Wednesday, August 27, 2014

#မသေချာလို့


တခါက အထူးအဆန်းလုပ်တတ်သော အရက်ဆိုင်တစ်ခုရှေ့တွင် ဆိုင်းဘုတ်(ယခုခေတ်အခေါ်
ဗီနိုင်းပေါ့) တစ်ခု ချိတ်ဆွဲထားသည်။ အရက် တစ်ပေပါ ကုန်အောင်
သောက်နိုင်သူအား ဒေါ်လာ 20000 ဆုချပေးမည် အကယ်၍ မကုန်ပါက ဒေါ်လာ 20000
ပြန်အမ်းရမည် ဟု။ လာသမျှလူအားလုံးက ဒေါ်လာ 20000 လိုချင်ပေမယ့် မကုန်လျင်
ပြန်အမ်းရမှာစိုးလို့ အနားတောင်မကပ်ရဲကြဘူး။ တစ်နေ့ ရုရှ မှ
အရက်သမားတစ်ယောက်က ထိုစာကိုသေချာစွာ ဖတ်ပြီး ”ကျနော် စမ်းကြည့်မယ်” ဟု
ပြောပြီး ”ခဏနော်” ဟု ဆိုင်အပြင်ဖက် ထွက်သွားလိုက်သည်။ 10 မိနစ်ခန့်အကြာ
ပြန်ရောက်လာပြီး တစ်ပေပါလုံး ကုန်အောင် သောက်ပြလိုက်သည်။
ဆိုင်တွင်ကြည့်ရှုသူအားလုံ လက်ခုပ်တီး အားပေးလိုက်ကြသည်။ ဆိုင်ရှင်က
အလွန်သဘောကျပြီး ဒေါ်လာ 20000 ထုတ်ပေးလိုက်ပြီး မေးလိုက်သည်။ ”မောင်ရင်
အရက် တစ်ပေပါ သောက်နိုင်တာကိုတော့ တကယ်ချီးကျူးပါတယ်…. ဒါထက် ခုနက
ဆိုင်အပြင်ထွက်သွားတာ ဘာကြောင့်ပါလဲ” ဟု မေးလိုက်သည်။ အရက်သမားက
”ကျနော့ကိုကျနော် မသေချာလို့ အပြင်မှာ ရေတစ်ပေပါ သောက်ကြည့်တာပါ” ဟု
ဖြေလိုက်လေသည်။

From- Ko Soe Naing

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...