Saturday, January 23, 2016

အမေရိကန်သူ ဂျင်းဒစ်ကဆင်၏ ကမ္ဘာကျော်ဟောကိန်း

ဦးမြင့် ခိုင် စိတ်ပညာ

အမေရိကန်နိုင်ငံသူ ဂျင်းဒစ်ကဆင်ဆိုတာ
သမ္ဗတကြီး ရုစဘဲ့ကိုယ်တိုင် တန်ဘိုးထား
အားကိုးခဲ့သူဖြစ်တယ် သူဟောတာတွေဟာ
မှန်လွန်းလို့ တကမ္ဘာလုံးက ဗေဒင်ပညာရှင်တွေ
စိတ်တန်ခိုးပညာရှင်တွေကမှအစ လေးစားတာကို
ခံရသူဖြစ်တယ်။


ရုစဘဲ့ ထရူးမင်း အိုက်စင်ဟောင်ဝါ ကနေဒီ
ဂျွန်ဆင် နစ်ကဆင် တို့ ၏ သမ္မတ အဆက်ဆက်
အပြောင်းအလဲများ လုပ်ကြံခံရမည့်နေ့ ရက်များ
ဒုံးပျံမလွှတ်မီက ပြောခဲ့သော ဒုံးပျံ၏ ပုံသဏ္ဋာန်နှင့်
လွှတ်တင်မည့်အခြေအနေတွေကို ဟောတာ
မှန်လွန်းလို့ တကမ္ဘာလုံးက အံ့သြကြရတယ်
စိတ်ပညာဆရာတို့ ရပ်ကွပ်မှ သူမကို အနှစ်သုံးရာ
အတွင်း၌ တရောက်သာပေါ်ထွက်နိုင်သူဆိုပြီး
ချီးကျုးခဲ့ကြတယ်။
ကမ္ဘာကြီးရဲ့အနာဂတ်နဲ့ ပတ်သတ်လို့ 
သူဟောခဲ့တာက
တရုပ်ကြောင့် အာဖရိကနှင့် အရှေ့နိုင်ငံများသည်
အမေရိကန်ကို ဆန့် ကျင်ကြလိမ့်မည်ကမ္ဘာစစ်ပွဲတခု
ဖြစ်ပေါ်လိမ့်မည် ၎င်းစစ်သည် ဗီယက်နမ်နှင့်
ကိုးရီးယားမှ ထတောက်မှာဖြစ်ပြီး ကမ္ဘာစစ်တွင်
အမေရိကန်နှင့် ရုရှားလက်တွဲကြလိမ့်မည်
ကမ္ဘာစစ်ဖြစ်မည်ဆို၍ လူအများသည် စိတ်ဓာတ်ဘက်မှ
တိုးတက်အောင် အားထုတ်လာကြလိမ့်မည်
ကမ္ဘာ့အရှေ့ပိုင်းဒေသ၌မွေးဖွားသော ကလေးတရောက်သည်။
ကမ္ဘာကြီးကို တော်လှန်ပြောင်းလဲပစ်လိမ့်မည်။
သူ၏မျက်စိများမှာ အရာအားလုံးကို မြင်နိုင်စွမ်းဖြစ်ပြီး
တန်ခိုးသတ္တိနှင့်ပြည့်စံလိမ့်မည် လူမျိုးဘာသာအားလုံး
သူ့ ထံသို့ ရောက်လာပြီး ဘာသာအယူဝါဒ
အားလုံးကို တစ်ခုတည်းဖြစ်အောင်စည်းရုံးသိမ်းသွင်း
လိမ့်မည် သူသည် တောင်သူလယ်သမား
မိဘများမှ မွေးဖွားလာသူဖြစ်သော်လည်း
မင်းမျိုးမင်းနွယ်တပါးဖြစ်ခဲ့ဘူးသည်။
သူ၏ အရှိန်အဝါကြောင့် လူသားအားလုံး
သဘောပေါက်လိုက်နာကြပြီး ကမ္ဘာကြီးသည်
စစ်တိုက်ခိုက်ခြင်း ကင်းဝေးကာ လူသားအားလုံး
မေတ္တာတရားထားနိုင်ကြလျှက် အတုမဲ့ငြိမ်းချမ်း
သာယာသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပေလိမ့်မည်။
သူမပြောကြားသော တန်ခိုးရှင်နှင့်ပတ်သတ်၍
လက္ခဏာဆရာကြီး ကိုင်ရိုက သူ၏
ကိုင်ရိုးမိမွှားစ် မှတ်တမ်းစာအုပ်ထဲ၌ မြန်မာနိုင်ငံမှ
ပေါ်ထွက်မည်ဟု မှတ်ချက်ပြုခဲ့ပေသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...