Monday, May 28, 2012

ကမ္ဘာကျော်စီးပွားရေးပညာရှင် ပါမောက္ခ ပေါလ်ကူလီယာနဲ့ အခွန်ပညာရှင် ရစ်ချဒ်ကွန် ရက်ဒ်တို့နှစ်ယောက်ရဲ့ ဟောပြောပွဲ khin maung nyo econo


by Khin Maung Nyo on Sunday, May 27, 2012 at 3:24am 

ကမ္ဘာကျော်စီးပွားရေးပညာရှင် ပါမောက္ခ ပေါလ်ကူလီယာနဲ့ အခွန်ပညာရှင် ရစ်ချဒ်ကွန် ရက်ဒ်တို့နှစ်ယောက်ရဲ့ ဟောပြောပွဲကို မေလ ၂၅ ရက်နေ့က တက်ရောက်နားထောင်ခွင့်ရတာ၊ ကျွန်တော်တို့အတွက်ရော မြန်မာ့စီးပွားရေးအတွက် ရော ဧရာမအခွင့်အရေးကြီးတစ်ရပ်ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ ပြောင်းလဲစရာတွေအများ ကြီး၊ အားလုံးတစ်ချိန်တည်း ပြောင်းဖို့ကလည်း မဖြစ်နိုင် ဒီတော့ ဘာတွေပြောင်းကြမလဲဆိုတာ အစီအစဉ်ဆွဲဖို့လိုမယ်။ နောင်အနှစ် နှစ်ဆယ် အတွက် မစဉ်းစားဘဲ (၁)နှစ်၊ (၂)နှစ်၊ (၃)နှစ် အတွင်း ကြီးကြီးမားမား မြန်မြန်ဆန်ဆန်ပြောင်း လဲနိုင်တာကို စဉ်းစားဖို့ ပထမဆုံးပေါလ်ကူလီ ယာက အကြံပြုပါတယ်။
ပြီးတော့ သဘာဝသယံဇာတကို စီမံခန့်ခွဲ တာ အရေးကြီးတဲ့အကြောင်း သူက သတိပေးပါ တယ်။ ကျွန်တော်တို့က သယံဇာတကို စီမံခန့် ခွဲရာမှာ အနာဂတ်မျိုးဆက်အတွက်ကိုပါ ထည့် စဉ်းစားရပါလိမ့်မယ်။
ကျွန်တော်တို့ စီမံခန့်ခွဲမှု လွဲချော်ခဲ့လို့ နောင်မျိုးဆက်သစ်တွေအတွက် သယံဇာတတွေ မကျန်ခဲ့ရင် သူတို့ကကျွန်တော် တို့ကို ဆဲရေးဆိုခွင့်ရှိတယ်လို့ ဆိုပါတယ်။
ပထမဆုံး မြန်မြန်ဆန်ဆန် တိုးတက်နိုင်တဲ့ ကိစ္စကတော့ တယ်လီဖုန်း(မိုဘိုင်းဖုန်း)ကို ဘဏ် လုပ်ငန်းနဲ့ချိတ်ဆက်လို့ဖုန်းကနေတစ်ဆင့် ငွေအပ်၊ ငွေလွှဲ၊ ငွေထုတ်တဲ့ လုပ်ငန်းတွေ လုပ်နိုင်ဖို့ပါ။ ဒါဆိုရင် ဘဏ်လုပ်ငန်းလည်း သိသိသာသာတိုး တက်သွားမယ်။ လူတွေလည်းငွေစုဖြစ်မယ်။ အရေး အကြောင်းရှိရင် သုံးနိုင်မယ်၊ မှာနိုင်မယ်၊ လွှဲနိုင် မယ်။ ပုဂ္ဂလိကဘဏ်နဲ့ ပုဂ္ဂလိကဖုန်းလုပ်ငန်း ပူးပေါင်းပြီးလုပ်ရင် အစိုးရက(၁ဝ)နှစ်လုပ်တာ ထက် အကျိုးများမယ်လို့ သူက အကြံပြုပါတယ်။
ဒီလုပ်ငန်းကြောင့် သတင်းအချက်အလက် တွေမြန်မြန်ရမယ်၊ ဈေးကွက်သတင်းတွေရမယ်၊ ကြားလူရဲ့ အခန်းကဏ္ဍပျောက်ကွယ်သွားမယ်၊ ကြီးကြီးကျယ်ကျယ်တွေလုပ်နေစရာ မလိုဘူးတဲ့။
နောက်ထပ် အမြန်ဆုံးအကျိုးရှိနိုင်တဲ့ကိစ္စ တစ်ခုကတော့ လျှပ်စစ်ဓာတ်အားပါ။ အရေး အကြီးဆုံးက လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံမယ့်သူတွေကို နိုင်ငံရေးအရ မစွန့် စားခိုင်းဖို့ပါ။ လောင်စာ၊ စွမ်းအင်ဈေးကို အစိုးရ က မတက်စေချင်တော့ ငွေကုန်ကြေးကျခံ ရင်းနှီး မြှုပ်နှံပြီး အရှုံးပြရောင်းရတဲ့ အခြေအနေမျိုးကို ဘယ်ကုမ္ပဏီကမှ ရင်မဆိုင်ချင်ဘူး၊ အဲဒီလို စွန့်စားရမှာမျိုးကို အစိုးရကတာဝန်ယူ၊ စာချုပ်မှာ သူတို့တွက်ခြေကိုက်အောင်လည်း သတ်မှတ်ပေး ရမယ်။
တတိယအမြန်ဆုံးအကျိုးရှိနိုင်တဲ့ နည်းလမ်း ကတော့ အလုပ်အကိုင်ရရှိအောင် အာမခံတဲ့နည်း ပါ။ အိန္ဒိယနိုင်ငံကလုပ်နေတာကို လေ့လာနိုင် ပါတယ်။ လုပ်ခနည်းနည်းနဲ့ အလုပ်လုပ်ခွင့်ကို အာမမခံပေးတော့ ဆင်းရဲသားတွေ အလုပ်လုပ် ခွင့်ရကြတယ်။ ကျေးလက်က အခြေခံလမ်းပန်း ဆက်သွယ်ရေးတွေဖွံ့ဖြိုးရေးကို ကျေးလက်လုပ် သား၊ အခပေးလုပ်သားနဲ့လုပ်လို့ရမယ်။ ကျေး လက်နဲ့ မြို့ပြဆက်သွယ်နိုင်ရေး၊ အဆက်အသွယ် ရှိဖို့အရေးဟာ အရေးကြီးတယ်။
အခွန်ဘာလို့ကောက်ရသလဲ၊ အခွန်ကနေ ရမယ့် ဘဏ္ဍာတော်ငွေထက် ဆင်းရဲသားတွေ ဒုက္ခမရောက်စေဖို့ အဓိကထားရမယ်လို့ သူက မြင်တယ်။
နိုင်ငံတစ်နိုင်ငံရောက်တဲ့အခါ အခွန်ဥပဒေ ကို သူတောင်းလေ့ရှိတယ်။ အများအားဖြင့် အခွန် ဝန်ထမ်းတွေက အခွန်ဥပဒေပေးစရာတစ်စောင်မှ မရှိကြဘူး။ ပြီးတော့ အခွန်ဥပဒေစာဖတ်ရင် လည်း နားမလည်စရာဖြစ်နေတတ်တယ်။ အခွန် ဥပဒေအပြောင်းအလဲလုပ်တော့မယ်ဆိုရင် ပညာ ရှင်တွေ၊ ကျွမ်းကျင်သူတွေနဲ့ပါ။ အပြုသဘော ဆောင်တဲ့ ဆွေးနွေးတိုင်ပင်မှုတွေကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်သင့်တယ်လို့ ပါမောက္ခ ရစ်ချဒ်ကွန်ရက်ဒ်ကမြင်ပါတယ်။
မူဝါဒရွေးချယ်ချမှတ်မှုတွေ အများကြီးလုပ် ရတယ်။ မူဝါဒရွေးချယ်ချမှတ်မှု မှန်ကန်ဖို့ အရေးကြီးတဲ့အကြောင်း၊ ပါမောက္ခနှစ်ဦးစလုံးက ထပ်တလဲလဲပြောကြတယ်။
သဘာဝသယံဇာတတွေကို ဘယ်လိုထုတ် နုတ်သုံးစွဲရမလဲဆိုတာ သေသေချာချာ ဆွေးနွေး တိုင်ပင်ပြီးတော့ မူဝါဒတွေချမှတ်ရမယ်။
ကမ္ဘာကျော်ပညာရှင်များ မြန်မာ့စီးပွားရေးအတွက် အကြံပေးကြ
ခင်မောင်ညို (ဘောဂဗေဒ)
စီးပွားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ဆုံးဖြတ်ချက်တွေဟာ မှန်ကန်ဖို့လိုတယ်။ ချပြီး ရင် အဲဒီ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာအကောင်အထည်ဖော်ဖို့လိုတယ်။ စောင့် ကြည့်ဖို့လိုတယ်။ တချို့အစိုးရတွေဟာ စည်းမျဉ်း စည်းကမ်းတွေကို လစ်ရင်လစ်သလို ချိုးဖောက် တတ်ကြတယ်။
စည်းမျဉ်းစည်းကမ်းတွေရှိပြီဆိုရင် တခြား အရေးကြီးတဲ့လိုအပ်ချက်တစ်ခုက အဖွဲ့အစည်း တွေ ခိုင်မာတောင့်တင်းဖို့၊ လွတ်လပ်တဲ့ ဗဟို ဘဏ်လို အဖွဲ့အစည်းတွေရှိဖို့ဖြစ်ပါတယ်။ စည်း မျဉ်းစည်းကမ်းကို အစိုးရကချိုးဖောက်ရင် အဲဒီ အဖွဲ့အစည်းတွေက သတိပေးရပါမယ်။
တတိယလိုအပ်ချက်က နားလည်သိတတ် တဲ့ နိုင်ငံသား အင်အားစုတစ်ရပ် အခိုင်အမာရှိနေ ဖို့ပါ။ နိုင်ငံသားတွေအားလုံး တတ်သိနားလည် ဖို့ မဖြစ်နိုင်ပေမယ့် တော်တော်တန်တန်သော နိုင်ငံသားတွေက နားလည်တတ်သိတဲ့သူတွေ ဖြစ်ရပါမယ်။ အကောင်းအဆိုး၊ အကြောင်းအကျိုး ကို အင်အား အတော်အတန်ရှိတဲ့ နိုင်ငံသားတွေ၊ ခွဲခြမ်းဝေဖန်စိတ်ဖြာနိုင်ရပါမယ်။
အခုလိုအချိန်မျိုးမှာ မြန်မာနိုင်ငံထဲကို ကုမ္ပဏီတွေအများကြီးဝင်ရောက်လာမယ်။ အဲဒီ ကုမ္ပဏီတွေထဲမှာ အလိမ်အညာတွေလည်းပါနိုင် တာကိုသတိထားဖို့ ပညာရှင်တွေကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ သယံဇာတနဲ့ ပတ်သက်လို့ အများသိရှိနိုင်တဲ့ ဒေသဆိုင်ရာ သတင်းအချက် အလက် တွေရှိရမယ်။ ပုဂ္ဂလိကလက်ကို လွှဲ ပြောင်းပေးတဲ့အခါတိတ်တိတ်ပေးတာမျိုးမဟုတ်၊ မြင်သာထင်သာရှိရှိ၊ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်ပေးဝယ်ကြရင် တကယ့်တန်ဖိုးကို ရပြီး မသမာမှုဖြစ်နိုင်တဲ့ အလားအလာလည်း နည်းမယ်။
တကယ်တော့ အခွန်ဆိုတာ တစ်ဖက်သတ် ပေးရတာမျိုးဖြစ်ပြီး တခြားလူတွေပဲ အကျိုးခံစား ခွင့်ရှိတာမျိုးဖြစ်လို့ ဘယ်သူမှ မပေးချင်ဘူး။ ကုမ္ပဏီတွေက အခွန်မပေးရာ မပေးရကြောင်း အကြောင်းတွေ ဆင်ခြေတွေပြကြမယ်။ အဲဒါတွေ ကိုသာလက်ခံရင် အခွန်တစ်ပြားမှရစရာ မရှိဘူး။ ဒါကြောင့် ကုမ္ပဏီတွေကို အခွန်ကောက်ရာမှာ တစ်ပြေးတည်း ဆက်ဆံဖို့ ညင်သမာငအပ ကို လည်း ပညာရှင်တွေက အကြံပြုကြတယ်။
သဘာဝသယံဇာတတွေ စီမံခန့်ခွဲရာမှာ ဒေသခံတွေလည်း အကျိုးခံစားခွင့်ရရပါမယ်။ မဟုတ်ရင် အထင်အမြင်လွဲတာ၊ အကြမ်းဖက်တာ တွေ ကြုံရတတ်တယ်။ ထိခိုက်သူတွေကို ထိုက် ထိုက်တန်တန်၊ သိသိသာသာ လျော်ကြေးပေးရ မယ်။ လုပ်ငန်းစီမံကိန်းတွေကနေ သက်ဆိုင်တဲ့ လူတွေအားလုံး အကျိုးခံစားရတယ်လို့ ယုံကြည် ချက်ရှိရမယ်။
သက်ဆိုင်တဲ့သူတွေလို့ပြောရာမှာ အနာဂတ် မျိုးဆက်သစ်တွေကိုပါ ထည့်တွက်ရမယ်။ ပစ္စုပ္ပန်နဲ့ အနာဂတ် အကျိုးစီးပွားမျှတမှုရှိရမယ်။ စားသုံးမှုနဲ့ ရင်းနှီးမြှုပ်နှံမှု မျှတရမယ်။ ၃ဝ ရာခိုင်နှုန်းထက်လျှော့ပြီး အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံတာမျိုး မဖြစ်သင့်ဘူး။
သုံးစွဲပုံသုံးစွဲနည်း၊ သုံးစွဲတဲ့ လုပ်ငန်းစဉ်က လည်း မြင်သာထင်သာရှိရမယ်။ အရည်အသွေး ရှိရှိ သုံးစွဲမှုမျိုးဖြစ်ရမယ်။ ပြည်သူပိုင်ကဏ္ဍမှာ သုံးစွဲတာတွေ ဘယ်ရောက်သွားသလဲဆိုတာ ခြေရာခံနိုင်ရ၊ ခြေရာကောက်နိုင်ရမယ်။ ရင်းနှီး မြှုပ်နှံရာမှာလည်း အရည်အသွေးရှိတဲ့ ရင်းနှီး မြှုပ်နှံမှုမျိုး ဖြစ်ရမည်။ ရင်းနှီးမြှုပ်နှံဖို့ ဘယ်လို ပြင်ဆင်သလဲ၊ ဘယ်လိုရွေးချယ်သလဲ၊ ဘယ်လို အကောင်အထည်ဖော်သလဲဆိုတာတွေ အားလုံး အရေးကြီးတယ်။ မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ မြန်မာနိုင်ငံသားတွေရဲ့လက်ထဲမှာရှိတယ်။ မြန်မာ နိုင်ငံရဲ့အကျိုးစီးပွားကို မြန်မာနိုင်ငံသားတွေက စိတ်အဝင်စားဆုံးဖြစ်တယ်။
နိုင်ငံခြားအရင်းအနှီး တွေဝင်လာရင် ပိုပြီး ရှုပ်ထွေးမယ်။ ရှင်းလင်းလွယ်ကူတဲ့ အခွန်စနစ်၊ ပုဂ္ဂလိကနဲ့ အစိုးရအပြန်အလှန်ယုံကြည်မှုရှိတဲ့ စနစ်၊အပြန်အလှန်ဆွေးနွေးမှုရှိတဲ့ အချက်အလက် တွေ အခြေအနေတွေ တကယ်တိုးတက်တဲ့စနစ် ဖြစ်ဖို့ ပညာရှင်တွေကဆွေးနွေးသွားကြပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...