Friday, June 29, 2012

မြန်မာနိုင်ငံတွင် တစ်ခုတည်းသော Fibroscan မောင် (ဆေးတက္ကသိုလ်)

by စာကြည့်တိုက်(ရွှေအိမ်စည်စာပေဒါနပြုပါသည်) on Thursday, June 28, 2012 at 11:08pm ·
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးရဲ့ ခန့်မှန်းချက် အရ ကမ္ဘာ့ လူဦးရေရဲ့ ၃ ရာခိုင်နှုန်းဟာ အသည်း
ရောင် အသားဝါ B ပိုး ကူး စက် ခံထားရပြီး လူဦးရေ သန်း နှစ်ထောင်ခန့်ဟာ အသည်းရောင်
 
အသားဝါ B ပိုး ကူးစက် ခံထားရ သူတွေ ဖြစ်ကြပါ တယ်။ ယနေ့ ကမ္ဘာကြီးမှာ လူပေါင်း သန်း
၃၅၀ ကျော် ဟာ ဘဝ တစ်သက်တာလုံး ခံစား သွားရမယ့် နာတာရှည် အသည်း ရောဂါ တွေ ခံစား
နေကြရတယ်လို့ ဆိုပါတယ်။ နာတာရှည် အသည်းရောင် ရောဂါ အဖြစ် ကူးပြောင်း သွားနိုင်သည့်
အလား အလာ ရှိသော အခြားသော အသည်းကျန်းမာရေး ပြဿနာများ ထဲမှာ အရက် တာရှည် သောက်သုံး နေသူတွေ၊ အသည်း အဆီပြင်ဖုံးနေသူ တွေလည်း ပါပါ တယ်။

သူတို့မှာ နာတာရှည် အသည်း ပြဿနာ ရှိ၊ မရှိ
သိထားဖို့ လိုပါတယ်။ နာတာ ရှည် အသည်း ကျန်းမာရေး ပြဿနာ ရှိသူတွေကို ရောဂါ
အခြေအနေ ဘယ်အဆင့် ရောက်နေပြီ ဆိုတာ သိဖို့နဲ့ ကုသမှု ပေးတဲ့ အခါ စောင့်ကြပ် ကြည့်ရှု
ထိန်းသိမ်းခြင်း ပြုလုပ်မှုဟာ အလွန်ကို လိုအပ် ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နာတာ ရှည်
အသည်း ရောဂါများရဲ့ ဖြစ်စဉ်က Fibrosis ခေါ် အသည်း တစ်သျှူးများ အမာရွတ်
ဖြစ်လာမယ်။ သို့မဟုတ် မာခဲလာ မယ်။ အဲဒီနောက် အသည်း ခြောက်ခြင်း Cirrhosis အဆင့်ကို
ရောက်လာမယ်။ ပြီးတော့ အသည်း ကင်ဆာ အဖြစ် ပြောင်း သွားနိုင်လို့ ဖြစ်ပါတယ်။

ဒါပေမယ့် ကံအား လျော်စွာလို့ပဲ ပြောနိုင်တာ ကတော့ အပြင်ပန်းမှာ ရောဂါ လက္ခဏာတွေ
မပြပေမယ့် အသည်း ကျန်းမာရေး ပြဿနာ ရှိနေနိုင်တဲ့ လူများကို Fibrosis အဆင့်
ရောက်နေပြီလား ဆိုတာ စမ်းသပ် စစ်ဆေး နိုင်ပြီး ဆက်လက်ပြီး ဆိုးမသွားအောင်
ဆရာဝန်များက ထိန်းသိမ်း ပေးနိုင်ခြင်း ပါပဲ။ လူတစ်ယောက်ရဲ့ အသည်း မှာ Fibrosis
ဖြစ်နေပြီလား ဆိုတာ လူနာအား မနာမကျင်စေဘဲ၊ သွေးဖောက် တာမျိုးလဲ လုပ်စရာ မလိုဘဲ
အမြန်ဆုံး စစ်ဆေး စမ်းသပ် နိုင်တဲ့ နည်းကတော့ Fibroscan Test ဖြစ်ပါတယ်။

 
Fibroscan Test လုပ်ဖို့အတွက် Fibroscan လို့ ခေါ်တဲ့ စက်နဲ့ စမ်းသပ် ရပါတယ်။ Fibroscan
စက်ကို မြန်မာနိုင်ငံ အတွင်း ပထမဦးဆုံး တပ်ဆင်ခဲ့တဲ့ SML (Shwegonedine Medical
Laboratory) အဆင့်မြင့် ရောဂါ ရှာဖွေရေးနှင့် အထူးကု ဆေးခန်းသို့ သွားရောက် လေ့လာခဲ့
ပါတယ်။ Fibroscan စက်ကို လက် တွေ့မြင် တွေ့ခဲ့ရပြီး အဲဒီစက် အကြောင်းနဲ့
ပတ်သက်ပြီး အထူးကု ဆရာဝန်ကြီးများက ဆွေးနွေး ရှင်းလင်း ပြသခဲ့တာ ကိုလည်း မှတ်သားခွင့်
ရခဲ့ပါတယ်။ ဒီစက်ရဲ့ လုပ်ဆောင်ပုံ ကတော့ အယ်လ်ထရာဆောင်း စက်၏ သဘော
တရား အတိုင်း ပါပဲ။ အသည်း ရှိတဲ့ နေရာကို ညာဘက် ရင်ဘတ်ဘေး တစ်နေရာ ကနေ
အသံလှိုင်းများကို Probe တစ်ခုနဲ့ ထိပြီး လွှတ်လိုက်တယ်။ ပြန်လာတဲ့ အသံလှိုင်းများကို
ဖမ်းယူပြီး ကွန်ပျူတာမှ တစ်ဆင့် အချက်အလက် များကို ပြောင်းယူ လိုက်တယ်။

အသည်း
အတွင်း တစ်သျှူးများ၏ Elasticity ရုန်းပြန် နိုင်မှု အခြေအနေကို ပုံဖော် ယူကြည့်ခြင်း
(Elastography) ဖြစ်တယ်။ အသည်းမှာ ရောဂါကြောင့် Elasticity ပျက်စီးပြီး မာခဲမှု (fibrosis)
ဖြစ်လာရင် အသံလှိုင်းများ တုံြ့ပန်မှုက ပြောင်းလဲ သွားတယ်။ အဲဒါကို ကြည့်ပြီး Fibrosis
အဆင့်တွေကို သတ်မှတ် ကြည့်ခြင်း ဖြစ်ပါတယ်။ စက်နဲ့ စမ်းသပ်တဲ့ အခါ အသံလှိုင်းကို
ဆယ်ကြိမ်လောက် လွှတ်ပြီး ပြန်ဖမ်းယူတယ်။ အဲဒီ ထဲကမှ Medium အလယ်အလတ်
ပျမ်းမျှနှုန်းကို ယူပြီး အသည်းရဲ့ မာခဲမှု (Stiffness value) ကို ဖော်ပြခြင်း ဖြစ်တယ်။ ယူနစ် အဖြစ်
ကီလိုပါ စကယ်လ် (KPa) နဲ့ ဖော်ပြတယ်။ ၁.၅ KPa ကနေ ၇၅ KPa အထိ ရှိပြီး
သက်ဆိုင်ရာ ရောဂါ အလိုက် အဆင့် များကို အဆင့် (၁) ကနေ (၄) အထိ သတ်မှတ်ထားပြီး
အဆင့် (၄) ဆိုရင်တော့ အသည်းခြောက်ခြင်း (Cirrhosis) အဆင့် ရောက်နေခြင်းဖြစ်တယ်။

ဥပမာ အသည်းအဆီ ဖုံးတဲ့ ရောဂါ အတွက် အဆင့်များ သတ်မှတ်ပုံနှင့် အရက်
သောက်လို့ ဖြစ်တဲ့ Fibrosis သတ်မှတ်ပုံခြင်း မတူပါ။ ထိုနည်းတူ အသည်းရောင် အသားဝါ
B ပိုး၊ C ပိုးနဲ့ HIV ပိုးရှိပြီး တွဲလျက် ရှိနေသော C ပိုး ရောဂါ စသည်တို့ အတွက် Fibrosis အဆင့်
သတ်မှတ်ပုံ တွေကလည်း တစ်ခုနဲ့ တစ်ခု မတူပါဘူး။

နမူနာအားဖြင့် အရက်သောက်တဲ့ လူတစ်ယောက်ဟာ အဆင့် (၃) ရောက်နေပြီ ဆိုရင် နောင် မကြာခင်မှာ အသည်းခြောက်ရောဂါ Cirrhosis လို့ ခေါ်နိုင်မယ့် အဆင့် (၄) ကို ကူးပြောင်း သွားတော့မယ်
ဆိုတာကို ပြတယ် ဟူ၍ အရက် သောက်သည့် လူနာ တစ်ဦးအား Fibroscan ဖြင့် လက်တွေ့
စမ်းသပ် ပြရင်း ဓာတ်မှန် ဘက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ
လင်းထွန်းထွန်းက ရှင်းပြ ပါတယ်။ Fibroscan လုပ်တာဟာ မိနစ် ပိုင်းမျှ သာ ကြာပါတယ်။ လူနာ
အနေနဲ့ ရိုးရိုး အယ်လ်ထရာဆောင်း ရိုက်သလိုပဲ တွေ့ကြုံ ခံစား ရပါတယ်။

ဘာမျှလည်း အထူး ပြင်ဆင်စရာ မလိုပါ။ နာကျင်မှုလည်း မရှိပါ။ ရေဖျဉ်းစွဲ (Ascites) ရှိနေသူနဲ့
ကိုယ်ဝန်ရှိ နေသူ ဖြစ်ရင်တော့ ရိုက်လို့ မရပါဘူးတဲ့။ အသည်းအထူးကု ဆရာဝန်ကြီး
ပါမောက္ခ ဒေါက်တာ ဦးသံစစ်နဲ့လည်း ဆွေးနွေးခွင့် ရခဲ့ပါတယ်။ အသည်းရဲ့ Fibrosis မာခဲမှု
အခြေအနေကို သိဖို့အတွက် အကောင်းဆုံး Gold standard ကတော့ Liver Biopsy
(အသည်းမှအသားစယူခြင်း) ပဲပေါ့။ ဒါပေမယ့် သိတဲ့အတိုင်း အသည်း အသားစယူ
တယ်ဆိုတာက ထုံဆေး ထိုးရတယ်။ အသည်းရှိတဲ့ နေရာကို အပ် အရှည်ကြီးနဲ့ ထိုးသွင်းပြီး
အသည်းစကို ယူရတယ်။ အသေးစား ခွဲစိတ်မှု minor surgery ဖြစ်တော့ လူနာတွေက
မလုပ်ချင်ကြဘူး။ ဘေးထွက် ဆိုးကျိုး တွေလည်း ရှိသေးတယ်။

ဒီနည်းကို အစားထိုး အသုံးပြုဖို့
 
အတွက်တော့ Fibroscan က အကောင်းဆုံးပါပဲ။ အသည်းရောင် အသားဝါ B ပိုး၊ C ပိုး ရှိတဲ့
လူတွေအား စမ်းသပ် စစ်ဆေး ကုသရာမှာ ပိုးအမျိုးအစား၊ ပိုးကောင် အရေအတွက်၊
အသည်း အင်ဇိုင်း တွေကို သွေးဖောက် ယူပြီး စမ်းသပ် စစ်ဆေး ရတာ ရှိတယ်။ တစ်ခါ တလေ
ကျတော့ အသည်း အင်ဇိုင်းတွေ မတက်သေး ဘဲနဲ့ အသည်းရဲ့ အခြေအနေက Fibrosis
ဝင်နေတာတွေ ရှိတယ်။ Fibrosis ဝင်နေပြီလား ဆိုတာ သိဖို့ အတွက် Liver biopsy ကလည်း
မလုပ် လိုကြဘူး ဆိုရင် Fibroscan နဲ့ စမ်းသပ် ရိုက်ပြီး ဆုံးဖြတ် နိုင်တဲ့ အတွက်
အများကြီး အထောက်အကူ ပြုပါတယ် လို့ ပြောပြသွားခဲ့ ပါတယ်။

အထက်မှာ ဖော်ပြ ခဲ့သော
အသည်း ကျန်းမာရေး ပြဿနာများ အပြင် ဆီးချို သွေးချို ရောဂါ တာရှည်
လာလျှင်လည်း Fibrosis ဝင်တတ်တဲ့ အတွက် Fibroscan နဲ့ စမ်းသပ် ကြည့်သင့် ပါတယ်။
အသည်း အစားထိုး ခွဲစိတ် ကုသ ခံထား ရသူတွေလည်း မကြာခဏ စမ်းသပ်သင့် ပါတယ်။
Fibroscan စက်ကို တီထွင်တဲ့ သူကတော့ ပြင်သစ်နိုင်ငံ အခြေစိုက် Echosens ကုမ္ပဏီဖြစ်ပြီး
၂၀ဝ၂ ခုနှစ် ကတည်းက စတင် စမ်းသပ် သုတေသန ပြုလုပ်ခဲ့ပြီး ၂၀ဝ၉ ခုနှစ်မှ စကာ
တရားဝင် ထုတ်လုပ် ရောင်းချ လာခဲ့ခြင်း ဖြစ်ပါတယ်။

ကမ္ဘာပေါ်တွင် Fibroscan စက်ကို
ထုတ်လုပ်တာ ဒီ ကုမ္ပဏီ တစ်ခုသာ ရှိပြီး ၂၀ဝ၉ ခုနှစ် ဧပြီလထိ စုစုပေါင်း စက်အလုံးရေ ၈၀ဝ
ကျော် ထုတ်လုပ် ရောင်းချပြီး ဖြစ်ပါတယ်။ အရှေ့တောင် အာရှ ဒေသ တစ်ခုလုံးတွင် Fibroscan
စက် ၁၀ လုံး မျှသာ ရှိသေးရာ SML ဆေးခန်းတွင် ရှိသော စက်ဟာ မြန်မာ နိုင်ငံ၏
ပထမဦးဆုံးနှင့် တစ်လုံးတည်းသော စက်ဖြစ်ပါတယ်။ Fibroscan 502 အမျိုးအစား ဖြစ်ပါတယ်။

Fibroscan 402 ဆိုတာ ကတော့ တစ်နေ ရာမှ တစ်နေရာသို့ အလွယ် တကူ
 
ရွှေ့ပြောင်းလို့ ရသော စက်အမျိုးအစား ဖြစ်ပါတယ်။ စက်ကိုင်တွယ် အသုံးပြုရေး ဆိုင်ရာနှင့်
စက်ပြုပြင် ထိန်းသိမ်းရေး ဆိုင်ရာ တို့အတွက် လေ့ကျင့် သင်တန်း ပေးမှုများကို
နိုင်ငံခြားမှ ပညာရှင်များ ကိုယ်တိုင် ပြည်တွင်းတွင် လာရောက် ပို့ချပြီး၊ အချို့သော ဝန်ထမ်း
များအား ပြည်ပသို့ စေလွှတ်၍ သင်ကြား စေပြီး ဖြစ်ပါတယ်။ ကုန်ကျ စရိတ် အနေဖြင့်
ထိုင်းနိုင်ငံမှာ Fibroscan သွား လုပ်ရင် အမေရိကန် ဒေါ်လာ ၁၅၀ လောက် ကျသင့် နိုင်ပါတယ်။
SML မှာတော့ ထို့ထက် နည်းသော နှုန်းဖြင့် ပြုလုပ်ပေးမှာဟု သိရပါ တယ်။

သက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီး များနှင့် တိုင်ပင်ပြီး အသည်း ကျန်းမာရေး အတွက် လိုအပ်
သူတိုင်း Fibroscan ရိုက်နိုင် ကြတယ်လို့ သိရပါတယ်။ ၂၀ဝ၈ ခုနှစ်တွင် ထုတ်ပြန်
ခဲ့သော ဥရောပ ဆိုင်ရာ အသည်း ရောဂါ အထူး ညီလာခံ လမ်းညွှန်ချက် များတွင်လည်း
Fibroscan ကို အသည်း ကျန်းမာရေး၌ မည်သည့် အသည်း ရောဂါ ကိုမဆို မဖြစ်မနေ စစ်ဆး
ရမည့် ယူနစ် အဖြစ် သတ်မှတ် ထားကြောင်း ဖော်ပြရင်း နိဂုံး ချုပ်လိုက် ပါတယ်။

Source : Health
Digest News Journal

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...