Wednesday, August 27, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၈)

သစ်ထူးလွင်


Posted: 27 Aug 2014 07:27 AM PDT
မြူတွေအုပ်ဆိုင်းနေတဲ့ မနက်ခင်းလေးတစ်ခုမှာ ကျနော်တို့သူငယ်ချင်းတစု ခြေလှမ်းတွေက မော်ချီးဒေသရှိ (၁၃) ကုန်း (ယူကော်ခို) ခေါ်ရွာလေးသို့ ၀င်ရောက်ခဲ့ပါတယ်။ ထိုအချိန်မှာ ကျနော်တို့နားထဲသို့ ကလေးတွေရဲ့ စာအံသံများနှင့်အတူ ဆရာ၊ ဆရာမတွေရဲ့ စာသင်ကြားပေးသံကိုလည်း ကြားနေရပါတယ်။ အဲ့ဒီအသံတွေက ကျနော်တို့ကို စဉ်းစားစရာအတွေးတစ်ခုကို ဖြစ်ပေါ်လာစေပါတယ်။ ကျနော်တို့ရဲ့ အသိစိတ်တစ်ခုထဲမှာ သတိထားမိလိုက်တာက အဲ့ဒီနေ့ဟာဆိုရင်
Posted: 27 Aug 2014 06:35 AM PDT
ရန်ကုန်မြို့သစ်စီမံကိန်းကြောင့် ရန်ကုန်မြို့တဖက်ကမ်းမှာ မြေဈေးနှုန်းတွေ အဆမတန် မြင့်တက် နေပါတယ်။ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ကုန်ကျခံ တည်ဆောက်မယ့် ရန်ကုန်မြို့သစ်စီမံကိန်းကို လွှတ်တော်မှာ ရှင်းလိုက်ပြီး ရက်ပိုင်းအတွင်းမှာ စီမံကိန်းဧရိယာအတွင်း ကျနေတဲ့ ရန်ကုန်တဘက်ကမ်းက အိမ်ခြံမြေဈေးတွေ တဟုန်ထိုး ခုန်တက်သွားပါတယ်။ New City Yangonတွံတေးလမ်းမကြီးပေါ်မှာရှိတဲ့ ပွဲစားတဦးကတော့ တွံတေးမြို့က လက်ရှိြေ
Posted: 27 Aug 2014 06:30 AM PDT
ရန်ကုန် သြဂုတ် ၂၆ ရန်ကုန်မြို့တော်အတွင်း တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ခြင်းကို အရှိန်မြှင့်တင်လျက်ရှိရာ အကျိုးတူပူးပေါင်းမှုအတွက် လုပ်ငန်းရှင်ပေါင်း ၆၆ ဦးမှ တင်ဒါတင်သွင်းထားပြီးမကြာမီ တန်ဖိုးနည်းအိမ်ရာများ ဖော်ထုတ်ပေးသွားရန် ရှိကြောင်းသိရသည်။ လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းခြင်းဖြင့် တန်ဖိုးနည်းအိမ်ရာငါးခုကို ထပ်မံဖော်ထုတ်ပေးရန် အတွက်စီစဉ်လျက်ရှိပြီး ဗိုလ်တထောင်မြို့နယ်အတွင်း
Posted: 27 Aug 2014 06:35 AM PDT
သြဂတ်စ်လ ၂၇ ရက် ၂၀၁၄ သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ဝမ့်ဝပ်ကျေးရွာအုပ်စု တာ့ဖာဆောင်ကျေးရွာအတွင်း တပ်စွဲ ထားသည့် မြန်မာ့တပ်မတော်အား ဆုတ်ခွာပေးရန် စစ်ပြေးရှောင်ဒေသခံများက သမ္မတဦးသိန်းစိန် ထံ ယမန်နေ့က စာရေးသားပေးပို့ တောင်းဆိုကြောင်း သိရှိရပါသည်။ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာ့တပ်မတော်ကြား လွန်ခဲ့သည့် ဂျွန်လနှောင်းပိုင်းက တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် တာ့ဖောင်ဆောင်ရွာသူရွာသားများ
Posted: 27 Aug 2014 06:16 AM PDT
မန္တလေးမြို့ ရတနာပုံတက္ကသိုလ်မှာ အမျိုးသားပညာရေးမူကြမ်း ရုပ်သိမ်းပေးဖို့ ဆန္ဒပြခဲ့ကြပါတယ်။ ခွန်ဘသာ တင်ဆက်။ ရိုက်ကူး - ဘကြီးအောင် DVB TV - 27.08.2014 မန္တလေးတွင် အမျိုးသားပညာရေးဥပဒေမူကြမ်းအား ကန့်ကွက်ကြောင်း ဒုတိယအကြိမ် ဆန္ဒထုတ်ဖော် ဒီနေ့ မနက်က ရတနာပုံတက္ကသိုလ်မှာ ကျောင်းသား ကျောင်းသူ ၁၀၀ လောက်ဟာ အမျိုးသားပညာရေးဥပဒေမူကြမ်းကို ကန့်ကွက်ကြောင်း ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
Posted: 27 Aug 2014 06:05 AM PDT
တရုတ်နိုင်ငံမှာ ဇနီးမယားအဖြစ်လူကုန်ကူးခံထားရတဲ့ လားရှိုးမြို့နယ် နားယားမကျေးရွာက ကလေးမိခင်တစ်ဦးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြန်လည်ခေါ်ယူပေးဖို့ မိသားစုတွေက လိုလားနေကြပါတယ်။ ခွန်ဇော်ဦးပေးပို့ထားပါတယ်။ DVB TV - 27.08.2014
Posted: 27 Aug 2014 05:12 AM PDT
မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ၀မ်းတွင်းမြို့နယ်၊ လူခင်းကျေးရွာအုပ်စု၊ ပျားစွဲကျေးရွာမှာ သြဂုတ်လ-၂၅-ရက်-၂၀၁၄နေ့နံနက် ၁၀နာရီခန့် လောက်က အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သစ်ထူးလွင်ဝက်ဆိုဒ်မှ သတင်းရရှိပါတယ်။ ပျားစွဲမူလတန်းလွန်ကျောင်းမှ ကျောင်းသား/သူ(၁၂)ယောက်ခန့်နဲ့ လူကြီး(၆)ယောက်လောက် အစားအဆိပ်သင့်ခဲ့တာ ဖြစ်ပါတယ်။ အစာအဆိပ်သင့်တဲ့သူ (၁၆)ယောက်ခန့်ထဲမှာမှ ပြင်းပြင်းထန်ထန် မူးဝေအန်တဲ့သူ
Posted: 27 Aug 2014 04:49 AM PDT
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့တွင် ရိပ်သာချောင်းရေ ရုတ်တရက် တရှိန် ထိုးကျဆင်းသဖြင့် ချောင်းအနီးရှိ စည်ပင်သာယာဈေးရှိ ဆိုင်ခန်း(၁၅)ခန်းထိခိုက်ပျက်စီး မုံရွာ သြဂုတ် ၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့တွင် သြဂုတ်လ(၂၅) ရက်နေ့ည (၁၀)နာရီ အချိန်တွင် တစ်နာရီအတွင်း မိုးရေချိန်(၄.၁၃)လက်မအထိ မိုးများ သည်းထန်စွာ ရွာသွန်းမှုပြီး ရိပ်သာကျောင်းလမ်း၊
Posted: 27 Aug 2014 04:41 AM PDT
မော်လမြိုင် သြဂုတ် ၂၆ မွန်ပြည်နယ် ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာရဲကင်းမှ ကိုယ်ပိုင်အမှတ် လ/၂၂၆၉၄၅ ရဲတပ်သား အောင်ကိုမြင့် အသက် (၂၆)နှစ်(ဘ)ဦးသန်းမြင့်သည် ယခု လ၂၁ရက် ည ၆နာရီခွဲက ရဲကင်း စခန်းရှိ နေအိမ် လိုင်းခန်း အိပ်ရာ တွင် လည်မျို သေနတ်ထိမှန် ဒဏ်ရာဖြင့် သေနတ်ပိုက်၍ သေဆုံး နေသည်ကို ရဲကင်းမှူး ဒုရဲအုပ် ဇော်မျိုးဦးက တွေ့ရှိခဲ့ကြောင်း သိရသည်။  ယင်းဖြစ်စဉ်နှင့် ပတ် သက်၍ ဒုရဲအုပ်ဇော်မျိုးဦးက ရေး
Posted: 27 Aug 2014 04:20 AM PDT
အစိုးရအဖွဲ့ဟာ တရားမ၀င် ခိုးသွင်းလာတဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေကို ဖမ်းဆီး အရေးယူတော့မယ့်ကိစ္စ အသေးစိတ်စည်းကမ်းတွေ ဒီကနေ့ ထုတ်ပြန်ပါတယ်။   လိုင်စင်မဲ့ဆိုင်ကယ်တွေ့ရင် ဖမ်းဆီးမှာ ဖြစ်ပြီး ဒေသပေါက်ဈေးရဲ့ ၅၀ ရာခိုင်နှုန်းထက် မနည်း ဒဏ်ရိုက်မှာ ဖြစ်ပါတယ်။ ဒဏ်ငွေဆောင်ပြီးရင် ဆိုင်ကယ်ကို ဒေသလိုင်စင်နဲ့ မှတ်ပုံတင်လုပ်ပေးမယ်လို့ ဆိုပါတယ်။ ဒဏ်ငွေ မဆောင်ရင်တော့ သိမ်းဆည်းပြီး လေလံပစ်မယ်၊ လေလံပစ် ရောင်းချတဲ့
Posted: 27 Aug 2014 04:18 AM PDT
မလေးရှားနိုင်ငံ ကူလိုင်မြို့ စက်ရုံက အဓိကရုဏ်းမှာ ကားမီးရှို့သူတွေဟာ မြန်မာအလုပ်သမားတွေ ဖြစ်တယ်လို့ မလေးရှားနိုင်ငံထုတ် The New Strait Times သတင်းစာပါ ဖော်ပြချက်ကို မှားယွင်းတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အလုပ်သမားသံအရာရှိက တုံ့ပြန်လိုက်ပါတယ်။ ဒီကိစ္စအတွက် လူလွှတ်ပြီး စုံစမ်းခိုင်းခဲ့ရာမှာ မြန်မာအလုပ်သမားတွေ ပါဝင် ပတ်သက်ခဲ့ခြင်း မရှိဘဲ နီပေါအလုပ်သမားတွေ ဖြစ်တဲ့အကြောင်း၊ ပြဿနာက
Posted: 26 Aug 2014 11:27 PM PDT
ရန်ကုန် သြဂုတ် ၂၆ မလေးရှားနိုင်ငံ ဂျိုဟိုပြည်နယ်ရှိ မြို့ငယ်တစ်မြို့ဖြစ်သော Keleta Sawit တွင် ယနေ့နံနက်ပိုင်းက မြန်မာ အလုပ်သမား များသည် မော်တော် ကားတစ်စီးကို မီးရှို့မှုကျူးလွန်ခဲ့ပြီး ၄င်းတို့ အလုပ်လုပ်သော စက်ရုံတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း New Straits Times သတင်းစာက ဖော်ပြ သည်။  မြန်မာ အလုပ်သမား များသည် ယနေ့ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂ဝမိနစ်တွင် စီမံခန့်ခွဲမှုဆိုင်ရာ
Posted: 26 Aug 2014 11:15 PM PDT
ရန်ကုန်၊ သြဂုတ် ၂၇ ၂၆.၈.၂၀၁၄ ရက်နေ့ ၁၇၁၀ အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ သံဃာ့တက္ကသိုလ်ကျောင်း ရှေ့ရှိ ရထားလမ်းကူး နေရာတွင် ရထားနှင့် မော်တော်ယာဉ်တို့ တိုက်မိမှု ဖြစ်ပွား ခဲ့ပါသည်။ ဖြစ်စဉ်မှာ ပုရွက်ဆိတ်ကုန်း ဘူတာဘက်မှ ရေကူးဘူတာဘက်သို့ သရက်(၆) ငွေသိမ်းရထားမှ မောင်းနှင်လာစဉ် အဆိုပါရထားလမ်းကူးနေရာအား ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေ ယာဉ်မောင်း ဦးမင်းကျော်ကျော်၊ (၂၈)နှစ်မောင်းနှင်သည့်
Posted: 26 Aug 2014 11:15 PM PDT
ထိုင်းနိုင်ငံမှာ သြဂုတ်လ ၂၆ ရက်နေ့က ကစားခဲ့တဲ့ အာဆီယံ အမျိုးသမီး ယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ တတိယနေရာလုပွဲမှာ မြန်မာအမျိုးသမီးအသင်းက စင်ကာပူ အမျိုးသမီး ယူ၁၉ အသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး တတိယကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အုပ်စုပွဲတွေအပြီး အိမ်ရှင် ထိုင်းက ရမှတ် ၁၂ မှတ် နဲ့ ပထမ၊ ဗီယက်နမ်က မြန်မာနဲ့ ၇ မှတ် တူပေမယ့် ဂိုးကွာခြားချက် အသာနဲ့ အုပ်စုဒုတိယ ရရှိပြီး ထိုင်းနှင့်
Posted: 26 Aug 2014 11:13 PM PDT
အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်ဆီ ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က အမှုဆောင် အရာရှိနဲ့ သတင်းထောက်တွေကို သြဂုတ် ၂၈ ရက်နေ့မှာ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ အပြီးသတ်လျှောက်လဲချက်ပေးရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးက သတင်းသမားတွေကို အတတ်နိုင်ဆုံး အကူအညီပေးမယ်ဆိုတဲ့ စကားကို မိတ္တူနဲ့တကွ ကိုးကားတင်ပြသွားမယ်လို့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးကျော်လင်းက ဒီဗွီဘီကို ပြောပါတယ်။ ဇန်န၀ါရီလ ၂၅ ရက်နေ့ထုတ်
Posted: 26 Aug 2014 10:59 PM PDT
သြဂုတ်လ (၂၆)ရက်နေ့ ည(၇)နာရီခန့် က ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့ နယ် ဦးဝိစာရ အိမ်ရာမှာ သမီးရည်စား နှစ်ဦး စကားများ ရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သစ်ထူးလွင်ဝက်ဆိုဒ် မှ သတင်းရရှိုပါတယ်။ ဒဂုံမြို့ နယ် ဦးဝိစာရ အိမ်ရာဝင်း တိုက်(၃၂)၊ အခန်း(၁၀)၊ (၃)လွှာမှာ အပြင်မှ တံခါးခေါက်ကာ "အမေရေကယ်ပါဦး" ဟု ခေါ်သံကြားတာကြောင့် ကိုအာကာဝဏ္ဏ နှင့် အစ်မဖြစ်သူ မအေးချမ်းမြတ်ဖြိုးတို့ တံခါးသွားဖွင့်ရာမှာ
Posted: 26 Aug 2014 09:21 PM PDT
ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ မော်တော်ယာဉ် အရောင်းပြခန်းများ၌ ရောင်းချရန် ပြသထားသည့် ဂျပန် လေလံယာဉ်အများစုမှာ တာမွေ မြို့နယ်ရှိ ကားအပိုပစ္စည်းရောင်း သည့် ကားအပိုပစ္စည်း ဈေးကွက်တွင် ကီလိုမီတာများ လျှော့ချမှု ပြုလုပ်ထားကြောင်း သိရသည်။ ''ဂျပန်ကနေ ကားတစ်စီးကို လေလံဆွဲမယ်ဆိုရင် အသုံးပြုထားတဲ့ ကီလိုမီတာများရင် လေလံဝယ်ယူရတဲ့ ဈေးနှုန်းကနည်းမယ်။ အသုံးပြုထားတဲ့ ကီလိုနည်းရင် လေလံဝယ်ယူရတဲ့ ဈေးနှုန်းများမယ်။
Posted: 26 Aug 2014 09:11 PM PDT
စစ်တွေ သြဂုတ် ၂၆ ထိုင်းနိုင်ငံ မဟာချိုင်ရှိငါးဖမ်း စက်လှေတွင် ရောင်းစားခြင်းခံရပြီး အင်ဒိုနီးရှားနိုင်ငံ အွန်ဘွန်ဆိပ်ကမ်း အရောက်တွင် လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးအဖွဲ့မှ ကယ်တင် နိုင်ခဲ့သည့် ရခိုင်ပြည်နယ် မြေပုံ မြို့နယ် သရက်တောင်ကျေးရွာမှ ကိုးဦးနှင့်ကမ်းထောင်းကြီးကျေးရွာ မှ ငါးဦးတို့ကို ယခုလ ၂၃ရက်တွင် ၄င်းတို့နေထိုင်ရာဒေသများသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရ သည်။ ယခုကဲ့သို့ လူကုန်ကူးခံရသူ
Posted: 26 Aug 2014 09:01 PM PDT
ရန်ကုန် သြဂုတ် ၂၅ ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန် မြောက်ပိုင်း ခရိုင် မင်္ဂလာဒုံ မြို့နယ် ပြည်လမ်းမကြီး ၀ါယာလက်စ် ကားမှတ်တိုင် အနီးတွင် ယနေ့နံနက် (၉း၃၀) အချိန်ခန့်တွင် မော်တော်ဆိုင်ကယ် တစ်စီးနှင့် ကားတစ်စီးတို့ မတော်တဆ တိုက်မှု ဖြစ်ပွါးခဲ့ပြီး ဆိုင်ကယ် စီးနှင်းသူ အသက် (၃၀) ခန့်အမျိုးသား တစ်ဦး နေရာတွင် ပွဲခြင်းပြီး သေဆုံးသွားကြောင်း သိရသည်။ MOI Webportal Myanmar https://www.facebook.com/
Posted: 26 Aug 2014 08:44 PM PDT
သြဂုတ်လ (၂၆)ရက်နေ့  ညနေ့ ၃ နာရီခန့် က ရန်ကုန်တိုင်း ဒေသကြီး၊ ဒလမြို့ နယ်၊ မြို့ မ(၄)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းတွင် လူတစ်ဦး ဓါတ်လိုက်သေဆုံး ခဲ့ကြောင်း သစ်ထူးလွင်ဝက်ဆိုဒ်  မှ သတင်းရရှိပါတယ်။ သေဆုံးသူမှာ ဒေါ်လှလှမြင့်၊ အသက်(၅၆)နှစ် မ-၆/၄၀၉၊ မင်းရဲကျော်စွာလမ်း၊ မြို့ မ(၄)ရပ်ကွက်၊ ဒလမြို့ နယ် နေသူဖြစ်ကြောင်း သိရပါတယ်။ သြဂုတ်လ (၂၆)ရက်နေ့ ညနေ(၂)နာရီခန့် က နေအိမ်ရှိ ကုန်စုံဈေးဆိုင်မှာ
Posted: 26 Aug 2014 08:28 PM PDT
ရေအောက်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ဝ ကျော် နစ်မြုပ်နေခဲ့သော မွန်ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေ တွေ့ရှိပြီးဟု ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်းက လွတ်လပ်သော မွန်သတင်း အေဂျင်စီ IMNA သို့ ပြောသည်။ အဆိုပါ ခေါင်းလောင်းကို ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်း တို့ဆုံစည်းရာ မြစ်ဆုံအနီး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကုန်းပေါ်အရောက် အမြန်းဆုံးတင်နိုင်ရန် ကြိုးစားသွားမည်ဟု
Posted: 26 Aug 2014 10:03 PM PDT
မော်လမြိုင် သြဂုတ် ၂၆ ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့ကျိုက်ကျေးရွာ မြဝတီ-ရန်ကုန် ကားလမ်း (မော်လမြိုင်-ဘားအံ အဖြောင့်လမ်း) ခြောက်ဘီးကုန်တင် ယာဉ်နှင့်ဆိုင်ကယ်တို့ မျက်နှာချင်း ဆိုင်တိုက်မိမှုကြောင့် ဆိုင်ကယ် မောင်းသူသေဆုံးပြီး ဆိုင်ကယ် နောက်တွင် စီးနင်းလိုက်ပါလာသူ ဒဏ်ရာများရရှိကြောင်း သိရသည်။ ဖြစ်စဉ်မှာ သြဂုတ် ၂၄ ရက် မွန်းလွဲ ၂ နာရီ ၅၄ မိနစ်ခန့်က မြဝတီ မြို့မှ သစ်သီးဝလံများ တင်ဆောင် လာပြီး
Posted: 26 Aug 2014 07:17 PM PDT
IS တပ်ဖွဲ့တွေကို ပြန်လည်တိုက်ထုတ်ရေးအတွက် လိုအပ်နေတဲ့ စစ်လက်နက်တွေ အီရန်နိုင်ငံက စတင်ထောက်ပံ့နေပြီလို့ ကာဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သမ္မတ Massoud Barzani က ပြောဆိုပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် ကာဒ်သမ္မတ ကာဒ်မြို့တော် Arbil ကို ရောက်ရှိလာတဲ့ အီရန်နိုင်ငံခြားရေး ၀န်ကြီး Mohammad Javad Zarif နဲ့ တွေ့ဆုံအပြီး ကာဒ်သမ္မတက သတင်းထောက်တွေ ကို သြဂုတ် ၂၆ ရက်နေ့ က ပြောဆိုခဲ့ တာဖြစ်ပါတယ်။
Posted: 26 Aug 2014 07:15 PM PDT
ရန်ကုန်တိုင်းအစိုးရက လွှတ်တော်ကို အသိပေးခဲ့တဲ့ ရန်ကုန်မြို့သစ်စီမံကိန်းဟာ ပွင့်လင်းမြင်သာမှုမရှိဘဲ ပြည်သူတွေကို ကြီးကြီးမားမားနစ်နာ ဆုံးရှုံးစေနိုင်တဲ့အတွက် အစိုးရအနေနဲ့ ဒီထက်ပိုပြီး ရှင်းလင်းတင်ပြဖို့ လိုတယ်လို့ လွှတ်တော် ကိုယ်စားအမတ်တချို့က ပြောပါတယ်။ ပြည်ထောင်စု အစိုးရခွင့်ပြုချက်နဲ့ ဆောင်ရွက်မယ်ဆိုတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းအပေါ် တိုင်းအစိုးရကို လွှတ်တော်အမတ်တွေက ဝေဖန်လိုက်ကြတာပါ။ ဗဟန်းမြို့နယ်
Posted: 26 Aug 2014 06:13 PM PDT
ရန်ကုန်မြစ်အတွင်းမှာ ​ရှာဖွေနေတဲ့ ​ဓမ္မစေတီခေါင်းလောင်းကို ​တွေ့ရှိထားတယ်လို့ ​ခေါင်းလောင်း ​ရှာဖွေရေးအဖွဲ့က ​ကြေညာ ​လိုက်ပါတယ်။ အကြီးဆုံးရွှေရောင် ​နဂါးမင်းကြီးနဲ့တကွ ​နဂါး ​အပေါင်းတို့က ​ဓမ္မစေတီခေါင်းလောင်းတော် ​ကြီးကို ​အကြီးကျယ်ဆုံး ​ခမ်းခမ်းနားနား ​ဆီမီးပူဇော်နေတဲ့ ​အတွက်ကြောင့် ​သတင်းထုတ်ပြန်ရန် ​နောက်ကျရတာဖြစ်တယ်လို့ ​ခေါင်းလောင်းရှာဖွေရေး ​အဖွဲ့ခေါင်းဆောင် ​ဦးစံလင်း ​မြေပုံ- ​ကော့သောင်း)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...