Tuesday, June 26, 2012

ဒွိဟ ဖြစ်စရာ သတင်း ( ဒေါ်အောင်ဆန်းစုကြည်၏ ရိုဟင်ဂျာတွေကို နိုင်ငံသားသတ်မှတ် သင့် မသင့် အင်တာဗျူး )

မုယော


မြန်မာ နိုင်ငံမှ သတင်းဂျာနယ်များ တွင် ဒေါ်အောင်ဆန်းစု ကြည် သည်
ရိုဟင်ဂျာ တို့ကို မြန်မာနိုင်ငံသားမဟုတ်ဟု ရေးထားသည်ကို စာစောင်
များတွင်ဖော်ပြသဖြင့် ဖတ်လိုက်ရပါသည်။ လွန်စွာမှ ပင်နှစ်ထောင်းအားရဖြစ်မိပါသည်။
သို့သော် ပြည်ပ မီဒီယာများတွင်မူ ထိုသတင်းကို မဖော်ပြပါ။အဘယ်ကြောင့်ပါနည်း။
ကျွန်တော်တို့ စဉ်းစားစရာများရှိလာပါသည်။ ဖြစ်နိုင်သည်များမှာ-

၁-ဘာသာပြန်လွဲချော်မှု
၂-မြန်မာနိုင်ငံသားတို့၏ ဒေါ်စုအပေါ် ဤကဲ့သို့ပြောဆိုစေချင်သော စိတ်ဓါတ်ခံ
၃-ကိုးကားသော သတင်း source ဟူ၍ အပိုင်းသုံးပိုင်းခွဲခြားနိုင်ပါသည်။


၁-
Secular violence between Rakhine Buddhists and stateless Muslim
Rohingyas in the northwestern Rakhine region have clouded Suu Kyi's
first visit to Europe in nearly a quarter of a century and has tested
the country's fragile transformation.

"If we were very clear as to who are the citizens of the country,
under citizenship laws, then there wouldn't be the problem that is
always coming up, that there are accusations of that some people do
not belong in Bangladesh, or some people do not belong in Burma," Suu
Kyi told a news conference.

The violence, which displaced 30,000 people and killed 50 in Myanmar,
also known as Burma, flared last month with a rampage of rock-hurling,
arson and machete attacks, after the gang rape and murder of a
Buddhist woman that was blamed on Muslims.
Tensions stem from an entrenched, long-standing distrust of around
800,000 Muslim Rohingyas, who are recognised by neither Myanmar nor
neighbouring Bangladesh, and are largely considered illegal
immigrants.

"We are not certain exactly what the requirements of citizenship laws
are," said Suu Kyi, who spent a total of 15 years under house arrest
between 1989 and her release in 2010.

Asked whether the Rohingyas should be regarded as Burmese, she
replied, "I do not know."
"There are some who say that some of those who claim to be Rohingyas
aren't the ones actually native to Burma, but have just come over
recently from Bangladesh," she said.
"On the other hand Bangladesh says no, they don't want them as
refugees because they are not native to Bangladesh but come from
Burma," said Suu Kyi, who accepted her 1991 Nobel Peace Prize on
Saturday and her 1990 Rafto human rights prize on Sunday.
 (Additional reporting by Lorraine Turner and Conor Humphries in
Dublin; Editing by Diana Abdallah and Louise Ireland)


အထက်တွင်ဖော်ပြထားသော အမေးအဖြေ သည် သတင်းထောက်များက ဒေါ်စုကို မေးမြန်းသည့်
အခါ..ပြန်လည်ဖြေကြားပုံကို...နာမည်ကြီး ရိုက်တာ သတင်းထာဌာနက ဖော်ပြထားသော သတင်း
ဖြစ်ပါသည်။၎င်းကို အောက်ပါလင့်တွင်သွားရောက်ဖတ်ရှုနိုင်ပါသည်။

http://in.reuters.com/article/idINDEE85H0FY20120618

ဤသတင်းအရ ဒေါ်စုသည် ရိုဟင်ဂျာကို မြန်မာနိုင်ငံသား ဟုတ်ခြင်းမဟုတ်ခြင်းကို တိတိကျကျ
ပြောထားသည်ကို မတွေ့ရဘဲ။သူမအနေဖြင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေ နှင့်
နိုင်ငံသားဖြစ်ခွင့် တွင်
ခိုင်မာသော ဥပဒေ မရှိခြင်း ၏ အားနည်းချက်ကို သာပြောသွားခဲ့သည် ကို တွေ့ရသည်။
သတင်းသမားတစ်ယောက်၏ ရိုဟင်ဂျာကို မြန်မာ နိုင်ငံသားအဖြစ်အသိအမှတ်ပြုသင့် သလားဟူ
သောမေးခွန်းကို လည်း သူမက `` ကျွန်မ မသိဘူး`` ဟု ဖြေသွားသည်ကို တွေ့နိုင်ပါသည်။
မြန်မာ ဂျာနယ်တစ်ချို့တွင်ဖော်ပြခဲ့သော `` ရိုဟင်ဂျာကို ကျွန်မ မသိဘူး ``
ဟုဖြေဆိုသွားသည် မဟုတ်ဘဲ ။ သူမက နိုင်ငံသားအဖြစ်
သတ်မှတ်ရေးမသတ်မှတ်ရေးကို မသိဘူးဟု ဖြေသွားခြင်း
ဖြစ်ကြောင်း သိသာထင်ရှားနေပါသည်။

မြန်မာ ဂျာနယ်များတွင်ဖော်ပြထားသော သူမ၏ ဖြေကြားချက်များက သူမသည် ရိုဟင်ဂျာကို
တိုင်းရင်းသားလူမျိုးတစ်ခုအဖြစ်..မသိလည်းမသိ လက်လည်းမခံ ဟု အဓိပ္ပါယ် သက်ရောက်
နေသော်လည်း အမှန်မှာ...သူမက..

ထိုရိုဟင်ဂျာ ဟူသော တိုင်းရင်းသားကို မြန်မာ အစိုးရ နှင့် ဘင်္ဂလားအစိုးရ
ကပါ နိုင်ငံသားအဖြစ်
နှစ်ဖက်စလုံးက လက်မခံ ကြောင်းကို ပြောသွားပြီး သူမ၏ အဘောထားကို ထည့်သွင်းပြောဆို
သွားသည်ကို မတွေ့ရပါ။

ထို့ကြောင့် ဘာသာပြန်လွဲချော်မှုလည်းဖြစ်နိုင်သည် ဟု ကျွန်တော်ဆိုခဲ့ခြင်းဖြစ်ပါသည်။


၂-မြန်မာနိုင်ငံသားအများစုသည် ဒေါ်စုကို
ရခိုင်အရေးတွင်ပြက်ပြက်သားသားပြောဆိုစေချင်ကြသည်။
သို့သော် ငြိမ်းချမ်းရေးနိုဘယ်စုကို သွားရောက်ယူမည့် ဒေါ်စု သည်
စကားတစ်ခွန်းမှ လွဲမှားသွား၍
မဖြစ်နိုင်သောအခြေအနေတွင်ဖြစ်သည်။ ကမ္ဘာ ပေါ်တွင် လူသားခြင်းစာနာ မှု ကို
အခြေပြုသည့် လူ့အခွင့်အရေးကို ထိပ်တန်းထားပြောဆိုနေချိန်တွင်
လက်လွတ်စပါယ်ပြောဆို မှုကို ဒေါ်စု လုပ်၍ မရချေ။ထို့ကြောင့်သူမ သည်
ဘေးကြပ်နံကြပ်ဖြစ်သွားစေခဲ့သည့် ထိုမေးခွန်းကို နှာစေး လိုက်ခြင်း
ဖြစ်သည်။
မြန်မာနိုင်ငံသားအများစုက သူမဤ အရေးတွင်
ဘာမှလုပ်မပေးနိုင်မှန်းသိပါလျှက် သူမ၏ ပြတ်သား
သောရပ်တည်ကြေငြာချက်ကို တောင့်တ နေခဲ့သည်မှာ အများအသိပင်ဖြစ်ပါသည်။ထိုအချိန်တွင်
သူမက အထက်ပါ အင်တာဗျူးတွင် သူမအနေဖြင့်မသိကြောင်း ပြောလိုက်သောအခါ ....
ပြည်ပ မီဒီယာများ ၏ မျှော်လင့်ချက်ဖြစ်သော ( ရိုဟင်ဂျာသည်
မြန်မာနိုင်ငံသားဖြစ်ရေး ) သည်လည်း
မရေမရာဖြစ်သွားသကဲ့သို့....
ပြည်တွင်း တိုင်းရင်းသားတို့မျှော်လင့်ချက်ဖြစ်သော..( ရိုဟင်ဂျာ သည်
မြန်မာနိုင်ငံသားမဟုတ်ဟု ဒေါ်စုပြောရေး ) သည်လည်း ယခုအချိန်အထိမရေရာသေး
ကြောင်း တင်ပြလိုက်ရပါသည်။

၃-သတင်း source မှာ ရိုက်တာဖြစ်ပါသည်။

သိသောသူများ ပြောပေးကြဖို့ကိုလည်း မေတ္တာရပ်ခံပါသည် ခင်ဗျား
ကျွန်တော်လူတော်လူတတ်ကြီးမဟုတ်ကြောင်းပါ။

မုယော( ၂၆-၆-၁၂)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...