Tuesday, June 26, 2012

ကျွန်တော်သိသော ရိုဟင်ဂျာပြဿနာ (ရိုဟင်ဂျာဘာလဲ.. ရိုဟင်ဂျာဘယ်လဲ..)


by Min Thein on Tuesday, June 26, 2012 at 9:01am 

ရှေးဦး စကားပလ္လင်ခံချင်တာက ကျွန်တော်ဟာ သာမန်ပြည်သူတစ်ယောက်ပါ..။ ပညာရှင်တစ်ယောက်မဟုတ်သလို..၊ တာဝန်ရှိသူ အစိုးရ ဝန်ထမ်းတစ်ယောက်လည်း မဟုတ်ပါဘူး..။ ဒါကြောင့် ကျွန်တော်ရေးတဲ့စာဟာ ပညာရှင်အမြင် ၊ အစိုးရ ဝန်ထမ်းတစ်ယောက်ရဲ့ အမြင် မဟုတ်ဘဲ သာမန်မြန်မာပြည်သူတစ်ယောက်ရဲ့ အမြင်နဲ့ အတွေးသာဖြစ်တယ်လို့ ဆိုချင်ပါတယ်..။ ရခိုင်မှာ ပဋိပက္ခတွေ ဖြစ်ချိန်မတိုင်ခင် ဘီဘီစီကနေပြီး ပရော်ပါဂန်းလုပ်ခဲ့တဲ့ ရိုဟင်ဂျာဆိုတာ ရခိုင်ပြည်နယ်မှာ သန်းချီလို့ရှိမှန်း လေ့လာပြီးသိခဲ့တာပါ..။ ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ခွဲတွေ အနေနဲ့....

၁။အမည်နာမ ဆင်းသက်ပုံနဲ့ ၄င်းတို့ရဲ့ ပကတိအခြေအနေ
၂။မြန်မာများရဲ့ ခံစားချက်၊ ခံယူချက်
၃။အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ နောက်အလားအလာ၊ လိုအပ်ချက်
၎။၎င်းတို့တည်ရှိမှုကြောင့် ဖြစ်ပေါ်လာမည့် ဆင့်ပွား ပြဿနာများ နဲ့ ဖြေရှင်းနည်း


၁။အမည်နာမ ဆင်းသက်ပုံနဲ့ ၄င်းတို့ရဲ့ ပကတိအခြေအနေ

အမည်နာမအားဖြင့် ရိုဟင်ဂျာကို ပရော်ပါဂန်းလုပ်နေကြတဲ့ နိုင်ငံတကာရှိ မီဒီယာအဖွဲ့အစည်းအားလုံးကတော့ ရခိုင်ဘာသာစကားမှ ဆင်းသက်တယ်လို့ ပြောကြပါတယ်..။ ဒါပေမယ့် ဒါက ဘင်္ဂလားဒေ့ရှ်ဘာသာစကားဖြစ်တဲ့ ဘင်္ဂလီဘာသာစကားကနေ ဆင်းသက်တာကို တွေ့ရှိရပါတယ်..။ ရိုဟင်ဂျာဆိုတဲ့ ဘင်္ဂလီစကားရဲ့ အဓိပ္ပာယ်ဟာ (နယ်ခြားတပါးမှ ပြန်လာခဲ့သူ) လို့ အနက်ရတယ်ဆိုပါတယ်..။ ပြန်လာတယ်ဆိုတာ (Come Back) ပါ..။ ဒါကို ထပ်ရှင်းလင်းဖို့ မလိုဘူးထင်ပါတယ်...။ ဒါကြောင့် မြန်မာတိုင်းရင်းသား မဟုတ်ဘူးလို့ ပထမအချက်အနေနဲ့ ဆိုနိုင်ပါပြီ..။

နောက်ဒုတိယအချက်အနေနဲ့ သမိုင်းမှာ ဗမာနဲ့ ရခိုင်တွေ စစ်ဖြစ်တယ်..၊ ရခိုင်နဲ့ ဘင်္ဂလားတွေ စစ်ဖြစ်ပါတယ်..။ ဘယ်မှတ်တမ်းမှတ်ရာများမှာမှ ဒီ ရိုဟင်ဂျာတွေ ကို မတွေ့ရပါ..။ အဲ့ခေတ်ကိုကျော်လွန်ပြီး အင်္ဂလိပ်-မြန်မာစစ်တွေ ဖြစ်ချိန်မှာလည်း မတွေ့ဖူးပါ..။ ခုမှ အတင်းဇွတ်ထည့်ချင်ဇောနဲ့ စစ်သူကြီး မဟာဗန္ဓုလ(ခေါ်) မောင်ရစ်ကို ရိုဟင်ဂျာဖြစ်ခိုင်းလို့ မရပါ..။ မဟာဗန္ဓုလဆိုတဲ့ ပါဠိဘွဲ့အမည်ဟာ ဗုဒ္ဓဘုရားဟော ဇာတ်တော်တွေထဲမှာပါဝင်တဲ့ အိန္ဒိယကနေ ဆင်းသက်လာတဲ့ ဘွဲ့အမည်နာမသာဖြစ်ပါတယ်..။

ပကတိအခြေအနေအရ သူတို့လိုလားတောင်းဆိုနေတဲ့ နိုင်ငံသား၊ တိုင်းရင်းသားဖြစ်ရေးအတွက် ကြည့်ရအောင်..။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ခေါင်းဆောင်နိုင်ငံတွေဖြစ်ကြတဲ့ ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ သြစတေးလျနဲ့ ကျန် ဥရောပခေတ်မှီနိုင်ငံတွေရဲ့ နိုင်ငံသားဖြစ်ခွင့် ဆိုင်ရာလုပ်ထုံးလုပ်နည်းနဲ့ ဥပဒေသတ်မှတ်ချက်တွေကို လေ့လာကြည့်ကြပါ..။ ပထမဆုံးအချက်ကတော့ သူတို့ဆီမှာ နိုင်ငံသားဖြစ်ချင်ရင် သက်ဆိုင်ရာနိုင်ငံတွေက ရုံးသုံးဘာသာစကားကို တတ်မြောက်ကြရပါ့မယ်..။ ရိုဟင်ဂျာတွေ မြန်မာစကားမပြောပါနဲ့၊ နီးစပ်တဲ့ ရခိုင်ဘာသာစကားတောင် ပြောတတ်တဲ့လူ ခပ်ရှားရှားဆိုတာ တွေ့ဖုးသူတိုင်းသိပါတယ်..။ လာဘ်ထိုးကောင်းလို့ မြေပြန့်ဒေသများအထိ ခိုးဝင်လာသူတွေကိုယ်တိုင် မြန်မာစကားကို မတတ်ကြပါဘူး..။ မြန်မာပြည်မှာ တိုင်းရင်းသားပေါင်းစုံရှိသလို နိးစပ်ရာ ဘာသာစကားကို အနေနီးလို့ တတ်မြောက်ကြတဲ့ လူမျိုးခြား၊ ဘာသာခြား နိုင်ငံသားတွေ အများကြီးရှိပါတယ်..။ ဒါပေမယ့် ခုလို လူသန်းသိန်းချီပြီး နီးစပ်ရာ ဘာသာစကားကို မတတ်မြောက်တာဟာ သူတို့ကိုယ်တိုင်ကိုက မြန်မာတိုင်းရင်းသားတွေနဲ့ မနီးစပ်ဘူးဆိုတာ ရှင်းရှင်းကြီး ပြသနေတော့ တာပါပဲ..။

လက်ရှိအခြေအနေအရ လေ့လာကြည်သလောက် ရိုဟင်ဂျာဆိုတာ မုန်းဖို့ကောင်းလှသလို၊ သနားဖို့လည်းကောင်းပါတယ်..။ မုန်းတာက သမိုင်းလိမ်ပြီး မြန်မာတွေကို နှိပ်စက်လို့ပါ..။ သနားစရာကောင်းတာက သူတို့တွေမှာ အိပ်၊စား၊ကာမ ကလွဲရင် ကျန်တဲ့လူ့တန်ဖိုးမရှိပါ..။ မိန်းခလေးတွေ ၁၂ နှစ်သားနဲ့ အိမ်ထောင်ပြုကြပါတယ်..။ အဖေ့မိန်းမကို အဆင်ပြေရင်သားက ပေါင်းသင်းလို့ ရသလို ချွေးမတစ်ယောက်ယောက်ကိုလည်း ယောက္ခထီးက ခြေတော်တင်တယ်ဆိုတာ အဆန်းမဟုတ်တဲ့ အထိ အောက်ကျနေတဲ့ ယဉ်ကျေးမှုစနစ် ထွန်းကားတဲ့ လူ့အသိုင်းအဝိုင်းပါ..။  ယောကျာ်းတစ်ယောက်အနေနဲ့ မိန်းမ လေးယောက်ထိ တရားဝင်ယူနိုင်ပါတယ်။ စားသောက်ရေးနဲ့ ဘဝရပ်တည်မှုကို ဘာအာမခံချက်မှ မရှိဘဲ ဖြစ်သလိုရုန်းကန်နေထိုင်ပါတယ်..။ မိတ်ဆွေတစ်ယောက်ပြောသလို သူတို့တွေမှာ ဖန်ရှင်နှစ်ခုပဲ ရှိပါတယ်..။ ပြေးဖို့နဲ့ မွေးဖို့ပါ..။ ပြန်လာတဲ့ ဆရာဝန်တစ်ယောက်နဲ့ တွေ့လို့ ပြောပြတာမှာတော့ အင်မတန်မှ နှိမ့်ကျတဲ့ နေထိုင်မှုပုံစံနဲ့ ရောဂါဘယထူပြောခြင်းအပြင်၊ ဘာသာစကားမတတ်၊ ပညာမသင်ကြားဘဲ ဖြစ်သလို လေလွင့်နေထိုင်သူတွေ လို့ သိရပါတယ်..။ ကျွန်တော်တို့ စိုးရိမ်ရမယ့် အချက်က လူဦးရေ ပေါက်ဖွားနှုန်းပါ..။ အင်မတန့်အင်မတန်မှ မြင့်မားတဲ့ တိုးနှုန်းဆိုတာ မမေ့စေချင်ပါဘူး..။ ၁၂နှစ်သမီးနဲ့ လင်ယူသားမွေးတဲ့ မိန်းမတစ်ယောက်ရဲ့ မွေးဖွားနှုန်းကို တွေးကြည့်ပါ..။ ဒါကို လေးဆမြှောက်ပါ..။ ကမ္ဘာမှာ အမြင့်မားဆုံး လူဦးရေတိုးတက်နှုန်းကို တွေ့ရပါမယ်..။ ဒီအတွက် အိမ်ထောင်ဦးစီးယောကျာ်းတွေ ဘယ်လိုရုန်းကန် ကျွေးမွေးသလဲဆိုတာ ကျွန်တော် စဉ်းစားမတတ်တော့ပါ..။

၂။မြန်မာများရဲ့ ခံစားချက်၊ ခံယူချက်

မြန်မာတိုင်းရင်းသားများအနေနဲ့ ခေတ်အဆက်ဆက်မှာ လူမျိုးခြားဘာသာခြားတွေနဲ့ ထိတွေ့မှုတွေ ရှိခဲ့ကြပါတယ်..။ ဒါပေမယ့် ကိုယ့်ကိုမထိခိုက်သ၍တော့ ဒီလူမျိုးခြားတွေဘာသာခြားတွေ အပေါ်မှာ ဘယ်လိုမှ သဘောမထားကြပါဘူး..။ ဒါက အစိုးရနဲ့ မဆိုင်တဲ့ ပြည်သူတွေရဲ့ ခံယူချက်သာဖြစ်ပါတယ်..။ ဒါဟာ မြန်မာတွေရဲ့ ဆန္ဒပျော့ပျောင်းမှုနဲ့ ရိုးသားမှုပါ..။ ဒီရိုးသားမှုပေါ် အရင်းတည်ပြီး မဆိုင်တဲ့ နိုင်ငံခြားသားတွေက သမိုင်းလိမ်ပြီး တိုင်းရင်းသားဖြစ်အောင် ဝိုင်းညာကြတာကို မြန်မာတွေ ခံပြင်းဒေါသဖြစ်ပါတယ်..။ ရခိုင်တိုင်းရင်းသားများအတွက်ဆို ဆိုဖွယ်မရှိတော့ပါဘူး..။ ကိုယ်ချင်းစာနိုင်ပါတယ်..။

တဖက်မှာတော့ ဒီအမှန်တရားဟာ မြန်မာမူဆလင်များအနေနဲ့တော့ လက်ခံဖို့ခက်ခဲနေခဲ့ပါတယ်..။ ကိုရမ်ကျမ်းအရတော့ မူဆလင်အချင်းချင်း စောင့်ရှောက်ကူညီရမယ်ဆိုတာ ပါပါတယ်..။ ဒီအချက်ဟာ မြန်မာမူဆလင်များ အတွက် တကယ့်ပြဿနာ ကြီးပါ..။ မြန်မာမူဆလင်ဆိုတာကလည်း အသွင်အပြင်၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုချင်းမှာလည်း ကျန်မြန်မာတိုင်းရင်းသားများနဲ့ လုံးဝမသက်ဆိုင်ပါဘူး..။ သူတို့တွေရဲ့ မုတ်ဆိတ်ရှည်ထားခြင်း၊ ဗလီတက် ခေါင်းဆောင်းဆောင်းခြင်း၊ အသွင်ခြားနားတာအပြင် ဘာသာစကားအားဖြင့်လည်း အာရဘီဘာသာစကားကို ပြောဆိုခြင်းတို့ကို သဘောထားကြီးကြီနဲ့ မြန်မာတွေက ဆက်ဆံနားလည်ပေးပါတယ်..။ သူတို့အနေနဲ့ရော နားလည်ပေးနိုင်မလားဆိုတာက မြန်မာတွေရင်ထဲ မှာ ရှင်းမရတဲ့ သံသယပါ..။ သူတို့အနေနဲ့ မြန်မာတွေနဲ့ အတူတူ ဘာသာတူ(လူမျိုးလည်း နီးစပ်)တဲ့ ဒီရိုဟင်ဂျာတွေဆန့်ကျင်ဖို့ နိုင်ငံသား တာဝန်ကို လက်တွဲမလား ဆိုတာက အင်မတန် နားလည်ရခက်တဲ့ ကိစ္စကြီးလို့ မြန်မာတွေ ယူဆကြပါတယ်..။ ဒီလိုသံသယတွေကို ဖြေဖြောက်ဖို့ ဆိုတာက မြန်မာပြည်သား မူဆလင်တွေမှာ အများကြီး တာဝန်ရှိနေပါတယ်..။ အင်ဒို၊ မလေးဆိုတာ မူဆလင်နိုင်ငံဖြစ်ပေမယ့် လမ်းပေါ်မှာ မူဆလင်အမျိုးသမီးတွေ ခေါင်းမြှီးခြုံပြီး သွားလာကြတာ မရှိသလောက်ဆိုတာ သိတဲ့လူတိုင်း သိကြပါတယ်..။ ဒီအချက်နဲ့ ယှဉ်ထိုးကြည့်ပြီး ဆင်ခြင်ကြစေလိုပါတယ်..။ လိုအပ်ချက်အရ အပြောင်းအလဲကို လက်သင့်ခံပြီး ပြောင်းလဲစေချင်ပါတယ်..။ မြန်မာမူဆလင်တွေ ကိုလည်း မြန်မာတွေလို့ပဲ မြင်ချင်တာ မြန်မာတွေရဲ့ အရိုးခံစိတ်ဓါတ်ပါ..။

၃။အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ နောက်အလားအလာ၊ လိုအပ်ချက်

အစိုးရဟာ စစ်အာဏာရှင်ကို အသွင်ပြောင်းလဲပြီး အရပ်သားအသွင်ယူထားတာ မှန်ပေမယ့် လက်တလော နိုင်ငံတကာမှာ သူ့ပုံရိပ်ကို မြင့်တင်ချင်တဲ့ ဆန္ဒရှိနေတာက ဒီပြဿနာမှာ အခက်အခဲရှိစေပါတယ်..။ ဦးနေဝင်း၊ ဦးသန်းရွှေလို အာဏာရှင်တွေ လက်ထက်မှာ ပြည်တွင်းလက်နက်ကိုင် (မုဂျာဟစ်တွေအပါအဝင်)နဲ့ ပြည်တွင်းဆန္ဒပြဆူပူမှု တွေကို ပြတ်ပြတ်သားသား ပစ်ခတ်တိုက်ခိုက်နှိမ်နှင်းခဲ့ပေမယ့် လက်ရှိ အစိုးရကတော့ ဒီလောက်တင်းမာတဲ့ ပြတ်သားတဲ့ ကိုင်တွယ်မှုကို မကျင့်သုံးနိုင်ပါဘူး..။ ဒါကလည်း သူ့အခက်အခဲပါ..။ ကျွန်တော့အနေနဲ့လည်း ပြတ်ပြတ်သားသားကိုင်တွယ်တာကို လိုလားပါတယ်..။

တဖက်မှာ ဖြေရှင်းနည်းတော့ ရှိပါတယ်..။ လူုကြီးလူကောင်းဖြေရှင်းနည်းပေါ့..။ ဒီဘင်္ဂလီတွေကို ရိုဟင်ဂျာနာမည်နဲ့ ဆက်ထားမယ်..။ သတ်မှတ်ထားတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ထားမယ်..။ နယ်ကျော်နေထိုင်ခွင့်နဲ့ ဖြတ်သန်းခွင့်တွေကို စစ်တပ်နဲ့ စောင့်ကြည့်ပြီး ထိန်းချုပ်မယ်..။ ဒီလူတွေအတွက် တာဝန်ယူမှာက ကုလသမဂ္ဂလို အဖွဲ့ကြိးတွေ၊ နိုင်ငံတကာ INGO တွေက ပိုက်ဆံတွေနဲ့ ကြည့်ရှုစောင့်ရှောက်ပါ..။ နောက် နယ်စပ်ဖြတ်ကျော်ပြီး မဝင်လာအောင်လည်း တင်းကြပ်ရပါမယ်..။ ကမ္ဘာအရပ်ရပ်က လူသားချင်းစာနာထောက်ထားတဲ့ တတိယနိုင်ငံတွေက ဒီရိုဟင်ဂျာအမည်ခံတွေကို ဒုက္ခသည်များအနေနဲ့ ခေါ်ယူနိုင်ပါတယ်..။ (ကျွန်တော်တော့ မထင်ပါ.. လေသံကောင်းသာပေးကြမယ်..။ သူတို့ဆီလက်ခံဖို့ဆိုရင် စည်းမျဉ်းစည်းကမ်းနဲ့ မညီလို့ဆိုပြီး လှစ်လျှူရှုကြမယ်လို့ပဲ မြင်ပါတယ်..)

ဒီမှာစိုးရိမ်ရတာတစ်ချက်က အကြမ်းဖက်မှုအန္တရာယ်ပါ..။ ငတ်ပြတ်နှိမ့်ကျတဲ့ အသိုင်းအဝိုင်းမှာ အကြမ်းဖက်သမားတွေက အလွယ်တကူပဲ စည်းရုံးနိုင်ပါတယ်..။ အခုလည်း အယ်လ်ကိုင်ဒါနဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်သမားတွေက ရိုဟင်ဂျာတွေနဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေ မှာ စနစ်တကျထိုးဖောက်တိုးဝင်နေတယ်ဆိုတာ သိနေကြပါပြီ..။ဒါက အလွန်မှ မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိပါတယ်..။ ကမ္ဘာ့အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ခြေကုပ်ယူရာအဖြစ် မြန်မာနိုင်ငံကို အဖြစ်မခံလိုတာ မြန်မာအားလုံးရဲ့ ရိုရှင်းတဲ့ ပင်ကိုယ်ဗီဇ အတွေးအခေါ်ပါ..။

စကားစပ်မိလို့ ပြောချင်တာက လွှတ်တော်အမတ်တွေအနေနဲ့ ဘင်္ဂလီတစ်ဖြစ်လဲ တွေက လွှတ်တော်ထဲအထိ နေရာယူသွားတာပါ..။ ကြံခိုင်ရေးပါတီအနေနဲ့ရော လွှတ်တော်အနေနဲ့ပါ.. ဒီကိစ္စကို ပြန်လည်ပြီး စစ်ဆေးသုံးသပ်စေချင်ပါတယ်..။ လွှတ်တော်အမတ် အဖြစ်ကနေပြီး ထုတ်ပယ်တာနောက်မှာ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေများအရပါ အရေးယူသင့်လှပါတယ်..။ နိုင်ငံကို ဒီမိုကရေစီနည်းကျ မောင်းနှင်ဖို့အတွက် အချုပ်အခြာအာဏာကို သုံးပါးအဖြစ်ခွဲဝေရာမှာ ဒီလို လိမ်ညာပြီး ဥပဒေပြုမဏ္ဍိုင် ထဲအထိ ရောက်လာတာဟာ အချုပ်အခြာအာဏာကို ချိုးဖောက်ရာကျသလို၊ တစ်ဖက်ကလည်း ကြံခိုင်ရေးပါတီအနေနဲ့ အင်မတန်မှ သိက္ခာမဲ့တဲ့ လုပ်ရပ်လို့လည်း စွပ်စွဲရပါမယ်..။ နိုင်ငံရဲ့ အချုပ်အခြာအာဏာတည်တံခိုင်မြဲရေးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အဓိကတာဝန်သုံးရပ်ထဲက တစ်ရပ်ဖြစ်သလို၊ ကြံခိုင်ရေးပါတီရဲ့ ပြည်သူတွေကိုပေးအပ်ထားခဲ့တဲ့ ဂတိငါးချက်မှာလည်း ပါပါတယ်..။

၎။၎င်းတို့တည်ရှိမှုကြောင့် ဖြစ်ပေါ်လာမည့် ဆင့်ပွား ပြဿနာများနဲ့ ဖြေရှင်းနည်း

ဘယ်နွားခြံထဲကိုမှ ကျားကိုသနားလို့ဆိုပြီး ညအိပ်မသွင်းပါဘူး..။ အကြမ်းဖက်အန္တရာယ်ရှိတဲ့ လူအုပ်စုအနေနဲ့ပဲဖြစ်ဖြစ်၊ ဖွံ့ဖြီုးဆဲနိုင်ငံတစ်ခုက စီးပွားရေးအခြေအနေနဲ့ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားနိုင်ငံသားတောင်းဆိုနေတဲ့ လူလိမ်တွေအနေနဲ့ပဲဖြစ်ဖြစ် ဒီဘင်္ဂလီတွေဟာ ကျွန်တော်တို့ရဲ့ အန္တရာယ်ပါ..။ ဒီသုံးချက်မှာ ဘယ်ရှုထောင့်ကပဲ ကြည့်မယ်ဆိုရင်ကို အင်မတန်မြင့်မားနေတဲ့ လူဦးရေပေါက်ဖွားနှုန်းနဲ့ လူမျိုးရေ့းနှိမ့်ကျမှုတွေဟာ မျိုးဆက်တစ်ဆက်မပြောပါနဲ့ နောင်လေးငါးဆက်တိုင်အောင် ရှင်းမရနိုင်တဲ့ ပြဿနာကြီးတွေ (ဥပမာအားဖြင့်- HIV / AIDS နှင့် ကာလသားရောဂါများ၊ ကုသရန်ခက်ခဲသော ကူးစက်ရောဂါများ) ကလည်း ထည့်သွင်းစဉ်းစားရမယ့် ကိစ္စတွေပါ..။

ဒီလူတွေကို လက်မခံချင်လို့ သတ်ပစ်ပါဆိုတော့လည်း လူမျိုးသုဉ်းသတ်ဖြတ်တဲ့ ပြစ်မှုကြီးကလည်း ရှိနေပါတယ်..။ မြန်မာတွေဟာ နာဇီလူသတ်သမားတွေ မဟုတ်ကြပါဘူး..။ ခက်တာက တစ်ဖက်မှာလည်း အထက်မှာပြောခဲ့သလို ကိုယ့်ကို အကြမ်းဖက်သတ်ဖြတ်မယ့် အန္တရာယ်၊ လူဦးရေနဲ့ ဖိမယ့်အန္တရာယ်၊ နှိမ့်ကျတဲ့ ယဉ်ကျေးမှုအန္တရာယ်တွေကလည်း ရှိနေပါတယ်..။

နီးစပ်နေထိုင်ကြတဲ့ ရခိုင်နဲ့ ဗမာတိုင်းရင်းသားတွေအပေါ် အချိန်မရွေးကျရောက်လာနိုင်တဲ့ အကြမ်းဖက်သတ်ဖြတ်လုယက်မှုတွေ၊ လူဥိးရေအားကိုးနဲ့ နှိပ်စက်လာနိုင်ခြေတွေကိုပါ ထည့်သွင်းတွက်ချက်ကြမယ်ဆိုရင် ကြောက်မခမ်းလိလိပါပဲ..။ ဒီအတွက် ဆိုင်ရာတာဝန်ရှိသူ လူကြိးမင်းများအနေနဲ့ ပကတိအခြေအနေတွေကို မျက်မှောက်ပြုပြီး အတင်းကြပ်ဆုံးကိုင်တွယ်ဖြေရှင်းဖို့နဲ့ အထက်ကဆိုခဲ့သလို တတိယနိုင်ငံတွေကို ရောက်ဖို့ စနစ်တကျပို့ဆောင်ရေးအပါအဝင်၊ အခြားအခြားသော နောက်ကို မလွဲမသွေကို ပေါ်ပေါက်လာမယ့် ပြဿနာများ အတွက်ကတော့ စစ်တပ်နဲ့ ထိန်းချုပ်ပြီး ကွပ်ကဲဖို့ကလွဲရင် အခြား ထိန်းချုပ်နည်း မမြင်ပါဘူး..။ ထိုင်းရေတပ်ဗိုလ်ချုပ်ပြောခဲ့တဲ့  .. လက်ခံချင်တဲ့ နိုင်ငံရှိရင် ခေါ်ကြပါဆိုတာ မလွန်ပါဘူး..။ ဒီလိုဆိုရင် သူတို့မှ ထွက်ပေါက်သုံးခုပဲ ရှိပါတယ်.. ဘင်္ဂလားဒေ့ရှ်ထဲ ပြန်ပြေးမလား...၊ ပင်လယ်ထဲ လှေလှော်ထွက်မလား..၊ တတိယနိုင်ငံတွေက လက်ခံသလောက် သွားကြမလားဆိုတာပါ..။

အယဉ်ကျေးဆုံးနည်းကတော့ အပေါ်မှာ ဆိုခဲ့သလို မြန်မာတွေက စခန်းလက်ခံဖွင့်ပေးမယ်(ထိုင်းက မြန်မာဒုက္ခသည်စခန်းများနည်းတူ) လိုချင်တဲ့လူရှိရင်၊ လက်ခံမယ့်သူရှိရင် လာခေါ်ထုတ်သွားကြပါ..။ အကျွေးအမွေး၊ အစောင့်ရှောက်ကတော့ UN နဲ့ INGO တွေတာဝန်ယူပါ..။ နယ်ကျော်မထွက်ဖို့နဲ့ အဓိကရုဏ်းဆိုပြီး ပြဿနာမရှာဖို့က စစ်တပ်နဲ့ တင်းကြပ်စွာ ကိုင်တွယ်ထိန်းသိမ်းဖို့ပါပဲ..။


အားလုံးပဲ စဉ်းစားဆင်ခြင်နိုင်ကြဖို့ ဒီစာကို ကိုယ့်တစ်ကိုယ်ရေ အမြင်အတိုင်းရေးပါတယ်..။ အမြင်ကွဲလွဲတာတွေ ရှိနေမှာကိုလည်း လက်ခံနားလည်ပါတယ်..။ ကျေးဇူးတင်ပါတယ်..။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...