ထီးနှင့်တူသော ...
by မြန်မာ့ အာမခံ ဈေးကွက် (Insurance Industry in Myanmar) on Thursday, May 31, 2012 at 11:05am
ထီး ဆိုတာ အကာအကွယ် တစ်မျိုးပါ။
အာမခံ ဆိုတာလည်း အကာအကွယ်တစ်မျိုးပါ။
ထီးက မိုးဒဏ် လေဒဏ် အန္တရာယ်မှ မိတ်ဆွေကို တိုက်ရိုက် ကာကွယ်ပေးတယ်။
အာမခံက သဘာဝ ဘေးအန္တရာယ်မှ မိတ်ဆွေကို သွယ်ဝိုက်သော အားဖြင့် ကာကွယ်ပေးတယ်။
ထီးဆောင်းရင် မိုးဒဏ် လေဒဏ် အထိုက်အလျောက် လုံခြုံမှန်း သိသူတွေအနက်
၎င်း မိုးဒဏ် လေဒဏ် အန္တရာယ်မှ ကာကွယ်ချင်ပြီး ထီးဝယ်ဘို့ တတ်နိုင်သူတွေ
ထီးဝယ်ဆောင်းဘို့ အားထုတ်ကြတယ်။
အာမခံထားရင် သဘာဝ ဘေးအန္တရာယ်ကို အထိုက်အလျောက် ကာကွယ်နိုင်မှန်း သိသူတွေအနက်
၎င်း သဘာဝ ဘေးအန္တရာယ်ကနေ အထိုက်အလျောက် ကာကွယ်ချင်ပြီး အာမခံထားဘို့ တတ်နိုင်သူတွေ
အာမခံ ထားဘို့ အားထုတ်ကြတယ်။
ထီးဆိုင်နဲ့ အလှမ်းဝေးရင်၊ တော်ရုံနဲ့ ထီး မဝယ်ဖြစ်နိုင်။
အာမခံကုမ္ပဏီနဲ့ အလှမ်းဝေးရင် တော်ရုံနဲ့ အာမခံ ထားဘို့ မစီစဉ်နိုင်။
ထီးဈေးကြီးရင်လည်း အကောင်းစားထီးထက် ကိုယ်တတ်နိုင်တဲ့ ထီးကို ဝယ်ရတယ်။
အာမခံ နှုန်းများရင်လည်း အဓိက ကိုယ်လိုချင်တဲ့ အကာအကွယ်လောက်ကိုပဲ ဝယ်ရတယ်။
တစ်နယ်လုံးမှာ တစ်ဆိုင်တည်း ရောင်းချခွင့်ရတဲ့ ထီးဆိုင်ကတော့ ဈေး သက်သာမယ်မထင်။
ထီးဆိုင်တွေ တစ်ဆိုင်မက ဖွင့်ခွင့်ရလာရင်တော့ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုချင်တဲ့ ထီးကို စိတ်ကြိုက် ရွေးဝယ်ဘို့သာပြင်။
တစ်နပ်စားလုပ်တဲ့ ထီးဆိုင်နဲ့ စိတ်ချရတဲ့ ထီးဆိုင် ဘယ်ဆိုင်က ရေရှည် ရပ်တည်နိုင်မလဲ ဗေဒင်မေးရင်တောင် ဆန်ကုန်နေဦးမယ်။
ဤသို့သော အခြင်းရာများကို အကြောင်းပြု၍ ကျွန်တော်များ မြန်မာ့ အာမခံ ဈေးကွက် (Insurance Industry in Myanmar) ၏ ပရိုဖိုင်းပုံကို ထီးဖြင့် ကိုယ်စားပြုလိုက်ရကြောင်းပါ ခင်ဗျား....။
2012-05-31
0 comments:
Post a Comment