Thursday, August 21, 2014

ဘီလူး

Min Burma's photo.

ဘီလူးဆိုလိုက်ပါရင် ရှေးဟောင်း ရာဇ၀င်ဇတ်လမ်းများထဲမှ အစွယ်ရှိ လူသားစား တတ်သည့် ကြောက်စရာကောင်းသော သတ္တ၀ါကောင်ကြီးများဟု ယုံကြည်ကြ၏၊ ထိုဘီ လူးကြီး များသည် လူသားများထက် အဆမတန်ကြီးမားကြသည်ဟူ၏။ မိမိတို့ နိုင်ငံတွင်ကား ဘုရား ကျောင်း ကံများ ၏့  ရှေ့ နေရာ များတွင် အစောင့်အနေဖြင့် ထုလုပ်ထားကြသည်ကို မြင်တွေ့  ရပါလိမ့်မည်။

ရာဇ၀င်များတွင်းလည်း ဒသဂီရိကဲ့သို့ ထင်ရှားသည့် ခေါင်းဆယ်လုံးပိုင်ရှင် ဘလူးရာဇ၀င်များသည် စာဖတ်ပရိတ်သတ်တို့ အကြား စွဲနေပါလိမ့်မည်။
ထူးဆန်းသည် မှာ မိမိတို့ တနိုင်ငံတည်းသာ ယုံကြည်နေသည်မဟုတ်... နိုင်ငံတကာရှေးဟောင်း သမိုင်း မှတ်တမ်း များမှာလည်း ဘီလူး ကဲ့သို့ အသွင်ဆန်းကျယ်သော ကြီးမားသည့် အကောင်ကြီးများ၏ အကြောင်းအား ရေးသား ဖေါ်ပြထားကြခြင်းပင်သည်။
ယခုအခါ ရာဇ၀င်ထဲက လူသား ဘီလူး များ အမှန်တကယ် ရှိမရှိကိုမူ ..သက်သေပြနိုင်ရန် ရှေးဟောင်း အချက်အလက်များဖေါ်ထုတ်နေသည့် သမိုင်းပညာရှင်များက ကြိုစားရှာေ ဖွခဲ့ကြ ရာမှာ... အဆိုပါဘီလူးအမျိုးနွယ် အမှန်တကယ်ရှိခဲ့ကြောင်း သက် သေအထောက်အထားများ အများအပြား ပြသနိုင်ပြီဖြစ်သည်။

Min Burma's photo.

သမိုင်းပညာရှင်များ က ဘီလူးကြီးများ၏ ရုပ်ကြွင်းများအား ရှာဖွေတူးဖေါ်တွေ့ ရှိသည့် အခါ အလွန်အံ့သြ ဖွယ်ရာ ရာဇ၀င်များထဲမှအတိုင်းပင် အမှန်တကယ် ဘီလူးကြီးများ သက်ရှိထင်ရှား ရှိခဲ့ပုံကို တွေ့ မြင်ရပြီ။
အနောက်နိုင်ငံပုံပြင်တခုမှ လူသားစားဘီလူးအောက်မှာဖေါ်ပြထားသည့် ပုံမှာ လူသားထက် အဆမတန်ကြီးမားသည့် လူသားအမျိုးနွယ်တစု၏ အရိုးများကို တူးဖေါ်တွေ့ ရှိရသည့် ဓါတ်ပုံမှတ်တမ်းဖြစ်သည်။
အဆိုပါလူအရိုးများ ၏အမြင့် မှာ ခန့် မှန်းခြေ ၃၆ပေခန့်  (ကမ္ဘာ့အအရပ်အရှည်ဆုံးလူသားစံချိန်မှာ ၈ပေ၁၁ လလက်မဖြစ်သည်)မြင့်ကြ ပါသည်။ရှေးခေတ်အခါက အဆိုပါ လူ့ ဘီလူးကြီးများကို စစ်ရေးစစ်ရာတွင် အောင်နိုင်စေရန်၎င်း ကြီးမားအဆောက်ဦးများတည်ဆောက်ရာတွင်၎င်း ထည့်သွင်း စေခိုင်းခဲ့ကြသည်။ဘီလူးကြီးများ အသုံးပြုသော လက်နှက်များပင်လျှင် လူသုံးရပ်ခန့် ရှည်လျှားပါသည်။
ကမ္ဘာတ၀န်း သက်ရှိထင်ရှားခဲ့ကြသည့် လူသားကြီးများသည့် ယခုခေတ်တိုင် ၄င်းတို့ ဗီဇ မျိုး ဆက် များ ကျန်နေပါသေးသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...