Tuesday, January 19, 2016

လူလိမ်တွေ သုံးနေကျ Rohypnol အိပ်ဆေး/သတိလွတ်ဆေး

နည်းစနစ်ကျကျအတွေးအခေါ်

မန္တလေး နန်းတွင်းထောင်မှာ နေရစဉ် 1992 လောက်တုန်းက လိမ်လည်မှု လုယက်မှု စတဲ့ ရာဇဝတ်ပုဒ်မတွေနဲ့ကျလာတဲ့ နာမည်ကျော် (မြန်မာမဟုတ်သူ) လူဆိုးတယောက်ကို ဘယ်နည်းနဲ့ ခရီးသွားတွေရဲ့ အဖိုးတန်ပစ္စည်းတွေကို အလစ်သုတ်သလဲ လို့ မေးကြည့်ဖူးတယ် ... ပထမတော့ သူက မဖြေချင်ဘူး။
တိုးတိုးတိတ်တိတ် ၃-၄ ကြိမ်လောက် မေးကြည့်တော့မှ ခရီးသွားဖော်တွေကို ဒီ Rohypnol ဆေးပြားတိုက်ပြီး ခရီးသည် အိပ်ပျော်သွားတဲ့အခါ ပါလာတဲ့ အဖိုးတန်ပစ္စည်းတွေကို ဆွဲပြီးဆင်းသွားတာ ဖြစ်ကြောင်း ရှင်းပြတယ်။
ဆေးပြားဝင်အောင် အရည်တခုခုထဲ ထည့်တိုက်ပါတယ် ... တဲ့။ ဆေးက အနံ့မရှိဘူးလို့ဆိုပါတယ်။
သောက်စရာ အအေးခွက်တို့ ကော်ဖီခွက်တို့ကို မသိမသာ လက်ဝဲလိုက်ရုံနဲ့ ဆေးခပ်ပြီးသားဖြစ်သွားလောက်အောင် လက်မြန်ရပါတယ် တဲ့။ အချိန်တိုတိုအတွင်း ခင်မင်သွားအောင်ပေါင်းတာကတော့ ပထမဆုံးအဆင့်ပေါ့။
တကယ့်သေချာပေါက် ငွေ/ပစ္စည်း သယ်ဆောင်သွားမယ့်လူမျိုးကို အချီကြီးကြံနိုင်အောင် ကြှိုတင်စုံစမ်းပြီး ခုံချင်းကပ် နေရာရအောင် စီစဉ်ယူရတယ် လို့လည်းဆိုပါတယ်။
ဒီဆေးဝင်သွားရင်တော့ သားကောင်ဟာ အိပ်ပျော်သွားပြီး ဘာမှကို မသိလိုက်တော့ဘူး လို့ပြောတယ်။ နောင် ဘယ်လောက်ပဲကြာ သွားပါစေ သတိလွတ်သွားချိန်တုန်းက ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ဘယ်လိုမှ ပြန်မမှတ်မိတော့ဘူး လို့ ဆိုပါတယ်။
ထူးခြားတာက မြန်မာပြည်တုန်းက ဒီဆေးကို ဈေးကွက်ထဲမှာ တခါမှ မမြင်ဖူးတာပါပဲ။ ဒီတော့ သူတို့တတွေ နိုင်ငံခြားက ကွင်းဆက်နဲ့ ဆေးကို လျှို့ဝှက်တင်သွင်းပြီး သုံးကြတယ် လို့ယူဆရပါတယ်။
ငွေကြေးဥစ္စာတွေကို ခိုးယူဖို့ကြံစည်ရာမှာသုံးကြသလို မိန်းကလေးတွေကို ယုတ်မာချင်သူတွေလည်း သုံးကောင်းသုံးနေကြမယ်ထင်ပါတယ်။
လမ်းကြှုံတုန်းရလိုက်တဲ့ ခရီးသွားဖော်အသစ်နဲ့ တွေ့တဲ့အခါမျိုးမှာ ကောင်းကောင်းသတိထားပါ။
လူတိုင်းကို မသင်္ကာစိတ်ထားဖို့ အကြံမပေးလိုပေမယ့် အစားအသောက်စားတဲ့အခါ ကိုယ့်အမြင်ရှင်းအောင်လုပ်ထားမှသာ စားသောက်ဖို့ အကြံပေးလိုက်ပါရစေ။ အကောင်းဆုံးကတော့ အစားအသောက်ကို တချက်ကလေးမှ မျက်နှာလွှဲမထားပါနဲ့ ...
သူများလက်နဲ့ သယ်လာပေးတဲ့အစားအစာမျိုးကို တတ်နိုင်သမျှ ရှောင်ပါ ... လို့ အကြံပေးလိုပါတယ်။
(အဟောင်းကို ပြန်ဖြည့်စွက်ပြီး တင်ပေးထားတာပါ။)
Credit to Myawady News

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...