# ယောင်္ကျားတို့ သဘာဝ ။
အချိန်ကတော့ ဆောင်းအကုန် နွေအကူးကာလ နေ့လည်ပိုင်း အချိန်အခါလေးမှာပေါ့ဗျာ။
ဆံပင်ညှပ်ဆိုင် တစ်ဆိုင်မှာ "ဆံသဆရာ" နဲ့ "ဆံပင်ညှပ်သူ" နှစ်ဦး
ဆံပင်ညှပ်ရင်း ထွေရာလေးပါး ဟိုအကြောင်း ဒီအကြောင်း ပြောဆိုနေကြပါတယ်။
အဲဒီအချိန်မှာဆိုင်ရှေ့နေပူ ကျဲကျဲမှာ လေပွေ လေရူးလေး တစ်ချက်
တိုက်ခတ်လိုက်ပြီး ဖုန် နဲ့ အမှိုက်တွေဟာ လေပွေလေရူးနဲ့အတူ လွင့်ပျံ
တက်နေတာကို ကြည့်ရင်း ဆံပင်ညှပ်ဆရာက ပြောလိုက်ပါတယ်။
ဆံသ ဆရာ ။ ။ ဟိုမှာတွေ့လား ။ နွေရောက်မယ် မကြံသေးဘူး ၊ လေရူးတွေ တိုက်နေတာ။ မနေ့က အဖြစ်ကို ခင်ဗျားကို ပြောရဦးမယ်။ မနေ့က လည်း ကျွန်တော် ခုလိုဘဲ လမ်းဘက်ကို လှည့်ပြီး ဆံပင်ညှပ်ပေးနေတုန်းပေါ့ဗျာ။ ကောင်မလေးတစ်ယောက် လမ်းလျှောက်လာတယ်ဗျ။
ကောင်မလေးက ကိုယ်လုံးကိုယ်ပေါက်က လှသလား မပြောနဲ့၊ တစ်တစ်ရစ်ရစ်ကလေး ။
အသားက ဖြူဖြူ ၊ ထမီအနီလေးကို တင်းရင်းနေအောင် ၀တ်ပြီး လမ်းလျှောက်လာတာ ကျွန်တော်ဖြင့် ဆံပင်ညှပ်တာတောင် ရပ်ထားရတယ် ၊ ကြည့်ကောင်းလို့။
အဲဒီတုန်းဗျာ ၊ ခုနကလို လေပွေပေါ့ ၊ ကောင်မလေးနား ကပ်ပြီး တိုက်ချ လိုက်တာ ဘာပြောကောင်းမလဲ ၊ ကောင်မလေး ၀တ်ထားတဲ့ ထမီ တိုတိုလေးဟာ လေပွေနဲ့ အတူ အပေါ်ကို လွင့်ပျံ တက်သွားတော့တာဘဲဗျာ ။
ဆံပင် ညှပ်သူ ။ ။ ဟာ ! ဟုတ်လား ။ ကောင်မလေးတော့ တော်တော့်ကို ရှက်သွားမှာပေါ့နော်။ လူတွေက အများကြီး မဟုတ်လား။
ဆံသ ဆရာ ။ ။ ရှက်မှာပေါ့ဗျာ။ အို ဒီနားမှာ ရှိတဲ့ ယောင်္ကျားမှန်သမျှ ၀ိုင်းကြည့်ကြတာ ။ ကောင်မလေးလည်း ထမိန်ကို ကဗျာကယာ ဆွဲချပြီး ပြေးလိုက်တာဆို လုံးနေတာဘဲ။
ဆံပင် ညှပ်သူ ။ ။ ကျွန်တော်ထင်တယ်ဗျ။ ကောင်မလေးက အသားကဖြူဖြူဆိုတော့ အဲဒီအချိန်မှာ ရှက်လွန်းလို့ သူ့မျက်နှာဟာ နီရဲနေမှာဘဲ နော်။ ဟုတ်လား။
ဆံသ ဆရာ ။ ။ အင်း အဲ အဲ ။ မျက်နှာ နီရဲနေလားတော့ မသိဘူးဗျ။ ဘာပြုလို့လည်း ဆိုတော့ အဲဒီ အချိန်မှာ ကျွန်တော် ကောင်မလေး မျက်နှာကိုတော့ မကြည့်မိလိုက်ဘူးဗျ။
ဆံပင် ညှပ်သူ ။ ။ သြော် ဟုတ်လား ။ အင်းပေါ့ ။ မျက်နှာကို ဘယ်ကြည့်မိပါ့မလဲ။ ဟုတ်တာပေါ့ဗျာ။

0 comments:
Post a Comment