Saturday, May 26, 2012

အပူဒဏ်ကို အံတုခံမယ့် ငါဟယ့် လူသား



ပူပြင်းတဲ့ရာသီဥတုကို ဘယ်အရာကမှ အေးချမ်းမှု့ မပေးစွမ်းနိုင်ပါ။ အေးရာ အေးကြောင်းနေရာတွေကို နေရာတွေကို နေနေရတာ တစ်အိမ်လုံးလည်းနှံ့နေပါပြီ။ နောက်ဆုံးတော့ အိမ်ရှေ့  တံစပ်မိတ်အောက် ထိုင်ကာ အဝေးပြေးလမ်းမကြီးကိုငေးမောနေမိပါသည်။

 အို ...လူတွေလူတွေ ဒီလောက် ပူပြင်းတဲ့ နေကို အံ့တုကာ ၀မ်းရေးအတွက် သွားလာလှုပ်ရှားနေလိုက်
ကြသာ ကျွန်မမြင်ကွင်းထဲကို ထပ်မံဝင်ရောက်လာတဲ့ အပူဒဏ်ကို အံတုလူသားနောက်တစ်ယောက် ။
*ဟော်ဒီက နေ့လည်မုန့် အစုံ * ၊ *ဟော်ဒီက နေ့လည်မုန့် အစုံ *၊ *ဟော်ဒီက နေ့လည်မုန့် အစုံ *
ဆိုတဲ့ အော်သံက ကျွန်မနားထဲ စူးနေအောင် ၀င်ရောက်လို့လာပါသည်။ အိမ်ထဲက တူတွေ ၊ တူမတွေ ပြေးထွက်လာကာ*လာပါအုံးဗျို့ * ဆိုတဲ့ ခေါ်သံနောက်မှာ * လာပါပြီရှင်* ဆိုတဲ့ အန်တီကြီးအသံက အေးချမ်းစွာ ကြားလိုက်ရဧ။် ။
ကလေးတွေ ၀ိုင်းနေတဲ့ အလည်မှာ ပြုံးရွင်စွာ ဈေးရောင်းနေတဲ့ အန်တီကို ကျွန်မသေချာ စူးစမ်းကြည့်နေမိပါတယ်။
ဒီလောက် ပူပြင်းတဲ့ နေပူထဲ လေးပင်တဲ့ တောင်းကြီးကို ရွက် အာပြဲအောင် အော်နေရတာကိုတောင် သူကို ကြည့်ရတာအေးအေးချမ်းချမ်း ပျောရွင်နေပုံက ကျွန်မအတွက် နည်းနည်းထူးဆန်းနေမိပါတယ် ။ ကျွန်မတို့ဆို ဘာမှမလုပ်ဘဲတောင်အိမ်ထဲနေရင်းကို ပူလွန်းတဲ့ ရာသီဥတုကြောင့် စိတ်တွေကတို ၊ ဒေါသတွေ ဖြစ်နေချိန်မှာ နေပူထဲကို ဈေးလျှောက်ရောင်းနေတဲ့ဒီအန်တီကတော့ အေးချမ်းနေလိုက်သာ။ နောက်ဆုံး အရမ်းသိချင်လာတဲ့ စိတ်ကို ချိုးနှိမ်မရတာကြောင့် ဈေးဗန်းအနီးသို့တိုးကပ်ကာ အသားတု 200 ဖိုးဝယ်စားပြီး သိချင်တာလေးတွေကို စပ်စုကြည့်လိုက်မိပါသည်။
*အန်တီ ဒီလောက်ပူနေတဲ့ နေပူထဲ ဈေးလျှောက်ရောင်းရတာ တော်တော် ပင်ပမ်းမယ်နော် *
*ဘ၀ဆိုတာ မွေးဖွားလာကတည်းက သေဆုံးတဲ့အထိ ဘ၀ပေးကုသိုလ်ကံတွေက ပါလာပြီးသားပါ ကလေးရယ် ။ ဈေးရောင်းဖို့ပါလာလို့ ဈေးရောင်းရတယ် ။ ဒါကို ထိုင်စိတ်ပျက်နေလဲ ရောင်းရမှာပဲ ။ဒီတော့ နှစ်ခါ အပင်ပမ်းမခံချင်ဘူးလေ ။ လုပ်ရမယ့်အလုပ်ကို  စိတ်ပါဝင်စားစွာပဲ လုပ်တတ်အောင် လေ့ကျင့် လိုက်တော့ ပင်ပမ်းတယ်ဆိုတာလည်း သိပ်မရှိတော့ပါဘူး။*
ကျွန်မ အရမ်းကို အံ့သြသွားမိတယ်။ ခေါင်းရွက်ဈေးသည်တစ်ယောက်ဆီက ထွက်ကျလာတဲ့ စကားလုံးတွေက တန်ဖိုးရှိလှချည်လား ။ နောက် သူဆက်ပြောပြတယ် ။ မနက်ဆို သူ မနက် 5နာ၇ီကနေ ထ ဈေးသွား ၊ ပြန်ရောင်းဖို့ အတွက် မုန့်တွေကို ၀ယ်ချမ်းချက်ပြုတ် ကြော်လှော် ရတယ် ။ နောက် မြို့ထဲကို လည်ပြီးရောင်း ။ အိမ်ပြန်ရောက်ချိန်ဟာ ပုံမှန် ညနေ 5နာရီ ၀န်းကျင်ပါပဲ တဲ့။
ကျွန်မက ဆက်မေးကြည့်တယ်။ အန်တီ တနေ့လုံးကို ဘယ်လောက်မြတ်လဲဆိုတော့ 3000 (သုံးထောင်လောက် ) ကျန်တယ်လို့ရှင်းပြတယ်။ အနားကို ရောက်လာတဲ့ မေမေနဲ့ ကျွန်မ တစ်ယောက်မျက်နှာ ကိုတစ်ယောက် ကြည့်လိုက်မိကြပါသည်။ ဈေးသည် အန်တီ
ပြန်သွားပေမယ့် သူနဲ့ ပတ်သတ်နဲ့ အတွေးတွေက ကျွန်မခေါင်းထဲ ဆက်ကျန်နေခဲ့ပါတယ်။
တစ်လော လေးက ဆိုဒ်တော်တော်များမှာ ဖတ်လိုက်ရတဲ့ ဆောင်းပါးလေး တစ်ခုအကြောင်းကိုပါ ဆပ်စပ်တွေးတောလိုက်မိသည်။
အနှိပ်ခန်းတွေမှာ အလုပ်လုပ်နေကြတဲ့ မိန်းကလေးတွေ နဲ့ ပတ်သတ်ပြီးရေးသားထားတာ လေးကိုပါ ။ အန်တီပြောသလို လူဘ၀ဆိုတာမွေးဖွားလာစဉ်ကတည်းက သူသွားရာလမ်းကြောင်းတွေ ပါလာကြပြီးသားဆိုတာမှန်ပေမယ့်  တချို့ ဘ၀အတွက် ရုန်းကန်ရင်း
ငွေကို အလွယ်လမ်းစဉ်လိုက်ရှာနေကြသူတွေက ပိုများနေပါတယ် ။ ပေးလာတဲ့
ဘ၀ပေးအခြေနေတစ်ခုထက် ပိုသုံးချင်တယ် ၊ ပိုလှချင်ကြတယ် ။ မိမိရရှိပိုင်ဆိုင်ထားတဲ့ ဘ၀တစ်ခုနဲ့ လိုက်လျောညီထွေ စွာမနေနိုင်ကြတဲ့အတွက် လမ်းမှားတွေကို ရောက်ဘ၀တွေ ပျက်ကြရတယ်။ သေချာတွေးကြည့်ပါ ။ လူနဲ့ရင်းလို့ရတဲ့ ငွေဆိုတာကကော အလွယ်ရတာဟုတ်ရဲ့လား ။ ထိခိုက်နစ်နာမှုတွေ က ချွေးထွက်လို့ရတဲ့လမ်းဘေးက ဈေးသည်တွေထက် ပိုသာနေတယ်ဆိုသာကို ညီမငယ်တွေမတွေးမိကြပါလားနော်။ မိမိပြုလုပ်သော မကောင်းမှုသည် မိမိတစ်ယောက်တည်းတွင်သာ အကျိုးခံစားရသည်ဟု လွယ်လွယ်ပေါ့ပေါ့မတွေးကြပါနဲ့ ။ မိမိ မျိုးဆက်တွေအထိအကျိုးသက်ရောက်စေ ပါတယ် ။ ကြီးကြီးကျယ်ကျယ်တွေ ပြောနေတယ် ထမင်းငတ်နေတော့ဘယ်သူမှ လာပေးကြတာမဟုတ်ဘူး ဆိုတဲ့ ဆင်ခြေစကားတွေကိုလည်း မကြာခဏကြားနေရပါသည်။ ဒါဟာလည်း ဘ၀ပေးအခြေအနေ
တစ်ခုပါပဲ ။ ယခင်ဘ၀က မကောင်းမှုတွေ များခဲ့လို့ ယခုဘ၀မှာ မကောင်းမှုအကျိုးဖြစ်ထွန်းစေခဲ့တယ် ။ ဒါကို အဆက်မဖြတ်ဘဲ မကောင်းခြင်းတွေကို လက်ဆင်ကမ်း နေမယ်ဆို သံသရာမှာ တ၀ဲဝဲလည်နေဖို့သာ ရှိပါတော့သည်။ ရောင်ရဲနိုင်ခြင်းက ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်းရှိနေတတ်ပါသည်။ မိမိရရှိသော ၀င်ငွေနှင့် မျှတအောင် သုံးစွဲတတ်မည်ဆိုခဲ့ပါလျှင်  ဘ၀တွေကို အမှောင်ခန်းထဲမှာ  ကုန်ဆုံးစရာ အကြောင်းတရားတွေ ရှိမလာနိုင်ပါဘူး ။ လိုအပ်တာထက်ပိုကာ ရောင်ရဲလွန်းနေပြန်သူတွေ ကြတော့လဲ တိုးတက်သင့်သလောက်မတိုးတက်ဘဲရှိနေပြန်ပါကော ။ ဒီတော့ အလယ်လတ် လမ်းစဉ်ကို ကျင့်သုံးကာ ရောင့်ရဲတင်းတိမ်နိုင်ကြပါစေ ။ အဲကွန်းတွေ အေးနေတဲ့ အအေးခန်းထဲက ခန္ဓာကိုယ်ကိုရင်းမှ ရတဲ့ ငွေထက် နေပူပူမှာ ဈေးရောင်းလို့ရလာတဲ့ ငွေက ပိုပြီးစိတ်သန့်ကာ မီးလွတ်စေပါတယ်။
မိမိတို့ရတဲ့ ၀င်ငွေ သည် မီးလွတ်စေဖို့အထူးလိုအပ်တယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်.။ ဆရာဦးဘုန်း ရေးသားနဲ့ အဖေအိမ်စာအုပ်လေးထဲက မီးလွတ်စာ ဆိုတဲ့ဆောင်းပါးလေးထဲမှာ ရေးသားထားပါသည်။
* မီးလွတ်စာ *ဆိုသည်မှာ မိမိတို့ရှာလို့ရတဲ့ ငွေကြေးဥစ္စာတွေဟာ ၀ိသမလောဘမီး ၊ ၀ိသမ ဒေါသမီး ၊ ၀ိသမမောဟမီး နဲ့  ရှာခဲ့တာဆို မီးမလွတ် ဘူး * လို့ မှတ်သားခဲ့ဘူးပါဧ။်။ ကျွန်မတို့ လူသားတွေ အတွက် မီးလွတ်စာဖြစ်ဖို့ဆိုတာ ခဲယဉ်းပေမယ့်မီးလွတ် တဲ့ ၀င်ငွေမျိုး မဟုတ်တောင် အတတ်နိုင်ဆုံး မီးနည်းလေ အေးချမ်းလေပါပဲ။ ကျွန်မကတော့ ပူချင်ပူပါစေ ။ မြန်မာမိန်းကလေးတိုင်းကိုအပူဒဏ်ကို အံတုခံပြီး သိက္ခာရှိစွာရပ်တည်နိုင်မယ့် အသက်မွေးဝမ်းကျောင်းဖြင့် ရရှိလာသော ၀င်ငွေဖြင့်  စိတ်အေးချမ်းစွာ စာသုံးသူတွေ အဖြစ်ဘဲ မြင်ချင်မိပါသည်။ အမှောင်ထုတွေ ကြားက မလုံတလုံအ၀တ်စားတွေနဲ့ မလျော်ကန်သော အလုပ်တွေကနေအမြန်ဆုံး ရုန်းထွက်နိုင်ကြပါစေလို့ စိတ်ရင်းမှန်ဖြင့် ဆုတောင်းရင်း အပူဒဏ်ကို အံတုခံမယ့်  ငါဟယ့် လူသားတွေ အများအပြားပေါ်ပေါက်ကြပါစေ။

အချစ်ကို ကိုးကွယ်သူလေး
ခိုင်လေး (ရွှေတောင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...