Tuesday, June 26, 2012

verb နှင့် ပတ်သက်သမျှ


တစ်ချို့သော verb များရဲ့ နောက်မှာ verb ထပ်ပါသေးရင် အဲဒီနောက်က verb ကို မဖြစ်မနေ -ing ထည့်ရတယ်။ ဥပမာ

enjoy = တစ်ခုခုလုပ်ရတာ ပျော်တယ် , stop = ရပ်တယ် , postpone= ရွှေ့ဆိုင်းတယ် , admit= ၀န်ခံတယ် , avoid = ရှောင်တယ် , finish = ပြီးစီးတယ် , consider = လေးလေးနက်နက် စဉ်းစားတယ် , deny = ငြင်းတယ် , risk = စွန့်စားတယ် , fancy = ကြိုက်တယ်/ တစ်ခုခုလုပ်ဖို့ စိတ်ပါတယ် , mind= တစ်ခုခုလုပ်ဖို့ ၀န်လေးတယ် )
ဥပမာဝါကျများကတော့

I enjoy reading. စာဖတ်ရတာ ကြိုက်တယ်။ ( enjoy to read လို့ မရေးရ )

I can't risk losing you . မင်းကို မစွန့်လွှတ်ရဲဘူး / လက်လွတ်မခံနိုင်ဘူး ( risk to lose လို့မရေးရ )

I don't mind going there alone. တစ်ယောက်တည်းသွားရမှာ ၀န်မလေးပါ။
(များသောအားဖြင့် mind က အငြင်းဝါကျနဲ့ သုံးတယ် ) 

Suddenly everybody stopped talking. There was silence. ရုတ်တရက် အကုန်စကားပြောတာရပ်ပြီး တိတ်သွားတယ်။ ( stopped to talk လို့ မရေးရ )

I'll do the shopping when I 've finished cleaning the flat. အိမ်သန့်ရှင်းရေးလုပ်ပြီးရင် ရှော့ပင်သွားမယ် ( finished to clean လို့ မရေးရ )

He tried to avoid answering my question. ငါ့မေးခွန်းကို သူ မဖြေဘူး ။ ( avoid to answer လို့ မရေးရ )

I don't fancy going out this evening. ဒီညနေ အပြင်ထွက်ဖို့ စိတ်မပါ ( fancy to go လို့မရေးရ )

Have you ever considered going to live in another country? တခြားတိုင်းပြည်တစ်ခုခုမှာ နေဖို့များ (လေးလေးနက်နက် ) စဉ်းစားဖူးလား ( considered to go လို့ မရေးရ )

They admitted stealing the money. အဲဒီပိုက်ဆံကို ခိုးမိကြောင်း သူတို့ ၀န်ခံခဲ့တယ် ။ ( admitted to steal လို့ မရေးရ )

I now regret saying it. အဲဒါကို ပြောမိတာ အခု နောင်တရတယ် ( regret to say လို့ မရေးရ )

အောက်ပါ verb တွေလည်း အဲလိုဘဲ သုံးရတယ်။ အဓိပ္ပါယ်ကို အင်္ဂလိပ်လိုဘဲ ရေးပေးလိုက်ပါတယ်။

give up = stop ,
put off = postpone ,
go on/ carry on = continue, keep ,
keep on = do something continuously or repeatedly

ဥပမာဝါကျများကတော့

I 've given up reading newspapers. I think it's a waste of time.
သတင်းစာဖတ်တာကို ရပ်လိုက်ပြီ။ အချိန်ကုန်လို့။

Jenny doesn't want to retire. She wants to go on working. ( carry on working )
ဂျင်နီက အလုပ်က မနားချင်းသေး။ ဆက်လုပ်ချင်သေးတယ် ။

You keep ( keep on ) interrupting when I'm talking !
ငါစကားပြောနေရင် မင်းအမြဲ ဖြတ်ဖြတ်ပြောတာဘဲ


( အတိုဆုံးနည်းနဲ့ လိုတာကိုဘဲ ပြောလိုက်တာပါ။ အသေးစိတ်တွေကို ဆက်သိချင်ရင် Raymond Murphy ရဲ့ English Grammar in Use ကို ဖတ်ပါ ။ Intermediate လောက် သေချာသိရင် အတော်အဆင်ပြေပါတယ်။ Advance ကတော့ အရမ်း အသေးစိတ်လွန်းလို့ ခေါင်းစားခံနိုင်မှ ဖတ်ပါ ။ ဒါတွေကို Intermediate နဲ့ online dictionary တို့က ref ယူထားတယ်။ အခုပြောတာတွေဟာ TOEFL ရဲ့ Grammar အပိုင်းမှာ ပါတတ်တယ်။ ဥပမာ I am considering ( to go / going abroad ) ဆိုရင် ဘာကို ရွေးမလဲ ။ အထက်မှာ ပြောလိုက်တဲ့ Rule ကို မသိရင် to go ကို မှားရွေးတတ်ကြတယ် ။ -ing နှစ်ခါ ဘာလို့ရွေးမလဲဆိုပြီးတော့လည်း ရွှေဥာဏ်တော် စူးရောက်တတ်တယ်။ အဲလိုနဲ့ဘဲ မှားကြတာပါ။ ဖတ်ရင် နားလည်မှန်းသိပေမယ့် ဒီမရေရာမှုလေးများ ပျောက်အောင် ပြောရခြင်း ဖြစ်ပါတယ်။ )


Let's call it a day. ဒီနေ့တော့ ဒီလောက်ဘဲ ။ I've postponed calling my mother and now really need to do it ! Bye

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...