Monday, August 18, 2014

ရှေးမြန်မာမင်းများ၏ ခေါင်းဆောင်မှု အရည်အသွေးကို လေ့လာခြင်း

Myanmar B2B Management Magazine နဲ့ ACUMEN Magazine ကို စီစဉ်ထုတ်ဝေနေတဲ့ HUB Media ရဲ့ စတုတ္ထမြောက်လုံးချင်းစာအုပ်သစ်
+++++++++++++++++++++++++++++
ငယ်စဉ် တက္ကသိုလ်ကျောင်းသားဘ၀တည်းက တက္ကသိုလ်ဘုန်းနိုင်၏ 'သူ့ကျွန်မခံပြီ' နှင့် စာရေးဆရာမကြီးဒဂုန်ခင်ခင်လေး၏ 'စာဆိုတော်' ကိုစာရေးသူဖတ်ခွင့်ရခဲ့ပါသည်။
ဖတ်မိ သည့်နေ့မှစ၍ မြန်မာ့ရာဇ၀င်ကိုစိတ်ဝင်စားခဲ့ပါသည်။ စိတ်ဝင်စားသည့်အလျောက် သမိုင်း စာအုပ်များ၊ ရာဇ၀င်စာအုပ်များ၊ စာရေးဆရာများအတွေးနယ်ချဲ့ကာ စိတ်ကူးကိုပုံဖော်ထား သည့်ရာဇ၀င်နောက်ခံဝတ္ထုစာအုပ်များကို တစ်စိုက်မတ်မတ်ဖတ်ရှုလေ့လာခဲ့ပါသည်။ ပုဂံကို ရောက်သည့်အကြိမ်တိုင်းလည်း ပုဂံဘုရားပုထိုးများကိုမြင်ရ၊ ဖူးရတိုင်း ရှေးယခင်က ပုဂံပြည်ကြီး စည်ပင်ဝပြောကြွယ်ဝခမ်းနားခဲ့သည်များကိုလည်းကောင်း၊ အနော်ရထာ၊ ကျန်စစ်သားတို့၏ ထူးခြားသည့်ခေါင်းဆောင်မှုအရည်အသွေးများကိုလည်းကောင်း စိတ်ကူးဖြင့် အကြိမ်ကြိမ် ပုံဖော်ကြည့်မိခဲ့ပါသည်။ စာရေးသူသည် ခေါင်းဆောင်မှု (Leadership) ကို စိတ်ဝင်စား၍ လေ့လာဖတ်ရှုခဲ့သည်မှာ ကြာပါပြီ။ ခေါင်းဆောင်မှုနှင့်ပတ်သက်၍ ဟောပြောပွဲများလည်း အကြိမ်ကြိမ်ဟောပြောခဲ့ပါသည်။ လူတစ်ဦးချင်းစီ၏အောင်မြင်မှု၊ မိသားစုတစ်စု၏အောင်မြင်မှု၊ အဖွဲ့အစည်းတစ်ခု၏အောင်မြင်မှု၊ တိုင်းပြည်တစ်ပြည်၏အောင်မြင်မှုသည် ခေါင်းဆောင်မှု စွမ်းရည်ပေါ်တွင်မူတည်သည်ဟု စာရေးသူကယုံကြည်ပါသည်။
စာရေးသူသည် သမိုင်းသုတေသီမဟုတ်ပါ။ ရှေးမြန်မာမင်းတို့၏ခေါင်းဆောင်မှုစွမ်းရည်သည် ယနေ့ခေတ် နာမည်ကြီးစာရေးဆရာများဖြစ်သည့် John C Maxwell ၊ Jim Rohn ၊ Ken Blanchard ၊ Steven Covey တို့၏စာအုပ်များတွင်ရေးထားသည့် ခေါင်းဆောင်အရည်အသွေးတို့နှင့် နှိုင်းယှဉ်၍ရအောင် ထူးခြားကောင်းမွန်ခဲ့ကြောင်းကို စာရေးသူအမြင်ဖြင့်တင်ပြလို၍သာ လေ့လာရေးသားခဲ့ခြင်းဖြစ်ပါသည်။ သက္ကရာဇ်များနှင့် တချို့အချက်အလက်များမှားယွင်းနေပါသည် ဟုထောက်ပြလျင် ကျေးဇူးတင်ပါသည်။ စာရေးသူက ရှေးမြန်မာမင်းတို့၏ခေါင်းဆောင်မှု အရည်အသွေးကို ခေတ်အမြင်ဖြင့်လေ့လာဆန်းစစ်တင်ပြခြင်းကိုသာဦးစားပေးထား၍ တချို့ အချက်အလက်များကွဲလွဲမှုများရှိလျင် နားလည်ပေးစေလိုပါသည်။
ဤစာအုပ်သည် B2B မဂ္ဂဇင်းတွင် ပထမမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့သော အနော်ရထာမင်းမှစပြီး နောက်ဆုံး ပြည်ချစ်မင်းကြီးရန်နောင်ထိ ၁၉ ပိုင်းခွဲ၍ လစဉ်ရေးသား ခဲ့သည်များကိုစုစည်း၍ထုတ်ဝေခြင်းဖြစ်ပါသည်။
ဒုတိယမြန်မာနိုင်ငံတော်၏မင်းများအကြောင်းကို တပင်ရွှေထီး၏ဖခမည်းတော် မင်းကြီးညိုမှစ၍ B2B တွင် အခန်းဆက်စတင်ရေးနေပါပြီ။ တတိယမြန်မာနိုင်ငံတော်၏ မင်းများအထိရေးပါမည်။ မြန်မာရာဇ၀င်ကိုခေတ်စကားပြေဖြင့် ဖတ်လိုသည့်လူငယ်များ အတွက်လည်းကောင်း၊ ခေါင်းဆောင်မှုအရည်အသွေးကိုလေ့လာလိုက်စားသင်ယူလိုသူများ အတွက်လည်းကောင်း၊ ကျွန်တော်၏စာအုပ်က ကွက်လပ်တစ်ခုကိုဖြည့်ပေးနိုင်မည်ဟုမျော်လင့် ပါသည်။ စာဖတ်သူပရိသတ်အားလုံး ကျွန်တော်၏စာအုပ်ကိုဖတ်ရ၍ မျိုးချစ်စိတ်နှင့် ဇာတိသွေး ဇာတိမာန်များနိုးကြားတက်ကြွလာပြီး တိုင်းပြည်တည်ဆောက်ရေးတွင်ပါဝင်လာလျင် စာရေးသူ ကြိုးစားရကျိုးနပ်ပါပြီ။ အားလုံးကိုကျေးဇူးတင်ပါသည်။
လေးစားလျက်
ကျော်ကျော်လှိုင် (SMART)
++++++++++++++++++++++++++++++++++
တန်ဖိုး-၃၀၀၀ ကျပ်
စက်တင်ဘာလထဲမှာ ထွက်ရှိလာပါမယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...