Tuesday, May 29, 2012

ကုန်းနှင့်ရေ နှစ်မျိုးမောင်းနိုင်သည့်ကား ခြောက်နှစ်ကျော်ကြာ စမ်းသပ်ပြီး ထုတ်လုပ်နိုင်ခဲ့


by General Knowledge on Monday, May 28, 2012 at 6:55pm ·

By Yangon Times Journal Originally posted 24/05/2012 12:04PM

 ကုန်းပေါ်တွင် တစ်နာရီ ၁၂၅ မိုင်နှင့် ရေပြင်တွင် တစ်နာရီ မိုင် ၆၀ သွားနိုင်သော ကားတစ်မျိုးအား ခြောက်နှစ်ကြာ စမ်းသပ်ခဲ့ပြီး ထုတ်လုပ်နိုင်ခဲ့ကြောင်း တီထွင်သူ မာ့စ်ဝစ်က ထုတ်ဖော် ပြောဆိုလိုက်သည်။ 

ထိုကဲ့သို့ ကုန်း/ရေ နှစ်မျိုးသွားနိုင်သော Sea Lion အမည်ရှိ ကပြားကားအား ကန်ဒေါ်လာ ၂၅၉၅၀၀ ဖြင့် ရောင်းချမည်ဟုလည်း သိရသည်။

ထိုကားသည် မြင်းကောင်ရေ ၁၇၄ ကောင်အားရှိသော မာဇဒါရိုထရီ အင်ဂျင် တပ်ဆင်ထားပြီး အလူမီနီယံ အစွန်းခံ သံမဏိတို့ဖြင့် တည်ဆောက်ထားကြောင်း သိရသည်။



ထိုကဲ့သို့ နှစ်မျိုးသုံးကား ၂၅ စီးရှိပြီး ကုန်း/ရေ နှစ်မျိုးတွင် အမြန်ဆုံး စံချိန်ကိုယူရန် ယှဉ်ပြိုင်နေကြကြောင်းFantasy Junction စာစောင်တွင် ရေးသား ဖော်ပြထားသည်။ အကယ်၍ ၎င်းတီထွင်ထားသော Sea Lion အား ဝယ်ယူပါက ၎င်းအနေဖြင့် အင်ဂျင်နီယာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မာ့စ်ဝစ်က ပြောဆိုခဲ့သည်။



TST/NWE

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...