Wednesday, January 27, 2016

ဘယ်သူသမ္မတလဲဆိုတာ ဆောရီးပါ

Tin Nyunt

ဒီနေ့မြို့ထဲရောက်တယ်။ ပန်းဆိုးတန်းမှာ ရှားပါးစာအုပ်တစ်အုပ်ရလာတယ်။ လဖက်ရည်ဆိုင်မှာ ရလာတဲ့ စာအုပ်ကို မြည်းနေတုန်း ကျောလာပုတ်သူတစ်ယောက်ကို ကြည့်လိုက်တော့ ကြံ့ဖွံ့အမတ်ပြုတ်ဖြစ်နေတယ်။ သူက စပ်ဖြီးဖြီးနဲ့
“သမ္မတဘယ်သူဖြစ်မလဲ” လို့ စပ်စုလာတယ်။

ကျွန်တော်အမှန်အတိုင်းပြောရရင် ဘယ်သူ သမ္မတဖြစ်မလဲဆိုတာ စိတ်ကို မဝင်စားတာ။ ကျွန်တော်တို့ အကောင်းဆုံး လုပ်ခဲ့ပြီးပြီ။ အကောင်းဆုံး ရွေးချယ်ခဲ့ပြီးပြီ။ တာဝန်ကျေစွာ မဲပေးခဲ့ပြီးပြီ။ ဒေါ်အောင်ဆန်း စုကြည်အပေါ် ယုံကြည်မှုနဲ့ လွှဲအပ်ခဲ့ပြီးပြီဗျ။
ဘယ်သူ သမ္မတဖြစ်မလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်လိမ့်မယ်။ သူရွေးချယ်ပေးလိုက်တာကို ခင်ဗျားတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့ အနာဂတ် ကံကြမ္မာကို သူ့ဆီကို လွှဲအပ်ထားလိုက်ကြတယ်မဟုတ်လား။

လက်ရှိ သမ္မတကို ခင်ဗျားတို့ ကျွန်တော်တို့ မကြိုက်ဘူး။ သူ့ကျေးဇူးခံ ကျေးဇူးစားတွေကလွဲပြီးတော့လည်း ဘယ်သူမှ မကြိုက်ဘူး။ ကျွန်တော်လည်း မကြိုက်ဘူး။ ဒါကြောင့် သမ္မတလုပ်သမျှ မဟုတ်က ဟုတ်ကတွေ ချည်းဆိုတာ ကျွန်တော်ဝေဖန်တယ်။
ဘာပြောပြော ဒေါ်အောင်ဆန်းစုကြည်တင်လိုက်တဲ့ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ပေးလိုက်တဲ့ အစိုးရဟာ လက်ရှိ စစ်ထွက်တွေထက်တော့ အများကြီး သာလိမ့်မယ်လို့ ယုံကြည်တယ်။ အနာဂတ် အစိုးရအဖွဲ့ ထဲမှာ အမတ်ဖြစ်ပြီး ပေါတောတောနေတဲ့လူတွေ မရှိနိုင်ဘူး။ လွှတ်တော်ထဲဝင်ထိုင်ပြီး ရူးကြောင် မူးကြောင် လုပ်နေတဲ့သူတွေ မရှိနိုင်ဘူး။ ပြည်သူကို ပါးရိုက်မယ်လို့ ခြိမ်းခြောက်တဲ့ဝန်ကြီးတွေ မရှိနိုင်ဘူး။ ပြည်သူကို လူမထင်တဲ့၊ ပြည်သူ့အခွင့်အရေးမှန်သမျှ ပယ်ချနေတဲ့ စစ်စိတ်စစ်မာန်ရှိတဲ့လူတွေ မလွှမ်းမိုးနိုင်ဘူး။
အဲဒီအချက်တွေနဲ့တင် ဒေါ်အောင်ဆန်းစုကြည်တင်လိုက်တဲ့သူတွေဟာ ယခင်အစိုးရနဲ့ အများကြီး ကွာခြား သွားလိမ့်မယ်လို့ထင်ပါတယ်။
ခုချိန်မှာ ခွေးဝမ်းသာအောင် အီးနံ့ပေးတဲ့ စကားတွေ မပြောစေချင်ဘူး။ ကျွန်တော်တို့ ယုံကြည်လို့ တင်လိုက်တဲ့ သူအပေါ်မှာ မယုံသလိုမျိုးပြောဆိုဝေဖန်ပြနေရင် ဟိုတစ်ဘက်က တို့ဆင်ထားတဲ့ အကွက်တော့ ဝင်ပြီဆိုပြီး ထကတော့မှာပေါ့။
ဘယ်သူ့ကို သမ္မတတင်တင်ဗျာ .. စစ်တပ်ကနေ ဘောင်းဘီချွတ်ပြီး ခေါင်းပေါင်း ဝင်ဆောင်းတဲ့ သူတွေ ထက်တော့ သာမယ်ထင်တယ်။ အရပ်သားအစိုးရကို ဒီမိုကရေစီအတွက် ကျွန်တော်တို့ မျှော်လင့်နေတာ နှစ်ပေါင်း ကြာသွားပြီးဗျ။ ခုမှ အရပ်သားတွေက လွှတ်တော်မှာ ခေါင်းပေါင်းစထောင်ဖို့ ပြင်ဆင်ရုံ ရှိသေးတယ် သွေးကွဲစကားတွေ မပြောကြပါနဲ့။
လွှတ်တော်ထဲမှာ တစ်မတ်သားနဲ့ အရပ်သားတွေ ဘယ်လိုတိုက်ပွဲဝင်မယ်ဆိုတာပဲ ကျွန်တော် စိတ်ဝင်စား တယ်။ တစ်မတ်သားတွေက ပါးစပ်အဟောင်းသားဖြစ်သွားနိုင်တဲ့ အရည်အချင်းမျိုးတွေ သူတို့မှာ ရှိမယ်လို့ ကျွန်တော်ယုံတယ်။
ဒေါ်အောင်ဆန်းစုကြည်ဗျာ .. University of Delhi St Hugh's College, Oxford University of London ဆင်းဗျ။ ပြီးတော့ နိုဘယ်ဆုရှင်။ အချဉ်တော့မဟုတ်ဘူး။ စစ်ကျောင်းဆင်းတွေလို အမိန့်ပေးမှ လုပ်တတ်တဲ့သူ မဟုတ်ဘူးဆိုတာ ကောင်းကောင်း သဘောပေါက်စေချင်ပါတယ်။
၂၇.၁.၂၀၁၆

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...