Wednesday, January 27, 2016

" Zika virus မြန်မာနိုင်ငံကိုကူးစက်လာနိုင်၍ ကျန်းမာရေးဌာန သတိပေး "

Lwin Pyin


သွေးလွန်တုပ်ကွေးနှင့် တူသည့် Zika virus သည် မြောက်အမေရိကနှင့် တောင်အမေရိက၊ ထိုင်း၊ ထိုင်ဝမ်၊ ဘရာဇီး စသည့် နိုင်ငံ အများအပြားတွင် ဖြစ်ပွားနေပြီး မြန်မာနိုင်ငံသို့ အလျှင်အမြန် ကူးစက်လာနိုင်သဖြင့် ပြည်သူလူထုအနေဖြင့် ဂရုစိုက်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်လိုက်သည်။
ယင်းဗိုင်းရပ်စ်သည် သွေးလွန်တုပ်ကွေးကဲ့သို့ အေးဒီစ်ခြင်ကျားမှတဆင့် ကူးစက်ခြင်း ဖြစ်ပြီး တုပ်ကွေးရောဂါလက္ခဏာများနှင့် တူညီကြောင်း၊
အဆိုပါရောဂါကို ကုသနိုင်မည့် ဆေးမရှိသကဲ့သို့ ကာကွယ်ရန် ဆေးလည်း မရှိကြောင်းသိရသည်။
"Zika virus ရောဂါ ကူးစက်ပျံ့နှံ့လာရင် ရှိပြီးသား ခြင်ကျားကတဆင့် လူထုကို လျင်မြန်လွယ်ကူစွာနဲ့ ကူးစက်လာနိုင်ပါတယ်။ ဒါကြောင့် zika virus infection ကိုသာမက သွေးလွန်တုပ်ကွေးရောဂါကိုပါ ကာကွယ်ရာရောက်တဲ့ ခြင်ကျားမဖြစ်ရေးအတွက် ပိုးလောက်လန်းနှိမ်နင်းရေးကို ပြည်သူလူထုတစ်ရပ်လုံးက အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ လိုပါတယ် " ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဗိုင်းရပ်စ်ရောဂါသည် လတ်တလော အသက်အန္တရာယ် မရှိနိုင်သော်လည်း ကြိုတင် ကာကွယ်၍ မရသလို ကုသရန်လည်း ဆေးမရှိသေးသည့် အတွက် ပြည်သူများ အနေဖြင့် ယင်းဗိုင်းရပ်စ် ကူးစက်စေသော ခြင်ကျား ပေါက်ဖွားမှု မရှိစေရန် ပိုးလောက်လန်းနှိမ်နင်းရေးကိုသာ အဓိကထား လုပ်ဆောင်ကြရန် ကျန်းမာရေးဌာနများမှ သတိပေးကြသည်။
ဇူးဇူး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...