အသက်အရွယ်အလိုက် ဂရုစိုက်သင့်သော သင့်ရင်သားအကြောင်း
by Moenge Aung on Thursday, May 31, 2012 at 1:14am
အမျိုးသမီး တစ်ယောက်အတွက် ရင်သားအလှ ပိုင်ဆိုင်နိုင်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေပြီး ဆွဲဆောင်မှု ပိုစေပါတယ်။ အသက်အရွယ်အလိုက် ပိုင်ဆိုင်ထားတဲ့ သင့်ရင်သား အကြောင်းနဲ့ ဂရုပြုသင့်တဲ့ အကြောင်းတွေကို သေချာစွာ သိရှိစေဖို့ ရေးသားလိုက်ပါတယ်။
အသက် ၂၀ အရွယ်
ရင်သားအလှ
ဒီအရွယ်မှာ အဆီနည်းပြီး တစ်သျှူးတွေ များတာကြောင့် ကမ္ဘာမြေကြီးရဲ့ ဆွဲအားကို ဆန့်ကျင်ကာ တင်းရင်းလှပပြီး ဆွဲဆောင်မှုရှိတဲ့ ရင်သားအလှကို ပိုင်ဆိုင်ထားကြပါတယ်။
အမျိုးသမီးတိုင်း ရင်သားအလှကို ဘဝတစ်လျှောက်လုံး ထိန်းသိမ်းထားနိုင်ဖို့ အတွက် မိမိရင်သားနဲ့ သင့်တော်တဲ့ အတွင်းခံ ဘရာစီယာကို ရွေးချယ်ဝတ်ဆင်ပေးဖို့ လိုပါတယ်။ အားကစား လုပ်ရာမှာလည်း အားကစားသမားတွေအတွက် ထုတ်လုပ်ထားတဲ့ အတွင်းခံ ဘရာစီယာကို ဝတ်ဆင်ဖို့ လိုပါတယ်။
ရင်သားအကျိတ်
အသက် ၂၀ အရွယ်မှာ အမျိုးသမီးတွေရဲ့ ရင်သားမှာ ကင်ဆာမဟုတ်တဲ့ အကျိတ် ဖြစ်နိုင်ခြေ ၁၃ ရာခိုင်နှုန်း ရှိပါတယ်။ အများအားဖြင့် အကျိတ်ရဲ့ အရွယ်အစားက တစ်-နှစ်စင်တီမီတာလောက် ရှိပြီး လက်နဲ့အနည်းငယ် ဖိပြီး စမ်းကြည့်ပါက အကျိတ်လေးက ပြေးနေသလို ဖြစ်နေပါတယ်။ ဒီလိုအကျိတ်ဖြစ်တဲ့ အမျိုးသမီးတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်က သွေးဆုံးချိန်လောက်မှာ သူ့အလိုလို ပျောက်ကွယ် သွားတတ်ပါတယ်။
ရင်သား စမ်းသပ်စစ်ဆေးခြင်း
လစဉ်ရာသီလာပြီးတိုင်းမှာ ရင်သားကို မိမိကိုယ်တိုင် စမ်းသပ် ကြည့်ဖို့လိုပါတယ်။ နှစ်စဉ် သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ လိုပါတယ်။
ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ
အမျိုးသမီး ၁၆၈၁ ယောက်တွင် တစ်ယောက်မှာ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ ရှိပါတယ်။
အသက် ၃၀ အရွယ်
ရင်သားအလှ
ကိုယ်ဝန်ဆောင်တာ၊ ရင်သွေးငယ်ကို နို့ချိုတိုက်ကျွေးတာတွေကြောင့် ရင်သားအလှကို သက်ရောက်မှုတွေ ရှိနေပါတယ်။ ရင်သားမှာရှိတဲ့ ကိုလာဂျင် တစ်သျှူးထုတ်လုပ်မှုကို အနှောင့်အယှက် ဖြစ်စေတာကြောင့် ရင်သားတွဲကျတာ၊ တင်းရင်းမှု မရှိတာတွေ ဖြစ်စေပါတယ်။ ရင်သားအလှ ထိန်းသိမ်းချင်တာနဲ့ပဲ သားသမီးကို နို့ချိုမတိုက်ကျွေးဘူးလို့ ဆုံးဖြတ်ချက် ချတာမျိုးကိုတော့ အားမပေးပါဘူး။
ရင်သားရောင်ရမ်းခြင်း
နို့ချိုတိုက်ကျွေးတဲ့ မိခင်တွေအနေနဲ့ အများဆုံး ဖြစ်တတ်တာကတော့ ပိုးဝင်ပြီး ရင်သား ရောင်ရမ်းတာပါ။ ရင်သားနီရဲပြီး တုပ်ကွေးဖြစ်တဲ့အခါ ခံစားရတတ်တဲ့ ရောဂါ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
ရင်သားစမ်းသပ်စစ်ဆေးခြင်း
အမျိုးသမီးတိုင်း ရင်သားကို လစဉ် မိမိဘာသာ စမ်းသပ်စစ်ဆေးဖို့ လိုပါတယ်။ နှစ်စဉ် သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်နဲ့ စစ်ဆေးမှုခံယူပါ။ သင့်အမေ ဒါမှမဟုတ် အစ်မမှာ ရင်သားကင်ဆာ ဖြစ်ဖူးပါက အသက် ၃၅ နှစ် အရွယ်မှစပြီး ရင်သားဓာတ်မှန် (Mammogram) ရိုက်ပြီး စစ်ဆေးသင့်ပါတယ်။
ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ
အမျိုးသမီး ၂၃၂ ယောက်တွင် တစ်ယောက်မှာ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ ရှိပါတယ်။
အသက် ၄၀ အရွယ်
ရင်သားအလှ
ီအရွယ်မှာတော့ ရင်သားမှာရှိတဲ့ နို့ရည်ထုတ်တဲ့ ဂလင်းတွေက အနည်းငယ် တွန့်ရှုံ့မှုတွေ စတင်နေပါပြီ။ ရင်သားတွေလည်း အောက်ဘက်ကို အနည်းငယ် စိုက်စပြုနေပါပြီ။ ရင်သားရောင်ရမ်းခြင်း ဒီအရွယ်က သွေးဆုံးချိန်ရောက်ဖို့ နီးကပ်နေတာကြောင့် သင့်ခန္ဓာကိုယ်က သွေးဆုံးချိန်အတွက် ပြင်ဆင်နေပါပြီ။
ရင်သားစမ်းသပ် စစ်ဆေးခြင်း
သင့်ရင်သားကို လစဉ်ပုံမှန် စစ်ဆေးမှုတွေ ပြုလုပ်သင့်ပြီး နှစ်စဉ် သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်နဲ့ ပြသပြီးလည်း စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ အသက် ၄၀ နှစ်မှ စတင်ပြီး (Mammogram) ရိုက်သင့်ပြီး နှစ်စဉ် တစ်နှစ်တစ်ကြိမ် ရိုက်ဖို့လိုပါတယ်။ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ အမျိုးသမီး ၆၉ ယောက်တွင် တစ်ယောက်မှာ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ ရှိပါတယ်။
အလင်း (ဆေးဝါး)
0 comments:
Post a Comment