"ဆုတောင်းမှားခဲ့လေသလား"
အမေရိကန်... ဖလော်ရီဒါကမ်းခြေမှာ... လူတစ်ယောက် လမ်းလျှောက်နေတယ်။
အဲဒီတုန်းမှာ...
သူဟာ မမျှော်လင့်ပဲ ရှေးဟောင်းမီးခွက်တစ်လုံးကို တွေ့လိုက်တယ်။ ထုံးစံအတိုင်းပေါ့...
မီးခွက်ကို ပွတ်ကြည့်လိုက်တာ မီးခွက်စောင့် ဘီလူးထွက်လာပြီး သူ့ကို ဆုသုံးခု တောင်းခွင့်ပြုတယ်။

ဒါနဲ့ သူက.... ပထမဆုအနေနဲ့...
"ရဲတိုက်လောက်ရှိတဲ့ အိမ်ကြီးလိုချင်တယ်" လို့ တောင်းတယ်။
"ပြည့်စေ"... ဆိုပြီး ဘီလူးက ဆုပေးလိုက်တာ အိမ်ကြီး ရသွားရော... ဒုတိယဆုအနေနဲ့...
"မိန်းမငယ်ငယ်ချောချော ၅၀၀ လိုချင်တယ်"... လို့ တောင်းတယ်။
"ပြည့်စေ"... ဆိုပြီး ဘီလူးက ဆုပေးလိုက်တာ မိန်းမ ၅၀၀ ရသွားရော...
နောက်ဆုံးဆုအနေနဲ့...
"ဘာအလုပ်မှ မလုပ်ရပဲ ပိုက်ဆံတွေ ရနေချင်တယ်:"... လို့ တောင်းတယ်...
"ပြည့်စေ"... ဆိုပြီး ဘီလူးက ဆုပေးလိုက်တာ... ....
လွှတ်တော်ထဲ ရောက်သွားတယ်... ငုတ်တုတ်ကြီး။
သန်၎ကို - ဘာသာပြန်သည်။
https://www.facebook.com/thanlayko

0 comments:
Post a Comment