BMW ရဲ့ ကမ္ဘာ့ပထမဆုံး AK47 ကျည်မဖောက် X5 SUV ကား
ကမ္ဘာ့ပထမဆုံး AK47 စက်သေနတ်ရဲ့ ကျည်မဖောက်နိုင်တဲ့ ကား အဖြစ် BMW ဟာ X5 အမည်ရ SUV ကားနဲ့ စံချိန်တင် ထုတ်လုပ်လိုက်ပါတယ်။ AK47 သေနတ်ပြင်းအား အပြင် အခြားသော ပေါက်ကွဲမှု ဒဏ်များကိုပါ ခံနိုင်ရည်ရှိမယ့်ကား ဖြစ်ပါတယ်။ BMW X5 Security Plus လို့အမည်ပေး ထားပြီး မော်စကိုမြို့ မော်တော်ယာဉ် ပြပွဲတစ်ခုမှာ တရားဝင်ထုတ်ဖော် ပြသခဲ့ခြင်း ဖြစ်ပါတယ်။
ခံနိုင်ရည်အားဖြင့်တဲ့ run-flat တာယာ၊ မီးလောင်မှု မဖြစ်အောင် ထူပြီး
လုံခြုံတဲ့ ဆီတိုင်ကီ၊ အတွင်းခံ လုံခြုံရေး စနစ်မျိုးစုံတို့ ပါဝင်ပြီး
အဆင့်မြင့် ကျည်ကာ မှန်များ တပ်ဆင်ထားပါတယ်။ လမ်းမပေါ်မှာ ဖြစ်ပျက်နေတဲ့
ရာဇဝတ်မှုတွေကို ကာကွယ်နိုင်အောင် ရည်ရွယ်ပြီး ထုတ်လုပ်ထားခြင်း ဖြစ်ပြီး
လူတိုင်း ဝယ်ယူ ရရှိ နိုင်ပါတယ်။ အခြားသော Feature များအနေနဲ့ ကတော့ BMW X5
SUV ကားကြီးတိုင်းမှာ ပါဝင်တဲ့အတိုင်းပဲ ပါဝင်မှာ ဖြစ်ပါတယ်။ ဥပမာ အင်ဂျင်
ပါဝါ ၄၅၀ မြင်းကောင်ရေအား ရှိပြီး ဆလင်ဒါ ၈ လုံးပူး တာဘိုချာဂျာတပ်
အင်ဂျင်တို့ကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။ သာမန် BMW X5 တစ်စီးရဲ့
တန်ဖိုးက ဗြိတိန်ပေါင် ၄၃၀၀၀ ကျော်ရှိပေမယ့် ကျည်ကာ Security Plus ကား
ကတော့ ဗြိတိန်ပေါင် ၁သိန်း၁သောင်း ဝန်းကျင်လောက် ကုန်ကျမှာ ဖြစ်ပါတယ်။
ဈေးနှုန်းကို တရားဝင်တော့ မကြေညာရသေး ပါဘူး။
BMW ဆိုတာ မြန်မာပြည်မှာ တရားဝင် အရောင်းစင်တာလည်း ရှိနေပါပြီ။ လေလံ ဈေးကွက်ကနေလည်း BMW X5 များကို မြန်မာပြည်ကနေ ဝယ်ယူနေလျက် ရှိပါတယ်။ ဒီတော့ ကျည်ကာကားလည်း မြန်မာပြည် မရောက်နိုင်ဘူးလို့ပြောလို့ မရပါဘူး။ ကန်ဒေါ်လာအားဖြင့် သိန်းခွဲကျော် ဆိုတာကို တတ်နိုင်သူများ ကတော့ စိတ်ဝင်စားမယ့် ကားတစ်စီး ဖြစ်လာမှာ ဖြစ်ပါတယ်။ ကားရဲ့ အသေးစိတ် အကြောင်းအရာနဲ့ ဓာတ်ပုံများကို ကို http://www.dailymail.co.uk/news/article-2736445/BMW-unveils-latest-bullet-proof-car-claims-manufacturer-offer-protection-AK-47-fire.html ထဲမှာ ဝင်ရောက် ဖတ်ရှု၊ ကြည့်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

0 comments:
Post a Comment