Saturday, August 30, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၈-၂၉)

သစ်ထူးလွင်


Posted: 29 Aug 2014 06:10 AM PDT
ရန်ကုန်က တက္ကသိုလ်တွေနဲ့ ကောလိပ်တွေအနားမှာ ဟိုတယ်နဲ့ တည်းခိုခန်းတွေ မရှိပါဘူးလို့ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောပါတယ်။ ဒဂုံမြို့သစ် မြောက်ပိုင်း၊ မဲဆန္ဒနယ် အမှတ် ၂ က ကိုယ်စားလှယ် ဦးထွန်းလွင်ရဲ့ တက္ကသိုလ်တွေနဲ့ ကောလိပ်တွေအနားက ဟိုတယ်၊ တည်းခိုခန်းတွေရဲ့ လိုင်စင်တွေကို ကြပ်မတ်ပေးဖို့ မေးခွန်းကို ဖြေကြားခဲ့တာပါ။ 9ဟိုတယ်နဲ့ တည်းခိုခန်းတွေဟာ တည်းခိုရုံမဟုတ်ဘဲ အမိန့်ရ ဇိမ်ခံခန်းများသ ဖွယ် ဖြစ်နေ
Posted: 29 Aug 2014 06:09 AM PDT
ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို မုံရွာတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်နဲ့ မုံရွာနည်းပညာတက္ကသိုလ်တို့က ဒီနေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ မုံရွာတက္ကသိုလ်ကျောင်းသား များသမဂ္ဂ၊ မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ မုံရွာ နည်းပညာတက္က သိုလ် ကျောင်းသားများ သမဂ္ဂ ကျောင်း သုံးကျောင်း ပေါင်း ထားတဲ့ တကသများ ကွန်ရက်အဖွဲ့တွေက ဒီကနေ့ ညနေပိုင်း ၃ နာရီကစ
Posted: 29 Aug 2014 05:55 AM PDT
လူငယ်တွေနိုင်ငံရပ်ခြားမှာ ရွှေ့ပြောင်း အလုပ်လုပ်လွန်းလို့ ကျန်ခဲ့တဲ့ရပ်ရွာရဲ့ အခြေအနေနဲ့ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်မယ်ဆိုရင် သိသင့်တဲ့အကြောင်းအရာ တွေကို လင်းလက်ကြယ်စင်ကနေ နားဆင်နိုင်ပါပြီ။
Posted: 29 Aug 2014 05:35 AM PDT
နေပြည်တော်၊ သြဂုတ် ၂၉ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီအချိန် ရှမ်းပြည်နယ်၊ ညောင်ရွှေ မြို့နယ်၊ သန်း တောင် ကျေးရွာ၊ မွေတော် ဘုန်းကြီး ကျောင်းရှိ ရွှေချ ထားသော ဉဏ်တော်အမြင့်(၂)ပေခန့်၊ ရှေးဟောင်း သစ်သား ဗုဒ္ဓရုပ်ပွား တော်(၁)ဆူ၊ တန်ဘိုးငွေ ကျပ်သိန်း(၁၀၀)ခန့်မှာ ပျောက်ဆုံးသွားကြောင်း သပြေပင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘချစ်၏ ဖုန်းဖြင့်တိုင်ကြား ချက်အရ နန်းပန်မြို့မ ရဲစခန်း (ပ)၂၀/၂၀၁၄၊ြ
Posted: 29 Aug 2014 05:28 AM PDT
၂၈.၈.၂၀၁၄ ကူလိုင်းဂျာရာ ၊ ဂျိုဟိုး ယနေ့ ကူလိုင်း ဂျာရာ ရဲဌာနမှ မြန်မာနိုင်ငံသား ၄ ဦးအား အခြား မြန်မာနိုင်ငံသား များအား သတ်ဖြတ်သည့် ပစ်မှုဖြင့် ဖော်ထုတ် ဖမ်းဆီးထားပြီ ဖြစ်ကြောင်း ယနေ့ထုတ် မလေးရှား နိုင်ငံ ပိုင်သတင်ဌာနများက ထုတ်လွှင့် ကြော်ငြာသွားသည် ။ ဖမ်းဆီးမှုအား ရှင်းလင်း ပြောကြားရာတွင် အဆိုပါ မြန်မာနိုင်ငံသား ၄ ဦးသည် ၂၉.၇.၂၀၁၄ တွင်အခြား မြန်မာနိုင်ငံသား တစ်ဦးအား သတ်ဖြတ်ပြီး ခန္ဒာကိုယ်အား
Posted: 29 Aug 2014 04:40 AM PDT
ရန်ကုန်၊ သြဂုတ် ၂၉ ၂၈.၈.၂၀၁၄ ရက်နေ့ ၁၂၀၀အချိန် လှိုင်သာယာမြို့နယ်နေ မအိအိလှိုင် (၃၃)နှစ်မှ ၎င်းသည် သားဖြစ်သူ သီဟအောင် (၆)နှစ်နှင့် တူတော်စပ်သူ အောင်ရဲမြတ် (၆)နှစ်တို့ (၂)ဦးကို လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်ရှိ အ.ထ.က(၄)ကျောင်းသို့ လိုက်ပို့ခဲ့ကြောင်း၊ ကျောင်းရှေ့အရောက်၌ တူဖြစ်သူမှငိုယိုပြီး ၎င်း၏လည်ပင်းတွင်ဆွဲထားသော အဝါရောင်ချည်ကြိုး၌ ဆွဲထားသည့် ရွှေရည်(၁၄)ပဲ၊ အလေးချိန် (၅)ရွေးခန့်ရှိ
Posted: 29 Aug 2014 04:34 AM PDT
ကယားပြည်နယ် လွိုက်ကော်မြို့ နယ် နားလဂိုးကျေးရွာအုပ်စု မြေနီကုန်းကျေးရွာရှိ နီလာရိုးမ ဓါတ်ဆီဆိုင် အနီး ဆိုင်ကယ်ပြင်ဆိုင်မှာ မသင်္ကာဖွယ် လူတဦး ဆိုင်ကယ် ၁ စီး ရောင်းချရာမှ ခိုးယူထားသည့် ဆိုင်ကယ် ၇ စီး ဖမ်းဆီး ရမိကြောင်း သစ်ထူးလွင်ဝက်ဆိုဒ်မှ သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ (၂၂)ရက်နေ့ က လွိုက်ကော်ခရိုင် မူခင်းအကူမှ ရဲအုပ်မြသန်း၊ တကကသန့် ဇော်ဦး၊ ပြည်နယ် မူ/ကူမှ တကနေမင်းထွန်း သက်သေဦးစိုးလွင်၊
Posted: 29 Aug 2014 04:03 AM PDT
မွန်ဓမ္မစေတီခေါင်းလောင်းကြီး တွေ့ရှိပြီဟု ဦးစံလင်း၏ သတင်းထုတ်ပြန်မှုအပေါ်တွင် ဆယ်ယူပြီးမှသာ ယုံကြည်နိုင်မည်ဟု မွန်ရှေးဟောင်း သုတေသန အဖွဲ့ဝင် နိုင်ရဲဇော်က လွတ်လပ်သော မွန်သတင်း အေဂျင်စီ IMNA သို့ ပြောသည်။ နိုင်ရဲဇော်က “တကယ်တွေခဲ့ တယ်ဆိုရင်လည်း ဝမ်းသာပါတယ်၊ တွေ့ပြီးလို့ သတင်းထုတ်ပြန်တာပဲရှိတယ်၊ ဘယ်နေ့၊ ဘယ်နေရာမှာ ဘယ်ရေငုပ်သမားက ဘယ်လိုစမ်းသပ်ပြီး ဘယ်လိုထိတွေပြီးမှ တွေ့တယ်ဆိုတာ ဖော်ပြထားတာမရှိဘူး၊
Posted: 29 Aug 2014 03:58 AM PDT
မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးသူတွေအတွက် ကျန်းမာရေးနဲ့ ပညာရေး ကူညီပေးဖို့ သမ္မတက ဆင်းရဲနွမ်းပါးသူများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းထားပြီး ရန်ပုံငွေအတွက်တော့ အစိုးရ၀န်ကြီးတွေ လစဉ်ရရှိတဲ့ လစာငွေရဲ့ လေးပုံတပုံဖြစ်တဲ့ ၂၅ ရာခိုင်နှုန်းကို  မတည်ထည့်ဝင်သွားဖို့ ရှိနေပါတယ်။ ဆင်းရဲနွမ်းပါးပြီး ပညာထူးချွန်သူတွေ ဆက်လက်ပညာ သင်ကြားနိုင်ဖို့နဲ့ ကျန်းမာရေး ချို့တဲ့ သူတွေ ဆေး ကုသမှု ခံယူနိုင်ဖို့အ တွက်ြ
Posted: 29 Aug 2014 03:55 AM PDT
မွန်ပြည်နယ်၊ (ဘီးလူးကျွန်း) ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာ လယ်ကွက်များတွင် ခရုတစ်မျိုး ကိုက်ဖြတ်စားသုံးသဖြင့် စပါးပင်များ သေကြေပျက်စီးနေသဖြင့် လက်စိုက်တောင်သူများ အခက်ကြုံနေရသည်။ “ပြီးခဲ့တဲ့ ဇူလိုင်လရေကြီးတုန်းက သံလွင်မြစ်ရေမြင့်တက်တော့ အဲဒီခရုတွေပါလာတယ်၊ ခရုကိုက်လို့ စပါးပင်တွေအကုန်နီးပါးပျက်စီးကုန်တယ်၊ ပိုးသတ်ဆေးသုံးတာလဲမရဘူး၊ တချို့ကိုက်ထား တဲ့နေရာတွေမှာ ပြန်စိုက်ဖို့အချိန်မမှီတော့ဘူး
Posted: 29 Aug 2014 03:52 AM PDT
အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်တွင် နယ်ခြားစောင့်တပ်ဖွဲ့(BSF) နှင့် မီဇိုရမ်ပြည်နယ် ထောက် လှမ်း ရေး ပူးပေါင်းတပ်ဖွဲ့က  မြန်မာနိုင်ငံမှ ၀င်ရောက်လာသော လက်နက် ၅ လက် နှင့် ကျည်ဆံ ၅ ထောင်ကျော်ကို ယမန်နေ့ က ဖမ်းဆီးရမိသည်။ ကြိုတင်သတင်းရရှိထားချက်အရ အဆိုပါပူးပေါင်းတပ်ဖွဲ့သည် အိုင်ဇောလ်ခရိုင် Lengpui ရွာအနီးတွင် maxi-cab ကားအမျိုးစား MZ-01 J-0274 ရှာဖွေစစ်ဆေးရာတွင် ကားထဲတွင်လိုက်ပါလာသူ Chakma
Posted: 29 Aug 2014 03:47 AM PDT
သစ်တောပြုန်းတီးမှု ကာကွယ်နိုင်ရန်အတွက် ကယားပြည်နယ်အတွင်း ပထမဦးဆုံးအနေဖြင့် စပါးသီးနှံများ လှေကားထစ် စိုက်ပျိုးရေးနည်းပြုလုပ်ရန် စီမံကိန်းများစတင်မည်ဟု ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန် ကြီးက ပြောသည်။ "ကျနော်တို့ ကယားပြည်နယ်မှာလည်း တောင်တွေကတုံးဖြစ်ကုန်ပြီ။ ဒီလိုထိမ်းသိမ်းပြီးတော့မှ နှစ်ရှည်၊ နှစ်တို ပြန်လည် စိုက်ရအောင်ဆိုပြီးတောမှ ပြည်ထောင်စုကိုတောင်းဆိုတာလေ။ အဲတော ဘတ်ဂျက်ချပေးတာပေါ။
Posted: 29 Aug 2014 03:33 AM PDT
၂၀၁၃၊ ၂၀၁၄ ရာသီအတွက် ဥရောပရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ခရစ်တီယာနို ရော်နယ်ဒို ရရှိသွားပါတယ်။ အသက် ၂၉ နှစ်အရွယ် ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်မှာ ၁၇ ဂိုးသွင်း ထားပြီး ရီရဲလ်မက်ဒရစ်ကို ၁၀ ကြိမ်မြောက် ဗိုလ်စွဲအောင် ကူညီနိုင်ခဲ့ပါတယ်။ သူဟာ ဘိုင်ယန်မြူးနစ်က အာဂျန်ရော်ဘင်နဲ့ ဂိုးသမား နူအာတို့ကို ဖြတ်ကျော်ပြီး ရရှိခဲ့တာပါ။ “ဒီဆုအတွက်
Posted: 29 Aug 2014 03:28 AM PDT
တိုကျို ယူ ၁၂ အသင်းလက်ရွေးစင် ဂိုးသမား မောင်ကောင်းဇံမရ ကျောနံပတ် ၂၂ ဟာ ဂျပန်နိုင်ငံနာမည်ကြီး ကလပ် Tokyo Verdy အသင်းကြီးနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုတော့မယ်လို့ မောင်ကောင်းဇံမရရဲ့ မိဘတွေက ဒီဗွီဘီကို ဒီနေ့ ပြောပါတယ်။ တိုကျိုမြို့မှာ သြဂုတ် ၂၈ ရက်နေ့က စတင်ကျင်းပနေတဲ့  U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲမှာ တိုကျိုလက်ရွေးစင်အသင်းရဲ့ ကျောနံပါတ် ၂၂ ဂိုးသမားအဖြစ် မြန်မာနိုင်ငံသားေ
Posted: 29 Aug 2014 03:18 AM PDT
ရန်ကုန်၊ သြဂုတ် ၂၉ ၂၈.၈.၂၀၁၄ ရက်နေ့ ၁၂၁၅ အချိန်ခန့်တွင် သာကေတမြို့နယ်၊ ၁၀/တောင်(၁၃)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းမပေါ်တွင် လူအများအုပ်စုဖွဲ့ကာ တစ်ဘက်နှင့်တစ်ဘက် ခိုက်ရန်ဖြစ်ပွားခဲ့ ပါသည်။ ထိုသို့ဖြစ်ပွားကြောင်း သတင်းအရ သာကေတနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ သွားရောက် ထိန်းသိမ်းခဲ့ရာ အဆိုပါနေရာတွင် သာကေတမြို့နယ်၊ ၁/ထူပါရုံရပ်ကွက်နေ ကိုလေး(ခ) မြင့်အောင်(ခ) စောဇော်မှိုင်းပါ(၈)ဦးခန့်နှင့် သာကေတမြို့နယ်၊ ၁၀
Posted: 29 Aug 2014 03:10 AM PDT
ရန်ကုန်၊သြဂုတ် ၂၉။ ကျန်းမာရေး ၀န်ကြီးဌာနက အီဘိုလာဗိုင်းရပ်စ် သံသယလူနာ အတွက် အိန္ဒယနိုင်ငံ ပီရူးမြို့သို့ဓာတ်ခွဲခန်း ဆေးစစ်ချက်ရရန် ရက် အတန်ကြာ နှောင့်နှေးခဲ့သည့် အီဘိုလာ သံသယလူနာ၏ ဓာတ်ခွဲ စစ်ဆေးမည့်အချက်အလက်၊ သွေးနမူများကို ယနေ့နေ့လည်အချိန်က အိန္ဒယနိုင်ငံ ဓာတ်ခွဲခန်း သို့အောင်မြင်စွာ ပို့လွှတ်နိုင်ပြီ ဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ဦးမင်းသန်းညွှန်ကြ
Posted: 28 Aug 2014 08:40 PM PDT
အနောက် အာဖရိက နိုင်ငံတွေ မှာ ဖြစ်ပေါ်နေတဲ့ အီဘိုလာ ဗိုင်းရပ်စ် ကူးစက် ပြန့်နှံ့ နေမှု အန္တရာယ်ဟာ ထိန်းချူပ်လို့ မရနိုင်ခင်မှာ လူပေါင်း ၂ သောင်း ကျော် လောက်ထိ ကို ကူးစက်ပြီး ဖြစ်နေလိမ့်မယ် ဆိုပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က သတိပေး လိုက်ပါ တယ်။ အခု လောလောဆယ် အချိန်မှာ ကို၊ ရောဂါ ကူးစက် ခံခဲ့ရသူ ပေါင်း ၃ ထောင် ကျော် ရှိတယ်လို့ မှတ်တမ်းတင် ထားနိုင်ပေမယ့်၊ ကူးစက်ခံရသူ အရေအတွက် ဒီ့ထက်မက ရှိနေနိုင်တယ်
Posted: 28 Aug 2014 08:37 PM PDT
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တပ်မတော်က ထိန်းသိမ်း ကာကွယ် စောင့်ရှောက် သွားမယ်လို့ အမျိုးသမီး ၁၀၀ ဦး ပါဝင်တဲ့ ဗိုလ်လောင်း သင်တန်း ဆင်းပွဲမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံကတိပြု ပြောကြား လိုက်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ဟာ တပ်မတော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်မယ်လို့ အကြိမ်ကြိမ် ထုတ်ပြောခဲ့ဖူးပြီး သြဂုတ် ၂၈ ရက်က မှော်ဘီမှာ
Posted: 28 Aug 2014 08:32 PM PDT
ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၄၃ ယောက်ဟာ အစ္စရေးနဲ့ ဆီးရီးယားနိုင်ငံ နယ်စပ်မှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးသွားတာကိုခံခဲ့ရပြီး၊ နောက်တခြား ၈၁ ယောက်ဟာ ဆိုရင်လည်း နယ်စပ်ဖြတ်ကျော်တဲ့ နေရာအနီး သူတို့ရောက်နေတဲ့ နေရာကနေ မထွက်ခွာနိုင်ပဲ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ က ကြာသာပတေးနေ့မှာ ပြောဆိုပါတယ်။ Aslamist al-Nusra Front လို့ခေါ်တဲ့ စစ်သွေးကြွအဖွဲ့ဟာ ဗုဒ္ဓဟူးနေ့မှာ နယ်စပ်စခန်းကို ၀င်ရောက် စီးနင်း တိုက်ခိုက်
Posted: 28 Aug 2014 08:20 PM PDT
ရန်ကုန်မြို့သစ်စီမံကိန်းကို မကြာခင်မှာ ပွင့်လင်းမြင်သာစွာနဲ့ တင်ဒါခေါ်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဒီစီမံကိန်းမှာ အားလုံးပူးပေါင်းပါဝင်နိုင်မယ့် အခွင့်အလမ်းတွေကို ဖန်တီးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။ သြဂုတ် ၂၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ရန်ကုန်မြို့ရဲ့ လူဦးရေနဲ့ လူမှုစီးပွားအခြေအနေ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ရန်ကုန်အနောက်ဘက် ပန်းလှိုင်မြစ်နဲ့ တွံတေး
Posted: 28 Aug 2014 08:06 PM PDT
ယူကရိန်းနိုင်ငံမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သမားတွေနဲ့အတူ ရုရှားစစ်သား ၁၀ဝ၀လောက် ပါဝင်တိုက်ခိုက်နေတယ်လို့ နေတိုးအဖွဲ့က ပြောပါတယ်။ ယူကရိန်း နိုင်ငံနယ်နိမိတ်ထဲကို ရုရှားစစ်တပ် ဝင်ရောက်ကျူးကျော်မှုဟာ အလွန်အရေးကြီးတဲ့အခြေအနေအဖြစ် ယူကရိန်းသမ္မတက လုံခြုံရေး အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ ဒီစွပ်စွဲချက်တွေကို ရုရှားဘက်က ငြင်းဆန်လိုက်ပါတယ်။ ဒီအကျပ်အတည်းနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ
Posted: 28 Aug 2014 07:13 PM PDT
၂၀၁၃-၂၀၁၄ ခု ဘဏ္ဍဍာရေး နှစ်မှာ ရခိုင် ပြည်နယ် ဘတ်ဂျက် ကျပ် ၁ဝ၉ ဘီလျံ ထဲက ၁၃ ဘီလျံကျော် မသုံး နိုင်လို့ ဗဟို အစိုးရ ကို ပြန်အပ် ရတယ် လို့ သတင်း ထွက်လာ ပြီးနောက် အခြေအတင် ဆွေးနွေး ခဲ့ကြ ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် တွေက ဩဂုတ်လ ၂၁ ရက်က ရခိုင်ပြည်နယ် လွှတ်တော်မှာ မေးခွန်းတွေ မေးမြန်း ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ကိုယ်တိုင် ၂၆ ရက်နေ့က ဒေသခံ လူမှု အဖွဲ့ အစည်း၊ မီဒီယာတွေနဲ့ တွေ့ဆုံ စဉ်မှာ
Posted: 28 Aug 2014 06:25 PM PDT
ရုရှားက ထောက်ခံမှုပေးထားတဲ့ ယူကရိန်းနိုင်ငံအတွင်းက အကြမ်းဖက်မှုတွေ တိုးများလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက စစ်ရေးအရ အရေးယူဆောင်ရွက် သွားဖို့မရှိဘူးလို့ သမ္မတ အိုဘားမားက ပြောဆို လိုက်ပါတယ်။ ဒါပေမဲ့ အမေရိကန် အစိုးရဟာ ဒီဖြစ်ပွားနေတဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီး ဥရောပ မဟာမိတ်တွေနဲ့ အတူတကွ ရပ်တည် သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ မကြာခင်ကပြုလုပ်ခဲ့တဲ့ ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုအကြောင်း သမ္မတ
Posted: 28 Aug 2014 05:05 PM PDT
ပြုပြင်ရေးလုပ်လို့ မြန်မာ့စီးပွားရေး တိုးတက်လာတာနဲ့အတူ ကုန်ဈေးနှုန်းလည်း ကြီးမြင့်လာဦးမှာမို့ ပြည်သူလူထု အများစုရဲ့  နေထိုင်စရိတ် ကြီးမားလာဦးမယ်လို့ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့က မကြာမီက ခန့်မှန်းကြပါတယ်။ စီးပွားရေးအခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် ကုန်ဈေးနှုန်း တက်တာဟာ ဓလေ့ထုံးစံလို ဖြစ်နေပါတယ်။ ၁၉၈၆ ခုနှစ်မှာ ရန်ကုန်နေ မိသားစု ၅ ဦးရဲ့ 
Posted: 28 Aug 2014 05:02 PM PDT
နေပြည်တော်မှာ ​ကျင်းပခဲ့တဲ့ ​အစည်းအဝေး ​အတွင်း ​အမေရိကန်နဲ့ ​အာဆီယံနိုင်ငံအကြား ​စီးပွားရေးပူးပေါင်းမှုတွေ ​လုပ်ဖို့ ​ပူးပေါင်း ​ကြေညာချက် ​ထုတ်ပြန်လိုက်ပါတယ်။ အာဆီယံ-အမေရိကန် ​စီးပွားရေး ​ဆွေးနွေးပွဲ ​အတွင်း ​အာဆီယံနဲ့ ​အမေရိကန် ​နိုင်ငံက ​အသေးစားနဲ့ ​အလတ်စား ​စီးပွားရေး ​တွေအကြား ​ပူးပေါင်းလုပ် ​ဆောင်ကြဖို့ ​သဘောတူကြတာ ​ဖြစ်ပါတယ်။ ​နှစ်နိုင်ငံ ​စီးပွားရေး ​သမားတွေ ​အတွက် ​ဈေးကွက်တွေ ​ပိုမို 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...