Tuesday, May 29, 2012

ကလေးမြို့တွင် ထွန်းသွင်ကုမ္ပဏီမှ ဘိလပ်မြေစက်ရုံတည်ဆောက်မည်


(မောင်မောင်-ကလေး)

ကလေးမြို့တွင် ထွန်းသွင်ကုမ္ပဏီမှ ဘိလပ်မြေစက်ရုံတည်ဆောက်သွားရန် စီစဉ်နေကြောင်း ဒေသခံများထံမှ သိရသည်။ စက်ရုံတည်ဆောက်မည့်နေရာမှာ ကလေးမြို့နယ် အင်ဒိုင်းကြီးရွာနှင့် ပေ(၃၅၀၀) ခန့်ရှိ ထုံးကျောက်တောင်နေရာတွင်ဖြစ်ပြီး ကုမ္ပဏီမှ တာဝန်ရှိသူများ၊ခရိုင်စိုက်ပျိုးရေး 
လုပ်ငန်း၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လုပ်ကွက် ဧရိယာ(၂၀၀)ခန့်ရှိကြောင်း သိရသည်။

၎င်းစက်ရုံနယ်နိမိတ်အတွင်းတွင် တောရိုင်းမြေနှင့် သစ်တောကြိုးဝိုင်းမြေ
ဧက (၁၀၀၀)ခန့် ပါဝင်နေပြီး အင်ဒိုင်းကြီးနှင့် အင်ဒိုင်းလေးကျေးရွာတို့မှ
တောင်သူ (၄၀)ဦးတို့၏ စိုက်ပျိုးမြေ (၄၆)ဧကလည်း ပါဝင်နေကြောင်း သိရသည်။

( ဒီထုံးကျောက်တောင်ကို အမှီပြုပြီး ဒီဒေသခံတွေက
ထုံးလုပ်ငန်းတွေလုပ်ကိုင်နေတာရှိတယ်။ ကုမ္ပဏီက
ဝင်ပြီးလုပ်ကိုင်မယ်ဆိုရင်တော့ ဒေသခံတွေအတွက် အလုပ်တွေ
ပျောက်သွားနိုင်တာပေါ့။) ဟု အင်ဒိုင်းကြီးရွာသားတစ်ဦးမှ ပြောခဲ့သည်။

မြို့နယ်သစ်တောဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ( အစ်ကိုတို့ဌာနက သူတို့(
ကုမ္ပဏီ)ရဲ့ ဆန္ဒအတိုင်း လုပ်ပေးရတာပါ။
မလုပ်နဲ့လို့တားပိုင်ခွင့်မရှိပါဘူး။ သူတို့ရဲ့ လုပ်ကွက် ဧရိယာထဲမှာတော့
စီးပွားဖြစ် အပင်ကြီးတွေ မရှိပါဘူး။ အပင်ငယ်တွေပဲ ရှိပါတယ်) ဟု
ပြောခဲ့သည်။

( စက်ရုံဆောက်တာ ကောင်းပေမယ့် ဒီဒေသရဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမယ်။
အထင်ရှားဆုံးက တောင်ကြီးပျောက်သွားမယ်။ အနီးအနားက ကျေးရွာတွေအတွက်
သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်မှု ပိုများလာမယ်။
ကာကွယ်နိုင်စွမ်းအားနည်းသွားမယ်။) ဟု
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးက
ပြောပြခဲ့သည်။

တောင်သူများ၏ စိုက်ပျိုးမြေများအတွက် လျော်ကြေးငွေများ ပေးသွားမည်ဟု
သိရပြီး တရားဝင်သတ်မှတ်ထားသော လျော်ကြေးနှုန်းထားများ မရှိသေးကြောင်းလည်း
သိရသည်။ နိုင်ငံအ၀ှမ်း ဘိလပ်မြေစက်ရုံတည်ဆောက်လုပ်ကိုင်ခွင့်ရရှိထားသော
ကုမ္ပဏီများမှာ ထွန်းသွင်ကုမ္ပဏီအပါအ၀င်
 ( ၂၁ ) ခုခန့်ရှိပြီး လည်ပတ်နေသော ဘိလပ်မြေစက်ရုံပေါင်းမျာ
(၁၄)ရုံရှိသည်ဟု သိရသည်။

မောင်မောင်(ကလေး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...