Thursday, January 21, 2016

အမူအကျင့်


လူမှုဘ၀ကို ဖြတ်သန်းတဲ့ အခါမှာ လူတိုင်းမှာ အမူအကျင့်ကောင်းလေးတွေနဲ့ ဖြတ်သန်းသွားဖို့ လိုပါတယ်။ အမူအကျင့်ဆိုတာကတော့ လူတစ်ယောက်ရဲ့ အပြုအမှုနဲ့ အကျင့်စရိုက်ပါပဲ။
အမူအကျင့်ကောင်းဖို့ ဆိုတာ လွယ်လွယ်နဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။ မိဘ၊ဆရာ၊မိမိကိုယ်တိုင်နဲ့ ပတ်ဝန်းကျင် ဆိုတဲ့ အခြေနေတွေမှာ အမူအကျင့်ကောင်းတွေဖြစ်လာတာပါ။ တဆက်တည်းမှာပဲ မကောင်းတဲ့ အမူအကျင့်တွေကိုလည်း ရသွားတတ်ပါတယ်။


အပြုအမူဟာ သတိထားရပါတယ်၊ ကိုယ့်အတွက် စိတ်ကျေနပ်စရာ အပြုမူမျိုး ဖြစ်ပေမယ့် တခြားသူအတွက် စိတ်မချမ်းမြေ့ ဖွယ်ဖြစ်သွားတတ်ပါတယ်။ အဲ့ဒါကြောင့်လည်း မိတ်ဆွေကောင်း
တွေ အများကြီး ဆုံးရှုံးသွားတဲ့ လူတွေအများကြီးပါ။ အကြောင်းအရာ တစ်ခုကို မြင်ဖန်များ၊ ကြားဖန်များလာရင် စိတ်စွဲသွားတတ်တဲ့ သဘောရှိပါတယ်။ အဲ့ဒီစွဲလန်းမှုကနေ အလေ့အထဖြစ်
လာပြီး အပြုအမှုအဖြစ်ပြောင်းလဲသွားတာပါပဲ။
အကျင့်စရိုက်ကလည်း ထို့ နည်းတူပါပဲ။ ဒါပေမယ့် အခြေခံသဘောတရားလေးပါတာပေါ့၊ ငယ်ငယ်ကတည်းက မကောင်းတဲ့အရာတွေကို သင်ပေးတဲ့သူတွေ၊ မကောင်းတာတွေ လုပ်ပြနေတဲ့
သူတွေကနေ အကျင့်လေးတွေ ရသွားတာလေ။ ဒီအကျင့်လေးတွေကနေ လိုက်ပါလုပ်ဆောင်တဲ့အခါ အပြုအမှူဖြစ်သွားတာပါ။ ဒါကြောင့် အပြုအမူနဲ့ အကျင့်စရိုက်ဟာ ဆက်စပ်နေတာပေါ့။
မိဘတွေကလည်း သားသမီးတွေအပေါ် မှန်ကန်တဲ့ အသိလေးတွေ ဖြစ်တည်လာအောင် ငယ်ငယ်ကတည်းက ဆုံးမပေးရမယ်။ အကျင့်စရိုက်ကောင်းတွေ ဖြစ်လာအောင် ဘာသာရေးကို
အလေးပေး လက်ဆင့်ကမ်းရမယ်။
ဘာသာရေးကို ယုံကြည်တတ်ယုံသာမကပဲ ဆန်းစစ်ဝေဖန်နိုင်အောင်လည်း သင်ကြားပေးဖို့ လိုပါတယ်။ ဒါမှာလည်း ဘာသာတရားဟာ ပိုမို ခိုင်မာလာမှာ ဖြစ်ပါတယ်။ မိရိုးဖလာ မဟုတ်ပဲ၊
တကယ့် ဗုဒ္ဓဘာသာ အစစ်တွေ ဖြစ်လာဖို့ အတွက် မိဘတွေမှာ တာဝန်ရှိပါတယ်။ ဆရာသမားတွေဆိုလည်း မကောင်းတာတွေကို မလုပ်ဖို့ ၊ကောင်းတာတွေကို လမ်းညွှန်ဆုံးမပေးဖို့  လိုအပ်
ပါတယ်။ လောကီ၊လောကုတ္တရာ အလုပ်တွေကို မျှတအောင် လုပ်တတ်ဖို့  ဆရာသမားတွေကလည်း အဓိကကျပါတယ်။
လူတစ်ယောက်အတွက် အမူအကျင့်ကောင်းတွေပေးတဲ့ နေရာမှာ ပတ်ဝန်းကျင်ကတော့ အဓိကကျတာပေါ့၊ ဗီဇဆိုတာက နည်းနည်းပါတာလေ။ ပတ်ဝန်းကျင်က ၈၀%၊ ဗီဇက ၂၀% ပေါ့။
ပတ်ဝန်းကျင်ကတော့ ကိုယ်နဲ့ နေ့ စဉ်ထိတွေ့ နေရတာ ဖြစ်တဲ့အတွက် တော်တော် အရေးကြီးပါတယ်။ ပန်းဝန်ကျင်ထဲမှာ ၀င်ဆန့် နိုင်အောင် ပတ်ဝန်းကျင်ရဲ့ ဓလေ့စရိုက်၊အကျင့်စရိုက်၊
အပြုအမှုနဲ့ အပြောအဆိုတွေက သင်ယူရတာ အရမ်းများတယ်လေ။ ဒီ့အတွက် ကိုယ့်မှာအချိန်တွေတိုင်းလိုလို ထိတွေ့ ပါများ၊ လုပ်ကိုင်ပါများလာရင် နောင်တစ်ချိန် ပတ်ဝန်းကျင်ရဲ့အမူ
အကျင့်တွေက ကိုယ်ရဲ့ အမူအကျင့်တွေ အဖြစ်ပြောင်းလဲလာတာပါပဲ။
မကောင်းတာနဲ့ ကောင်းတာတော့ ကိုယ့်ရဲ့ စိတ်ကနေ ခွဲခြားပြီး လုပ်ဆောင်ပေါ့။ ကောင်းတဲ့အမူအကျင့်တွေ ပိုင်ဆိုင်ထားတာ ဆိုရင် တန်ဖိုးထားပြီး ပျောက်ပျက်မသွားအောင် ထိန်းသိမ်း
ပေါ့။ မကောင်းဘူးထင်ရင် နုနုက ကုထားဆိုသလို အမြစ်ဖျက် သုတ်သင်လိုက်ပေါ့။ အဲ့ဒါဟာ မိမိရဲ့ စိတ်ကို မိမိ အောင်နိုင်တာပါပဲ။ ဒါကြောင့် ကောင်းတဲ့ အပြုအမူတွေပဲ ခန္ဓာကိုယ်မှာ
ကိန်းအောင်းနေဖို့  ကျင့်ကြံကြပါလို့ အကြံပေးချင်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...