Saturday, January 30, 2016

ထိပ်ခပ်နာအတွက် ဆေးနည်းများ

စောနွဲ့ နေဆိုင် - ပူတာအို

ထိပ်ခပ်နာရောဂါဟာ လူအများအပြားဖြစ်နေကြတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ထိပ်ခပ်နာဝေဒနာရှင်များမှ ဆေးနည်းများကို စောနွဲ့ နေဆိုင်(ပူတာအို) သို့ မကြာခဏတောင်းဆိုလာကြပါတယ်။ ဆရာဝန်ကြီးများကိုယ်တိုင် ရေးသားထားတဲ့ ထိပ်ခပ်နာ အကြောင်းများကိုလည်း ညွန်ပေးခဲ့သလို ဆေးရုံးဆေးခန်းများကိုလည်း ညွန်ပေးခဲ့ပါတယ်။

သို့သော် ဆေးရုံဆေးခန်းသွားရန် အဆင်မပြေသူများအနေဖြင့် ဆေးမြီးတိုနည်းဖြင့် ကုသရန် တောင်းဆိုလာကြသည့်အတွက် လေ့လာမိသမျှဆေးနည်းများကို အများသူငါ ပြန်လည်ဖတ်ရှုနိုင်ရန် စုစည်းတင်ပြပေးလိုက်ပါတယ်။

ဆေးနည်း(၁)
နံ့သာဖြူ နှင့် ကင်မွန်းသီးကို ကျောက်ပြင်သန့်သန့်ပေါ်တွင် အဆတူသွေး၍ နှာခေါင်းတွင်းသို့ ၀င်နိုင်သမျှ ၀င်အောင် တစ်ကော်ခန့် ထည့်ပေးပါ။ မကြာခင်ပူလာပါလိမ့်မည်။ နှာချေလာပြီး အပုပ်ရည်များ ကျဆင်းလာပါလိမ့်မည်။ တစ်နေ့ သုံးကြိမ် လိမ်းကြည့်ပါ။ ပိုသောဆေးများကိုလည်း နှာခေါင်းအပြင် ပတ်ဝန်းကျင်ကို လိမ်းပေးနိုင်ပါတယ်။
(Thanda Than)

ဆေးနည်း(၂)
ခေါင်းလောင်းပန်းအဝါရောင် အပွင့်၂ ပွင့် ၃ပွင့်ခူးပြီး ရေဆေး၊ ငရုတ်ဆုံသန့်သန့်ထဲထည့်ထောင်းပါ။ ထွက်လာသည့်အရည်ကို ညှစ်ပြီး ပုလင်းထဲထည့်သိမ်းပြီး အစက်ချတဲ့ညှစ်တံလေးနှင့် ညစ်ပြီး ဘယ်ညာ နှာခေါင်းထဲသို့ အစက်ချပေးပါ။ ၁ မိနစ်အတွင်း နှာခေါင်းအတွင်းမှ ပုရွက်ဆိတ်များဝင်သလို ရွစိရွစိဖြစ်လာပြီး နှပ်ပုတ်နှပ်ခဲ အကျိအချွဲများချီပြီး ထွက်ကျလာပါလိမ့်မည်။ အနှစ်နှစ်အလလ ခံစားနေရသောဝေဒနာမှာ တထိုင်တည်း ယူပစ်သလို ပေါ့ပါးလန်းဆန်းကာ အသက်ရှုဝပါလိမ့်မည်။ ခေါင်းလောင်းပန်း အဝါ၊အစိမ်းရောင် အသီးသီးပါသည်။
(Soe Soe Win)

ဆေးနည်း(၃)
ဒန့်သလွန်ခေါက်ကို အဝတ်သန့်သန့်ထဲထည့်ပြီး ထုချေပါ။ သို့မဟုတ် ထုချေထားသည့် ဒန့်သလွန်ခေါက်ကို အဝတ်သန့်ထဲ ထည့်ထုပ်ပြီး ရှုပေးပါ။ အချိန်တော်တော်ကြာအောင် ရှုပေးပါက နခေါင်းဖျား စပ်လာပါလိမ့်မည်။ မရပ်ပဲ ဆက်၍ရှူပေးပါက အပုပ်ရည်များ၊ အခဲများ ကျဆင်းလာပါလိမ့်မည်။ ရောဂါရင့်ပါက တစ်ပတ်ခန့် ရှုပေးပါက သိသာစွာ ပပျောက်ကင်းလိမ့်မည်။
 (လဝန်း စန္ဒာ)
ထိပ်ခပ်နာဝေဒနာရှင်များ အမြန်ဆုံး သက်သာပျောက်ကင်းနိုင်ကြပါစေ။

စောနွဲ့ နေဆိုင်(ပူတာအို)
စောနွဲ့ နေဆိုင် - ပူတာအို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...