Thursday, May 31, 2012

Drip တန်းလန်းနဲ့ သွေးရူးသွေးတန်းပြေးထွက်လာနေတဲ့ ဟရီရွန်


by ဇာ တိ on Thursday, May 31, 2012 at 2:18am


Drip တန်းလန်းနဲ့ပြေးလွှားရတဲ့ ဘ၀ အဲ့ဒီမှာ စတွေ့တာပဲ
အစစ အရာရာ အားလုံး လှပနေတယ် ဟရီရွန်
Drip Drip Drip နဲ့ ဆာလောင် အော်မြည်နေတဲ့ အသံတွေ 
ပတ်ပတ်လည်မှာ လည်မျိုကို နင်းချေထားတဲ့ အဆုပ်လိုက် မီးခိုးရောင် မီးခိုးတွေ ရှိတယ်

ပြင်းပြင်းထန်ထန် မချစ်ခင် လမ်းခွဲကြမယ် Drug.
စကပ်တို ၀တ်ဆင်ထားတဲ့ ကောင်မလေးရယ်
တလွင့်လွင့် မျောရောနေတဲ့ ငါရယ် အာသီတကတောင့်တတာ
Drip သွင်းကြမယ် မိုက်ရူးရဲဆန်လောက်အောင် Drip ကလှပနေမယ်
ကြံမဆိုင်ဟင်းချို ပါဆည်ထုတ်ယူထားတဲ့ အဆိပ်ဝိုင်  ရှတတ မူးယစ်ဝေနောက်နေတယ်
ဘာတစ်ခုမှ တစ်ကယ်မရှိဘူးဆိုတာ တစ်ကယ်မဟုတ်ဘူး ဟရီရွန်
သဲသောင်ပြင်မှာ ကျောခင်းပြီး ရွတ်ဖတ်သရဇ္ဖျယ်ခဲ့ကြတဲ့ သံဃာတော်တွေ
ပိဋကတ်ကျမ်းဂန် အနမ်းပန်းဆိုတာ တစ်ကယ်မရှိဘူး ဟရီရွန်
ရင်ဘတ်ဟောင်းလောင်းနဲ့ ရဟန်းတွေ နေတွေပူနေမယ် ဆန္ဒက တစ်ခုတည်း
အချစ်မပါဘူး လှတပတ မိန်းမသားတစ်ယောက်နဲ့ ပစ်ပစ်ခါခါ လိင်ဆက်ဆံလိုတဲ့
ကိလေသာ ဆန္ဒမရှိဘူး(လုံးဝပဲ)ရေတွေဝင်လာလိမ့်မယ် လေတွေတိုက်နေလိမ့်မယ်
နောက်ဆုံး လူတွေဝင်လာကြလိမ့်မယ် ပုန်းရှောင်မနေနဲ့ ဟရီရွန်
အစားအစာ ပြတ်လပ်မှု အငတ်ဘေးအပြင် ကပ်ဆိုးပါ ဆိုက်နေတယ်
Drip ထိုးသွင်းထားတယ် ပတ်ပတ်လည်မှာ အနက်ရောင်မိန်းမတွေ ရှိတယ်
ထားခဲ့ကြ ထားခဲ့ကြ ထားခဲ့ကြ
အားလုံး Fuck you ပဲ အချစ်နဲ့ပက်သက်တဲ့သူအားလုံး
Fuck you ပဲ Fucking life Fucking love Fucking friend Fuck you all.
မုသာဝါဒ လွန်လွန်ကြူးကြူး ကျူးလွန်ထားတဲ့ လူတစ်ယောက်ရှိတယ် ဟရီရွန်
အရာအားလုံး အပြုသဘောဆောင်ထားတယ် ထမင်းကြမ်း ပဲပြုတ်ဆီဆမ်း ပုရွတ်ဆိတ်
သူကြီးရဲ့လူ့ပြည်ပြန်တမ်း ယသော်ဓရာရဲ့အလှတရား ဗျည်းခက်ရဲ့ဒဿန ထွက်သွားစမ်း
Drip ရဲ့အာနိသင် မှားယွင်းမှုဆိုတာ လုပ်ကြံမှုသက်သက်အတွက် အမည်နာမတစ်ခုပဲ
ဟရီရွန်  ပြင်းပြင်းထန်ထန် Drip သွင်းကြမယ်
စိုးရိမ်ကြောက်လန့်နေတာ သာသနာနဲ့ Drug ကွယ်ပျောက်မှာကိုပဲ
ဘာကြောင့် ဘယ်လို  . . . ၀ါးဟားဟားဟားဟားဟား
ဆီးစပ်တ၀ိုက်မှာ အမွှေးအမျှင်တွေ ထူထပ်ရှည်လျားနေပြီ ဟရီရွန်
ငါသေရင် လောကကြီးဆိုတာ ရှိတော့မှာ မဟုတ်ဘူး(ငါ့အတွက်)
ကြည့်လိုက်စမ်း အနက်ရောင် Metal တွေ ခေါင်းတွေရမ်းသမ်းခါနေကြတာ
ကာလာစုံ Rap တွေမျောက်က ကနေကြတာ ရူးသွပ်နေတယ် ဘာကိုမှန်းမသိ ရူးသွပ်နေကြတဲ့
Punk တွေ မူးယစ်ဆေးဝါး သုံးစွဲနေကြတယ် လူတွေ လူတွေ လူတွေ အရူးတွေ
ရွှေပြည်သာ လှိုင်သာယာ အင်းစိန် မြောက်ဒဂုံ လူနေမှု အဆင့်အတန်း အစားအစာ/ပြတ်လပ်မှု
ဒုက္ခ/သုခ နွားနဲ့သူငယ်ချင်းဖြစ်ခဲ့ကြတဲ့လူတစ်စု ထွန်ရေးကလွဲပြီး အားလုံး ဘာတစ်ခုမှ မရှိခဲ့ကြဘူး
All Rise ပျော်ပါရဲ့လား No. No. No. ကလေးလေးတစ်ယောက်က တားစီးလိုက်မယ်
သူတားစီးလိုက်တယ် ဘာကိုမှန်းမသိ ရပ်ပါတော့လို့ အဖွားအိုတစ်ယောက် အော်လိုက်တယ် ကားလမ်းတွေ
ပိတ်မယ် မျက်နှာဖုံးစွပ်တောခွေးတွေ အစွယ်အဖွေးသားနဲ့ စီးတော်ယဉ်ကိုစီးလာမယ် ကြောင်တတ်တတ်
လူငယ်စကားဝိုင်း ဆေးလိပ်မီးခိုးငွေ့တွေနဲ့အတူ လေနဲ့အတူ တံထွေးနဲ့အတူ မျောပါသွားကြ
လမ်းဘေးယဉ်ကျေးမှု တောပန်းရဲ့ရနံ့ အားလုံးကို သတ်ပစ်လိုက်စမ်း ဒါအမိန့်
တစ်သွေး နှစ်သွေး သုံးသွေး ဆိုတဲ့အမိန့် အဟတ်!!! ၀မ်းသာစရာ သတင်းကောင်း တောင်/မြောက် စစ်ပွဲ
မိန်းမအားလုံးကို ကိုယ်ထိလက်ရောက် စော်ကားခွင့်ရှိတယ်
တစ်နည်း ကိုယ်ထိလက်ရောက် ယုတ်မာခွင့် မရှိဘူး
အရူးအမူးထိုးသွင်းပြီးနောက် ပျက်ယွင်းနေတဲ့ Drip ပိုက်လိုင်းကမှတဆင့်
လှတပတကောင်မလေးတစ်ယောက် အကြောတလျှောက် ဖြေးးးး   ညှင်းးးး   စွာ လိမ့်ဆင်းသွားတယ်
အသေးစားကိုယ်ပိုင်ယဉ်ကျေးမှု ဘ၀ ပိုက်သေးသေးလေးထဲမှာ ဘ၀ရှိတယ် Foxy Foxy Your Body.
ဝမ်းပန်းတနည်း ငိုကြွေးခဲ့ရတဲ့ ငြိမ်ငြိမ်လေးပဲ အေးအေး

ဇာတိ(ဖျာပုံ)
1:10PM
24.6.2011
dchitoo88@gmail.com
www.zartinaung.blogspot.com
  
မှတ်ချက် - ဇာတ်ကောင်နာမည်အား ပြန်လည်ပြောင်းလဲထားခြင်းမှအပ
တခြား မည်သည့်နေရာမှ ပြင်ဆင်ခြင်း မပြုထားပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...