“ပုတ်သင်ညိုအရောင်ပြောင်းဘဝများ”
သတိပေးတားမြစ်ချက်။ ။ အသက် (၁၈)နှစ်အောက်၊ ကလေးများ ဖတ်ခွင့်မပြုပါ။
ပွင့်ပွင့်လင်းလင်း၊ ရေးသားထားသည့်အလျောက်၊ ကြမ်းတမ်း ရိုင်းစိုင်းသော စကားလုံးများ ပါရှိပါသည်။
သမီးရဲ့ သူငယ်ချင်းတယောက်၊ အလှပြင်ဆိုင်မှာ ငွေကြေးနစ်နာဆုံးရှုံးမှု ဖြစ်ခဲ့တဲ့အပြင်၊ လူကိုပါ ဝိုင်းပြီး ပြဿနာရှာခြင်း ခံခဲ့ရတာကို ကြားရလို့၊ သမီးတို့လူငယ်တွေအတွက် အမူအကျင့်တချို့အကြောင်း Knowledge Share နည်းနည်းလုပ်ပေးမှ ဖြစ်တော့မယ်ဆိုပြီး၊ ဖေဖေ ဒီစာကို ရေးလိုက်တယ်။
(က) အိမ်ဖော်
ရန်ကုန်မြို့နေသူများဟာ၊ အိမ်ကိစ္စ၊ ဆိုင်ကိစ္စအတွက် အိမ်အကူကို၊ ပွဲစားပီပီ အပြောကောင်းတဲ့ သူတွေကတဆင့် ငှားကြတယ်။ အိမ်ဖေါ်ငှားတဲ့ တလစာ လခပမာဏအတိုင်း၊ ပွဲခကို ငှားသူဘက်က ပေးချေရတယ်။
တလလောက်အကြာမှာ ပွဲစားဟာ ဒါ အိမ်ဖေါ်ရဲ့ အမေ၊ သူ့သမီးကို လွမ်းလို့၊ တွေ့ချင်လို့၊ သူတို့က တခါမှ ငယ်ငယ်လေးကတည်းကနေ ခွဲဖူးတာ မဟုတ်ဘူး.. စသဖြင့် ပြောဆိုပြီး အဝတ်ခပ်နွမ်းနွမ်းဝတ်ထားတဲ့ သနားကမားအမျိုးသမီးကြီးတဦးကို ခေါ်လာတယ်။ အဆိုပါအမျိုးသမီးရဲ့ ခြင်းတောင်းထဲမှာလည်း လက်နှီးစုတ်သာသာ အဝတ်လေးတွေ ထည့်ထားတဲ့ ခြင်းတောင်းလေးတလုံး ကိုင်လျက်ပေါ့။ ခရီးဝေးက သမီးကို တွေ့ချင်လွန်းလို့၊ လာရတဲ့ သနားစရာ ပုံသဏ္ဍန်။
ထမင်းတွေ ဘာတွေ စား၊ မော်တော်အမီ၊ ရထားအမီ ပြန်ရအုံးမယ်ပေါ့။ အိမ်ရှင်တွေကိုလည်း သဘောကောင်း ကျေးဇူးတင်ကြောင်း၊ စောင့်ရှောက်ပါပေါ့။ သူ့အဖေ နေမကောင်းဖြစ်လို့ ဆေးကုဖို့၊ သူ့သမီးကို မခွဲချင်စဖူး ခွဲနေရတယ် ဘာညာ သနားစဖွယ် ပြောပြကြပါတယ်။ များသောအားဖြင့် အိမ်ဖေါ်လစာ ပေးရက်တွေမှာ လာရောက်တတ်ကြတယ်။
ပွဲစားက အိမ်ဖေါ်ငှားပြီး ၃လလောက်အကြာမှာတော့ ရွာမှာ ဘယ်သူ ဘယ်ဝါ အသည်းအသန်ဖြစ်နေလို့ သူ့သမီးကို အားချင်း ခေါ်ခိုင်းလိုက်တယ်ဆိုပြီး၊ အဝတ်အစားတွေ ထည့်၊ တခါတည်း ပွဲသိမ်းရိုက်တော့တာပါပဲ။ အိမ်က မဆင်းခင်၊ မသင်္ကာဖြစ်မှာစိုးလို့၊ အိမ်ဖေါ်လေးက သူ့အဝတ်အစားထည့်တဲ့အိတ်ကို၊ လှန်လှော ပြသရှာပါတယ်။
ဒီလိုနဲ့ ဒီအိမ်ဖေါ်ဟာ အခြားတအိမ်ကို အိမ်ဖေါ်အဖြစ် နေ့ချင်းကူးဖြစ်စေ၊ နောက်တနေ့ဖြစ်စေ ရောက်သွားတာပါပဲ။ ပွဲစားလည်း ပွဲခ ထပ်ရတာပေါ့။ ဟိုဘက်ရပ်ကွက်က အိမ်ဖေါ် ဒီဘက်ကို ရွှေ့၊ ဒီဘက်ရပ်ကွက်က အိမ်ဖေါ် ဟိုဘက်ကို ရွှေ့ရုံလေးနဲ့၊ နှစ်ဖက်စား နေရတာကိုး။
အိမ်ပစ္စည်းနှင့် အသုံးအဆောင်ဆိုတာ ဖြည့်လို့ မကုန်နိုင်ရကား၊ ကိုယ်အသုံးလိုမှ ရှာမိကြတယ်။ မရှိ။ အထားပဲ မှားသလိုလို၊ ဂျောင်ကြားပဲ ညှပ်သလိုလို။ ဘယ်လိုမှ မရှာတွေ့နိုင်သည့်အဆုံးကျမှ၊ တလတခါ အိမ်ဖေါ်လခ လာထုတ်သော၊ အမေဆိုသည့် အမျိုးသမီးကြီး၏ ခပ်နွမ်းနွမ်း အဝတ်များဖြင့် ဖုံးထားသော ဆွဲခြင်းသည်သာလျှင်။
(ခ) အက်ဆီးဒန့်
လုပ်ငန်းခွင်အတွင်း Safty First ရေးထားခြင်းသည်၊ မလိုအပ်ပဲ ဆုံးရှုံးနစ်နာမှု မဖြစ်စေရန် ရည်ရွယ်သည်။ စက်၊ ယာဉ်၊ ယန္တရားမောင်းနှင်သည့်သူတိုင်း၊ မည်သူကမျှ အက်ဆီးဒန့်ကို မဖြစ်လိုကြ။ ပုလိပ်၊ အလျော်ဇယားနှင့် အလုပ်ရှုပ်စေသည့်အပြင်၊ အခြေအနေမကောင်းလျှင်၊ ထောင်ထဲ ရောက်နိုင်သည်ဖြစ်၍၊ ကိုယ့်ကားကိုယ် သတိထား မောင်းနှင်တတ်ကြသည်။ စက်သုံးယာဉ် မော်တော်ကားဖြင့် အက်ဆီးဒန့် ဖြစ်သည်မှာ ရပ်ကွက်တွင်း ရန်ဖြစ်၍ ဆုံးရှုံးနစ်နာ ဆေးရုံတက်ကုရသည်ထက်၊ ပိုမိုပြီး လျော်ကြေးငွေ ပေးရတတ်သည်မဟုတ်ပါလား။
ရွှေဂုံတိုင်ဘက်မှ လာသော ကားများ၊ M3ရှေ့မှ၊ အာဇာနည်ကုန်း သွေးဆေးကန်ဘက်သို့၊ အရှိန်လျော့ ထောင့်ကျဉ်းချိုး ကွေ့တက်ရသည့်နေရာသည်၊ ဗဟန်းမြို့နယ်အတွင်း အယောင်ဆောင် ယာဉ်တိုက်မှု ဖြစ်ပွားတတ်သော နေရာတခု။
များသောအားဖြင့် ဒုစရိုက်သမားများဟာ နယ်များ၊ အခြားနေရာများမှ ရွှေတိဂုံဘုရားသို့၊ ဘုရားလာဖူးသည့် သွက်လက်စွာ လမ်းမကူးတတ်တဲ့၊ ယောင်တောင်တောင် အ,တတပုံစံ။ ထိုနေရာ၌ မဖြစ်မနေ အချိန်လျော့ ထောင့်ကျဉ်းချိုး ကွေ့တက်ရသည့်ကားသည်၊ ကွေ့လမ်းကြောင်း တည့်အောင်၊ အာရုံစိုက် မောင်းနှင်နေခိုက်၊ ကားနံဘေးမှ ဝုန်းကနဲ ထိခိုက်သံနဲ့အတူ၊ လူတယောက် လဲကျသွားသည်ကို မြင်ရတတ်ပါသည်။ ကား တိုက်ပြီ။ အမှန်တကယ်တော့ အဲဒီလူက ကားနံဘေးကို လက်ဝါးဖြင့် ဝုန်းကနဲနေအောင် ရိုက်ပစ်ပြီး၊ သူကိုယ်သူ ပစ်လှဲကာ၊ ကားတိုက်သွားသည့်သဏ္ဍန် ဟန်ဆောင်နေခြင်း။
ထိုစဉ် လမ်းသွားများ၊ အနီးပတ်ဝန်းကျင်မှ လမ်းသွားလမ်းလာများဟု၊ ဟန်ဆောင်ထားသော ဒလန်ရှုးသူတို့လူများက၊ ပြေးလာ၊ ပွေ့ဖက်ပြီး၊ ဆေးရုံသွားမှ ရမယ်ဆိုတာတမျိုး၊ ရဲကို အကြောင်းကြားသင့်တယ်ဆိုတာ တဖုံ၊ အကိုကြီးက သဘောကောင်းပါတယ်၊ ကိုယ်လည်း ဒုက္ခမရောက်အောင်၊ သူလည်း ဆေးဘိုးဝါးခ ပေးလိုက်ရင်၊ အမှုမဖွင့်ဖို့ ပေးလိုက်ရင် ပြဿနာကင်းတယ်ဟု အကြံပေးခြင်းက တနည်း၊ ဒါမျိုး ဘယ်လက်ခံမလဲကွ ဝိုင်းရိုက်မယ့်သူတွေက တကြောင်း… စသဖြင့်၊ အရှေ့ကို အာရုံစိုက်နေခိုက်၊ မိမိကားနှင့် မတော်တဆ တိုက်မိရှာသည်ဟု၊ ရိုးသားစွာ ထင်ထားသော ယာဉ်မောင်းသူကို၊ လှည့်ပတ် ကျူံးသွင်းတတ်ပါတယ်။
ဟန်ဆောင်တဲ့သူကလည်း ဟန်ဆောင်ကောင်း။ နံဘေးမှ ကိုယ်နဲ့ မဆိုင်ပဲ၊ တာဝန်သိပြည်သူလိုလို၊ ပရဟိတစိတ်ဓါတ်ရှိသူလိုလို ဟန်ဆောင်ထားသည့် သူတို့ရဲ့ဒလန်ရှုး ဆိုသူများကလည်း၊ တိုက်ခံရသူကို ကားပေါ် ပွေ့တက်လာပြီး၊ ဆေးရုံအရင်ပို့ဖို့ အရေးကြီးတယ်ဆိုကာ၊ သာမန်အမှန်အကန်ပြည်သူများ ဝိုင်းကြည့်ရှုနေရာမှ၊ မျက်ခြေဖြတ်ပြီး၊ ကားပေါ်မှာပဲ၊ သူတို့ လိုချင်တဲ့၊ အလျော်အစားကိစ္စဖြစ်အောင် ညှိယူတော့တာပါပဲ။
(ဂ) ဖွန်ကြောင်
လူဆိုသည်မှာ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားကြသည်မှာ၊ ကမ္ဘာဦးကတည်းက မရိုးနိုင်တဲ့ အဖြစ်။ အီဘိုလာသာ ဆေးရှိ၊ ဆေးတွေ့မည်၊ ဖွန်ကြောင်သည်မှာ ဆေးမရှိ။ သဘာဝရောဂါတခု။
ဂုဏ်သိက္ခာကို တန်ဘိုးထားရကောင်းမှန်း၊ မိမိ အိမ်ထောင်ဘက်အပေါ် သစ္စာရှိရကောင်းမှန်း သိသည့် စီးပွားရေးသမားတဦးသည်၊ စိတ်အပန်းပြေရန်ဖြစ်စေ၊ အကြောတက် အညောင်းအညာ ပြေရန်ဖြစ်စေ၊ ပြည့်တန်ဆာခန်း မဟုတ်သည့်၊ အနှိပ်ခန်းများသို့၊ ကိုယ်လက် မအီမသာဖြစ်သည့်အချိန်တိုင်း အနှိပ်သွားခံတတ်သည်။
ဤသို့ အနှိပ်ခံရင်း၊ နှိပ်ပေးသည့် အမျိုးသမီးလေးတဦး၏ ဘဝကို၊ စာနာသနားမိသည်။ ထို့ကြောင့် အမြဲတန်း အနှိပ်ခန်းသို့ သွားတိုင်း၊ အနှိပ်သမ များစွာ ရှိသည့်အနက်၊ သူမနှင့်သာ အနှိပ်ခံရင်း၊ သူမအား အနှိပ်ခံပြီး အပြန်တွင် မုန့်ဘိုးနှင့်၊ အကြောင်းအမျိုးမျိုး ကူညီငွေ ပေး၊ ဤသို့ဖြင့် တစ တစ ပိုရင်းနှီးရာမှ၊ အနှိပ်ခန်းပြင်ပ တည်းခိုခန်းတွင်၊ လိင်ပိုင်းဆိုင်ရာ တကြိမ် ဆက်ဆံမိသည်ဆိုသည်။ ထိုအမျိုးသမီးလေးအား အနှိပ်သည်ဘဝက လွတ်မြောက်စေပြီး၊ ထိုခေတ်က ကုန်စုံဆိုင်လေးထောင်နိုင်ရန်၊ ငွေကျပ် (၁၀)သိန်း မ,တည် အလကားပေးလိုက်သည်ဟု ဆိုသည်။
ထိုဆက်ဆံခဲ့မှု တကြိမ်အတွက်၊ နောင်တွင် ပြဿနာတက်ခြင်းမှာ၊ အကြိမ်ကြိမ် မိဘဆွေမျိုးများဆိုသည့်၊ လူမိုက်ပုံပေါက် သူများကို ခေါ်လာပြီး၊ အကြိမ်ကြိမ် ငွေညှစ်ယူနေခြင်းကြောင့် ဖြစ်သည်။ သိက္ခာထိန်းသိမ်းတတ်သော ဆွေကြီးမျိုးကြီးကြား သိက္ခာကျမည်စိုးသောကြောင့်၊ သူ့ဘာသာသူ ကြိတ်ရှင်းနေခဲ့ရာ၊ ကိုယ့်အား မခံနိုင်၍ ပွင့်အံပြောလာသောအချိန်တွင်၊ သူ့မှာ အဆိုပါ တခါအမှားအတွက်၊ ငွေကျပ် သိန်း(၇၀)လောက် လျော်ပြီးနေပြီ။ ရပ်မည့် အခြေအနေလည်း မရှိ။
အကြောင်းအမျိုးမျိုးပြ၊ နောက်ဆုံးအနေနဲ့ ကူညီပါ ဆိုသော အကြိမ်အရေအတွက်မှာ အလီလီ။ ကလေးမ၏ရင်းမြစ်ကို စုံစမ်းကြည့်လိုက်တော့ စီးပွားရေးသမား သူဌေးဆိုသူများကို၊ ပစ်မှတ်ထားဖို့၊ သူတို့လာတတ်သည့် နေရာတွင် အသွင်ဝင်နေရာယူသူ။ နဂိုကတည်းက အကြံရှိသူဖြစ်၍၊ ရုပ်ရှိ ရေလျှံ အချဉ်ပုံပေါက်သောသူကို၊ ပစ်မှတ်ရွေး ဆက်ဆံခြင်း။ ထိုအနှိပ်ခန်းတွင်ပင် တခဏဝင်လုပ်ပြီး၊ အချဉ်ဖမ်းထားသူမှာ ထိုသူ တဦးတည်း မဟုတ်။
သူမကတော့ ဦး(သို့)အကိုကြီးက ကယ်တင်သဖြင့်၊ အနှိပ်သည်ဘဝကို မလုပ်တော့ဟုဆိုကာ၊ သည်အနှိပ်ခန်း မြင်ကွင်းမှ ပျောက်ပြီး၊ တခြားအနှိပ်ခန်းသို့ တိမ်းရှောင်၍၊ ဤလို အချဉ်ဖွန်ကြောင်များကို ပစ်မှတ်ရှာသူ။ ကျူးလွန်ခဲ့သော ကိစ္စအတွက် ဘကြီးက လက်မခံ၊ အကိုတဝမ်းကွဲက လူမိုက်၊ မိန်းကလေးဘက်က အမှုဖွင့်မည့် အဒေါ်ဆိုသူ … စသဖြင့် ဇာတ်တိုက်ထားကြသည့် အလံရှုး ဘေးတီးကျုံးသွင်း အမျိုးမျိုး။ သူ့အုပ်စုနှင့် သူ။
“ ခင်ဗျားနှယ်၊ တဏှာကိစ္စအတွက်၊ ဘိ(ပြည့်တန်ဆာခန်း)သွားတာမှ၊ တသိန်းတောင် မကုန်ဘူး။ ပြဿနာလည်း ကင်းတယ်။ ”
“ ဟုတ်ပါတယ်ဗျာ၊ ကျနော် မှားမိပါတယ်။ ကျနော်လည်း ကျွံပြီးမှ သိတော့၊ ဘာမှ လုပ်လို့ မရတော့ဘူး။”
ရထား၊ ကားလမ်းဆုံသည့် ပဲခူးတွင်၊ တည်းခိုခန်း များပြားရကား၊ မိမိတည်းခိုရာအခန်းနှင့်၊ မျက်နှာချင်းဆိုင်ဖြစ်စေ၊ မြင်သာသည့် အခန်းမှ ဖြစ်စေ၊ မိန်းမတဦး မြှူဆွယ် သဘောတူသည့် သဏ္ဍန်မျိုး ရှိပါက၊ ဖွန်ကြောင်ပြီး၊ ဝင်မသွားနှင့်။ ရာဂဘီလူးစီးနေချိန်တွင် အဆိုပါ အမျိုးသမီး၏ ယောကျာ်းဆိုသူက၊ အသိသက်သေများနှင့်အတူ ရောက်လာပေတော့မည်။ မယားခိုးမှု၊ မုဒိန်းမှု ပုဒ်မမျိုးစုံတပ်မည်။ လျော်ပေတော့။ ညှိပေတော့။
ယခင် ကြံတောသချို င်္င်း၊ တာမွေသချိုင်္င်းဆိုသည်ကား၊ သွားရင်းလာရင်း ဖွန်ကြောင်တက်သူများကို၊ အမျိုးသမီးများဖြင့် လှည့်ပတ်ခေါ်လာပြီး၊ ဖွန်ကြောင်ထံမှ နာရီ၊ ပိုက်ဆံအိတ်၊ အကျီဘောင်းဘီများ၊ ရိုက်လု၊ အနိုင်ကျင့်လုတတ်သည့် နေရာ။
"ဖွန်ကြောင်လျှင် အခွန်ဆောင်ရမည် ဖြစ်သောကြောင့်၊ သတိပြုသင့်သည်။ ယောကျာ်းတမျိုးတည်း ပြောခြင်းမဟုတ်ပဲ၊ အမျိုးသမီးများအတွက်လည်း ထိုနည်းလည်းကောင်း အတူတူပင်။"
(ဃ) ဖဲသုံးချပ်
လူစည်ကားသည့် နေရာများတွင် ဖဲသုံးချပ် ကစားဝိုင်းကို တွေ့နိုင်သည်။ လူစိတ်ဝင်စားအောင် အတင်းထိုး၊ မက်လောက်အောင် အတင်းအလျော်ရနေသူမှာ ရှေ့ကျားလို့ ခေါ်သည့်၊ အလံရှုးများဖြစ်သည်။ သူ့လူနှင့် သူ၊ နံဘေးမှ ကြည့်ရှုသူများ လောဘစိတ် တက်လာအောင်၊ အားကျစရာ ဖြစ်လောက်သည့် မက်လောက်သည့် ငွေကြေးဖြင့်၊ အလျော်အစား လုပ်ပြနေခြင်း။ ဝိုင်းအုံကြည့်၍ ညာသံပေးသူများမှာလည်း သူတို့၏ အဖွဲ့ဝင်များ။
နောက်ကျားဆိုသည့် ပရိသတ်ကို အကဲခတ်နေသည့်သူက သားကောင်(အချဉ်)ကို ရွေးသည်။ တွေ့သည်နှင့်၊ ဝိုင်းထဲ ထိုသူ မရောက် ရောက်အောင် နောက်မှ မတော်တဆ ပုံစံမျိုး တွန်းသည်။ ကျနော့်ကို မမီ၍ ထိုးပေးပါ ဆိုပြီး၊ နောက်မှ အကူအညီတောင်းသည့် ပုံစံလိုလို၊ ခင်ဗျား ကြည့်မယ်ဆိုရင် ထိုင်ကြည့်ဗျာ၊ ကျနော်တို့ ထိုးရတာ မမြင်ရဘူးဆိုကာ သူတို့ အချဉ်ထည့်မည့် သူအား၊ ပစ်မှတ်နေရာအတွင်းသို့ ဆွဲသွင်းကြသည်။ သူတို့ကစားဝိုင်းအတွင်းသို့ ဝင်လာသည့်သားကောင်အား၊ အရှုံးတွေ့ ရှုံးမဲ မဲသည့်အချိန်တွင်၊ သားကောင်ဘက်ပါသလိုလိုနှင့်၊ အလံရှုးလိုက်သောအခါ သားကောင်၏ အိပ်ထဲမှ ပိုက်ဆံ ကုန်သွားသည့်အပြင်၊ နာရီ၊ ဆွဲကြိုး၊ လက်စွပ်တို့ပါ ကုန်စင်သွားအောင်၊ လုပ်ကြသည်။ ပြဿနာတက်သောအခါ သားကောင်အား အုပ်စုဖြင့် အနိုင်ကျင့်ကာ၊ နေ့တွက်ကိုက်လျှင် လူအမြန်ခွဲ၍ ခြေရာလက်ရာ ဖျောက်တော့သည်။
ထိုသူများသည် လူငယ်ပိုင်းကို ပစ်မှတ်ထားကြသည်။ များသောအားဖြင့် ဘုရားပွဲများတွင်လည်း လစ်လျှင် လစ်သလို လုပ်စားနေကြသည်ကိုလည်း တွေ့နိုင်ပေသည်။
(င) ခါးပိုက်နှိုက်
ပေါ်ပေါက်လာသော အခြေအနေရ၊ လူတွေ၏ တဒင်္ဂ ပြောင်းလဲသွားသော စိတ်အပေါ်ကို မူတည်၍၊ လျက်တပြက် လှုပ်ရှားဆောင်ရွက်တတ်သူများမှာ ခါးပိုက်နှိုက်များပင်။
များသောအားဖြင့် ဘတ်စ်ကားပေါ် ရောက်ဖို့၊ စိတ်ဇောသန်သည့်အချိန်တွင် ဖြစ်စေ၊ ဘတ်စ်ကားပေါ်တွင် ရုတ်တရက် ကားဘရိတ်အုပ်သည့်အခါ၊ မလဲပြိုသွားအောင် လက်ကိုင်တန်းကို၊ အာရုံရောက် လှမ်းကိုင်လိုက်သည့်အချိန်မျိုး တွင်ဖြစ်စေ ခါးပိုက်နှိုက်၊ ဆွဲကြိုး၊ ဟန်းချိန်း ဖြတ်တောက်ခြင်း ခံရတတ်ပါသည်။
ခါးပိုက်နှိုက်လောကတွင် ဘယ်မှတ်တိုင်မှ၊ ဘယ်မှတ်တိုင်အထိ မည်သူ့ဂွင်ဆိုပြီး သူတို့အချင်းချင်း သတ်မှတ်ထားကြသည်လည်း ရှိသည်။ ခါးပိုက်နှိုက်ဆိုသည်မှာ လူကို လူချင်း၊ လျက်တပြက် အငိုက်ဖမ်းရသည့်အပြင်၊ တိကျ သေချာ သပ်ရပ်ပိရိသော လုပ်ဆောင်ချက်များ ပူးတွဲရသောကြောင့်၊ သာမန်များထက် စွမ်းရည် ပိုမြင့်သူများဖြစ်ပြီး၊ တိုင်းရဲများမှ အမှုတက်လာလျှင် ဘယ်သူဘယ်ဝါ၏ လက်ချက်ဖြစ်ကြောင်းကို၊ ခါးပိုက်နှိုက်လောကထဲမှ ရဲမှတ်တမ်းရှိသူများအား လှန်လှော၍၊ ခေါ်ယူစစ်ဆေး၊ လူမွေး သတင်းယူကာ၊ ဖမ်းဆီးတတ်သည်။
ခါးပိုက်နှိုက်အတွင်း မွေးထားသော သတင်းပေးကြောင့်၊ စခန်းတွင် အမှုဖွင့်ထားသည့် တရားခံ၏ လှုပ်ရှားဂွင်ကို သိရသည့်အခါဖြစ်စေ၊ (သို့) သတင်းခါးပိုက်နှိုက်စီမံချက် ရှိသည့်အခါ တိုင်း/ခရိုင်ရဲများသည်၊ ခရီးသည်ဟန်ဆောင်ကာ၊ ၎င်းတို့ လှုပ်ရှားမှုအား၊ လက်ပူးလက်ကြပ် လက်ရ ဖမ်းဆီးတတ်ပါသည်။ သို့မဟုတ်လျှင် ခါးပိုက်နှိုက်ဟူသည် သက်သေမရှိ၊ အထောက်အထားမရှိ၊ ဥပဒေအရလည်း မဖမ်းဆီးနိုင်၊ သံသယအားဖြင့် အကျုံးမဝင် ဖြစ်နေသည် မဟုတ်ပါလား။
ယနေ့ခါးပိုက်နှိုက်လောကတွင်တော့ မိန်းမများလည်း ပါဝင်လှုပ်ရှားလာကြသည်။ ဖွန်ကြောင်သော ယောကျာ်းအား တည်ကြက် ချောမောလှပသော အဖွဲ့ဝင်တဦးနှင့် မျှားကာ၊ သူမ၏ အနားသို့ ကပ်လာစေပြီး၊ အနီးအနား နံဘေးမှ သာမာန်ခရီးသည်များ မမြင်အောင်၊ ထိုသူကို သူ့အဖွဲ့ဝင်များနှင့်၊ ကာရံဝန်းရံထားတတ်သည်။ မှတ်တိုင်တွင်ဖြစ်စေ၊ မီးပွိုင့်တွင်ဖြစ်စေ ကားရုတ်တရက် ရပ်သည့်အခါ၊ လက်ကိုင်တန်းကို မကိုင်မိ၍ မတော်တဆ အရှိန်မထိန်းနိုင်သည့် ပုံစံမျိုးဖြင့်၊ ခါးပိုက်နှိုက်အဖွဲ့ဝင်တဦးက၊ ပစ်မှတ်ထားသော အချဉ်ကို တွန်းတိုက်လိုက်ရာ၊ ပစ်မှတ်ထားသူသည် ခန္ဓာကိုယ် မလဲပြိုအောင် လုပ်ဆောင်နေစဉ်အတွင်း၊ နှိုက်ယူ၊ ဖြတ်ယူ၊ အိတ်ခွဲယူကာ အဆင့်ဆင့် လက်ပြောင်း၍၊ အနှိုက်ခံရသူ သတိမထားမိချိန်တွင်၊ ပစ္စည်း(သို့)ငွေ ရယူထားသူက၊ ဘတ်စ်ကားပေါ်မှ ကိုယ်ယောင်ဖျောက် ဆင်းသွားတတ်ကြသည်။ ရှေ့မှ တည်ကြက် အမျိုးသမီးအား ဖွန်ကြောင်ကာ တဏှာစိတ်မွှန်ထွန်နေသောသူသည်၊ သူ့အိတ်အား ထက်သောအရာဖြင့်၊ ခွဲ၍ နှိုက်ယူနေသည်ကို မသိတော့ပေ။ ဘတ်စ်ကားပေါ်တွင် ခါးပိုက်နှိုက်ခံရကြောင်း သိ၍၊ ကားအား ရဲစခန်းဝန်းသို့ မောင်းသွင်းကာ သက်သေခံပစ္စည်းအား ရှာဖွေသော်လည်း၊ မည်သူ့ထံမျှ ရှာဖွေမတွေ့ရှိနိုင်တော့ပေ။
“ဤနေရာတွင် သတိပြုရန်မှာ ဒုစရိုက်သမားဟူသည်၊ ကြိုတင်အကြံအစည်ရှိသူ ဖြစ်၍၊ ရဲထက် အမြဲတမ်း နှာတဖျား သာနေမှုပင်။”
ယခင် ရုပ်ရှင်လောကတွင် ဗီဒီယိုဆိုသည်မှာ ခေတ်မစားသေး။ ဗီဒီယို မင်းသား၊ မင်းသမီးဆိုသည်ကို ရုပ်ရှင်လောကတွင်၊ အရာမသွင်းသောခေတ်၌၊ ရုပ်ရှင်ရုံများသည် စုပြုံတိုးလောက်အောင် ခေတ်ကောင်းခဲ့သည်။ မှတ်မှတ်ရရ ကျော်ဟိန်း၏ ဒေါင်းယောင်ဆောင်သော ကျီး ရုပ်ရှင် တင်ကာစတွင်၊ အတန်းစောပြီးသော RC2မှ ကျနော်တို့ ကျောင်းသား/သူ တစုသည်၊ မြေနီကုန်း ရွှေမန်းရုံသို့ ရုပ်ရှင်သွားကြည့်ကြရာ၊ နေရင်းထိုင်ရင်း ညာသံပေး၍ လူမဆန်စွာ တိုးဝှေ့နေသည့် ပရိတ်သတ်အတွင်း ကျောင်းသူတဦးမှာ ဆွဲကြိုးပါသွားခဲ့ရရှာသည်။
“ ခါးပိုက်နှိုက်ဟူသော သတ္တဝါသည် စုတ်စုတ်ပြတ်ပြတ် ဝတ်စားထားသည်မဟုတ်၊ ဂွင်းတွေ ဂွက်တွေနှင့်၊ မသိလျှင် သူဌေးတဦးလိုလို၊ အရာရှိကြီးတဦးလိုလို၊ ဟန်ဆောင်ထားတတ်၍ သတိပြုကြကုန်။”
(စ) လုယက်သူ
များသောအားဖြင့် ကုန်စုံဆိုင်၊ စတိုးဆိုင်၊ ရွှေဆိုင်များမှ ငွေ(သို့) ရွှေထည်ပစ္စည်း သိမ်းလာသူများအား ပစ်မှတ်ထားလေ့ရှိပြီး၊ လုယက်သူသည် သူကျုးလွန်မည့် သူကို၊ အချိန်ပေး၍၊ စောင့်ကြည့်နေတတ်သည်။ ရန်ကုန်မြို့တွင် တိုက်ခန်းများ၏ လှေကားထစ် အလင်းရောင်အားနည်းရကား၊ ဆိုင်သိမ်းလာသောသူသည် အပြင်အလင်းရောင်မှ၊ မိမိနေထိုင်ရာ တိုက်လှေကားပေါ်တက်သည့်အခါတွင် မှောင်လွန်းသောကြောင့်၊ မျက်စိသူငယ်အိမ်သည်၊ အလင်းအမှောင် ရုတ်ချည်းပြောင်းလဲချိန်တွင် အဆင်သင့် မဖြစ်ရကား၊ နေ့စဉ် သွားနေ၊ လာနေကျမို့ လက်ရမ်းကိုကိုင်ကာ လှေကားကို တက်နေရသော်လည်း၊ အထဲကို ဘာမှ မမြင်ကြရှာ။
သူတို့၏ ပစ်မှတ်ထားသူ တိုက်ပေါ်သို့တက်လာကြောင်း၊ လူဝင်လူထွက် ရှင်းကြောင်း၊ အပြင်ဘက်မှ စောင့်ကြည့်နေသော လုယက်အဖွဲ့ဝင်က၊ တိုက်လှေကားအမှောင်ထဲတွင် အသင့်နေရာယူထားသူကို အချင်းချင်း အချက်ပြအသံပေးကြသည်။ (ယခု ဖုံးများပေါသောခေတ်တွင် ဒုစရိုက်သမားများလည်း အဆင့်မြင့်လာမည်မှာ မလွဲ။)
ဤသို့ဖြင့် လုယက်သူသည် မှောင်ထဲသို့ ရုတ်တရက်ဝင်လာသူ၏ အား၊ လက်ဝါးဖြင့် နှာခေါင်းကို အဓိကထား အုပ်ရိုက်တတ်သည်။ အော်ရန် မဆိုထားနှင့်၊ ဘာမျှ မမြင်၊ မွှန်ထွန်ပစ်လဲပြီး၊ အသက်ရှုရန်သာ အားခဲနေရချိန်တွင်၊ ဒုစရိုက်သမားသည် ကြိုတင်လေ့လာထားပြီးဖြစ်သော ပစ္စည်း/ငွေ ထည့်ထားသည့် ထမင်းချိုင့်၊ အိတ်ကို လုပြေးကြသည်။ အသက်ဝအောင် ရှုလာပြီး၊ သတိလည်သည့်အချိန်တွင်၊ အော်ဟစ်သော်လည်း၊ လုယက်သူကို မတွေ့နိုင်တော့ပေ။
မြန်မာလူမျိုးများသည် ကြွားဝါသော ဝါသနာ ရှိသည့်အလျောက်၊ ရွှေဆွဲကြိုးလေးကိုပဲ အကျီ င်္အပြင်ဘက်သို့၊ ထုတ်ဝတ်၊ ထုတ်ကြွားတတ်ရာ၊ နေ့ခင်းကြောင်တောင်ပင်လျှင် လူအနည်းငယ်ပြတ်သော နေရာများ၌၊ မျက်နှာကို ရုတ်တရက် အုပ်ရိုက်ခြင်း ခံရကာ၊ လုယူခံရသော အဖြစ်အပျက်များကို၊ နေရာအနှံ့တွင် မြင်တွေ့ ကြားသိ နိုင်ပေသည်။
(ဆ) အိပ်မွေ့ချ
ရာသီဥတု ပူပြင်းလာသည့်အလျောက် တချို့တိုက်ခန်းများသည်၊ လေဝင်လေထွက်ကောင်းစေရန် တံခါးဖွင့်၍၊ အိပ်တတ်ကြသည်။ သူခိုး အခိုးမခံရရေးအတွက်၊ ဖွင့်ထားသော တံခါးဝတွင် ခြင်ထောင်အား ပိတ်ကာပြီး ထောင်၍၊ အိပ်ကြသည်။
အိပ်မွေ့ချ ခိုးသောသူသည်၊ သန်းခေါင်ယံ အိပ်ပျော်ချိန်တွင်၊ အခန်းအတွင်းသို့ လေဝင်လောက်သည့် လေညာအရပ်မှ၊ သူစီရင်ထားသော၊ အိပ်မောကျစေသည့် ဓါတုဓါတ်ပေါင်းအား၊ ဝါဂွမ်းတွင် ထည့်၍၊ အမွှေးတိုင်ကဲ့သို့ မီးကျွမ်းအငွေ့ထွက်စေခြင်းဖြင့် ၊ အိပ်ပျော်ရင်း အနံ့ရှုမိသူအား၊ အိပ်ယာမှ မနိုးလာအောင် အိပ်မောကျစေကာ၊ ဝင်ရောက်ခိုးယူတတ်ချေသည်။
ပြည်သူများ အကြောင်းကိစ္စတခုဖြင့်၊ ကား၊ ရထားများဖြင့် ခရီးသွားလာသည့်အခါ၊ အဆိုပါ ဒုစရိုက်သမားများသည်၊ လမ်းခရီးတဝက်မှ တက်၍၊ ၎င်းတို့၏ ပါးစပ်အတွင်း သံပုရာခြမ်းကို ငုံထားကာ၊ အိပ်မွေ့ချ ဆေးပေါ့လိပ်အား လေညာရပ်မှ ဖွာ၍၊ အိပ်ပျော်စဉ်အတွင်း ခိုးယူတတ်သည်။ သံပုရာသီး မငုံထားပါက၊ ၎င်းတို့ကိုယ်တိုင်ပင်လျှင်၊ အိပ်မောကျသွားတတ်ပြီး၊ ငုံထားသော သံပုရာသီးအား ထွေးထုတ်ပါက ကျောက်ခဲလို ဖြစ်နေတတ်သည်ဟု ဆိုသည်။
“အိပ်မွေ့ချရာတွင် သံပုရာသီးသည် ဓါတ်ပြုစုပ်ယူ အစွမ်းပြယ်စေသောကြောင့်၊ ခေါင်းရင်းတွင် သံပုရာသီးဆောင်ထား၍ အိပ်ပါက၊ အိပ်မွေ့ချခံရခြင်းမှ၊ လျော့နည်းသက်သာပေလိမ့်မည်။”
(ဇ) ပြည့်တန်ဆာဆွယ်
ပြည့်တန်ဆာဆွယ်များမှာ၊ ရပ်ရွာအတွင်း၊ စတိုးဆိုင်ထောင်၊ ဈေးဆိုင်ထောင်၊ အလှပြင်ဆိုင်ထောင်၍၊ သာမန်စီးပွားရေး ကောင်းရောင်းကောင်းဝယ် လုပ်သူများကဲ့သို့၊ လူကောင်းဟန်ဆောင်၊ အရေခြုံထားတတ်ကြသည်။ သူတို့သည် ရပ်ရွာများအတွင်း လူလားမြောက် ချောမောလှပလာသည့် မိန်းမပျိုလေးများကို ဖြစ်စေ၊ ထိုမိန်းမပျို၏ အမေကိုဖြစ်စေ၊ သဘောကောင်းသူ ဟန်ဆောင်ကာ၊ အကြွေးရောင်းခြင်း၊ ငွေချေးပေးခြင်းဖြင့်၊ အကြွေးနွံထဲ ဆွဲသွင်းတတ်ကြသည်။
အတိုးပေါ်၊ အတိုးဆင့်၍၊ လုံးလုံး ပြန်လည် မဆပ်နိုင်ချိန်၊ ငွေကြေးလည်း ထပ်မံလိုအပ်နေချိန်ကျမှ၊ ချည်ပြီး တုတ်ပြီး၊ ပိတ်လှောင်ပြီးမှ၊ အသက်ရှုထွက်ပေါက်လေး နည်းနည်း ပေးသည့်အနေဖြင့်၊ ဒီလိုဆိုရင်၊ ဟိုလိုလုပ်ပါလား ဆိုပြီး၊ ရုပ်ချောသည့် အပျိုစင်သမီးကို ဂွင်ထဲဆွဲထည့်တော့သည်။ တညအိပ်လို့၊ ဘယ်သူမှ မသိ။ ကိုယ့်ရည်းစား ထားရင်တောင် အပျိုရည်ပျက်နိုင်တဲ့ဥစ္စာ၊ အဆန်းမဟုတ်။ ခုဟာက အကြွေးလည်း ကျေမယ်၊ လိုနေတဲ့ ငွေလည်း ရမယ်။ ပြဿနာတော့ မဖြစ်စေချင်ဘူး။ နင်တို့မှာ သိပ်ခက်ခဲလွန်းလို့သာ ရှာဖွေပြီး ဆက်ပေးရမှာ။ ပွဲခတော့ ပေးရမယ်။ စသဖြင့် ဆွယ်တတ်ကြသည်။
ဥပမာ။ ။ ပန်းဦးဆက် အပျိုစင် ပါကင်ကြေး သိန်းနှစ်ဆယ်ပေါက်လျှင်၊ ပြည့်တန်ဆာဆွယ်က ဆယ်သိန်း နှုတ်ယူထားပြီး၊ ကာယကံရှင်ကို ဆယ်သိန်းဖြင့် ဈေးဖြတ်ပေးသည်။ ထိုဆယ်သိန်းထဲမှ ပွဲခဆိုတာကို ထပ်ယူသေးသည်။ မလည်ရင် ပြန်ချေးဟုဆိုကာ၊ သူရစရာရှိသော အကြွေးမျာ၊ အတိုးများကိုလည်း ရယူပေလိမ့်မည်။
ဤသို့ဖြင့် တချိန်တွင် ငွေကုန်သွားသောအခါ ပြည့်တန်ဆာဆွယ်ထံ၊ ပြန်လည် ဆက်သွယ်လာသည်။ ထိုအခါကျမှ ပြည့်တန်ဆာဆွယ်သည်၊ လူကုံထံရပ်ကွက်တွင် အိမ်ကြီးအိမ်ကောင်းများဖြင့် လုပ်စားနေသော ပြည့်တန်ဆာခေါင်းထံ ပို့၍၊ လူရှာပေးခ ပွဲစားခ ထုတ်ယူသည်။ ကာယကံရှင် မိန်းကလေးဘက်ကိုလည်း ဆက်သွယ်ပို့ပေးခ ဖြတ်ယူသည်။
ဤသို့ဖြင့် ၂၀၀၀ခုနှစ်က၊ ဗဟန်းမြို့နယ် ရုပ်ရှင်မင်းသားကြီးဦးကျော်ဟိန်း နေထိုင်ရာ၊ စံပြပေါင်မုန့်တိုက်လမ်းကြားတွင်
ဖွင့်ထားသော Nine Angels Inn အမည်ရှိ၊ ကိုတင်နွယ်ဦးဆောင်သည့်
ပြည့်တန်ဆာလုပ်ငန်းအား၊ တပ်မတော်ထောက်လှမ်းရေးမှ ဝင်ဖမ်းရာ၊
အသက်မပြည့်သေးသော အမျိုးသမီးငယ်များကိုပါ၊ ဖမ်းဆီးရရှိခဲ့မှုသည် အထက်ပါ
ဖါဆွယ်များ၏၊ ရပ်ရွာအတွင်း၊ ကောက်သင်းကောက်၊ သိမ်းသွင်းစည်းရုံး
ပို့ဆောင်မှုကြောင့်ပင်၊ မဟုတ်ပါလော။
“ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပြည့်တန်ဆာများကို၊ ဖမ်းဆီးအရေးယူရာတွင်၊ ပြည့်တန်ဆာခေါင်းနှင့် ပြည့်တန်ဆာများကိုသာ အရေးယူပြီး၊ ပြန်တန်ဆာဆွယ်များကို အရေးယူနိုင်ခြင်း မရှိသဖြင့်၊ ချောမောလှပသည့်အမျိုးသမီးများ၊ ပစ်မှတ်ထား နွံနစ်နေဦးမည်သာ ဖြစ်သည်။”
(ဆက်ရန်)
ပွင့်ပွင့်လင်းလင်း၊ ရေးသားထားသည့်အလျောက်၊ ကြမ်းတမ်း ရိုင်းစိုင်းသော စကားလုံးများ ပါရှိပါသည်။
သမီးရဲ့ သူငယ်ချင်းတယောက်၊ အလှပြင်ဆိုင်မှာ ငွေကြေးနစ်နာဆုံးရှုံးမှု ဖြစ်ခဲ့တဲ့အပြင်၊ လူကိုပါ ဝိုင်းပြီး ပြဿနာရှာခြင်း ခံခဲ့ရတာကို ကြားရလို့၊ သမီးတို့လူငယ်တွေအတွက် အမူအကျင့်တချို့အကြောင်း Knowledge Share နည်းနည်းလုပ်ပေးမှ ဖြစ်တော့မယ်ဆိုပြီး၊ ဖေဖေ ဒီစာကို ရေးလိုက်တယ်။
(က) အိမ်ဖော်
ရန်ကုန်မြို့နေသူများဟာ၊ အိမ်ကိစ္စ၊ ဆိုင်ကိစ္စအတွက် အိမ်အကူကို၊ ပွဲစားပီပီ အပြောကောင်းတဲ့ သူတွေကတဆင့် ငှားကြတယ်။ အိမ်ဖေါ်ငှားတဲ့ တလစာ လခပမာဏအတိုင်း၊ ပွဲခကို ငှားသူဘက်က ပေးချေရတယ်။
တလလောက်အကြာမှာ ပွဲစားဟာ ဒါ အိမ်ဖေါ်ရဲ့ အမေ၊ သူ့သမီးကို လွမ်းလို့၊ တွေ့ချင်လို့၊ သူတို့က တခါမှ ငယ်ငယ်လေးကတည်းကနေ ခွဲဖူးတာ မဟုတ်ဘူး.. စသဖြင့် ပြောဆိုပြီး အဝတ်ခပ်နွမ်းနွမ်းဝတ်ထားတဲ့ သနားကမားအမျိုးသမီးကြီးတဦးကို ခေါ်လာတယ်။ အဆိုပါအမျိုးသမီးရဲ့ ခြင်းတောင်းထဲမှာလည်း လက်နှီးစုတ်သာသာ အဝတ်လေးတွေ ထည့်ထားတဲ့ ခြင်းတောင်းလေးတလုံး ကိုင်လျက်ပေါ့။ ခရီးဝေးက သမီးကို တွေ့ချင်လွန်းလို့၊ လာရတဲ့ သနားစရာ ပုံသဏ္ဍန်။
ထမင်းတွေ ဘာတွေ စား၊ မော်တော်အမီ၊ ရထားအမီ ပြန်ရအုံးမယ်ပေါ့။ အိမ်ရှင်တွေကိုလည်း သဘောကောင်း ကျေးဇူးတင်ကြောင်း၊ စောင့်ရှောက်ပါပေါ့။ သူ့အဖေ နေမကောင်းဖြစ်လို့ ဆေးကုဖို့၊ သူ့သမီးကို မခွဲချင်စဖူး ခွဲနေရတယ် ဘာညာ သနားစဖွယ် ပြောပြကြပါတယ်။ များသောအားဖြင့် အိမ်ဖေါ်လစာ ပေးရက်တွေမှာ လာရောက်တတ်ကြတယ်။
ပွဲစားက အိမ်ဖေါ်ငှားပြီး ၃လလောက်အကြာမှာတော့ ရွာမှာ ဘယ်သူ ဘယ်ဝါ အသည်းအသန်ဖြစ်နေလို့ သူ့သမီးကို အားချင်း ခေါ်ခိုင်းလိုက်တယ်ဆိုပြီး၊ အဝတ်အစားတွေ ထည့်၊ တခါတည်း ပွဲသိမ်းရိုက်တော့တာပါပဲ။ အိမ်က မဆင်းခင်၊ မသင်္ကာဖြစ်မှာစိုးလို့၊ အိမ်ဖေါ်လေးက သူ့အဝတ်အစားထည့်တဲ့အိတ်ကို၊ လှန်လှော ပြသရှာပါတယ်။
ဒီလိုနဲ့ ဒီအိမ်ဖေါ်ဟာ အခြားတအိမ်ကို အိမ်ဖေါ်အဖြစ် နေ့ချင်းကူးဖြစ်စေ၊ နောက်တနေ့ဖြစ်စေ ရောက်သွားတာပါပဲ။ ပွဲစားလည်း ပွဲခ ထပ်ရတာပေါ့။ ဟိုဘက်ရပ်ကွက်က အိမ်ဖေါ် ဒီဘက်ကို ရွှေ့၊ ဒီဘက်ရပ်ကွက်က အိမ်ဖေါ် ဟိုဘက်ကို ရွှေ့ရုံလေးနဲ့၊ နှစ်ဖက်စား နေရတာကိုး။
အိမ်ပစ္စည်းနှင့် အသုံးအဆောင်ဆိုတာ ဖြည့်လို့ မကုန်နိုင်ရကား၊ ကိုယ်အသုံးလိုမှ ရှာမိကြတယ်။ မရှိ။ အထားပဲ မှားသလိုလို၊ ဂျောင်ကြားပဲ ညှပ်သလိုလို။ ဘယ်လိုမှ မရှာတွေ့နိုင်သည့်အဆုံးကျမှ၊ တလတခါ အိမ်ဖေါ်လခ လာထုတ်သော၊ အမေဆိုသည့် အမျိုးသမီးကြီး၏ ခပ်နွမ်းနွမ်း အဝတ်များဖြင့် ဖုံးထားသော ဆွဲခြင်းသည်သာလျှင်။
(ခ) အက်ဆီးဒန့်
လုပ်ငန်းခွင်အတွင်း Safty First ရေးထားခြင်းသည်၊ မလိုအပ်ပဲ ဆုံးရှုံးနစ်နာမှု မဖြစ်စေရန် ရည်ရွယ်သည်။ စက်၊ ယာဉ်၊ ယန္တရားမောင်းနှင်သည့်သူတိုင်း၊ မည်သူကမျှ အက်ဆီးဒန့်ကို မဖြစ်လိုကြ။ ပုလိပ်၊ အလျော်ဇယားနှင့် အလုပ်ရှုပ်စေသည့်အပြင်၊ အခြေအနေမကောင်းလျှင်၊ ထောင်ထဲ ရောက်နိုင်သည်ဖြစ်၍၊ ကိုယ့်ကားကိုယ် သတိထား မောင်းနှင်တတ်ကြသည်။ စက်သုံးယာဉ် မော်တော်ကားဖြင့် အက်ဆီးဒန့် ဖြစ်သည်မှာ ရပ်ကွက်တွင်း ရန်ဖြစ်၍ ဆုံးရှုံးနစ်နာ ဆေးရုံတက်ကုရသည်ထက်၊ ပိုမိုပြီး လျော်ကြေးငွေ ပေးရတတ်သည်မဟုတ်ပါလား။
ရွှေဂုံတိုင်ဘက်မှ လာသော ကားများ၊ M3ရှေ့မှ၊ အာဇာနည်ကုန်း သွေးဆေးကန်ဘက်သို့၊ အရှိန်လျော့ ထောင့်ကျဉ်းချိုး ကွေ့တက်ရသည့်နေရာသည်၊ ဗဟန်းမြို့နယ်အတွင်း အယောင်ဆောင် ယာဉ်တိုက်မှု ဖြစ်ပွားတတ်သော နေရာတခု။
များသောအားဖြင့် ဒုစရိုက်သမားများဟာ နယ်များ၊ အခြားနေရာများမှ ရွှေတိဂုံဘုရားသို့၊ ဘုရားလာဖူးသည့် သွက်လက်စွာ လမ်းမကူးတတ်တဲ့၊ ယောင်တောင်တောင် အ,တတပုံစံ။ ထိုနေရာ၌ မဖြစ်မနေ အချိန်လျော့ ထောင့်ကျဉ်းချိုး ကွေ့တက်ရသည့်ကားသည်၊ ကွေ့လမ်းကြောင်း တည့်အောင်၊ အာရုံစိုက် မောင်းနှင်နေခိုက်၊ ကားနံဘေးမှ ဝုန်းကနဲ ထိခိုက်သံနဲ့အတူ၊ လူတယောက် လဲကျသွားသည်ကို မြင်ရတတ်ပါသည်။ ကား တိုက်ပြီ။ အမှန်တကယ်တော့ အဲဒီလူက ကားနံဘေးကို လက်ဝါးဖြင့် ဝုန်းကနဲနေအောင် ရိုက်ပစ်ပြီး၊ သူကိုယ်သူ ပစ်လှဲကာ၊ ကားတိုက်သွားသည့်သဏ္ဍန် ဟန်ဆောင်နေခြင်း။
ထိုစဉ် လမ်းသွားများ၊ အနီးပတ်ဝန်းကျင်မှ လမ်းသွားလမ်းလာများဟု၊ ဟန်ဆောင်ထားသော ဒလန်ရှုးသူတို့လူများက၊ ပြေးလာ၊ ပွေ့ဖက်ပြီး၊ ဆေးရုံသွားမှ ရမယ်ဆိုတာတမျိုး၊ ရဲကို အကြောင်းကြားသင့်တယ်ဆိုတာ တဖုံ၊ အကိုကြီးက သဘောကောင်းပါတယ်၊ ကိုယ်လည်း ဒုက္ခမရောက်အောင်၊ သူလည်း ဆေးဘိုးဝါးခ ပေးလိုက်ရင်၊ အမှုမဖွင့်ဖို့ ပေးလိုက်ရင် ပြဿနာကင်းတယ်ဟု အကြံပေးခြင်းက တနည်း၊ ဒါမျိုး ဘယ်လက်ခံမလဲကွ ဝိုင်းရိုက်မယ့်သူတွေက တကြောင်း… စသဖြင့်၊ အရှေ့ကို အာရုံစိုက်နေခိုက်၊ မိမိကားနှင့် မတော်တဆ တိုက်မိရှာသည်ဟု၊ ရိုးသားစွာ ထင်ထားသော ယာဉ်မောင်းသူကို၊ လှည့်ပတ် ကျူံးသွင်းတတ်ပါတယ်။
ဟန်ဆောင်တဲ့သူကလည်း ဟန်ဆောင်ကောင်း။ နံဘေးမှ ကိုယ်နဲ့ မဆိုင်ပဲ၊ တာဝန်သိပြည်သူလိုလို၊ ပရဟိတစိတ်ဓါတ်ရှိသူလိုလို ဟန်ဆောင်ထားသည့် သူတို့ရဲ့ဒလန်ရှုး ဆိုသူများကလည်း၊ တိုက်ခံရသူကို ကားပေါ် ပွေ့တက်လာပြီး၊ ဆေးရုံအရင်ပို့ဖို့ အရေးကြီးတယ်ဆိုကာ၊ သာမန်အမှန်အကန်ပြည်သူများ ဝိုင်းကြည့်ရှုနေရာမှ၊ မျက်ခြေဖြတ်ပြီး၊ ကားပေါ်မှာပဲ၊ သူတို့ လိုချင်တဲ့၊ အလျော်အစားကိစ္စဖြစ်အောင် ညှိယူတော့တာပါပဲ။
(ဂ) ဖွန်ကြောင်
လူဆိုသည်မှာ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားကြသည်မှာ၊ ကမ္ဘာဦးကတည်းက မရိုးနိုင်တဲ့ အဖြစ်။ အီဘိုလာသာ ဆေးရှိ၊ ဆေးတွေ့မည်၊ ဖွန်ကြောင်သည်မှာ ဆေးမရှိ။ သဘာဝရောဂါတခု။
ဂုဏ်သိက္ခာကို တန်ဘိုးထားရကောင်းမှန်း၊ မိမိ အိမ်ထောင်ဘက်အပေါ် သစ္စာရှိရကောင်းမှန်း သိသည့် စီးပွားရေးသမားတဦးသည်၊ စိတ်အပန်းပြေရန်ဖြစ်စေ၊ အကြောတက် အညောင်းအညာ ပြေရန်ဖြစ်စေ၊ ပြည့်တန်ဆာခန်း မဟုတ်သည့်၊ အနှိပ်ခန်းများသို့၊ ကိုယ်လက် မအီမသာဖြစ်သည့်အချိန်တိုင်း အနှိပ်သွားခံတတ်သည်။
ဤသို့ အနှိပ်ခံရင်း၊ နှိပ်ပေးသည့် အမျိုးသမီးလေးတဦး၏ ဘဝကို၊ စာနာသနားမိသည်။ ထို့ကြောင့် အမြဲတန်း အနှိပ်ခန်းသို့ သွားတိုင်း၊ အနှိပ်သမ များစွာ ရှိသည့်အနက်၊ သူမနှင့်သာ အနှိပ်ခံရင်း၊ သူမအား အနှိပ်ခံပြီး အပြန်တွင် မုန့်ဘိုးနှင့်၊ အကြောင်းအမျိုးမျိုး ကူညီငွေ ပေး၊ ဤသို့ဖြင့် တစ တစ ပိုရင်းနှီးရာမှ၊ အနှိပ်ခန်းပြင်ပ တည်းခိုခန်းတွင်၊ လိင်ပိုင်းဆိုင်ရာ တကြိမ် ဆက်ဆံမိသည်ဆိုသည်။ ထိုအမျိုးသမီးလေးအား အနှိပ်သည်ဘဝက လွတ်မြောက်စေပြီး၊ ထိုခေတ်က ကုန်စုံဆိုင်လေးထောင်နိုင်ရန်၊ ငွေကျပ် (၁၀)သိန်း မ,တည် အလကားပေးလိုက်သည်ဟု ဆိုသည်။
ထိုဆက်ဆံခဲ့မှု တကြိမ်အတွက်၊ နောင်တွင် ပြဿနာတက်ခြင်းမှာ၊ အကြိမ်ကြိမ် မိဘဆွေမျိုးများဆိုသည့်၊ လူမိုက်ပုံပေါက် သူများကို ခေါ်လာပြီး၊ အကြိမ်ကြိမ် ငွေညှစ်ယူနေခြင်းကြောင့် ဖြစ်သည်။ သိက္ခာထိန်းသိမ်းတတ်သော ဆွေကြီးမျိုးကြီးကြား သိက္ခာကျမည်စိုးသောကြောင့်၊ သူ့ဘာသာသူ ကြိတ်ရှင်းနေခဲ့ရာ၊ ကိုယ့်အား မခံနိုင်၍ ပွင့်အံပြောလာသောအချိန်တွင်၊ သူ့မှာ အဆိုပါ တခါအမှားအတွက်၊ ငွေကျပ် သိန်း(၇၀)လောက် လျော်ပြီးနေပြီ။ ရပ်မည့် အခြေအနေလည်း မရှိ။
အကြောင်းအမျိုးမျိုးပြ၊ နောက်ဆုံးအနေနဲ့ ကူညီပါ ဆိုသော အကြိမ်အရေအတွက်မှာ အလီလီ။ ကလေးမ၏ရင်းမြစ်ကို စုံစမ်းကြည့်လိုက်တော့ စီးပွားရေးသမား သူဌေးဆိုသူများကို၊ ပစ်မှတ်ထားဖို့၊ သူတို့လာတတ်သည့် နေရာတွင် အသွင်ဝင်နေရာယူသူ။ နဂိုကတည်းက အကြံရှိသူဖြစ်၍၊ ရုပ်ရှိ ရေလျှံ အချဉ်ပုံပေါက်သောသူကို၊ ပစ်မှတ်ရွေး ဆက်ဆံခြင်း။ ထိုအနှိပ်ခန်းတွင်ပင် တခဏဝင်လုပ်ပြီး၊ အချဉ်ဖမ်းထားသူမှာ ထိုသူ တဦးတည်း မဟုတ်။
သူမကတော့ ဦး(သို့)အကိုကြီးက ကယ်တင်သဖြင့်၊ အနှိပ်သည်ဘဝကို မလုပ်တော့ဟုဆိုကာ၊ သည်အနှိပ်ခန်း မြင်ကွင်းမှ ပျောက်ပြီး၊ တခြားအနှိပ်ခန်းသို့ တိမ်းရှောင်၍၊ ဤလို အချဉ်ဖွန်ကြောင်များကို ပစ်မှတ်ရှာသူ။ ကျူးလွန်ခဲ့သော ကိစ္စအတွက် ဘကြီးက လက်မခံ၊ အကိုတဝမ်းကွဲက လူမိုက်၊ မိန်းကလေးဘက်က အမှုဖွင့်မည့် အဒေါ်ဆိုသူ … စသဖြင့် ဇာတ်တိုက်ထားကြသည့် အလံရှုး ဘေးတီးကျုံးသွင်း အမျိုးမျိုး။ သူ့အုပ်စုနှင့် သူ။
“ ခင်ဗျားနှယ်၊ တဏှာကိစ္စအတွက်၊ ဘိ(ပြည့်တန်ဆာခန်း)သွားတာမှ၊ တသိန်းတောင် မကုန်ဘူး။ ပြဿနာလည်း ကင်းတယ်။ ”
“ ဟုတ်ပါတယ်ဗျာ၊ ကျနော် မှားမိပါတယ်။ ကျနော်လည်း ကျွံပြီးမှ သိတော့၊ ဘာမှ လုပ်လို့ မရတော့ဘူး။”
ရထား၊ ကားလမ်းဆုံသည့် ပဲခူးတွင်၊ တည်းခိုခန်း များပြားရကား၊ မိမိတည်းခိုရာအခန်းနှင့်၊ မျက်နှာချင်းဆိုင်ဖြစ်စေ၊ မြင်သာသည့် အခန်းမှ ဖြစ်စေ၊ မိန်းမတဦး မြှူဆွယ် သဘောတူသည့် သဏ္ဍန်မျိုး ရှိပါက၊ ဖွန်ကြောင်ပြီး၊ ဝင်မသွားနှင့်။ ရာဂဘီလူးစီးနေချိန်တွင် အဆိုပါ အမျိုးသမီး၏ ယောကျာ်းဆိုသူက၊ အသိသက်သေများနှင့်အတူ ရောက်လာပေတော့မည်။ မယားခိုးမှု၊ မုဒိန်းမှု ပုဒ်မမျိုးစုံတပ်မည်။ လျော်ပေတော့။ ညှိပေတော့။
ယခင် ကြံတောသချို င်္င်း၊ တာမွေသချိုင်္င်းဆိုသည်ကား၊ သွားရင်းလာရင်း ဖွန်ကြောင်တက်သူများကို၊ အမျိုးသမီးများဖြင့် လှည့်ပတ်ခေါ်လာပြီး၊ ဖွန်ကြောင်ထံမှ နာရီ၊ ပိုက်ဆံအိတ်၊ အကျီဘောင်းဘီများ၊ ရိုက်လု၊ အနိုင်ကျင့်လုတတ်သည့် နေရာ။
"ဖွန်ကြောင်လျှင် အခွန်ဆောင်ရမည် ဖြစ်သောကြောင့်၊ သတိပြုသင့်သည်။ ယောကျာ်းတမျိုးတည်း ပြောခြင်းမဟုတ်ပဲ၊ အမျိုးသမီးများအတွက်လည်း ထိုနည်းလည်းကောင်း အတူတူပင်။"
(ဃ) ဖဲသုံးချပ်
လူစည်ကားသည့် နေရာများတွင် ဖဲသုံးချပ် ကစားဝိုင်းကို တွေ့နိုင်သည်။ လူစိတ်ဝင်စားအောင် အတင်းထိုး၊ မက်လောက်အောင် အတင်းအလျော်ရနေသူမှာ ရှေ့ကျားလို့ ခေါ်သည့်၊ အလံရှုးများဖြစ်သည်။ သူ့လူနှင့် သူ၊ နံဘေးမှ ကြည့်ရှုသူများ လောဘစိတ် တက်လာအောင်၊ အားကျစရာ ဖြစ်လောက်သည့် မက်လောက်သည့် ငွေကြေးဖြင့်၊ အလျော်အစား လုပ်ပြနေခြင်း။ ဝိုင်းအုံကြည့်၍ ညာသံပေးသူများမှာလည်း သူတို့၏ အဖွဲ့ဝင်များ။
နောက်ကျားဆိုသည့် ပရိသတ်ကို အကဲခတ်နေသည့်သူက သားကောင်(အချဉ်)ကို ရွေးသည်။ တွေ့သည်နှင့်၊ ဝိုင်းထဲ ထိုသူ မရောက် ရောက်အောင် နောက်မှ မတော်တဆ ပုံစံမျိုး တွန်းသည်။ ကျနော့်ကို မမီ၍ ထိုးပေးပါ ဆိုပြီး၊ နောက်မှ အကူအညီတောင်းသည့် ပုံစံလိုလို၊ ခင်ဗျား ကြည့်မယ်ဆိုရင် ထိုင်ကြည့်ဗျာ၊ ကျနော်တို့ ထိုးရတာ မမြင်ရဘူးဆိုကာ သူတို့ အချဉ်ထည့်မည့် သူအား၊ ပစ်မှတ်နေရာအတွင်းသို့ ဆွဲသွင်းကြသည်။ သူတို့ကစားဝိုင်းအတွင်းသို့ ဝင်လာသည့်သားကောင်အား၊ အရှုံးတွေ့ ရှုံးမဲ မဲသည့်အချိန်တွင်၊ သားကောင်ဘက်ပါသလိုလိုနှင့်၊ အလံရှုးလိုက်သောအခါ သားကောင်၏ အိပ်ထဲမှ ပိုက်ဆံ ကုန်သွားသည့်အပြင်၊ နာရီ၊ ဆွဲကြိုး၊ လက်စွပ်တို့ပါ ကုန်စင်သွားအောင်၊ လုပ်ကြသည်။ ပြဿနာတက်သောအခါ သားကောင်အား အုပ်စုဖြင့် အနိုင်ကျင့်ကာ၊ နေ့တွက်ကိုက်လျှင် လူအမြန်ခွဲ၍ ခြေရာလက်ရာ ဖျောက်တော့သည်။
ထိုသူများသည် လူငယ်ပိုင်းကို ပစ်မှတ်ထားကြသည်။ များသောအားဖြင့် ဘုရားပွဲများတွင်လည်း လစ်လျှင် လစ်သလို လုပ်စားနေကြသည်ကိုလည်း တွေ့နိုင်ပေသည်။
(င) ခါးပိုက်နှိုက်
ပေါ်ပေါက်လာသော အခြေအနေရ၊ လူတွေ၏ တဒင်္ဂ ပြောင်းလဲသွားသော စိတ်အပေါ်ကို မူတည်၍၊ လျက်တပြက် လှုပ်ရှားဆောင်ရွက်တတ်သူများမှာ ခါးပိုက်နှိုက်များပင်။
များသောအားဖြင့် ဘတ်စ်ကားပေါ် ရောက်ဖို့၊ စိတ်ဇောသန်သည့်အချိန်တွင် ဖြစ်စေ၊ ဘတ်စ်ကားပေါ်တွင် ရုတ်တရက် ကားဘရိတ်အုပ်သည့်အခါ၊ မလဲပြိုသွားအောင် လက်ကိုင်တန်းကို၊ အာရုံရောက် လှမ်းကိုင်လိုက်သည့်အချိန်မျိုး
ခါးပိုက်နှိုက်လောကတွင် ဘယ်မှတ်တိုင်မှ၊ ဘယ်မှတ်တိုင်အထိ မည်သူ့ဂွင်ဆိုပြီး သူတို့အချင်းချင်း သတ်မှတ်ထားကြသည်လည်း ရှိသည်။ ခါးပိုက်နှိုက်ဆိုသည်မှာ လူကို လူချင်း၊ လျက်တပြက် အငိုက်ဖမ်းရသည့်အပြင်၊ တိကျ သေချာ သပ်ရပ်ပိရိသော လုပ်ဆောင်ချက်များ ပူးတွဲရသောကြောင့်၊ သာမန်များထက် စွမ်းရည် ပိုမြင့်သူများဖြစ်ပြီး၊ တိုင်းရဲများမှ အမှုတက်လာလျှင် ဘယ်သူဘယ်ဝါ၏ လက်ချက်ဖြစ်ကြောင်းကို၊ ခါးပိုက်နှိုက်လောကထဲမှ ရဲမှတ်တမ်းရှိသူများအား လှန်လှော၍၊ ခေါ်ယူစစ်ဆေး၊ လူမွေး သတင်းယူကာ၊ ဖမ်းဆီးတတ်သည်။
ခါးပိုက်နှိုက်အတွင်း မွေးထားသော သတင်းပေးကြောင့်၊ စခန်းတွင် အမှုဖွင့်ထားသည့် တရားခံ၏ လှုပ်ရှားဂွင်ကို သိရသည့်အခါဖြစ်စေ၊ (သို့) သတင်းခါးပိုက်နှိုက်စီမံချက် ရှိသည့်အခါ တိုင်း/ခရိုင်ရဲများသည်၊ ခရီးသည်ဟန်ဆောင်ကာ၊ ၎င်းတို့ လှုပ်ရှားမှုအား၊ လက်ပူးလက်ကြပ် လက်ရ ဖမ်းဆီးတတ်ပါသည်။ သို့မဟုတ်လျှင် ခါးပိုက်နှိုက်ဟူသည် သက်သေမရှိ၊ အထောက်အထားမရှိ၊ ဥပဒေအရလည်း မဖမ်းဆီးနိုင်၊ သံသယအားဖြင့် အကျုံးမဝင် ဖြစ်နေသည် မဟုတ်ပါလား။
ယနေ့ခါးပိုက်နှိုက်လောကတွင်တော့ မိန်းမများလည်း ပါဝင်လှုပ်ရှားလာကြသည်။ ဖွန်ကြောင်သော ယောကျာ်းအား တည်ကြက် ချောမောလှပသော အဖွဲ့ဝင်တဦးနှင့် မျှားကာ၊ သူမ၏ အနားသို့ ကပ်လာစေပြီး၊ အနီးအနား နံဘေးမှ သာမာန်ခရီးသည်များ မမြင်အောင်၊ ထိုသူကို သူ့အဖွဲ့ဝင်များနှင့်၊ ကာရံဝန်းရံထားတတ်သည်။ မှတ်တိုင်တွင်ဖြစ်စေ၊ မီးပွိုင့်တွင်ဖြစ်စေ ကားရုတ်တရက် ရပ်သည့်အခါ၊ လက်ကိုင်တန်းကို မကိုင်မိ၍ မတော်တဆ အရှိန်မထိန်းနိုင်သည့် ပုံစံမျိုးဖြင့်၊ ခါးပိုက်နှိုက်အဖွဲ့ဝင်တဦးက၊ ပစ်မှတ်ထားသော အချဉ်ကို တွန်းတိုက်လိုက်ရာ၊ ပစ်မှတ်ထားသူသည် ခန္ဓာကိုယ် မလဲပြိုအောင် လုပ်ဆောင်နေစဉ်အတွင်း၊ နှိုက်ယူ၊ ဖြတ်ယူ၊ အိတ်ခွဲယူကာ အဆင့်ဆင့် လက်ပြောင်း၍၊ အနှိုက်ခံရသူ သတိမထားမိချိန်တွင်၊ ပစ္စည်း(သို့)ငွေ ရယူထားသူက၊ ဘတ်စ်ကားပေါ်မှ ကိုယ်ယောင်ဖျောက် ဆင်းသွားတတ်ကြသည်။ ရှေ့မှ တည်ကြက် အမျိုးသမီးအား ဖွန်ကြောင်ကာ တဏှာစိတ်မွှန်ထွန်နေသောသူသည်၊ သူ့အိတ်အား ထက်သောအရာဖြင့်၊ ခွဲ၍ နှိုက်ယူနေသည်ကို မသိတော့ပေ။ ဘတ်စ်ကားပေါ်တွင် ခါးပိုက်နှိုက်ခံရကြောင်း သိ၍၊ ကားအား ရဲစခန်းဝန်းသို့ မောင်းသွင်းကာ သက်သေခံပစ္စည်းအား ရှာဖွေသော်လည်း၊ မည်သူ့ထံမျှ ရှာဖွေမတွေ့ရှိနိုင်တော့ပေ။
“ဤနေရာတွင် သတိပြုရန်မှာ ဒုစရိုက်သမားဟူသည်၊ ကြိုတင်အကြံအစည်ရှိသူ ဖြစ်၍၊ ရဲထက် အမြဲတမ်း နှာတဖျား သာနေမှုပင်။”
ယခင် ရုပ်ရှင်လောကတွင် ဗီဒီယိုဆိုသည်မှာ ခေတ်မစားသေး။ ဗီဒီယို မင်းသား၊ မင်းသမီးဆိုသည်ကို ရုပ်ရှင်လောကတွင်၊ အရာမသွင်းသောခေတ်၌၊ ရုပ်ရှင်ရုံများသည် စုပြုံတိုးလောက်အောင် ခေတ်ကောင်းခဲ့သည်။ မှတ်မှတ်ရရ ကျော်ဟိန်း၏ ဒေါင်းယောင်ဆောင်သော ကျီး ရုပ်ရှင် တင်ကာစတွင်၊ အတန်းစောပြီးသော RC2မှ ကျနော်တို့ ကျောင်းသား/သူ တစုသည်၊ မြေနီကုန်း ရွှေမန်းရုံသို့ ရုပ်ရှင်သွားကြည့်ကြရာ၊ နေရင်းထိုင်ရင်း ညာသံပေး၍ လူမဆန်စွာ တိုးဝှေ့နေသည့် ပရိတ်သတ်အတွင်း ကျောင်းသူတဦးမှာ ဆွဲကြိုးပါသွားခဲ့ရရှာသည်။
“ ခါးပိုက်နှိုက်ဟူသော သတ္တဝါသည် စုတ်စုတ်ပြတ်ပြတ် ဝတ်စားထားသည်မဟုတ်၊ ဂွင်းတွေ ဂွက်တွေနှင့်၊ မသိလျှင် သူဌေးတဦးလိုလို၊ အရာရှိကြီးတဦးလိုလို၊ ဟန်ဆောင်ထားတတ်၍ သတိပြုကြကုန်။”
(စ) လုယက်သူ
များသောအားဖြင့် ကုန်စုံဆိုင်၊ စတိုးဆိုင်၊ ရွှေဆိုင်များမှ ငွေ(သို့) ရွှေထည်ပစ္စည်း သိမ်းလာသူများအား ပစ်မှတ်ထားလေ့ရှိပြီး၊ လုယက်သူသည် သူကျုးလွန်မည့် သူကို၊ အချိန်ပေး၍၊ စောင့်ကြည့်နေတတ်သည်။ ရန်ကုန်မြို့တွင် တိုက်ခန်းများ၏ လှေကားထစ် အလင်းရောင်အားနည်းရကား၊ ဆိုင်သိမ်းလာသောသူသည် အပြင်အလင်းရောင်မှ၊ မိမိနေထိုင်ရာ တိုက်လှေကားပေါ်တက်သည့်အခါတွင် မှောင်လွန်းသောကြောင့်၊ မျက်စိသူငယ်အိမ်သည်၊ အလင်းအမှောင် ရုတ်ချည်းပြောင်းလဲချိန်တွင် အဆင်သင့် မဖြစ်ရကား၊ နေ့စဉ် သွားနေ၊ လာနေကျမို့ လက်ရမ်းကိုကိုင်ကာ လှေကားကို တက်နေရသော်လည်း၊ အထဲကို ဘာမှ မမြင်ကြရှာ။
သူတို့၏ ပစ်မှတ်ထားသူ တိုက်ပေါ်သို့တက်လာကြောင်း၊ လူဝင်လူထွက် ရှင်းကြောင်း၊ အပြင်ဘက်မှ စောင့်ကြည့်နေသော လုယက်အဖွဲ့ဝင်က၊ တိုက်လှေကားအမှောင်ထဲတွင် အသင့်နေရာယူထားသူကို အချင်းချင်း အချက်ပြအသံပေးကြသည်။ (ယခု ဖုံးများပေါသောခေတ်တွင် ဒုစရိုက်သမားများလည်း အဆင့်မြင့်လာမည်မှာ မလွဲ။)
ဤသို့ဖြင့် လုယက်သူသည် မှောင်ထဲသို့ ရုတ်တရက်ဝင်လာသူ၏ အား၊ လက်ဝါးဖြင့် နှာခေါင်းကို အဓိကထား အုပ်ရိုက်တတ်သည်။ အော်ရန် မဆိုထားနှင့်၊ ဘာမျှ မမြင်၊ မွှန်ထွန်ပစ်လဲပြီး၊ အသက်ရှုရန်သာ အားခဲနေရချိန်တွင်၊ ဒုစရိုက်သမားသည် ကြိုတင်လေ့လာထားပြီးဖြစ်သော ပစ္စည်း/ငွေ ထည့်ထားသည့် ထမင်းချိုင့်၊ အိတ်ကို လုပြေးကြသည်။ အသက်ဝအောင် ရှုလာပြီး၊ သတိလည်သည့်အချိန်တွင်၊ အော်ဟစ်သော်လည်း၊ လုယက်သူကို မတွေ့နိုင်တော့ပေ။
မြန်မာလူမျိုးများသည် ကြွားဝါသော ဝါသနာ ရှိသည့်အလျောက်၊ ရွှေဆွဲကြိုးလေးကိုပဲ အကျီ င်္အပြင်ဘက်သို့၊ ထုတ်ဝတ်၊ ထုတ်ကြွားတတ်ရာ၊ နေ့ခင်းကြောင်တောင်ပင်လျှင် လူအနည်းငယ်ပြတ်သော နေရာများ၌၊ မျက်နှာကို ရုတ်တရက် အုပ်ရိုက်ခြင်း ခံရကာ၊ လုယူခံရသော အဖြစ်အပျက်များကို၊ နေရာအနှံ့တွင် မြင်တွေ့ ကြားသိ နိုင်ပေသည်။
(ဆ) အိပ်မွေ့ချ
ရာသီဥတု ပူပြင်းလာသည့်အလျောက် တချို့တိုက်ခန်းများသည်၊ လေဝင်လေထွက်ကောင်းစေရန် တံခါးဖွင့်၍၊ အိပ်တတ်ကြသည်။ သူခိုး အခိုးမခံရရေးအတွက်၊ ဖွင့်ထားသော တံခါးဝတွင် ခြင်ထောင်အား ပိတ်ကာပြီး ထောင်၍၊ အိပ်ကြသည်။
အိပ်မွေ့ချ ခိုးသောသူသည်၊ သန်းခေါင်ယံ အိပ်ပျော်ချိန်တွင်၊ အခန်းအတွင်းသို့ လေဝင်လောက်သည့် လေညာအရပ်မှ၊ သူစီရင်ထားသော၊ အိပ်မောကျစေသည့် ဓါတုဓါတ်ပေါင်းအား၊ ဝါဂွမ်းတွင် ထည့်၍၊ အမွှေးတိုင်ကဲ့သို့ မီးကျွမ်းအငွေ့ထွက်စေခြင်းဖြင်
ပြည်သူများ အကြောင်းကိစ္စတခုဖြင့်၊ ကား၊ ရထားများဖြင့် ခရီးသွားလာသည့်အခါ၊ အဆိုပါ ဒုစရိုက်သမားများသည်၊ လမ်းခရီးတဝက်မှ တက်၍၊ ၎င်းတို့၏ ပါးစပ်အတွင်း သံပုရာခြမ်းကို ငုံထားကာ၊ အိပ်မွေ့ချ ဆေးပေါ့လိပ်အား လေညာရပ်မှ ဖွာ၍၊ အိပ်ပျော်စဉ်အတွင်း ခိုးယူတတ်သည်။ သံပုရာသီး မငုံထားပါက၊ ၎င်းတို့ကိုယ်တိုင်ပင်လျှင်၊ အိပ်မောကျသွားတတ်ပြီး၊ ငုံထားသော သံပုရာသီးအား ထွေးထုတ်ပါက ကျောက်ခဲလို ဖြစ်နေတတ်သည်ဟု ဆိုသည်။
“အိပ်မွေ့ချရာတွင် သံပုရာသီးသည် ဓါတ်ပြုစုပ်ယူ အစွမ်းပြယ်စေသောကြောင့်၊ ခေါင်းရင်းတွင် သံပုရာသီးဆောင်ထား၍ အိပ်ပါက၊ အိပ်မွေ့ချခံရခြင်းမှ၊ လျော့နည်းသက်သာပေလိမ့်မည်။”
(ဇ) ပြည့်တန်ဆာဆွယ်
ပြည့်တန်ဆာဆွယ်များမှာ၊ ရပ်ရွာအတွင်း၊ စတိုးဆိုင်ထောင်၊ ဈေးဆိုင်ထောင်၊ အလှပြင်ဆိုင်ထောင်၍၊ သာမန်စီးပွားရေး ကောင်းရောင်းကောင်းဝယ် လုပ်သူများကဲ့သို့၊ လူကောင်းဟန်ဆောင်၊ အရေခြုံထားတတ်ကြသည်။ သူတို့သည် ရပ်ရွာများအတွင်း လူလားမြောက် ချောမောလှပလာသည့် မိန်းမပျိုလေးများကို ဖြစ်စေ၊ ထိုမိန်းမပျို၏ အမေကိုဖြစ်စေ၊ သဘောကောင်းသူ ဟန်ဆောင်ကာ၊ အကြွေးရောင်းခြင်း၊ ငွေချေးပေးခြင်းဖြင့်၊ အကြွေးနွံထဲ ဆွဲသွင်းတတ်ကြသည်။
အတိုးပေါ်၊ အတိုးဆင့်၍၊ လုံးလုံး ပြန်လည် မဆပ်နိုင်ချိန်၊ ငွေကြေးလည်း ထပ်မံလိုအပ်နေချိန်ကျမှ၊ ချည်ပြီး တုတ်ပြီး၊ ပိတ်လှောင်ပြီးမှ၊ အသက်ရှုထွက်ပေါက်လေး နည်းနည်း ပေးသည့်အနေဖြင့်၊ ဒီလိုဆိုရင်၊ ဟိုလိုလုပ်ပါလား ဆိုပြီး၊ ရုပ်ချောသည့် အပျိုစင်သမီးကို ဂွင်ထဲဆွဲထည့်တော့သည်။ တညအိပ်လို့၊ ဘယ်သူမှ မသိ။ ကိုယ့်ရည်းစား ထားရင်တောင် အပျိုရည်ပျက်နိုင်တဲ့ဥစ္စာ၊ အဆန်းမဟုတ်။ ခုဟာက အကြွေးလည်း ကျေမယ်၊ လိုနေတဲ့ ငွေလည်း ရမယ်။ ပြဿနာတော့ မဖြစ်စေချင်ဘူး။ နင်တို့မှာ သိပ်ခက်ခဲလွန်းလို့သာ ရှာဖွေပြီး ဆက်ပေးရမှာ။ ပွဲခတော့ ပေးရမယ်။ စသဖြင့် ဆွယ်တတ်ကြသည်။
ဥပမာ။ ။ ပန်းဦးဆက် အပျိုစင် ပါကင်ကြေး သိန်းနှစ်ဆယ်ပေါက်လျှင်၊ ပြည့်တန်ဆာဆွယ်က ဆယ်သိန်း နှုတ်ယူထားပြီး၊ ကာယကံရှင်ကို ဆယ်သိန်းဖြင့် ဈေးဖြတ်ပေးသည်။ ထိုဆယ်သိန်းထဲမှ ပွဲခဆိုတာကို ထပ်ယူသေးသည်။ မလည်ရင် ပြန်ချေးဟုဆိုကာ၊ သူရစရာရှိသော အကြွေးမျာ၊ အတိုးများကိုလည်း ရယူပေလိမ့်မည်။
ဤသို့ဖြင့် တချိန်တွင် ငွေကုန်သွားသောအခါ ပြည့်တန်ဆာဆွယ်ထံ၊ ပြန်လည် ဆက်သွယ်လာသည်။ ထိုအခါကျမှ ပြည့်တန်ဆာဆွယ်သည်၊ လူကုံထံရပ်ကွက်တွင် အိမ်ကြီးအိမ်ကောင်းများဖြင့် လုပ်စားနေသော ပြည့်တန်ဆာခေါင်းထံ ပို့၍၊ လူရှာပေးခ ပွဲစားခ ထုတ်ယူသည်။ ကာယကံရှင် မိန်းကလေးဘက်ကိုလည်း ဆက်သွယ်ပို့ပေးခ ဖြတ်ယူသည်။
ဤသို့ဖြင့် ၂၀၀၀ခုနှစ်က၊ ဗဟန်းမြို့နယ် ရုပ်ရှင်မင်းသားကြီးဦးကျော်ဟိန
“ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပြည့်တန်ဆာများကို၊ ဖမ်းဆီးအရေးယူရာတွင်၊ ပြည့်တန်ဆာခေါင်းနှင့် ပြည့်တန်ဆာများကိုသာ အရေးယူပြီး၊ ပြန်တန်ဆာဆွယ်များကို အရေးယူနိုင်ခြင်း မရှိသဖြင့်၊ ချောမောလှပသည့်အမျိုးသမီးများ၊ ပစ်မှတ်ထား နွံနစ်နေဦးမည်သာ ဖြစ်သည်။”
(ဆက်ရန်)
0 comments:
Post a Comment