Wednesday, May 30, 2012
ခရိုနီတွေ ရဲ. ထောင်ချောက်၊ပွင်.လင်းမြင်သာမှုတွေ လိုနေတဲ.အချိန် Trap of Burmese Cronies, Time to Reverse Our Ruined Arcadia.
by Aye Aye Soe Win on Wednesday, May 30, 2012 at 10:19am
ထူး လဲထူးတဲ.မြန်မာ.ဒီမိုကရေစီလမ်းကြမ်းကြီး ကို ထူးဂရု ကို ကာကွယ်ရင်း၊ အလားတူ ခရိုနီတွေကို မေတ္တာမပျက် မထိခိုက်စေပဲ ဘယ်လို လမ်းဖေါက်လို.ရမလဲ။အဲ သလိုတွေးမိကြလား။
နိုင်ဂျီးရီးယားရဲ.အငြိမ်းစား ရေ လေတပ် အရာရှိများအစည်း အရုံး( the Retired Army, Navy, and Airforce Officers Association of Nigeria) နဲ. ဒီ အဖွဲ. ဥက္ကဌ အငြိမ်းစား ဗိုလ်မှုးကြီး အဘ်ဒူ ဆလမ်း က သူတို.နိုင် ငံအတွင်း ထိပ်တန်းအစိုးရအရာရှိများ အကြီးအကျယ် ခြစား လပ်စား အကျင်.ပျက်မှု တွေကို ထိရောက်စွာ နှိမ်နင်းနိုင်ရန် ဤ စီးပွားရေး ရာဇဝတ်မှုကြီးတွေကို ပျော်ပျော်ကြီးကျူးလွန်သူများ အားပြစ်ဒဏ်ထင်ရှားပါက သေဒဏ် ချ မှတ် သင်.သည် ဟု တရားဝင် စာထုတ် အကြံပြု တောင်းဆိုခဲ. တဲ. သတင်းကို ပြီးခဲ.တဲ.လ ဧပြီက ဖတ်ရတော. ကိုယ်.တိုင်းပြည်အတွက်တကယ် စိတ်မကောင်းဘူး။ သူများနိုင်ငံတွေမှာတော.     နိုင်ငံပိုင် ငွေတွေကို ဘီလီယံ နဲ.ချီပြီး ခိုးဝှက်စား၊အကျင်.ပျက်သူတွေကို ထိထိရောက်ရောက်နှိမ်နင်းနိုင်ဖို. စစ်တပ်ကအရာရှိဟောင်းတွေကိုယ်တိုင်ဦးဆောင်ပြီး အကြံဥာဏ်ကောင်းတွေပေးကြတယ်။ နိုင်ဂျီးရီးယားမှာ လပ်စားမှု high profile corruptionို တွေ ရှိ ပေမဲ. ဒါတွေကို ထိန်း ချုပ်ဖို. ၊ကျူးလွန်သူတွေကို အရေးယူဖို. အဖွဲ.အစည်းတွေနဲ. ပြည်သူ.ဖက်ကပြောရဲလုပ်ရဲတဲ. ထက်မြက်တဲ. ပုဂ္ဂိုလ်တွေ ရှိကြပါတယ်။  
ကျမတို. မြန်မာနိုင် ငံမှာ တော. ခရိုနီ ထိ ဒါးကြည်.ဆိုတဲ. ခေါင်းမာ မိုက်ရိုင်းမှု နဲ. ရမ်းကားပုံမျိုးတွေတွေ.နေရတော. အကြီးအကျယ်ကို မှားနေသေးတယ်ဆို တာထင်ရှားတယ်။၊ ဘာတွေပဲ အပေါ်ယံ အားဖြင်.ပြောင်းလဲနေပေမဲ. ၊ အသွင်ပြောင်း ကာလရဲ.သရုပ်မှန်က မျှော်လင်.စရာတ၀က် ၊စိတ်ဆင်းရဲစရာ တ၀က်နဲ. ပဲဆိုတာကို လူတိုင်းသိနေကြပါတယ်။ ပြည်သူသန်းပေါင်းများစွာကို လူ ညွန်.တုန်း အောင်ဆင်းရဲငတ်မွတ်စေပြီ်း မတရားသဖြင်. လွန်ကျူးထားတဲ. စီးပွားရေးစစ်ပွဲတွေကို ထိန်းချုပ်ဖို.၊ မြန်မာ.လွှတ်တော်ကြီးထဲက ဘယ်သူတွေက ဘာတွေကိုဘယ်အသွင်နဲ.ဦးဆောင်မလဲ။
စီးပွားရေး ငွေကြေး အရ ကျူးလွန်သော ရာဇဝတ်မှုများဆိုင်ရာကော်မစ်ရှင် တစ်ရပ် (Commission Against Economic Crimes and High-profile Corruption)မျိုး မြန်မာပြည်မှာ ရှိသင်.တယ်လို.ထင်ပါတယ်။ ဒါဟာလူတစ်ယောက်ရဲ. စိတ်ကူးယဉ်အိပ်မက် (သို.) လက်တွေ.မပါတဲ.ဆန္ဒ မဟုတ်ပဲ ခု တဖက်စောင်းနင်း ဖြစ်နေတဲ. လူမှုစီးပွား ပြဿနာတွေကို အကောင်းဆုံး အထိရောက်ဆုံး အမျှတဆုံး တစစီ ဖြေရှင်းပေး နိုင် မဲ.နိုင်ငံရေး လိုအပ်ချက်ကြီး၊ ဖြစ်တယ်လို.ယုံကြည်တယ်။ အမှန်တရားရောင်နီဦး ဟာမြန်မာပြည်ရောက်ဖို. ဘာကြောင်.များသိပ်နောက် ကျနေတာလဲ။ ဒါမှမဟုတ် ပိတ်ထားတဲ.တံခါး တွေကြောင်.သက်သက်သာ ဘာအလင်း ရောင်မှ မရနိုင်တဲ. အဖြစ်လား။ ဘယ်သူတွေက ဒီတံခါးတွေကို  တမင်ပိတ်ထားကြတာလဲ။ လွှတ်တော် က တံခါးပိတ်လွှတ်တော် လား။ 
အမှားတွေကိုပြင်ဆင်ဖို. ပွင်.လင်းမြင်သာမှုတွေ လိုနေပြီ။
ပြည်သူလူထု အကာအကွယ် မဲ.ဆင်းရဲ မွဲ တေ ခဲ.တာ နှစ် တွေ အများကြီးကြာ ခဲ.ပါပြီ။ ကျောင်းသားတွေ၊ ရဟန်းတွေ၊ တိုင်းရင်းသားတွေ သေခဲ. ပျက်ဆီးခဲ.တာ လည်း ရေတွက်လို.ပင်မရနိုင် ပါ။ ခု ဆို ကမ္ဘာပေါ် မှာ အဆင်းရဲ ဆုံး တနိုင်ငံ ဖြစ်နေရှံမက ဒီ.ထက်ဆိုးတာက ခု  မြန်မာနိုင် ငံ က ကမ္ဘာပေါ် မှာရှိသမျှနိုင်ငံတွေ တန်း စီလိုက် ရင် အောက် ဆုံးအနိမ်.ဆုံး က corruption index မှာ ၄ နိုင် ငံ ထဲ မှာ စာရင်းဝင် နေတာပါပဲ။ ကျန်တဲ. ၃ နိုင်ငံက ဆိုမားလီးယား၊ အာဖဂန်နစ်စ်တန် နဲ. မြောက်ကိုရီးယား ပဲဖြစ်ပါတယ်။ဒါဟာ တော်တော်ကို ရှက်စရာကောင်းတဲ. အနေအထားပါ။ ပြင်းထန်တဲ. စကားလုံးနဲ. စွတ်စွဲချက်တွေ မပါပဲ ဒီ လို အကျင်.ပျက်မှု ကိန်းဂဏန်း အရ အဆိုးတကာ အဆိုး ဆုံး အဖေါက်ပြန်ဆုံး ၄ နိုင်ငံ စာရင်းဝင် သွား စေတဲ. အကြောင်းရင်းတွေကတော. ......၁၉၆၂ က စပြီး ဒီနှစ် အထိ
(၁) သူတို. မအုပ်ချုပ်တတ်ဘူး
(၂) သူတို. ပြည်သူ.ကိစ္စ သေးသေးကြီးကြီး ဒါးမိုးအုပ်ချုပ်တယ်။
(၃) ပြည်သူလူထုအပေါ် လုံးဝ ဂရုဏာတရားမထားဘူး။
(၄) သူတို.လောဘ က သာမန်လောဘမျိုးမဟုတ်ပဲ ရာဇ၀တ်မှုမြောက်နေတဲ.အဆင်.ကြီးတွေ
(၅) ၁၉၆၂ က စပြီး ဒီနေ. အထိ တချိန်မှ ပြည်သူတွေဖက်က ဒီမိုကရေစီနည်းကျကျ ဘာဆိုဘာမှ တောင်းဆိုခွင်.မရသေးဘူး။
(၆) ပြည်သုတွေ ၇ဲ. ကိုယ်စားလှယ်တွေ ဖက်မှာကိုက တကယ်မှန် တကယ်သေချာတဲ. ၊အကြမ်းဖက်မှုလဲမပါတဲ.၊ ထိုက်တန်စွာရယူ ကောင်းတဲ. နိုင်ငံရေး ရေစီးကြောင်းကို နှစ်ဖက် မျှမျှ တတ ဖြစ်လာအောင် မတောင်းဆိုရဲ၊ တာဝန် မယူရဲပဲ ရေစုန်မှာသာ၊ လှေကြုံစီးနေတဲ. သဘောမျိုးတွေ ရှိနေတာတွေ.ရတယ်။
တနင်္သာရီ မြောက်ပိုင်း တောင်ပိုင်းက ခရိုနီ ပိုင် လုပ် ကွက်များ။
တနင်္သာရီ မှာ သူတိုအချင်ချင်း လက်သိပ်ထိုး ယူထားတဲ. ခရိုနီတွေရဲ.လုပ်ကွက်တွေကို တချက်ကြည်.ပါ။ စာရွက်ပေါ်မှာတော. ဒီအပင် (သို.) ဟိုအပင်စိုက်ပါမယ်လို. ရေးထားပေမဲ. တကယ်လဲဘယ်သူမှ တလေးတစား စိုက်ပျိုး ကြမဲ.သူတွေ မဟုတ်ပါဘူး။ ၇နှစ်ကြာရင် တနည်းနည်း နဲ. မတော်မတရား ရယူထားတဲ. ဒီမြေယာတွေကို လှည်.ထုတ်မယ်။ အချို. ခရိုနီတွေဆို တရုတ် ထိုင်း စတဲ. ကုမ္ပဏီတွေစီက ကြိုပြီးတောင် ငွေတွေယူထားပြီးသား။ ယူထားတဲ.မြေ အကျယ်အဝန်း နဲ. သူတို.အပြောအရစိုက် ပျိုး ပြီးသားမြေ ပမာဏ နှိုင်းယှဉ်ကြည်.ပါဦး။ တကယ်တော. မြေဆိုတာ ပဒေသာ ပါ။ ဒီမြေ ဒီရေတွေကို နိုင်ငံခြားသား တစုနဲ.ပေါင်းစား ရိုက်စားဖို.အချင်းချင်းအကျိုး ပြုပြီး သတ်မှတ်ပြီးသား အစီအစဉ်တွေ၊ စာချုပ်တွေဆိုတာကလဲ ဘယ်လိုနည်းနဲ.မှ တရားမဝင် နိုင်ပါ။
တနင်္သာရီ မြောက်ပိုင်း နဲ. တောင်ပိုင်း က ခရိုနီ လုပ် ကွက်များ နဲ.ပတ်သက်ပြီး အောက်ကစာပုဒ်၂ခုကို တင်ပြချင်ပါတယ်။ တနင်္သာရီက မကြာခင်က ပြန်လာတဲ.သူတယောက် ရဲ. မျက်မြင်ကိုယ်တွေ. သုံးသပ်လေ.လာမှုဖြစ်ပါတယ်။
“××××××ဒေသကို ရောက်ခဲ့ပါတယ်။ ယုဇနကို မြိတ်ဒေသခံတွေက အတော်အမြင်မကြည်မလင် ဖြစ်ကြပါတယ်။ လမ်းခင်းပေးဖို့ အစိုးရထံမှ ကန်ထရိုက်ယူပြီး လမ်းမခင်းသည့်အပြင် ကောင်းမွန်ပြီးသားလမ်းသားများအားလည်း ဘူဒိုဇာများနှင့် ထိုးထားတာကို တွေ့ရပါတယ်။ တွေ့ရမြင်ရသမျှ အဝေးပြေးလမ်းတွေထဲမှာတော့ တနင်္သာရီလမ်းတွေက အဆိုးရွားဆုံးဖြစ်တာကို တွေ့ရပါတယ်။ အေရှားဝေါရဲ့ မအောင်မြင်တဲ့ ဆီအုန်းစိုက်ခင်းတခု ကိုလည်းတွေ့ရပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရတော့ အဲဒီဆီအုန်းစိုက်ခင်းနေရာတွေက ယခင် သစ်တောနှင့် အခြား စိုက်ပျိုးခြံအများစု ဖြစ်တာကို သိရပါတယ်။ ဒေသခံတွေကတော့ နိုင်ငံတော် စီမံကိန်းဆိုလျှင် အတော့်ကိုလက်လန်နေကြပါတယ်။ မြေသိမ်းခံရ၊ အသေးစား သစ်ခွဲလုပ်ငန်းတွေ ကန့်သတ်ခံရ အစရှိသဖြင့် အတွေ့အကြုံများစွာကို ဖြတ်သန်းနေတာ ဖြစ်တယ်လို့ တွေ့ရပါတယ်။ ဆီအုန်းက ထွက်တဲ့ စားသုံးဆီဟာ ကျန်းမာရေးအတွက် လုံးဝ မသင့်တော်တဲ့ အတွက် အရှေ့တောင်အာရှိ ထိပ်သီး ဆီအုန်းနိုင်ငံ မလေးရှားမှာတောင် သုံးစွဲ ခွင့်မပြုပါဘူး။ သူတို့ စိုက်ပျိုးထုတ်လုပ်တာ ပို့ကုန်အတွက် သီးသန့် ဖြစ်တယ်လို့ ပြောပေမဲ. အဓိက စားသုံးသူကတော့ မြန်မာနိုင်ငံလို့ သိရပါတယ်။ ထားဝယ်မှာတော့ ရေနက်ဆိပ်ကမ်းကိစ္စကြောင့် မြေသိမ်းပြဿနာတွေ ကြီးမားနေပါတယ်။ လက်ရှိတော့ ကိုမင်းကိုနိုင်တို့အဖွဲ့ ထားဝယ်ရောက်နေကြပါတယ်။ မြေသိမ်း ကိစ္စအတွက်ဘဲ လာကြတယ် ထင်ပါတယ်။
“တနင်္သာရီနှင့် ကချင်ပြည်နယ်က မြန်မာနိုင်ငံမှာ သဘာဝသယံဇာတ လက်ကျန်နှင့် စိုက်ပျိုးရှန်ကောင်းမွန်သောမြေ အများဆုံး ရှိတဲ့ ဒေသတွေ ဖြစ်ပါတယ်။ ကျန်ဒေသတွေ ဥပမာ ရှမ်းပြည်နယ်ဆိုလျှင် ရှမ်းအမည်ခံများ (တဘက် တရုပ်နိုင်ငံမှ ဝင်ရောက်လာတဲ့ သူများ) ရဲ့ တရုပ်အစိုးရကုမ္ပဏီကြီးတွေနှင့် ပူးပေါင်း တူးဖော်ဆွ ရောင်းစားလို့ သယံဇာတတွေ ကုန်သလောက်ရှိနေပါပြီ။ ယခုထားဝယ် ရေနက်ဆိပ်ကမ်း (အီတလီ-ထိုင်း ကုမ္ပဏီ)၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ( တရုပ်အစိုးရ) အစရှိသဖြင့် စီမံကိန်း ရေးဆွဲရောင်းချနေတာတွေကို ပြည်သူများအနေနှင့် မည်သို့မည်ပုံ ပြန်လည်ရယူမည်ကို ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ စီမံကိန်းမြေများကို လိုက်လံဝယ်ယူသည့်အတွက် ပြည်သူများလက်ဝယ် ငွေခန်းခြောက်သွားခြင်းမှအပ အခြား မည်သည့်ထူးခြားသော အကျိုးသက်ရောက်မှုကိုမျှ မတွေ့ရပါဘူး။ အချိန်တန်တော့လည်း ဒီငွေခန်းခြောက်ပြီး လုပ်ငန်းများ လည်ပတ်မှု နှေးကွေး ရပ်ဆိုင်းသွားရာက တဆင့်ပေါ်ပေါက်လာမည့် အလုပ်လက်မဲ့ဖြစ်တာ၊ လစာလျှော့ချခံရတာ၊ စရိတ်စက ကြီးမားလာတာတွေကို ခံစားရမှာ ဒီပြည်သူတွေဘဲ ဖြစ်ပါတယ်။ ဒါမျှမကသေးဘဲ အထက်ပါ စီမံကိန်းများအား နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဘက်ဂျတ်ပြပြီး ကမ္ဘာ့ဘဏ်တို့ ဘာတို့က ငွေချေးယူ အသုံးပြုပြီးခဲ့လျှင် ဒီပြည်သူတွေဘဲ အခွန်ဆတိုးဆောင်ပြီး ပေးဆပ်ကြရမှာ ဖြစ်ပါတယ်။ ဒီတော့ ဘယ်သူ့အတွက် လုပ်ကြမှာလဲ ဆိုတာကို ရှင်းရှင်းကြီး သဘောပေါက်တော့မှ ရပါမယ်။ မဟုတ်လျှင် သမိုင်းကွေးသွားဖို့ ရှိပါတော့တယ်။”
ပြည်သူလူထု၏ နိုင်ငံရေးအာသီသ Public Political Will
ပြည်သူလူထုမှာ ပြင်းပြ နက်ရှိုင်းတဲ. နိုင်ငံရေး စိတ်ဆန္ဒ ရှိပါသလား။ ရှိတယ်။ အမြဲရှိတယ်။ အမြဲတန်းသတ်ဖြတ်ဖမ်းဆီး နေတဲ. စစ်အာဏာရှင် တွေပေးသမျှ ဒီဒဏ်တွေကို ခါးစီးခံရင်းက ပြည်သူတွေဟာ မြင်တဲ.သူတိုင်း ရင်ကွဲရမတတ် ဘယ်တုန်းက မှ မရတဲ. သူတို.အခွင်.အရေးလေးတွေကို အောက်ကျို.ပြီး တောင်းနေ ရှာဆဲပဲ။ ဒါဟာ ၁၉၈၈ပြီးကထဲက အပိုင်းပိုင်း အချိုးခံခဲ.ရတဲ. တိုးတက်သော လူငယ်အင်အားစုတွေ ဘေးကထိုင်မြှောက်ပင်.ပေးနေလို.လဲမဟုတ်၊ ထစ်ကနဲရှိ ၀ါသနာပါလို.ဆူချင်ပူချင်လို. ဖယောင်းတိုင်ကိုင် နေကြတာလဲမဟုတ် ၊ အနောက်ဖက်ခြမ်းက လစ်ဘ၇ယ် တွေသိနေသလို၊ သူတို.အစိုးရတွေကို ဝေဖန်နေပုံမျိုးတွေနဲ. မြန်မာလူထုကြီးက သူတို.ရဲ. အစိုးရစီက စားစရာတွေ ၀တ်စရာတွေ၊ ရေ မီး ဘတ်စ်ကားခ တွေ၊ နဲ. ဘ၀လုံခြုံ မှု ဒါတွေ တပုံတပင် ရထားရက်နဲ. အပျင်း ပြေ ထကြွ နိုးကြား ဆန်.ကျင်နေတာလဲမဟုတ်၊  ပါတီတခုက မုဝါဒနဲ. ထိန်းကြောင်းပေးနေလို. လူထုတိုက်ပွဲ မဖြစ် ဖြစ်ရေး အတွက် အားလုံး အပြင်ထွက်ပြီးဆန္ဒပြ နေကြတာလဲမဟုတ်။
အလုပ်သမားတွေ နေ.စဉ်ကျွန်လို လုပ်နေရလျက်က မိသားစုထမင်းမ၀တဲ. အတွက်  ငတ်နေလို.၊ ငတ်လွန်းနေလို. ၊ ဖိနှိပ်မှုမတရားမှုတွေကခေါင်ခိုက်နေလို.၊ ကလေးငယ်လေးတွေ စာသင်ခန်းအစား လမ်းပေါ်မှာအလုပ်လုပ်နေရလို.၊ အနာဂတ်ပျောက်နေ လို.၊ ကိုယ်.ကြမ္မာ ကိုယ်ဖန်တီးရမယ်ဆိုတာ သိနေကြလို. သာ ခု ပြည်သူလူထုတရပ်လုံးက  ရိုးစင်းပေမဲ. အလွန်တရာမှထိုက်တန်တဲ. သူ တို.ရဲ. ဆန္ဒ လေးတွေကို ဒီလို ငြိမ်းချမ်းစွာ ဖေါ်ထုတ်ရင်း ကြိုး စားနေကြတာပါ။
ပြည်သူ. အကျိုး မပါဝင်တဲ. ရင်းနှီးမြှပ်နှံ မှု၊၊ စက်ရုံ အလုပ်ရုံ အသစ်တွေနဲ. အမည်ခံဒေသဖွံဖြိုးမှု၊ အမည်ခံခေတ်မှီ စိုက်ပျိုးရေးစနစ်ချဲ.ထွင်မှု၊ ဒီခေါင်းစဉ်တွေသုံးပြီး မြေယာတွေကို မတရားအပိုင်စီးထားခြင်းအားလုံးဟာအထိမခံနိုင်တဲ.ကိစ္စ၊ ကိုယ်.လူမျိုး ကိုယ်ပြန်ဗိုလ်ကျ ကျွန်ပြု ၈ုတ်သွေးစုပ်မှု တွေဟာ နေမြင်.လာတာနဲ.အမျှ အရူး ရင်.ဆိုတဲ.အတိုင်း ကာလတခုအပြီးမှာအားလုံး  ထိန်းမနိုင်သိမ်းမရ တွေဖြစ်ပြီးတိုင်းပြည်ပျက်မဲ. ကိန်းရှိ-နေပါတယ်။  တောင်သူလယ်သမားတွေ မိမိ လယ်မိမိ ပြန်လုပ်တော. ခရိုနီတွေ က သူတို.ကို ရိုက်တယ် နှိပ်ကွတ်တယ်။ အချို.နေရာတွေမှာ သူခိုးက လူလူ ဟစ်ပြီး သူတို.ကပဲ ဒုက္ခရောက်နေတဲ.'လယ်သမားတွေကို ပြန်တရားဆွဲသေးတယ်။  ပြုသူ၊ လုသူ၊မြေသိမ်း သူတွေဖက်ကရတာနဲ.ဆုံးရှုံးနစ်နာ သူတွေဖက်က အရှုံးပမာဏ ဒီနှစ်ခု ကိုယှဉ်ထိုးကြည်.ရင် ဘယ်လိုမှ နားလည်လို.မရအောင် တဖက်စောင်းနင်းကြီးဖြစ်နေတာမို. ပြင်းပြင်းထန်ထန် ဆန်.ကျင်ရပါလိမ်.မယ်။  တရုတ် သင်ပေးတဲ.မြေသိမ်းနည်းနဲ.တရုတ်မိုဒယ်လ် နဲ.အုပ်ချုပ်နည်းက မြန်မာပြည်မှာ ရေရှည် မရနိုင်ပါ။
မြန်မာပြည်က ခု ဘာနဲ.တူသလဲဆိုရင် တချက်ချက် ဆက်တိုက်မြည်နေတဲ. အချိန်ကိုက်ဗုံး တခုပေါ်က အိမ်အိုကြီး လိုပါပဲ။ လတ်တလောပရောဂတွေ မရှိအောင် ဘယ်သူတွေဘယ်လို တားတား ကံအလှည်.လေးသင်.လာရင်ဖြင်. အချိန်စိနေတဲ. ပြိုလဲမှုတမျိုးနဲ. ပြိုသွားရမှာ၊ ရှောင်လွှဲလို. မရနိုင်ပါ။ ဒီတော. အိမ်အိုတစစ ပျက်ဆီးလာနေတဲ.နေရာမှာ အခြေခံ ဖေါင်ဒေရှင်း ကောင်းတွေ နဲ.အိမ်သစ်ဆောက် ကြရမှာ မို. ခု လူတွေကပြောနေကြပြီ။ ရက်စက်မှု၊ မတရားမှု နဲ. အကြမ်းဖက်မှုတွေ ကင်းတဲ.၊ ဂုဏ်သိက္ခာ ရှိတဲ. နိုင်ငံရေးပတ်ဝန်းကျင်မျိုး လူတိုင်း လိုချင်ကြပါတယ်တဲ.။ သိတဲ.အတိုင်း လိုချင်တဲ.သူတွေကြားမှာတောင် နိုင်ငံရေးသမားများမဟုတ်တဲ. ပြည်သူလူထုက အများဆုံးပါ။ ဒီတော. တကယ်.ပြည်သူ. ဟစ်တိုင်က အသံ တွေကိုလျစ်လျှု ရှု ပြီး၊ ပြိုတော.မဲ.အိမ်ဟောင်း ကို မသပ်မရပ်ဖါထေးပြီး ဆက်နေဆက်လုပ်လို. ရနိုင်ပါ.မလား။ အားလုံးရိုးသားစွာစဉ်းစားနိုင်ကြပါစေ။  
သန်းပေါင်းများစွာသောသူတို.ရဲ.အထွေထွေသော ပင်ပန်းဆင်းရဲ ခြင်းတွေကို သက်သာစေလိုတဲ.၊အမတ်များလည်း ရှိနေပါစေ။ ရှိနေလျင်လည်း သွေးစုတ်ဖုတ်ကောင် ခရို နီများ နှင်.တကွ သူတို.ရဲ. အခြံအရံတွေ လွန်ကျူးဆဲ ပြုနေဆဲဖြစ်တဲ. အကျိုးစီးပွား အခွင်.အလန်း တဖက်စောင်းနင်း မညီမျှမှု ဒီပြဿနာကြီး (uncontrollable problem of economic inequality) ကို သေသေချာချာ ကိုင် တွယ်ဖြေရှင်း ချင်တဲ. ထက်မြက်သေချာတဲ. နိုင်ငံရေးဆန္ဒ ကြီးကြီး political will ရှိနေကြပါစေလို. ----- 
ကျေးဇူးပါ။
Aye Aye Soe Win
May 30, 2012
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...