Tuesday, May 29, 2012

ရေမရှိဘဲ ရေတိမ်နစ်သူများ မဖြစ်ကြပါစေနဲ့ရှင်


မိန်းမတစ်ယောက် ချစ်ခြင်းဆိုတာ အရမ်းကိုတန်ဖိုးရှိပြီး

အဖိုးတန်သလို နူးညံ့လွန်းပါတယ်။
ကျွန်မ အစားကောင်းလေး စာနေချိန်မှာ ချစ်သူကို လဲ စားစေချင်မိတယ်။ကျွန်မ
အတွက် ကောင်းတာလေးတွေ
ခံစားရချိန်တိုင်း ကျွန်မချစ်သူကိုလည်း ခံစားစေချင်တယ်။

ယောကျာင်္းတွေကျ သူတို့ ပျော်နေရင် ကျွန်မတို့ကို
မေ့နေတတ်ကြပါတယ်။သူတို့ အပေါင်းသင်းတွေ ဆုံကြလို့ အရမ်းကို
ပျော်ရွင်နေချိန်မျိုးတွေမှာ ကျွန်မတို့ကို လုံးဝကို မေ့သွားတတ်ကြပါတယ်။
ကျွန်မတို့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တွေ့ဆုံခဲ့ချိန်မှာတောင် စိတ်တွေက
ချစ်သူဆီမှာ တ၀က်လောက်ရောက်နေတတ်ကြသူတွေပါ။ စိတ်ညစ်စရာဆို စဉ်းစားပြီးမှ
ပြောတတ်ကြပေမယ့်သူတို့ စိတ်ညစ် စိတ်ဆင်းရဲနေရပြီဆို အရင်ဆုံးသတိရတတ်တာ
သူတို့ချစ်သူတွေကိုပါပဲ။ မိန်းကလေးတွေမှာ ဒါလေးတွေကိုဘဲ ကြံဖန်ကြည်နူး ပျော်ရွင်ကျေနပ်နေတတ်ကြပါတယ်။

********************************

ကိုယ်ချစ်သူက ကိုယ်ကို အလုံးစုံတိုင်ပင်တယ်ပေါ့။ သူတို့ အရမ်းပျော်နေချိန် သူတို့ဘေးရှိနေတာ သူတို့
အပေါင်းသင်းတွေကိုပါ ။ ကျွန်မတို့အရမ်းပျော်နေချိန်မှာ ဘေးမှာ ရှိနေစေချင်တာ မိမိတို့ချစ်သူတွေကိုပါ။
မိန်းကလေး အချစ်နဲ့ ယောကျာင်္းလေးအချစ်မတူညီတာတွေ ရှိပါသေးတယ်။ မိန်းကလေးတစ်ယောက်က တစ်ကယ်ချစ်ပြီဆို
ဘာကိုမှ မတွေးတတ်ကြပါဘူး။ ကိုယ်ချစ်တဲ့သူက တစ်ခုလပ်ဖြစ်နေပါစေ ၊ မုဆိုးဖို ဖြစ်နေပါစေ
လက်ထပ်ဖို့ သတ္တိတွေ ရှိနေတတ်ကြတယ်။ ယောကျာင်္းတွေကျတော့ အပျိုမဟုတ်တဲ့ တစ်ခုလပ် မုဆိုးမ တွေကို
တကယ်ချစ်မိခဲ့ရင်တောင် လက်ထပ်ဖို့ အတွက်ထိဆိုရင် တော်တော် စဉ်းစားအချိန်ဆွဲတတ်ကြပါတယ်။
ယောကျာင်္းတွေက ပိုတွေးတတ် တယ်ဆိုရင်လဲ မမှားပါဘူး ။ မိန်းကလေးတွေ ချစ်လာရင် သိပ်ကို
သတ္တိရှိတတ်ကြပါတယ်။ အိမ်မှာခိုင်းတဲ့သူကိုလည်း ယူရဲကြတယ်။ ဖြစ်သင့် မသင့်ဆိုတာတွေ မတွေးကြဘူး ။အချစ်က
အရာရာကို ဖုံးလွမ်းသွားတတ်ကြပါတယ်။ ယောကျာင်္းလေးတွေကတော့ မိမိတို့ အလုပ်သမားတစ်ယောက်ကို ပြန်ယူဆိုတာကို
တော်တော်လေးကို မရှိသလောက်ရှားကြပါတယ်။ ခိုင်လေး မေမေ ခဏခဏ ပြောတဲ့ စကားလေးရှိတယ်။
သူဠေးသားတွေက စိတ်ကူမယဉ်ဘူး ၊ မရူးကြဘူးတဲ့ ရူးတဲ့သူရှိတောင် ရှားတယ်တဲ့ ။
သူဠေးသမီးတွေကတော့ကိုယ်အိမ်ကအလုပ်သမား ပြန်ယူဖို့လဲ ၀န်မလေးဘူးတဲ့ စိတ်ကူးတွေ
အယဉ်လွန်နေကြတယ်တဲ့လေ။သတ္တိ အရှိလွန်တယ်ဆိုတာထက် ချစ်တတ်ကြတာပါ။ အမှားမှန်
မခွဲခြားနိုင်လောက်အောက်ကို သိပ်ချစ်တတ်ကြတာ မိန်းကလေးတွေရဲ့ နှလုံးသားက နုနယ်လွန်းတယ်ဆို
ပိုမှန်မယ်ထင်ပါတယ်။

********************************

ခုခေတ်တော်တော် များကို မြင်တွေ့နေရပါတယ် ။ ရေမရှိဘဲ ရေတိမ်နစ်နေကြတဲ့ မိန်းကလေးတော်တော်
များကိုတွေ့နေမိပါတယ်။ အချစ်ဆိုတာကိုအခြေခံကာ ရေတိမ်နစ်နေကြသူတွေ အများပြားဖြစ်နေပါပြီ။ မြန်မာနိုင်ငံလို
ယဉ်ကျေးသိမ်မွေ့ခြင်းတွေကို အစဉ်လာနဲ့ထိန်းသိမ်းစောင့်ရှောက်လာတဲ့ နိုင်ငံမှာ
ပြောင်းလဲတိုးတက်မှုတွေနဲ့အတူ တိုင်းတပါးက နေကူးစက်ပြန့်နှံ့လာတဲ့ livingtoghter ဆိုတဲ့ အကြောင်းအရာကြီးကလည်း
ကြောက်ခမန်းလိလိ ပြန့်ပွားနေပါပြီ။ တိုးတက်ခြင်းတိုင်းမှာ ဆိုးကျိုးတွေကလည်းကပ်ပါလာတတ်ပါယ်။
ခေတ်မှီဆေးဝါးတွေ ပေါ်လာခြင်းနဲ့ အတူ ယောကျာင်္းမိန်းမ ဆက်ဆံခြင်းတွေကလည်း အရှိန်ဟုန်မြှင့်တင်ပေးသလို
ဖြစ်နေပါပြီ။ တည်ခိုခန်းတွေ ၀င်ငွေပိုဖြောင့်စေခဲ့တယ်။ ခိုင်လေးတို့ နယ်မြို့လေးမှာတောင်
တက္ကသိုလ်ကျောင်းရှေ့ နေတဲ့ဆေးမှူးဆိုကျောင်းရှေ့ကို ပြောင်းလာတဲ့ တနှစ်အတွင်းမှာ စီးပွားရေးအဟုန်
တိုးတက်သွားလိုက်တာ လက်ဖျားခါရတဲ့ အထိအောင်ပါပဲ။ မိဝေးဖဝေး အဆောင်နေကျောင်းတက်ကြတယ်။
မိဘစေတနာက ငါသမီးလေး ငါသားလေး လူတန်းစေ့ သုံးနိုင်ပါစေ။ မျက်နှာမငယ်အောင် ပံ့ပိုးပေးကြတာတွေက
တည်ခိုခန်း ၊ ဟိုတည်ခတွေ ၊ ဆေးဖိုးတွေဖြစ်ကုန်ကြတာကတော့ ရင်နာဖို့ကောင်းပါတယ်။ တခါဖြစ်လို့ မှားမှန်းမသိ
နောက်ဆင်ခြင်ဖို့မတွေး မထူးဇာတ်ခင်းနေသူတွေ ဒုနဲ့ဒေး ။ နိုင်ငံခြားရောက် မြန်မာမိန်းကလေးတွေ (လူတိုင်းကို မဆိုလိုပါ)
သူများနိုင်ငံဘဲ ဘယ်သူမြင်မှာလဲ ဘယ်သူသိမှာဆို နေချင်သလိုတွေ နေကြတယ်။ တစ်ယောက်ကို တစ်ယောက် ထိန်းဖို့
ဆုံးမဖို့ဆိုတာထက် မြှောက်ပေးသူက ပိုများနေ ။ ဒီတော့ ရေမရှိဘဲ ရေတိမ်တွေနစ်ကြရတယ်။ တခါမှားလို့
သင်ခန်းစာ မယူ။ ရှေ့ဆက်လို့တာ မထူးဇာတ်ခင်း ။ နောက်ဆုံး ရလာဒ်က
ဘာဖြစ်လာမလဲ ။ အမှားကိုသိရင် အမှန်ကို ပြင်ရမယ်ဆိုတဲ့ ဆုံးမစားတွေ စာအုပ်တွေထဲမှာ
ကျန်နေခဲ့ပြီထင်ပါတယ်။ ရင်မောစရာ ကောင်းလိုက်ပါဘိ ခေတ်ကာလ သမီးပျိုတွေရယ် ။ ရှေးခေတ်ကာလက ရှိခဲ့ဘူးတဲ့
ယောကျာင်္းလေးတွေလည်း နှမချင်းစာနာစိတ်ဆိုတာတွေ ဘယ်နေရာ
မှာ ဖုန်တပ်ကုန်ပြီလဲရှင်။ သစ္စာတရားဆိုတာတွေ ပျောက်ဆုံး ၊ ဂုဏ်သိက္ခာ
ဆိုတဲ့ စကားကို နောက်ဆို ပြတိုက်တွေမှာ သွားရှာရမလို ဖြစ်ကုန်ပါပြီ။ မိန်းကလေး တစ်ယောက်ရဲ့
တန်ဖိုးဆိုတာကို ပညာတတ်ခြင်း ၊ ရုပ်ချောခြင်း ၊ ပိုက်ဆံရှိခြင်းဆိုတာတွေနဲ့တင် သတ်မှတ်စံထားလို့
မရနိုင်ပါဘူးရှင်။ ဂုဏ်သိက္ခာ ရှိစွာ ရပ်တည်နေနိုင်ဖို့ဆိုတာ လည်းအထူးပင် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။
မိန်းမကောင်းထားသင့် ထားအပ်သော ဂုဏ်သိက္ခာတွေကို တန်ဖိုးထားမြတ်နိုးကြပါ။ အမှားသိလျှင် ချက်ချင်း
အမှန်သို့ပြင်ဆင်ပါ ။ အမှားကို အမှန်ပြင် ခြင်းတွင် နောက်ကျသည်ဟုမရှိပါ။
မိဘ မောင်ဘွားများအနေဖြစ် သမီးမိန်းကလေး ၊ ညီမများကို စောက်ရှောက်
ဆုံးမကြဖို့တော့ လိုအပ်နေပါပြီ။



********************************
တိုင်းပြည်ကြီးနှင့်တကွ အမျိုး  ၊ ဘာသာ ၊
သာသနာ ၊ ပညာတရားတွေ ပျက်ပြား ဆုတ်ယုတ်လာခြင်းဟာ ၊ အခြားသောအကြောင်းတို့ အပြင် မိန်းမယုတ်
မိန်းမမိုက်တွေ များလာသည့်အတွက် ပျက်ပြား ဆုတ်ယုတ်လာရတယ်ဆိုတာ စဉ်းစားတိုင်း သိသာထင်ရှားကြမည် ဟု
ကျေးဇူးရှင် သာယာဝတီဆရာတော် ဘုရားကြီးရေးသားတော်မူသော မိမ္မလိမ္မာ စာအုပ်တွင်
ဖတ်မှတ်ဘူးပါတယ်။



********************************
မိန်းမပျိုလေးတွေရေ တန်ဖိုးရှိလှတဲ့ အပျိုစင်ဘ၀လေးတွေကို သူများကဲ့ရဲ့စရာ မေးငေါ့စရာ
မဖြစ်အောင် တန်ဖိုးထား ထိန်းသိမ်းကြပါ ။ မိမိ တစ်ယောက်အတွက် မိမိနိုင်ငံ ၊ မိမိ မိဘ မောင်ဘွား
ဆွေမျိုးများ လူကြားမှာ မျက်နှာမပျက် အရှက်မရ ရလေအောင် အချောဆုံး ၊ အယဉ်ဆုံး ၊ အလှဆုံး ၊တန်ဖိုးအရှိဆုံး
အပျိုစင်ဘ၀လေးတွေကို တန်ဖိုးထား မြတ်နိုးကြပါ။ မိန်းကလေးချင်း ကောင်းမွန်တဲ့ အရည်သွေး အလိမ်မာတွေကို
ပြိုင်ကြပါ ။ အမိုက်တွေ ကိုမပြိုင်ကြစမ်းပါနဲ့ ။ဒီဆောင်းပါးလေးကို ဖတ်ရှုနားလည်ပြီး အမျိုးကောင်းသမီးလေးတွေ
အများပြားပေါ်ပေါက်လာကြပါစေလို့ ဆန္ဒပြုဆုတောင်းလိုက်ပါရစေရှင်။


********************************


မည်သူကိုမှ မရည်ရွယ်မထိုက်ခိုက်ပါ ။ဒီဆောင်းပါလေးထဲက ရေးသားချက်များနှင့်
တိုက်ဆိုင်နေသော
သူများဖတ်မိလျှင် အမှားကိုသိပြီး အမှန်ကို ပြုပြင်ပြောင်းလဲစေရန်တာ
ရည်ရွယ်ရေးသားပါသည်။



********************************
အချစ်ကို ကိုးကွယ်သူလေး
ခိုင်လေး (ရွှေတောင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...