ဂျပုမလေး
မာမာ
ဟေး--ဂျပုမ၊ ကျောင်းလာပြီလား
ဒီအသံသည် ကျွန်မတို့ရှစ်တန်းဆောင်၏ ကျွန်မတို့အခန်း (ဘီ)မှ ကျောင်းသူတဦးအသံပင် ဖြစ်ပါသည်။ ယနေ့ ကျောင်းဖွင့်သည့်နေ့ပင်။ ဒါကြောင့်လည်း ကျွန်မတို့ အ-ထ-က ကျောင်းဝင်းထဲတွင် အဖြူ အစိမ်းဝတ်၍ သူ့အစုနှင့်သူ သွားလာနေကြသူများကို တွေ့နေကြရသည်။
ကျောင်းသူကျောင်းသားများစွာထဲမှ ကျွန်မတို့အခန်း၏ အပေါက်ဝသို့ အတန်းနှင့်မလိုက် ပုပုညက်ညက် ပိန်လှီလှသော ကျောင်းသူလေးတဦး ၀င်လာသည်။ ၀င်လာသောကျောင်းသူက ဝေေ၀ပင်ဖြစ်ပါသည်။
ဝေေ၀သည် ရေစကြိုမြို့ပေါ်မှမဟုတ်၊ မြို့၏တောင်ဘက် အနည်းငယ်ဝေးလှသော ကျေးရွာတခုမှဖြစ်သည်။ သူမသည် နေ့စဉ်ပင် ဇာတိရွာမှကျောင်းသို့ စက်ဘီးနှင့်လာ၍ စက်ဘီးနှင့်ပင်ပြန်သည်။ သူ့မိဘများသည် တောင်သူများဖြစ်သည်။ ရွာမှာတော့ နေနိုင်စားနိုင်သော အဆင့်မှာရှိကြသည်။ သို့သော် မြို့ပေါ်ကို ကျောင်းလာတက်သော ဝေေ၀သည် အရပ်ပု၍ ခန္ဓာကိုယ်မှာလည်း ပိန်လှီနေသဖြင့် ကျွန်မတို့ ကျောင်းသူများကြားတွင် ထူးခြားနေသည်။
ကျွန်မတို့ကျောင်းသူများတွင်လည်း ဝေေ၀ကဲ့သို့အရပ်ပုသော ကျောင်းသူများ ရှိသော်လည်း ဝေေ၀က သူတို့ထက် ပိုပုသည်။
ကျောင်းလျှောက်လွှာကိုကြည့်မိသော အခါ ဝေေ၀အသက်သည် ကျွန်မတို့နှင့်အတူတူပင်။ ထို့ကြောင့် ခင်မင်ကြသောသူများက စ,လိုစိတ်ဖြင့် ဂျပုမ-ဟုခေါ်ကြသည်။ သို့ဖြင့် အမည်ရင်းကို ခေါ်သူနည်းလာ သည်။ ဂျပုမ-ဟုသာ ခေါ်ကြသည်။ အစပထမတွင် အမည်ရှိလျက်နဲ့ ယခုလိုခေါ်ခံရသဖြင့် ဝေေ၀စိတ်ထဲ ရှက်ခြင်း၊ မကျေနပ်ခြင်း ဖြစ်ခဲ့သည်။ နောင်တွင် မည်သို့ပင် ပြောင်ပြောင် ဂရုမစိုက်။ စာကိုသာ ကြိုးစားသင်ယူသည်။
ဝေေ၀သည် စာတော်သူဖြစ်သည်။ အခန်းထဲတွင် ထိပ်ဆုံးမရသော်လည်း အဆင့် ၁၀-အတွင်း ၀င်သည်။ နောက်မရောက်ခဲ့။ ပညာကို ကြိုးစား၍ ဘွဲ့တခုရအောင်လုပ်မည်ဟု ကျွန်မကို ပြောဖူးသည်။ အတန်းတွေကြီးလာသဖြင့် ကျောင်းသားတွေလည်း များလာသည်။ အတန်းခွဲတွေရောက်သွား၍ ဝေေ၀နှင့်ကျွန်မလည်း ကွဲခဲ့သည်။
နောက်ဆုံးတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးဖြေပြီး အောင်စာရင်းတွေလည်း ထွက်လာခဲ့တော့သည်။ ကျွန်မ အလွန်အံ့သြ၍ ဂုဏ်ပြုမိသည်။ ဝေေ၀သည် ကျွန်မအပါအ၀င် အောင်သူများထဲ၌ ဂုဏ်ထူး အများဆုံး ဖြစ်နေသည်။
ရာသီတွေပြောင်း၍ ရက်တွေ၊ လတွေကုန်လာပြီ။ တနေ့တွင် ကျွန်မသည် အိမ်ရှေ့ ပန်းအိုးနားရပ်နေစဉ် အိမ်အပေါက်ဝ၌ မိန်းကလေးတဦး စက်ဘီးထောက်၍ ကျွန်မကို လှမ်းနှုတ်ဆက်သည်။
ကျွန်မက လှမ်းကြည့်၍ သူ့ကို ပြန်ပြုံးပြခဲ့ရသော်လည်း မည်သူဆိုတာ လုံးဝတွေးမရခဲ့ပါ။ သူ့နားရောက်၍ သူ့ကိုကြည့်နေသောကျွန်မကို မိန်းကလေးကပြုံး၍
နင် ငါ့ကိုမမှတ်မိတော့ဘူးလား၊ ငါ ဝေေ၀ပါ-ဟုပြောပြသဖြင့် ကျွန်မ ရင်ထဲတုန်သွားရသည်။ သူပြောလို့သာ ယုံရမည်။ ကျွန်မ မယုံချင်။
ဝေေ၀အရပ်သည် ရှည်နေသည်။ ကျွန်မထက်ပင် ပိုရှည်နေသည်။ ကျောင်းသူဘ၀ကနှင့် တခြားစီ။ ရုပ်က အနည်းငယ်ပြောင်းသော်လည်း လူက သိသိသာသာ ပြောင်းနေပြီ။ မပိန်တော့ပါ။ အားကစားပဲ လုက်သလား၊ ဘာကြောင့်လဲ။ ကျွန်မ မသိပါ။ သူ့ကိုနှုတ်ဆက်ရင်း ဝေေ၀၏ပညာရေးကို မေးလိုက်မိသည်။ ဝေေ၀တယောက် ရန်ကုန်ကို ကျောင်းသွားတက်ရမည်တဲ့။
အစက ပခုက္ကူ ဂျီတီစီမှာ တနှစ်တက်ရသည်။ ထို့နောက် အမှတ်များသဖြင့် ရန်ကုန်ကျောင်းကြီးသို့ ပြောင်းရတော့မည်။ သူက ၀မ်းသာအားတက်စွာ ပြောပြသွားသည်။ သို့ရာတွင် ကြွးဝါမှု လုံးဝမပါပါ။
စကားပြောပြီးဝေေ၀ပြန်သွားတော့ ကျွန်မလှမ်းကြည့်ရင်း လောကကြီးထဲကို လူရယ်လို့ ၀င်လာကြလျှင် အချို့ မပြည့်စုံကြဘဲ ကံကြမ္မာနှင့်ရင်ဆိုင်ကြရပါသည်။ ထိုအခါ ရှက်မိကြပေလိမ့်မည်။ သို့ရာတွင် ဝေေ၀ကဲ့သို့ အံတုရင်ဆိုင်၍ ရည်ရွယ်ချက်ပန်းတိုင်ကိုရောက်အောင် ကြိုးစားလျှင် လူတိုင်းအောင်မြင်နိုင် သည်-ဟု သဘောပေါက်သွားပါသည်။
ဂျပုမလေး ဝေေ၀သည် လူများက သူ့အားပြောင်သည်ကို ယခု ခေါင်းမော့နိုင်ပြီ။ ပညာမှာလည်း ထူးချွန်ပါသည်။ ထို့ကြောင့် ကံကြမ္မာကိုအံတု၍ ကြိုးစားကြပါဟု တိုက်တွန်းလိုက်ပါသည်
--
အားလုံးပျော်ရွင်ပါစေ
ဟေး--ဂျပုမ၊ ကျောင်းလာပြီလား
ဒီအသံသည် ကျွန်မတို့ရှစ်တန်းဆောင်၏ ကျွန်မတို့အခန်း (ဘီ)မှ ကျောင်းသူတဦးအသံပင် ဖြစ်ပါသည်။ ယနေ့ ကျောင်းဖွင့်သည့်နေ့ပင်။ ဒါကြောင့်လည်း ကျွန်မတို့ အ-ထ-က ကျောင်းဝင်းထဲတွင် အဖြူ အစိမ်းဝတ်၍ သူ့အစုနှင့်သူ သွားလာနေကြသူများကို တွေ့နေကြရသည်။
ကျောင်းသူကျောင်းသားများစွာထဲမှ
ဝေေ၀သည် ရေစကြိုမြို့ပေါ်မှမဟုတ်၊ မြို့၏တောင်ဘက် အနည်းငယ်ဝေးလှသော ကျေးရွာတခုမှဖြစ်သည်။ သူမသည် နေ့စဉ်ပင် ဇာတိရွာမှကျောင်းသို့ စက်ဘီးနှင့်လာ၍ စက်ဘီးနှင့်ပင်ပြန်သည်။ သူ့မိဘများသည် တောင်သူများဖြစ်သည်။ ရွာမှာတော့ နေနိုင်စားနိုင်သော အဆင့်မှာရှိကြသည်။ သို့သော် မြို့ပေါ်ကို ကျောင်းလာတက်သော ဝေေ၀သည် အရပ်ပု၍ ခန္ဓာကိုယ်မှာလည်း ပိန်လှီနေသဖြင့် ကျွန်မတို့ ကျောင်းသူများကြားတွင် ထူးခြားနေသည်။
ကျွန်မတို့ကျောင်းသူများတွင်လည်
ကျောင်းလျှောက်လွှာကိုကြည့်မိသော
ဝေေ၀သည် စာတော်သူဖြစ်သည်။ အခန်းထဲတွင် ထိပ်ဆုံးမရသော်လည်း အဆင့် ၁၀-အတွင်း ၀င်သည်။ နောက်မရောက်ခဲ့။ ပညာကို ကြိုးစား၍ ဘွဲ့တခုရအောင်လုပ်မည်ဟု ကျွန်မကို ပြောဖူးသည်။ အတန်းတွေကြီးလာသဖြင့် ကျောင်းသားတွေလည်း များလာသည်။ အတန်းခွဲတွေရောက်သွား၍ ဝေေ၀နှင့်ကျွန်မလည်း ကွဲခဲ့သည်။
နောက်ဆုံးတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးဖြေပြီး အောင်စာရင်းတွေလည်း ထွက်လာခဲ့တော့သည်။ ကျွန်မ အလွန်အံ့သြ၍ ဂုဏ်ပြုမိသည်။ ဝေေ၀သည် ကျွန်မအပါအ၀င် အောင်သူများထဲ၌ ဂုဏ်ထူး အများဆုံး ဖြစ်နေသည်။
ရာသီတွေပြောင်း၍ ရက်တွေ၊ လတွေကုန်လာပြီ။ တနေ့တွင် ကျွန်မသည် အိမ်ရှေ့ ပန်းအိုးနားရပ်နေစဉ် အိမ်အပေါက်ဝ၌ မိန်းကလေးတဦး စက်ဘီးထောက်၍ ကျွန်မကို လှမ်းနှုတ်ဆက်သည်။
ကျွန်မက လှမ်းကြည့်၍ သူ့ကို ပြန်ပြုံးပြခဲ့ရသော်လည်း မည်သူဆိုတာ လုံးဝတွေးမရခဲ့ပါ။ သူ့နားရောက်၍ သူ့ကိုကြည့်နေသောကျွန်မကို မိန်းကလေးကပြုံး၍
နင် ငါ့ကိုမမှတ်မိတော့ဘူးလား၊ ငါ ဝေေ၀ပါ-ဟုပြောပြသဖြင့် ကျွန်မ ရင်ထဲတုန်သွားရသည်။ သူပြောလို့သာ ယုံရမည်။ ကျွန်မ မယုံချင်။
ဝေေ၀အရပ်သည် ရှည်နေသည်။ ကျွန်မထက်ပင် ပိုရှည်နေသည်။ ကျောင်းသူဘ၀ကနှင့် တခြားစီ။ ရုပ်က အနည်းငယ်ပြောင်းသော်လည်း လူက သိသိသာသာ ပြောင်းနေပြီ။ မပိန်တော့ပါ။ အားကစားပဲ လုက်သလား၊ ဘာကြောင့်လဲ။ ကျွန်မ မသိပါ။ သူ့ကိုနှုတ်ဆက်ရင်း ဝေေ၀၏ပညာရေးကို မေးလိုက်မိသည်။ ဝေေ၀တယောက် ရန်ကုန်ကို ကျောင်းသွားတက်ရမည်တဲ့။
အစက ပခုက္ကူ ဂျီတီစီမှာ တနှစ်တက်ရသည်။ ထို့နောက် အမှတ်များသဖြင့် ရန်ကုန်ကျောင်းကြီးသို့ ပြောင်းရတော့မည်။ သူက ၀မ်းသာအားတက်စွာ ပြောပြသွားသည်။ သို့ရာတွင် ကြွးဝါမှု လုံးဝမပါပါ။
စကားပြောပြီးဝေေ၀ပြန်သွားတော့ ကျွန်မလှမ်းကြည့်ရင်း လောကကြီးထဲကို လူရယ်လို့ ၀င်လာကြလျှင် အချို့ မပြည့်စုံကြဘဲ ကံကြမ္မာနှင့်ရင်ဆိုင်ကြရပါသည်။ ထိုအခါ ရှက်မိကြပေလိမ့်မည်။ သို့ရာတွင် ဝေေ၀ကဲ့သို့ အံတုရင်ဆိုင်၍ ရည်ရွယ်ချက်ပန်းတိုင်ကိုရောက်အေ
ဂျပုမလေး ဝေေ၀သည် လူများက သူ့အားပြောင်သည်ကို ယခု ခေါင်းမော့နိုင်ပြီ။ ပညာမှာလည်း ထူးချွန်ပါသည်။ ထို့ကြောင့် ကံကြမ္မာကိုအံတု၍ ကြိုးစားကြပါဟု တိုက်တွန်းလိုက်ပါသည်
--
အားလုံးပျော်ရွင်ပါစေ
0 comments:
Post a Comment