ဟာသစုဗူး (၉)
1. တစ်ဝက်
ဆရာမက ကျေးညိုလေးကို စာမေးနေတယ်... ...
"သုည ရဲ့တစ်ဝက်ဟာ ဘယ်လောက်လဲ ကျေးညို"
"ထောင်လိုက်ဝက်မှာလား အလျားလိုက်ဝက်မှာလား ဆရာမ"
"ဟဲ့... ဘာထူးလို့လဲ"
"ထူးတာပေါ့... ထောင်လိုက်ပိုင်းရင် 'င' နဲ့ '၁'၊ အလျားလိုက်ပိုင်းရင် 'ပ' နဲ့ 'ဂ' ရတယ် ဆရာမ"
"ငင်.."
===========
2. ပျံသာပျံပါရွှေဘဲရာ
===========
ဆရာမ ။ ။အတောင်ပံပါပြီး မပျံနိုင်တဲ့ဘဲဟာ ဘာဘဲလဲ
ကျေးညို ။ ။ဘဲကင်
============
3. ကျားမကိုက်အောင်
============
တောဘက်ကို အလည်လိုက်လာတဲ့ မြို့သားက မုဆိုးကြီးကို မေးတယ်... ...
"ညဘက် တောထဲကို ဓာတ်မီးသယ်သွားရင် ကျားကိုက် မခံရဘူးဆို"
"ဓာတ်မီးကို ဘယ်လောက်မြန်မြန် သယ်နိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်တယ်"
"ဂျာ..."
သန်၎ကို - ရမ်းဘာသာပြန်သည်။

0 comments:
Post a Comment