Saturday, January 30, 2016

ဝက်ဝံစစ်သားကြီး (သို့မဟုတ်) Voytek

မှတ်စုကြမ်း
 
 [၁၉၄၂ ခုနှစ်၊ အီရန်နိုင်ငံ ၊ ဒုတိယကမ္ဘာစစ်အတွင်း]
၁၉၄၂ ခုနှစ် အီရန်နိုင်ငံ စစ်မြေပြင်မှာ
ပိုလန်စစ်သားတွေက ဝက်ဝံပေါက်စလေး တစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ပိုလန် တပ်မဟာ အမှတ် (၂) မှ အမြှောက်တပ်ခွဲ အမှတ် (၂၂) မှာတာဝန်ကျတဲ့စစ်သားတွေပါပဲ။
ခိုကိုးရာမဲ့ဖြစ်နေတဲ့ ဝက်ဝံပေါက်စလေးကို စစ်သားတွေကမွေးထားဖို့ဆုံးဖြတ်လိုက်ပါတယ်။
ထိုဝက်ဝံလေးကို ပိုလန်ဘာသာ စကားနဲ့ Wojtek လို့အမည် ပေးလိုက်ပါတယ်။


အင်္ဂလိပ်လို Voytek(ဗွိုင်တက်ခ်)လို့ အသံထွက်ပါတယ်။ပျော်ရွှင်သောစစ်သားလို့
အဓိပ္ပါယ် ရပါတယ်။
.
.
စတွေ့တဲ့ အချိန်မှာ ဝက်ဝံလေးကငယ်လွန်းတာ
ကြောင့် အစာကျွေးလို့မရပဲ စစ်သားတွေ
ခမျာဒုက္ခ ရောက်ပါတယ်။နောက်ဆုံးမှာ စစ်သားတွေက နို့ဆီကို ရေနဲ့ဖျော်ပြီး ဗော်ဒ်ကာအရက်ပုလင်း အလွတ်ထဲ ထည့်တိုက်ကြပါတယ်။နောက်ပိုင်းဝက်ဝံလေး Voytek ကြီးလာတဲ့ အခါ အသီးအနှံ၊ marmalade ၊ ပျားရည် နဲ့ သကြားရည်စတာတွေကို တိုက်ကျွေးကျပါတယ်။ဘီယာကတော့ Voytek အကြိုက်ဆုံး အစားအသောက်ပါပဲ။
ဝက်ဝံလေးက လိမ္မာရင် ဆုချတဲ့အနေနဲ့ စစ်သားတွေက ဘီယာတိုက်ကြပါတယ်။
ဆေးလိပ်သောက်ရတာကို နှစ်သက်ပြီး
ဆေးလိပ်တွေကိုဝါးစားရတာ ကြိုက်ပါသေးတယ်။
.
.
အီရန်ကနေ ပါလက်စ်စတိုင်းကို ချီတက်တဲ့ ခရီးစဉ်ရှည်ကြီးအတွင်းမှာ ဝက်ဝံ Voytek ဟာ
အမှတ် (၂၂) တပ်ခွဲအတွင်း မသိသူမရှိ နာမည်ကြီးလာပါတယ်။သူကညဘက်တွေမှာ
လူတွေနဲ့အတူ မီးပုံနားမှာ ဝိုင်းဖွဲ့လေ့ရှိပါတယ်။
အိပ်ရင်လည်း စစ်သားတွေနဲ့ အတူတူ ရွက်ဖျင်တဲထဲမှာ အိပ်ပါတယ်။
Voytekက စစ်သားတွေနဲ့ နပန်းလုံးရတာ ပျော်ပါတယ်၊သူ့ကို ဘယ်သူမှ မနိုင်လို့ပါ။
စစ်သားတွေကိုလည်း အလေးပြု ပြီး နှုတ်ဆတ်တတ်ပါသေးတယ်။ စစ်ယဉ်တန်းနဲ့ ချီတက်ကြတဲ့ အခါလည်း Voytek က
ဂျစ်ကားရှေ့ခန်းကနေ အခန့်သားနဲ့လိုက်ပါတယ်။
လမ်းသွားလမ်းလာတွေ ပြည်သူတွေ က
ဝက်ဝံကြီး ကားစီးလာတာ မထင်မှတ်ပဲတွေ့လိုက်ရတဲ့အခါ လန့်ဖျန့်ကုန်ကြတာလည်း မဆန်းပါဘူး။
.
.
[ Voytek စစ်သားဖြစ်ပြီ]
ဒါပေမဲ့ ပိုလန်စစ်သားတွေ တွေ့ကြုံ ရတဲ့
ပြဿ နာကတော့ ဗြိတိန် စစ်ဋ္ဌာနချူ ပ်က ချမှတ်ထားတဲ့စည်းမျဉ်း အရ စစ်တပ်ဝင်းအတွင်း
အိမ်မွေးတိရိစ္ဆာန်တွေ ခေါ်ခွင့်မရှိတာကြောင့်ပါ။
အဲ့ဒီတော့ပိုလန်စစ်သားတွေကVoytek ကို
တပ်သား ရာထူးနဲ့ တရားဝင် စာရင်းသွင်းပေးလိုက်ပါတယ်။
Voytek ကတရားဝင် စစ်သားဖြစ်ခဲ့ပြီး ၊ ကိုယ်ပိုင်နံပါတ်ပါရရှိခဲ့ပါတယ်။
ဗြိတိန်စစ်ဋ္ဌာနချူ ပ်က တရားဝင်ထုတ်ပြန်တဲ့
စစ်သားစာရင်းမှာ Voytek ရဲ့နာမည်ပါဝင်ခဲ့ပါတယ်။
.
.
[ရှေ့တန်းစစ်မျက်နှာက စစ်သားကြီး Voytek ]
.
အီတလီနိုင်ငံ၊ မွန်တီ ကက်စီနို (Monte Cassino) မြို့က တိုက်ပွဲကတော့
ပိုလန်စစ်တပ် အတွက် အကြီးကျယ်ဆုံး၊ အကြမ်းတမ်းဆုံးနဲ့ အသေအပျောက် အများဆုံးလို့ ပြောစမှတ်တွင်တဲ့ တိုက်ပွဲပါပဲ။ စစ်မြေပြင်ရဲ့ အနောက်ပိုင်း၊ ရှေ့တန်းစစ်မျက်နှာမှာ ပိုလန်စစ်သားတွေက နာဇီဂျာမန် လက်အောက်ခံ အီတလီခံတပ်ကို တက်သိမ်းရပါတယ်။ ထိုတိုက်ပွဲ အတွင်းမှာ Voytek ကပေါင်တစ်ရာကျော်လေးတဲ့ ကျည်ဆံသေတ္တာတွေ၊အမြှောက်ဆံကြီးတွေကို ထမ်းပြီး ကျည်မိုးတစ်ဖြောက်ဖြောက်ရွာနေတဲ့
ရှေ့တန်း အထိ အခေါက်ခေါက်အခါခါပို့ ပေးခဲ့ပါတယ်။Voytek ကသူထမ်းတဲ့ သေတ္တာတွေ အမြှောက်ဆံတွေကိုတစ်ခုမှ မပြုတ်မကျအောင် ထမ်းခဲ့ပါတယ်။
.
Voytek ရဲ့ လုပ်ဆောင်ချက်တွေက အရမ်းကိုလေးစားစရာကောင်းခဲ့တာကြောင့်
မွန်တီ ကက်စီနို တိုက်ပွဲ အပြီးမှာ
အမှတ် (၂၂) တပ်ခွရဲ့အမှတ်တံဆိပ်ကို VoytekကHowitzerအမြှောက်ဆံကို သယ်နေတဲ့ပုံ အဖြစ် တရားဝင်ပြောင်းလိုက်ပါတော့တယ်။
Voytek ကိုလည်း တပ်သားမှ တပ်ကြပ် အဖြစ်ရာထူးတိုးပေးခဲ့ပါတယ်။
.
.
[ဒုတိယကမ္ဘာစစ်အပြီး]
.
ဒုတိယ ကမ္ဘာစစ်အပြီး မှာ Voytek အပါအဝင်
အချို့သော ပိုလန်တပ်သားတွေကို
စကော့တလန် နိုင်ငံ အီဒင်ဘာဂ်(Edinburgh) မြို့မှာ
ပြောင်းလဲ နေရာ ချထားပေးလိုက်ပါတယ်။
Voytek ကတော့သူ့ဘဝရဲ့ ကျန်ရှိတဲ့အချိန်တွေကို
အီဒင်ဘာဂ် တိရိစ္ဆာန်ရုံမှာပဲ ကုန်ဆုံးစေခဲ့ရပါတယ်။
တိရိစ္ဆာန်ရုံ ထဲက Voytek က
ပိုလန်ဘာသာစကားကိုကြားတိုင်း
မတ်တပ်ရပ်ပြီး သူ့ရဲ့ ရဲဘော်တွေကို လိုက်ရှာ ပါတယ်။ စစ်အတွင်းက Voytek နဲ့အတူတိုက်ပွဲ ဝင်ခဲ့တဲ့ ရဲဘော်တွေကလည်း Voytek ဆီ မကြာခဏလာလည်ပါတယ်။
လာလည်တဲ့ အခါ Voytek ရဲ့ လှောင်အိမ်ထဲကို
စီးကရက်တွေပစ် ပေးကြပါတယ်၊
တစ်ချို့ ရဲဘော်တွေ ဆို
လှောင်အိမ် ထဲအထိ ခုန်ဆင်းပြီး အရင်တုန်းက
အတိုင်းပဲ Voytek နဲ့ နပန်းလုံးပါတယ်။
အရင်တုန်းကလိုပဲ Voytek ကိုဘယ်သူမှ မနိုင်ကြပါဘူး။
.
.
[သူရဲကောင်း Voytek ]
.
ရွပ်ရွပ်ချွန်ချွန်တိုက်ပွဲဝင်ခဲ့တဲ့ Voytek ကို
ဒုတိယ ကမ္ဘာစစ် ရဲ့
သူရဲကောင်းတစ်ယောက် အနေနဲ့ အသိမှတ်ပြုခဲ့ကြပါတယ်။
သူရဲကောင်း Voytek ရဲ့အကြောင်းကို
ကမျည်း မော်ကွန်းတင်ပြီး
သူရဲ့ပုံတူ ရုပ်ထုတွေ ကို အီဒင်ဘာဂ်၊ ပိုလန်နိုင်ငံ၊ လန်ဒန်စစ်သမိုင်းပြတိုက်၊
ကနေဒါစစ်သမိုင်းပြတိုက်တွေမှာ
ယနေ့အချိန်ထိ တွေ့မြင်နိုင်ပါသေးတယ်။
.
ဝက်ဝံစစ်သားကြီး Voytek ကတော့ ၁၉၆၃ ခုနှစ်
( အသက် ၂၁) မှာကွယ်လွန်ခဲ့ပါတယ်။
သေဆုံးချိန်မှာ သူ့ကိုယ်အလေးချိန်ဟာ
ပေါင် ၅၅၀ ခန့်ရှိပြီး အရပ်အမြင့်ကတော့ ၆ ပေ နီးပါးရှိပါတယ်။
Wojtek-The Bear That Went to War အမည်နဲ့ သူ့အကြောင်း ဇာတ်ကားရိုက်ထားတာရှိပါတယ်။
‪#‎SwamHtet‬
from Wikipedia
https://en.wikipedia.org/wiki/Wojtek_%28bear%29

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...