရပ်ပြီး တစ်စားပွဲထဲထိုင်နေတဲ့ကျွန်တော့်ဘက်ကိုလှည့်ပြီး " ဒါနဲ့ စကားမစပ် ခင်ဗျားကကျောင်းဆရာမဟုတ်လား၊ ခင်ဗျားတို့ ဘာတွေလုပ်နေရလဲပြောပြစမ်းပါဦး"လို့မေးခွန်းစထုတ်တော့တာပါပဲ၊၊ ကျွန်တော်က စကားများမှာစိုးလို့ ဘာမှပြန်မပြောဘဲ ရီနေလိုက်တယ်၊၊ ဒီမှာတင် စီအီးအိုက-"လုပ်ပါ-ရိုးရိုးသားသားပြောစမ်းပါ"လို့ ထပ်ပြောတယ်၊၊ လူပုံအလယ်မှာ ကျွန်တော့်ကို ဒုက္ခရောက်အောင်လုပ်ပြီပေါ့၊၊ အားလုံးက ကျွန်တော်ဘာပြန်ပြောမလဲဆိုပြီး စိတ်ဝင်တစားနားထောင်နေကြတယ်၊၊ ဒါနဲ့ ကျွန်တော်က-"ကျွန်တော့်အလုပ်ကို ခင်ဗျားသိချင်ရင်ပြောပြရမှာပေါ့၊၊ ကျွန်တော်က ကလေးသူငယ်တွေကို ပင်ပင်ပန်းပန်း အားထုတ်ကြိုးပမ်းသင်ယူခိုင်းတယ်၊ကျောက်ခဲတွေကိုရေပေါ်ပေါ်အောင် လုပ်ပေးတယ်" အဲဒီမှာသူက စကားဖြတ်ပြီး ကျောက်ခဲတွေရေပေါ်ပေါ်တယ်ဆိုတာက ဘာကိုပြောတာလဲ"လို့မေးတယ်၊၊ကျွန်တော်က"ဒီကလေးဖြင့် ဖျင်းလိုက်တာ ဘယ်ပုံဘယ်နည်းနဲ့မျှ စာမေးပွဲ မအောင်နိုင်ပါဘူးလို့ သတ်မှတ်ထားတဲ့ကလေးတွေကိုအောင်အောင်သင်ပေးတာဗျ ""ပြီးတော့ရော"
"ပြီးတော့ သူတို့မိဘတွေက တစ်နေရာတည်းမှာ ငါးမိနစ်တောင်ထိုင်ခိုင်းလို့မရတဲ့ ကလေးတွေကို ဂိမ်းမရှိ ၊ အိုင်ပက်မရှိဘဲ မိနစ် ၄၅ စာသင်ခန်းထဲ ထိုင်ခိုင်းပြီး စာလုပ်ခိုင်းတယ်၊ ကျွန်တော့်ကလေးတွေကို စဉ်းစားတွေးခေါ်တတ်အောင် မေးခွန်းတွေမေးပြီး ဖြေခိုင်းတယ်၊၊
ကလေးတွေကို တာဝန်သိတတ်လာအောင်၊ အတန်းအစားမခွဲခြးဘဲ ဆက်ဆံနေထိုင်တတ်အောင် သင်ပေးတယ်၊ သူတို့ကို ကီးဘုတ်မပါဘဲ စာရေးတတ်အောင်သင်ပေးတယ်၊
ကလေးတွေ စာဖတ်အောင်၊ စာကြီးပေကြီးတွေ များများဖတ်အောင်လုပ်တယ်၊၊ သင်္ချာပုစ္ဆာတွေကို စဉ်းစားအဖြေရှာခိုင်းတယ်၊ လူလုပ်တဲ့ဂဏန်းပေါင်းစက်အစား ကိုယ်ပိုင်ဆိုင်တဲ့ ဦးနှောက်ကို သုံးတတ်အောင် သင်ပေးတယ်၊၊
ကျွန်တော့်ကလေးတွေကို အခြားနိုင်ငံ၊ အခြားလူမျိုး ၊ အခြားဘာသာဝင်တွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို သိနားလည်အောင် လေးစားတတ်အောင် သင်ပြပေးတယ်၊၊
ကျွန်တော့်ရဲ့စာသင်ခန်းကို ကလေးတွေအတွက် ဘေးကင်းလုံခြုံရာ အေးချမ်းတဲ့နေရာအဖြစ် ဖန်တီးပေးထားတယ်၊၊
ပြီးတော့ နှလုံးသားဖြူစင်စွာ အရာရာကိုရင်ဆိုင် လုပ်ကိုင် အောင်မြင်နိုင်တယ်ဆိုတဲ့ အသိအမြင်ကို သွန်သင်ပြသတယ်၊၊
ကျွန်တော့်ရဲ့လုပ်ငန်းကို အခြားတစ်ယောက်က မေးလာရင် ရင်ကော့ပြီးပြောနိုင်တာက- ခင်ဗျားတို့ရဲ့ကလေးတွေကို ပညာပြည့်ဝနှလုံးလှအောင်
လုပ်ပေးတယ်၊ သူတို့ကို လူ့အဖွဲ့အစည်းထဲမှာ ပုံစံခွက်ထဲက ထုတ်သလိုမဟုတ်ဘဲ မတူကွဲပြားတဲ့ (CEO)တွေ ၊ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ ၊ စစ်ဗိုလ်တွေ စတဲ့ ပန်းမျိုးတစ်ရာ ဝေဆာပွင့်အောင် လုပ်ပေးနေတာ ကျွန်တော့်အလုပ်ပါပဲ၊၊"
ကျွန်တော်စကားဆုံးတော့ အားလုံးကလက်ခုပ်တီး အားပေးကြပါတယ်၊၊
ပြီးတော့ ကျွန်တော်ကသူ့ကို ပြန်မေးလိုက်တယ်- "ခင်ဗျား စီအီးအိုရော ဘာလုပ်သလဲလို့"
အဲဒီတော့ စီအီးအိုလဲ ပါးစပ်အဟောင်းသားနဲ့ ကြက်သေသေနေပါတော့တယ်၊၊

နေလင်းထွေး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...