Tuesday, January 19, 2016

စာရေးဆရာမောင်သော်က၏ သရော်စာ

Oo Hla Oo

တရံရောအခါက...
တပ်က အရာရှိတော်တော်များများ
အမှူ့တွဲတစ်ခု အရင်းပြုပြီးပြုတ်ကြပါလေရော ...
အဲဒီအထဲမှာ ... ဗိုလ်ကြီးတစ်ယောက်လဲ
ပါလာသဗျ ... ဗိုလ်များ ပြုတ်ပြီဆို အပြင်မှာ
ဘာမှ လုပ်စားတတ်တာမှ မဟုတ်ဘဲဗျ ...
ဟုတ်ဘူးလား ... တနေ့တနေ့
အိမ်မှာချည်းဘဲ ...
ထိုင်နေတော့တာကိုး ...

အိမ်က မိန်းမလုပ်တဲ့သူကလဲ ...
အရင်ကတော့ အရာရှိကတော်ဆိုတဲ့ပုံနဲ့
မြောက်ကြွမြောက်ကြွလုပ် နေခဲ့ရတုန်းက ...
ကိုကို ရဲ့ မောင်မောင်ရဲ့ နဲ့ ...
ပြုတ်ပြီလဲဆိုရော. . .
တော့် ... ကိုဟဝှါ ...
ရှင် ... အလုပ်ကလေးဘာလေး
ရှာအုန်းလေဆိုတော့ ...
ယောက်ကျားက ... အေးပါကွ...
ငါလဲရှာနေပါတယ်ပြန်ပြော ...
မိန်းမက ... ရှင်ရှာနေတယ်သာပြောတာ
တစ်နေ့ တစ်နေ့ အိမ်ထဲမှာဘဲ ထိုင်နေတော့
ဘယ်က အလုပ်က ရမှာတုန်းဆို ပြောတော့ ... ဗိုလ်ပြုတ်ကလဲ ... ငါက ... ဘာလုပ်ရမှာတုန်း
ကူလီထမ်းရမှာလား ...
ဆိုပြီးအော်တော့တာကိုး ...
မိန်းမကလဲ ...
အိုး ... ထမ်းသင့်ထမ်းရမှာဘဲ ...
ဆိုပြီး ပြန်ပြော...
ဗိုလ်ပြုတ်လဲစိတ်ဆိုးပြီး ...
ဒီမှာဟေ့ ငါ က ပြန်တမ်းဝင်အရာရှိကွ
နားလည်လား ... ကူလီထမ်းတဲ့ကောင်
မဟုတ်ဘူး ... ဆိုတော့ ...
မိန်းမက ...
ရှင့်ဟာရှင် ပြန်တမ်းဝင်အရာရှိ
ချင်ရှိ မရှိချင်နေ ... ကျုပ်ဂရုမစိုက်ဘူး ...
ကျုပ်မှာ ပိုက်ဆံမရှိတော့တာဘဲသိတယ် ...
တနေ့တနေ့ ထိုင်စားနေတာ ...
ကျုပ်မှာ ... နားကပ်ရော ဆွဲကြိုးရော ...
မရှိတော့ဘူး ... ရှင်သိရဲ့လား ...
ရှင် အလုပ်ရှာရင် ရှာ မရှာ ရင် ...
ကျုပ်နဲ့ အတွေ့ ဘဲ ဆို ပြီး ...
ပြန်အော်တော့တာကိုး ...
အဲတော့မှ ဗိုလ်ပြုတ်လဲ ...
တနေ့တနေ့ ...
နားညည်းတဲ့ ဒဏ်မခံချင်တော့ ...
နောက်တစ်နေ့က စပြီး မနက်ဆို ...
မိန်းမဆီက နှစ်ကျပ်တောင်း ...
လက်ဖက်ရည် တစ်ခွက်သောက် ...
ပိုတဲ့ပိုက်ဆံနဲ့ ဆေးပေါ့လိပ်တွေဝယ် ...
တိရိစ္ဆာန်ရုံဘေးနား သွားထိုင် ...
ညနေကျ ပြန်လာ လုပ်နေပါလေရော ...
ဒီလိုနဲ့ ဆယ်ရက်လောက်ကြာတော့ ...
သူစိတ်ညစ်ညစ်နဲ့ ဆေးပေါ့လိပ် ဖွာနေတုန်း ...
လူတစ်ယောက်က အနားကပ်လာပြီး ...
ဆေးလိပ်မီးတောင်းရင်း ...
ဟိုလူက ...
မိတ်ဆွေ ... ဒီနားမှာထိုင်နေတာ ...
တစ်ပတ်လောက်ကြာပြီနော်ဆိုပြီး ...
စကားလဲ ... စပြောလိုက်ရော ...
ဗိုလ်ပြုတ်ကလဲ ...
နဂိုကတည်းက ဒေါသအခံ ရှိနေတော့ ...
ဘာလဲ မထိုင်ရဘူးလား
ခင်ဗျားပိုင်တဲ့နေရာမို့လား ...
ဒါ ... အများပိုင်တဲ့နေရာ ...
ခင်ဗျား မီးညှိပြီးရင် သွားစရာရှိတာ ...
သွားစမ်းဗျာ ... အာရုံနောက်တယ်ဆိုပြီး ...
စိတ်ညစ်ညစ်နဲ့ ဘုတောပါလေရော ...
ဟိုလူက ...
အဲတော့မှ ... ဟာ ... မဟုတ်ပါဘူး
ထိုင်ရပါတယ် ထိုင်ရပါတယ် ... ခင်ဗျား အလုပ်
မရှိဘူးလားလို့မေးကြည့်တာ ... ဆိုတော့ ...
ဗိုလ်ပြုတ်က ... မရှိလို့ထိုင်နေတာပေါ့ဗျ ...
ရှိရင် အလုပ်သွားလုပ်နေမှာပေါ့ ...
သွားစမ်းပါဗျာ ဆိုပြီးထပ် ပြောတော့မှ ...
ဟိုလူက ... ရုတ်တရက် ... အနားနား
ကပ်လာပြီး ခင်ဗျား ... အလုပ်လုပ်မလားလို့
့မေးတာကိုး ... ဗိုလ်ပြုတ်လဲ အဲဒီတော့မှ ...
အံ့အားသင့်ပြီး ... ဘာလဲ
ခင်ဗျားက အလုပ် ပေးနိုင်လို့ လားဆိုတော့ ...
ဟိုလူက ပေးနိုင်တယ်ပြောရော ...
ဘာအလုပ်လဲ ... မေးတော့ ...
ဟိုလူက မပြောတော့ဘဲ ...
အလုပ်က ပြောပြလို့မရဘူး ...
ခင်ဗျားက လုပ်မယ်ဆိုမှ ...
ပြောပြလို့ရမှာ ဆိုတာကိုး ...
ဗိုလ်ပြုတ်က ... အာ ... ခင်ဗျားဟာက ...
ဘာအလုပ်မှန်းမသိဘဲ လုပ်စရာလား ...
ဓားပြတိုက်ခိုင်းနေတော့ ဘယ်လိုလုပ်မတုန်း
ပြန်မေးတော့မှ ...
ဟိုလူက ... အာ ...
ဓားပြ တိုက်ခိုင်းပါ့မလားဗျ ...
အလုပ်က အစိုးရအလုပ်ဘဲ ...
နေ့စား ... တစ်ရက်ကို ၁၅ ကျပ်ပေးမယ် ...
ထမင်းကျွေးမယ် ပိတ်ရက်မရှိဘူး. ...
ဆက်ပြောတော့တာကိုး ... အဲတော့မှ
ဗိုလ်ဟောင်းက စစဉ်းစားတယ် ...
အင်း ... တစ်ရက်၁၅ကျပ် ... ပိတ်ရက်မရှိ ...
တလ ရက်၃၀ ဆိုတော့ ... ၄၅၀ ...
အံမယ် ... ဖိုးဖစ်တီးစကေး. ...
အရာရှိလစာ အကိုက်ဟ ... ကွက်တိဘဲ ဆိုပြီး
လုပ်မယ်ဗျာ ... ဘာအလုပ်တုန်းဆိုတော့ ...
ဟိုလူက ... ခင်ဗျားသေချာတယ်နော်လို့
ထပ်မေးတော့ ... အာ သေချာပါတယ်ဆိုပြီး
ဘုတောတော့မှဘဲ ...
ဟိုလူကစပြောတော့တာကိုး ...
ဒီလိုဗျ ...
ကျွန်တော်တို့ တိရိစ္ဆာန်ရုံမှာ ...
လူစကားတော်တော်နားလည်နေတဲ့
ဂေါ်ရီလာ လူဝံကြီးတစ်ကောင်ရှိတယ် ...
အင်မတန်လဲ လိမ္မာတယ် ...
သူ့ကြောင့် တိရိစ္ဆာန်ရုံ
ဝင်ငွေတော်တော် ကောင်းတာဗျ ...
အဲ ... လွန်ခဲ့တဲ့ လေးလလောက်က ...
ဒီကောင်ကြီး တော်တော်နေမကောင်းလို့ ...
ကျွန်တော်တို့လဲ အတော်ကျိုးစားပြီးကုတာ ...
လုံးဝမရတော့ဘဲ ...
လွန်ခဲ့တဲ့ ၂ လ လောက်က သေသွားပြီဗျ ...
ဒီအကြောင်းကို ...
ပြည်သူကို ... မကြေငြာရဲဘူးဗျို့ ...
တိရိစ္ဆာန် ရုံဝင်ငွေကျသွားမှာစိုးလို့ ဆိုတော့ ...
ဗိုလ်ပြုတ်က ... အင်း ... ဆက်ပြောပါ ဆိုပြီး
စကားလဲထောက်ပေးလိုက်ရော ...
ဟိုလူက ... သေသွားပေမယ့် ...
ကျွန်တော်တို့ ... ဒီကောင်ကြီးအရေခွံကို
အကောင်းအတိုင်း ... ရအောင်
ဆုပ်ယူထားလိုက်တယ် ...
ခင်ဗျားရဲ့ ဂိုက်ဆိုက်က ... အဲအကောင်ကြီးနဲ့
ကွက်တိလောက်ဘဲ ဆိုတော့မှ ...
ဗိုလ်ပြုတ်က ... လန့်တော့တာကိုး ...
အာ ... အဲဒီ့တော့ ...
အဲဒီတော့ ခင်ဗျားက ...
အဲဒီ လူဝံရေကြီးဝတ်ပြီး ...
မနက်၇ နာရီကနေ ... ညနေ ၆နာရီထိ
လှောင်အိမ်ထဲမှာ ထိုင်နေရုံဘဲ ...
ထမင်းစားချိန်ကျ ရင် ...
လှောင်အိမ်နောက်ဖက်က အကွယ်မှာ ...
ထမင်းလာပို့ မယ် ... ခင်ဗျားက ... စား
စား ... ပြီးရင် ရှေ့ပြန်ထွက်ထိုင်နေရုံဘဲ ...
လို့ပြောတော့တာကိုးဗျ ...
ဗိုလ်ပြုတ်ကလန့်ပြီး ... အာ ...
အပြင်လူတွေသိကုန်ရင် ရှက်စရာကြီးဗျ ...
ဆိုတော့ ဟိုလူက ... အံမယ်လေးဗျာ ...
ခင်ဗျားက ရှက်တာလောက်ဘဲ ...
ကျုပ်တို့က ပိုကြောက်တာပေါ့ဗျ ...
ဒါ အစိုးရရဲ့ တော့ပ်စီးကရက် ...
ထိပ်တန်းလျို့ ဝှက်ဗျ ... အပြင်လူသိလို့မရဘူး
ခင်ဗျား ... နားလည်လား ဆိုတော့မှ ...
ဗိုလ်ပြုတ်လဲ ...
နည်းနည်း စိတ်ချသွားပြီး ... အင်းဗျာ ...
ဒါဆိုလဲ မနက်ဖန်ကျ စမ်းကြည့်မယ်ဆိုပြီး ...
မရဲတရဲ ... ကတိပေးတော့တာကိုး ...
နောက်နေ့ မနက်ကျတော့ အိပ်ယာက ...
၅နာရီခွဲလောက်ထ ...
တိရိစ္ဆာန်ရုံလဲ ... ရောက်ရော ...
အဲဒီ အရေခွံကြီး ဝတ်ပြီး ...
မှန်ကိုကြည့် လိုက်တာ ... အံမယ်လေး ...
လန့်ထှာဗျာ ဆို ပြီး ... အော်ယူရသကိုး ...
ဖြစ်ချင်တော့ အရေခွံကြီးက ...
ကံအားလျော်စွာ ကွတ်တိ ကျပြီး ...
တကယ့် လူဝံကြီးလိုဖြစ်နေတာကိုးဗျ ...
အဲတော့မှ သူလဲစိတ်ချပြီး လှောင်အိမ်ထဲဝင်
ထိုင်နေရော ... ကလေးတွေ လာတော့လဲ ...
သူ့မှာ ကြောက်ပြီး မလှုပ်ဝံ့ဘူးကိုးဗျ ...
အဲ ... ထမင်းစားချိန်ရောက်မှဘဲ ...
နောက်က အကွယ်လေးမှာ ထမင်းဝင်စား ...
ပြီးတော့ပြန်ထွက်ထိုင် ... ညနေကျတော့ ...
ဟိုလူက လာပြီး ... ၁၅ ကျပ် ချက်ချင်း
ထုတ်ပေးတာကိုး ... ပိုက်ဆံယူ အိမ်ပြန်လာ
၅ ကျပ်ကို ဖွက်ထား ... ကျန်တဲ့ တဆယ်ကို
မိန်းမကို ... ပေးလိုက်တော့ ...
မိန်းမလဲ ... မျက်လုံးတွေ ဘာတွေ
အရောင်တောက်လာပြီး ...
ဟယ် ... ကိုကို အလုပ်ရပြီလားတွေ
ဘာတွေ အတင်းမေးတော့ တာကလား ...
ဗိုလ်ပြုတ်ကလဲ ... အလုပ် ရပြီလဲဆိုရော ...
မိန်းမက ဆက်မေး ဘာအလုပ်လဲ ဆိုတော့ ...
သူလဲ ... ဘာဖြေရမှန်း မသိ ...
အေး ... အစိုးရအလုပ်ဘဲ ...
လောလောဆယ်တော့ နေ့စားဘဲ ...
ပြောလိုက်ရော ...
မိန်းမက အဲတော့မှ ... အင်း ...
ဒါဆိုလဲ အလုပ်ကျိုးစားနော်..
ပါမင်နစ်လေး ... ဘာလေး
ဖြစ်အောင်ကျိုးစား ... ဘာ ညာ ပေါ့ ...
ဒီလိုနဲ့ တပတ်လောက်ရှိတော့ ... သူလဲ
လှောင်အိမ်ကိုနည်းနည်း ရင်းနှီးလာပြီး ...
မကြောက်တော့ဘူးကိုး ...
ကလေးတွေက
ဟေးလား ... မျောက်ကြီး ...
ရှောက်သီးစားမလားဆို ...
ခေါင်းခါခါ ... လက်ခါခါ လုပ်ပြ ...
ကလေးတွေက သဘောကျတော့ ...
သူလဲပျော်တော့ တာကိုး ...
ဒီလိုနဲ့ ..
တစ်လလောက်ကြာချိန်ရောက်လာတော့ ...
လှောင်အိမ်ကိုပါ ရင်းနှီး ပြီး ...
ကလေးတွေက ...
မျောက်ကြီး ဂျွမ်းထိုးပြပါဆို ...
ချက်ခြင်းဂျွမ်းထိုးပြ လိုက်တာကိုး ...
တပ်ကကောင်ဆိုတော့ ...
ဂျွမ်းတွေဘာတွေကလဲ ...
ကောင်းကောင်းထိုးတတ်တာကလား ...
တာယာကွင်းခိုပြ ...
ဘေးက သံတိုင်တွေကို ပြေးခုန်တက် ပြ ...
အင်မတန် ကျွမ်းကျင်လာတာကိုး ...
ပြည်သူတွေကြားမှာလဲ ...
တိရိစ္ဆာန်ရုံက ... ဒီလူဝံကြီးက ...
လူစကား ... တတ်နေပြီဆိုပြီး ...
သတင်းတွေထပ်ပြန့် ...
ဝင်ငွေတွေ ထပ်တိုးလာ...
၆ လ ပြည့်တော့ ...
ဘောနပ်စ်တွေ ...
ဘာတွေ ... တောင်ရတော့ အစစ ..
အဆင်ပြေလာတော့တာကိုး ...
အဲ ... တစ်ရက်ကျမှ ...
ကလေးတွေက မြှောက်ပေး ...
သူလဲ ပျော်ပြီး တာယာကွင်းခိုပြရင်း ...
ဘေးက သံတိုင်ကို ...
လှမ်းခုန်ကူးလိုက်တာ ...
သံတိုင်က ဆွေးနေတော့ ကျိုးပြီး ...
တဖက်က ကျားလှောင်အိမ်ကြီးထဲ ...
အရှိန်လွန်ပြီး ... ပြုတ်ကျ သွားပါလေရော ...
လူတွေ အားလုံး လဲ ...
မြင်နေရတော့ ... ဝိုင်းအော်ကြတာပေါ့ ...
လူဝံကြီး ... ကျားလှောင်အိမ်ထဲ ကျ သွားပြီ ...
လူဝံကြီး ... ကျားလှောင်အိမ်ထဲ ကျ သွား ပြီ ...
ဆိုတော့ မှ ... သူလဲ ဆူညံနေတဲ့ ...
အော်သံတွေ ... ကြားရတော့မှဘဲ ...
ကျားလှောင်အိမ်ထဲ ... ပြုတ်ကျမှန်း ...
သိတော့တာကိုး
ချက်ခြင်း လူးလဲထမလို့ လုပ်လိုက်ချိန်မှာ ...
မလှမ်းမကမ်းက ... ဝါးရုံပင်ရိပ် မှာ ...
အိပ်နေတဲ့ ... ကျားက ဆတ်ကနဲ ...
ထလာတာကိုးဗျ ...
အဲတော့မှ ... သူ့ခေါင်းထဲ မှာ ...
ချက်ချင်း ... အသိတစ်ခု ဝင်လာတာကိုး ...
သူမလွတ်နိုင်တော့ဘူး ...
ဆိုတာကို ... တန်းသိပြီး. ...
အင်း... .... ကျားဆိုတာ ...
အသေသား မစားဘူး ...
ငါ ...
သေချင်ယောင်ဆောင်နေမှ ... ဆိုပြီး ...
ချက်ခြင်းပြန်လှဲချ ... သေချင်ယောင် ...
ဆောင်ရတော့တာကိုး ...
ဘေးက ...
လူတွေရော ဝန်ထမ်းတွေရော ...
အကုန် ဝရုန်းသုန်းကားဖြစ်နေပေမယ့် ...
သူ့မှာတော့ ... ရင်တဒိတ်ဒိတ်တုန်ပြီး ...
လှဲချနေရင်း ... ကျားထလာတဲ့အသံ
သူ့ဘက်ကို ဖြေးဖြေးချင်း လျှောက်လာတဲ့
အသံက ကြားနေရတော့ ...
တစ်ကိုယ်လုံး ... ချွေးတွေရွှဲ ...
ရင်က ... တဒိတ်ဒိတ်နဲ့ ...
နင်းကန်ခုန်တော့တာကိုး ...
ကျားက ...
သူ့ အောက်ပိုင်းက စနမ်းတော့ ...
နူတ်ခမ်းမွှေးတွေနဲ့ ထိုးမိ ....
လိပ်ပြာပါလွင့်မတတ် ဖြစ်ပါလေရောဗျား ...
ကျားက တဖြေးဖြေး နဲ့ အပေါ်ကို ...
အနံ့ခံရင်းတက်လာ ...
ကျားရဲ့ အသက်ရှူ သံ ကြားနေရပြီး ...
မျက်နှာနား ထိကပ်လာချိန် ...
သူ့ စိတ် ဒုံး ဒုံး ချ လိုက်ချိန်မှာ ...
ကျား က မျက် နှာ နား ကပ် ပြီး . . .
သိပ် ကြောက် နေ သ လား ရဲ ဘော်
ရဲ ဘော် က ဘယ် တပ် က လဲ . . . တဲ့ . . .
From Aung Myaing Thin

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...