Thursday, May 31, 2012

ဝါဒဖြန့် အကောင့်များနှင့် ရိုင်းစိုင်းအကောင့်များကို Report လုပ်ရန်


by Ye Min Tun on Thursday, May 31, 2012 at 1:57pm

FaceBook ပေါ်မှာ ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေ လုပ်နေတဲ့ အကောင့်တွေကို Report လုပ်ပေးဖို့လိုပါသည်။ ဒီလို လုပ်ပေးခြင်းဖြင့် မဟုတ်မမှန် ၀ါဒဖြန့်လုပ်ငန်းတွေ လုပ်နေတဲ့ အဖွဲ့အစည်း အသင်းအဖွဲ့တွေကို ပြန်လည် တုန့်ပြန်ရာရောက်ပါသည်။ ဒီလိုလုပ်ရာတွင် ပြည်ပအကောင့်များမှ ပိုပြီး လုပ်နိုင်စွမ်းရှိလို့ ၀ိုင်းဝန်းပြီး ကူညီပေးကြပါ။ ဘာလို့ ပိုပြီး လုပ်နိုင်စွမ်းဟု ပြောရသည်မှာ အနောက်နိုင်ငံက အကောင့်များနှင့် အရှေ့တိုင်း အကောင့်များ အပေါ် တုန့်ပြန်မှုမှာ မတူသလို ဆက်သွယ်ရေးမှာလည်း လွယ်ကူလှပါသည်။ ဥပမာအားဖြင့် ကနေဒါနိုင်ငံက အကိုလှိုင်ဘွား အကောင့် Block ဖြစ်သွားစဉ်က ပြန်လည်ရယူရန် ကြိုးပမ်းချိန်သည် တလ မကြာပါ ရက်အနည်းငယ်အတွင်းဖြစ်သည်ကို အကိုလှိုင်ဘွားမှ တဆင့်သိရပါသည်။ ဂျပန်မှ ကိုထွန်းဝေ အကောင့်ပိတ်သွားတော့ တလကျော်လောက် ကြာပြီး မြန်မာနိုင်ငံက ကိုရဲရင့်ကျော် အကောင့် ပိတ်သွားတော့ လအနည်းငယ် ကြာမှ ပြန်ရသည်။ ဒါကြောင့် အစစအရာရာ လွယ်ကူပြီး တုန်ပြန်မှုမြန်သည့် ပြည်ပအကောင့်များက အခုလို Report လုပ်ပေးခြင်းကို ၀ိုင်းဝန်း ကူညီစေချင်ပါသည်။


Report လုပ်ရန်မှာ အင်မတန်မှ လွယ်ပါသည်။ မသိသေးသူများ အတွက် အဆင့်ဆင့်ရေးပြလိုသည်။

ပထမဆုံး ကျနော် ဥပမာပြရန် ရွေးချယ်ထားသည့် အကောင့်က ဒေါ်အောင်ဆန်းစုကြည်ပုံကို အတုဖန်တီးပြီး စော်ကားမှုများ လုပ်ထားနေတဲ့ Ko Soe Gyi ဆိုတဲ့ အကောင့်ဖြစ်ပါသည်။ 
ဘာလို့ရွေးချယ်တာလဲဆိုတော့ ထိုအကောင့်ပိုင်ရှင်သည် တဖက်သတ် ရေးသားမှုများ လုပ်နေသည့် အပြင်
Oo Byine O ဆိုသည့် လူငယ်လေး၏ ဓါတ်ပုံအား ရမ်းဗြဲမြို့တွင် ဖြစ်ပွါးသော မုဒိမ်းလူသတ်မှု တရားခံ အစ္စလာမ်ဘာသာဝင် တဦးဖြစ်သည်ဟု မဟုတ်မမှန် ဖေါ်ပြသည့် အတွက်ဖြစ်ပါသည်။

ပထမဆုံးအနေဖြင့် Ko Soe Gyi Timeline ကိုသွားပါသည်။ 


ပုံမှာ ကျနော် အ၀ါရောင်ချယ်ပြထားသည့် နေရာကို နှိပ်လိုက်ပါ။


ထိုနောက် ကျနော်အ၀ါပြထားသည့် Report/ Block ကိုရွေးချယ်ပါ။


Report this timeline ကိုရွေးချယ်ပြီး Continue လုပ်ပါ။


အဲဒီမှာ ဖြစ်ပေါ်တဲ့အနေအထားအရ ရွေးချယ်စရာတွေ ရှိပါသည်။ ဒီတယောက်ကိုတော့ ကျနော်က This person is bothering me မှာရှိတဲ့ Bullying or harassing ကိုရွေးချယ်လိုက်ပါသည်။ ထိုနေရာမှာ မိမိဖြစ်ပေါ်နေတဲ့ အနေထားအလိုက် ရွေးချယ်ပါ။ ရွေးချယ်ပြီးရင် Continue လုပ်ပါ။


ဘာတွေလုပ်လဲ ဘယ်မှာလဲကို ဒီကိစ္စမှာတော့  ပုံမှာပြထားတဲ့အတိုင်း ရွေးပေးလိုက်သည်။ ပြီးတော့ Continue လုပ်ပါ။


ပြီးတော့ Report to Facebook ကိုရွေးချယ်ပြီး ကိုယ်တိုင်ချင်တဲ့ အကြောင်းရာရေးပါ။ ပြီးရင် Continue လုပ်ပါ။
အဲဒါ Report လုပ်တဲ့နည်းပါ ဒီလို လုပ်ပေးခြင်းဖြင့် လူမှုကွန်ယက်တွေမှာ မဟုတ်မမှန် ရေးသားမှုတွေကို ပယ်ဖျက်လို့ရပါသည်။ Report များရင် များသလို အချိန်တိုတိုနှင့် ထိရောက်ပါသည်။ နောက်တခုက လူမှုကွန်ယက်ဖြစ်သည့် အလျောက် အခြေအမြစ် မရှိသော အကောင့်များကို Friend မလုပ်ချင်းဖြင့် ထိုသူများ၏ မဟုတ်မမှန်ရေးသား ဖြန့်ဝေမှု ကျဆင်းနိုင်ပါသည်။ Friend နည်းလေ Public လုပ်သည့်အခါ ဖြန့်နိုင်မှု စွမ်းအားနည်းစေပါသည်။ ထိုကြောင့် ၀ါဒဖြန့်အကောင့်များကို Friend မလုပ်ခြင်းနှင့် Friend ဖြစ်နေသူများ Unfriend လုပ်လိုက်ခြင်းဖြင့် ထိုအကောင့်များကို ဘောင်ကျဉ်းပစ်နိုင်ပါသည်။

မှတ်ထားရမည်ကား Facebook သည် လူမှုကွန်ယက်ဖြစ်ပါသည်။ အားလုံး ညီညွတ်ပါက မဟုတ်မမှန်ဝါဒဖြန့်တဲ့ အကောင့်တု အကောင့်လိမ်များ၏ လုပ်ဆောင်ချက်များ ဖျက်သိမ်းပစ်နိုင်သည်။

ခင်မင်လေးစားလျက်
ရဲမင်းထွန်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...