Wednesday, May 18, 2011

"ယန်စီ ဂင်္ဂါ နှင့် ဆရာဟိန်းလတ် "

၁၄. ၅. ၂၀၀၁   ရက်က ငါးလုပ်ငန်းဦးစီးဌာနသီရီအဏ္ဏ၀ါခန်းမ မှာ ကျင်းပ တဲ့ ဆရာဟိန်းလတ် ရဲ့ ယန်စီ နဲ့ဂင်္ဂါ ကမ္ဘာ ကိုလွမ်းသော အခါဆိုတဲ့ ဟောပြောပွဲကို ကျွန်တော်တက်ရောက်ခဲ့ပါတယ်။ နေ့လည်၂ နာရီတိတိမှာ စမယ်လို့ထင်ရပေမယ့်  နေ့လည်၂ နာရီခွဲလောက်မှာမှ စတင်ဖြစ်ခဲ့ပါတယ် ။ ဆရာဟိန်းလတ်ကိုယ်တိုင် ၂နာရီကျော်မှရောက်လာခဲ့တာပါ။ SUN MYANMAR CO.LTD က စပွန်ဆာပေးတယ်လို့ သိရပါတယ်။ ဘာကိုစပွန်ဆာပေးလဲ တော့မသိပါ  အ၀င်ဝ မှာတော့ ကော်ဖီတခွက်သောက်ခဲ့ရပါတယ်။ အစီအစဉ်တင်ဆက်သူက  ငါးလုပ်ငန်းဦးစီးဌာနက ၀န်ထမ်းထင်ပါတယ်။သူပြောတာလဲ သူတို့ငါးလုပ်ငန်းက တာဝန်ယူတင်ဆက်တယ်လို့ပဲ ပြောနေတာပါ။
ထားလိုက်ပါတော့ အဲ့ဒီစပွန်ဆာကိစ္စ ။ တက်ရောက်လာတဲ့လူအင်အားက ၈၀ နဲ့၁၀၀ ကြားမှာရှိမှာပါ။များသောအားဖြင့် လူကြီးပိုင်းနဲ့ လူလတ်ပိုင်းတွေများပါတယ်။ လူငယ်ပိုင်းကတော့  သတင်းသမား တွေ လောက်ပဲ တွေ့ရပါတယ်။ အရေးထဲ ဘယ်ဂျာနယ်တိုက်က လူငယ်သတင်းထောက်လဲ မသိ။ ဟိုလူ့ ကို လိုက်မေး  ဒီလူကိုလိုက်မေး နဲ့ တွေ့လိုက်ပါသေးတယ်။ လူကြီးတွေ ခမျာလဲ သူမေးတာတွေကိုဖြေချင်ပုံမရပါဘူး ။လူကြီးတစ်ယောက်ဆိုရင် မဖြေချင်လို့ရှေ့ကိုထွက်ပြေးသွားတာလဲ တွေ့လိုက်ပါတယ်။M R T V-4 ကလည်းသတင်းလာယူတာတွေ့လိုက်ပါတယ်။ ၂ နာရီခွဲလောက်မှာတော့  အစီအစဉ်တင်ဆက်သူက ဆရာဟိန်းလတ်ကို ပရိတ်သတ်နဲ့ မိတ်ဆက်ပေးပြီးနောက် ဆရာဟိန်းလတ်စတင်ဟောပြောပါတယ်။ ယန်စီ ဆိုတာ က တရုတ်နိုင်ငံ ရဲ့ မြစ်ကြီးပါ ... ဂင်္ဂါဆိုတာကတော့ အိန္ဒိယ နိုင်ငံ ရဲ့ မြစ်ကြီးဖြစ်ပါတယ်။ ဆရာဟိန်းလတ်က ယန်စီကိုတရုတ်လို့ တင်စား ၊ဂင်္ဂါကို အိန္ဒိယလို့တင်စားလိုက်တာပါ။တရုတ်နိုင်ငံ ဟာ အခု ဆိုရင်လူဦးရေ သန်းပေါင်း ၁၃၀၀ ကျော်ရှိပါသတဲ့၊ အိန္ဒိယကတော့ လူဦးရေ သန်း၁၂၀၀ လောက်ရှိနေပါပြီ။ သူတို့ နှစ်နိုင်ငံကြားမှာရှိတဲ့ ကျွန်တော်တို့ မြန်မာ နိုင်ငံကတော့ သန်းပေါင်း ၆၀ ကျော်ရုံလေးပဲ ရှိပါသေးပါသတဲ့ ။အဲ့ဒီတော့ ဒီ နှစ်နိုင်ငံ အင်အားကြီးထွားလာခြင်းဟာ ကျွန်တော်တို့ နိုင်ငံလေး အပေါ် ဘယ်လို အကျိုး သက်ရောက်မူ့တွေ များရှိနိုင်ပါသလဲ ၊ တွေးကြည့်စရာလေးတွေတော့ဖြစ်လာပါပြီ။ဆရာဟိန်းလတ်က နိုင်ငံ တခု ကို နိုင်ငံရဲ့ဓနဥစ္စာ ၊ ပြည်သူတွေရဲ့ဓနဥစ္စာ၊နိုင်ငံတကာမှာရပ်တည်မူ့  စသည်စသည် ဖြင့် တိုင်းတာနိုင်ပါသတဲ့ ။  ကျွန်တော့် အမြင် ကတော့ ကျွန်တော်တို့ နိုင်ငံ က အဲ့ဒီ ၃ ချက်ထဲမှာတခုနဲ့တော့ပြည့်စုံပါတယ်။ နိုင်ငံရဲ့ ဓနဥစ္စာဆိုတဲ့ အချက်ပေါ့ဗျာ.... နိုင်ငံ ဘယ်လောက်ချမ်းသာလဲ မချမ်းသာလဲတော့ မသိဘူး  ။ မန်ယူ ကိုဝယ်မယ်ဆိုတဲ့ ဗိုလ်ချူုပ်နဲ့ ထိုင်းက အပန်းဖြေကျွန်းက ဂရန် နဲ့ ဌားတဲ့ဗိုလ်ချူပ် နဲ့   ကဲ နိုင်ငံ
မကြွယ်ဝဘူးလား။ ပြည်သူတို့ရဲ့ ဓနဥစ္စာကတော့ အားလုံးသိကြတဲ့ အတိုင်းပါပဲ ... ၀တ်ကောင်းစားလှ ဖုန်းတဂွမ်ဂွမ်  ကားတ၀ီဝီ နဲ့လူတန်းစားက ရန်ကုန်မြို့လယ်တ၀ိုက်နဲ့   မန်းလေး မြို့စွန် နည်းနည်း မှာပဲ ရှိတာပါ ။ ဘာလို့ မြို့စွန်လို့ပြောရလဲ ဆိုတော့ မန်းလေး မြို့လယ်မှာ မြန်မာတွေ မရှိကြသလောက်ဖြစ်နေလို့ ပါ။ မန်းလေးမြို့လယ် ရွှေဆိုင်တန်း မှာ ဆရာဟိန်းလတ်စကားနဲ့ပြောရင် ယန်စီတွေ
ကြီးပဲ  ၊တရုတ်တွေ ကြီးပဲလို့ပြောတာပါ။  နိုင်ငံတကာရပ်တည်မူ့မှာလဲ ဆရာဟိန်းလတ်ရဲ့ စကားလေးကိုပဲ ပြန်ကောက်ပါရစေ ၊ နိုင်ငံရပ်ခြားမှာ ဆရာဟိန်းလတ် စာသွားသင်တော့  ကင်ညာ နိုင်ငံသူ နဲ့ အစ္စရေးနိုင်ငံသားက ဆရာ့ကိုမေးပါသတဲ့ ။  ဘယ်နိုင်ငံကလဲ ပေါ့ ။ ဆရာဟိန်းလတ်က မြန်မာလို့ဖြေပါသတဲ့။      မသိဘူးလို့ခေါင်းယမ်းပြပါတယ်...  အဲ့ဒါနဲံဆရာက ဘာမားဆိုရင်တော့သိလောက်တင်ထင်ပြီးဘားမားလို့ပြောလိုက်ပါသတဲ့....အဲ့ဒါလဲ သူတို့မသိပါဘူး... ဒါနဲံကမ္ဘာမြေပုံကို ရှာ ပြီး တရုတ်နဲ့ အိန္ဒိယကြားကိုထောက်ပြမှ အော်အဲ့လိုနိုင်ငံလဲရှိလားလို့မေးပါသတဲ့။ ကင်ညာနိုင်ငံသူက ထပ်မေးလိုက်တယ် ဆိုပဲ မင်းတို့နိုင်ငံမှာကားရောရှိရဲ့လားဆိုပြီး  ။ ဆရာဟိန်းလတ်က ဟာသသဘောနဲ့ ခပ်ပေါ့ပေါ့ ဟောသွားပေမယ့် ကျွန်တော့်ရင်တွေ တဆစ်ဆစ်နာပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံတကာရဲ့ အမေ့ခံ မဖြစ်သင့်ဘူးမလားး။ အာဖရိကနိုင်ငံသူ ကတောင် ကျွန်တော်တို့ကို ကားတောင် မရှိတဲ့ တောနိုင်ငံ လို့ထင်နေပုံရတယ်။ဆရာက အစ္စရေးမှာ နေခဲ့တူန်းက အတွေ့ အကြုံ လေးတွေ ကိုလဲ ပြောပြသွားခဲ့ပါတယ် ... အစ္စရေးမှာ ဟိုတယ်ကြီးတွေ မှာ ညစာစားပွဲတွေ ၀ှီးချဲ လုပ်ပေးပေမယ့် ရေကိုတော့ ကိုယ့်ဟာကို ၀ယ်သောက်ရပါသတဲ့။ ရေတဗူးကို ငါးဒေါ်လာတောင် ဆိုပြန်တော့  မနည်းဘူးပေါ့.... သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ရေရဲ့ တန်ဖိုးကို သိအောင် လို့ဆိုပါတယ်။ဖြစ်တော့ဖြစ်သင့်ပါတယ်
အစ္စရေးနိုင်ငံ က သဲကန္တာရမှာ တည်ထားတာမဟုတ်လား။ ဒါပေမယ့် သူတို့ ရဲ့ရေသန့်တွေ က တကယ် သန့်စင်တဲ့ PH7 တွေပါ။ မြန်မာနိုင်ငံ မှာတော့ ရေသန့် တွေရဲ့40 ရာခိုင်နုန်းဟာ PH7 အဆင့်မရောက်ဘူးလို့ အိုင်အန်ဂျီအို စစ်တမ်းတခုမှာ ဖတ်လိုက်ရပါတယ်။ရေဟာ နောင် နှစ် ၃၀ မှ ၅၀ အတွင်းမှာ ကမ္ဘာ အခြားပါးဆုံးသယံဇာတ ဖြစ်လာမှာပါ။ လူသားတွေ ဟာ ရေကြောင့် တိုက်ပွဲတွေ ဖြစ်လာကြပါလိမ့်မယ်။ ရေနံကြောင့် လူု့ အခွင့်အရေးကိုအကြောင်းပြပြီး အမေရိကန်က အီရတ်ကိုဝင်တိုက်သလိုပေါ့ဗျာ။ နောင် နှစ်ငါးဆယ်အတွင်းရေတိုက်ပွဲံတွေကိုမြင်ကြရတော့မှာပါ။အဲ့ဒီအချိန်
ရောက်ရင်လူ သန်း၅၀၀ လောက်ဟာလဲ ရေငတ်သေဆုံးဖို့ရှိပါတယ်။ ရေကတော့ရှိနေဦးမှာပေမယ့်  သောက်လို့ရတဲံ့ သန်စင်သောရေ အင်မတန်ရှားပါသွားပါလိမ့်မယ် လို့ ဆရာက ဟောပြောသွားပါတယ်။
နိုင်ငံတနိုင်ငံ ရဲ့ ဆင်းရဲ၊ချမ်းသာခြင်းအကြောင်းရင်းဟာ  အဲ့ဒီနိုင်ငံ ရဲ့စာတတ်မြောက်မူ့နဲ့လဲ ဆိုင်ပါသတဲ့။ အဲ့ဒီစာတတ်မြောက်မူနဲ့ပတ်သက်ပြီးတော့လဲ ဆရာက ဟာသလေးပြောပြသွားပါတယ်။မြန်မာနိုင်ငံမှာစာတတ်မြောက်ရေး လုပ်အားပေး တွေ လုပ်ခဲ့ကြဆောင်ရွက်ခဲ့ကြဖူးတာ အားလုံးမှတ်မိကြမှာပါ။ အသုံးလုံး အဖွဲ့တွေဟာ ဆရာဆရာမတွေ ၊တက္ကသိုလ်ကျောင်းသားတွေ စုပေါင်းပြီး ရွာဘက်တွေ အထိဆင်း စာမတတ်တဲ့ ဦးကြီး ၊ဒေါ်ကြီး တွေကိုစေတနာ့ဝန်ထမ်းစာလိုက်သင်ပေးခဲ့ကြတာပါ။ လုပ်ငန်းစတင်ပြီး နှစ်နှစ်အတွင်းမှာ မြန်မာနိုင်ငံမှာစာတတ်မြောက်သူ တရာမှ ကိုးဆယ့်ခြောက်လောက်ထိ တိုးတက်လာခဲ့ပါတယ်။ အဲ့ဒီ အချိန်မှာပဲ အခုအမေရိကန်သိမ်းထားတဲ့ အီရတ်နိုင်ငံ ရှားဘုရင်ကကမ္ဘာတ၀န်းက စာတတ်မြောက်မူ့ အများဆူံးနိုင်ငံ ကိုဆုပေးမယ်ဆိုတော့ မြန်မာနိုင်ငံ က တာဝန်ရှိသူတွေ က မြန်မာနိုင်ငံ မှာ စာတတ်မြောက်သူ အဲ့ဒီလောက်ထိ ရှိပါတယ်ဆိုပြီး ကိန်းဂဏာန်းတွေ နဲ့ တင်တော့ ရှားဘူရင်ဆု ကိုရရှိခဲ့ပါတယ်။ တော်တယ်ပေါ့ နှစ် နှစ် အတွင်း စာမတတ်သူ ပပျောက်သလောက်ရှိသွားတယ်ပေါ့။  ဆု ဖလား နဲ့ငွေသားကို မြန်မာနိုင်ငံ ကိုယူလာ  ဒီက အစိုးရလူတွေ က ကြိုဆိုကြနဲ့ .....   နောက်တနှစ်ကျော်ကြာသွားတော့ ကမ္ဘာဘဏ်က ကြေငြာ ချက်တခုထုတ်ပြန်ပါတယ်။ LDC နိုင်ငံတွေထဲက စာတတ်မြောက်မူ့ နည်းတဲ့ နိုင်ငံတွေ ကို ကမ္ဘာဘဏ်က အကြွေးတွေကို လျှော်ပြစ်ပါမယ် တဲ့။ အဲ့ဒီတော့ ရွှေ မြန်မာ တွေ လဲ တွေးပြီပေါ့ .... ငါတို့ မှာလဲ ပေးစရာတွေ တပုံတပင်ရှိတယ်  ၊ အကြွေးတွေ လျှော်ပစ်မယ်ဆိုတော့ မဆိုးဘူးဟ ဆိုပြီးး  ၊ စာတတ်မြောက်မူ့ နည်းပါးတဲ့နိုင်ငံဆိုပြီး   
ကမ္ဘာဘဏ်ကို တင်ပြပါသတဲ့။ အဲ့ဒီတော့ ကမ္ဘာဘဏ်က တာဝန်ရှိသူတွေက    ဟ မင်းတို့ဟာကမဟုတ်သေးပါဘူး  မင်းတို့ နိုင်ငံ မှာ စာ မတတ်တဲ့လူနည်းတယ်ဆိုပြီး ရှားဘုရင်ဆုကိုတောင် ရခဲ့သေးတာပဲ လို့ ဆိုတော့....  အင်မတန်တော်တဲ့ မြန်မာတာဝန်ရှိသူတွေ က ....  ဟုတ်ကဲ့ပါ ခင်ဗျာ ဒါပေမယ့် တနှစ်ကျော်လောက်ကြာတော့ စာတတ်တဲ့သူတွေလဲ မေ့ကုန်ပါပြီ  လို့ ပြန်ဖြေပါသတဲ့ခင်ဗျား ။

"ယန်စီ   ဂင်္ဂါ နှင့်ဆရာဟိန်းလတ်"  (အပိုင်း-၂)

အပိုင်းနှစ်ကို ဆက်ပါဦးမယ်ခင်ဗျာ။  ၁၉၇၅ မတိုင်မှီက တရုတ်ပြည်ဟာ အင်မတန်ဆင်းရဲပါတယ်။ တရုတ်ပြည်ဘယ်လောက်ဆင်းရဲလဲ ဆိုရင် မြန်မာလူမျိုးတော်တော်များများ အံ့သြောသွားပါလိမ့်မယ်။၁၉၇၅ မတိုင်မှီ
မော်စီတုန်း ရဲ့ တရုတ်ပြည်သူ ပြည်သားသန်း ၆၀၀မှာ ၅၉၀သန်းလောက်ဟာ တနှစ်ပတ်လုံးလောက်မှာမှ တခါ  နှစ်ခါလောက်မျှသာ အသားစားနိုင်ကြပါတယ် ။ အသားစားနိုင်တဲ့ အချိန်ကလည်း တရုတ်နှစ်သစ်ကူး ပွဲတော်အချိန်ဖြစ်ပါသတဲ့။
ကျန်တဲ့အချိန်မှာတော့ အသီးအရွက်ပေါက်စီတွေ ၊ဂျုံခေါက်ဆွဲတွေစားနေကြခဲ့ရတာပါ။မော်စီတုန်းကိုယ်တိုင်တောင် မှ တနှစ်ပတ်လုံးမှာ အသားတခါပဲ စားပါသတဲ့ ။ ပိုက်ဆံ မရှိလို့တော့ဟုတ်ပုံမရပါဘူး။သူ့ပြည်သားတွေ
ငတ်နေတဲ့အချိန်မှာသူလဲ မစားချင်လို့နေပါလိမ့်မယ်။ဒါကြောင့်လဲ ဥက္ကဌကြီးမော်လို့ တရုတ်နီတွေ လေးစားနေကြတုန်းကိုးလို့ မှတ်ချက်ချမိပါတယ်။ဒါကြောင့် မော်စီတုန်းရဲ့ စကားဟာသမိုင်းဝင်ခဲ့ပါတယ်။မော်စီတုန်းက
အဲ့ဒီအချိန်က ဘာပြောခဲ့လဲဆိုရင် တရုတ်ပြည်ရဲ့ ပန်းတိုင်ဆိုတာ "တရုတ်ပြည်သူများအသားစားချင်စိတ်ရှိတဲ့အခါ အသားစားနိုင်ကြတဲ့နေ့ ဟာ တရုတ်ပြည်ရဲ့ ပန်းတိုင်ရောက်ပြီ" လို့ပြောခဲ့ပါတယ်။အခုခေတ် တရုတ်တွေများ အသားစားရုံတင်မကပါဘူး ကောင်းပေ့ ဆိုတဲ့ ဇိမ်ခံပစ္စည်းတွေ ။ညွန့်ပေ့ ဆိုတဲ့ အစားအစာတွေ ကို ကိုယ့်နိုင်ငံမှာသာ မက သူများနိုင်ငံမှာပါ ပိုက်ဆံပစ်ပေးပြီး ပါးရိုက်စားနိုင်တဲ့အဆင့်ရောက်နေပါပြီ။
ဆက်စပ်မိလို့ပြောရပါဦးမယ်။ ကျွန်တော် ရခိုင်ကို ၂၀၀၉ခုနှစ်မှာရောက်ခဲ့ပါတယ်။ နေရာတိုင်းမှာ တရုတ်နဲ့ ကိုရီးယားတွေ တွေ့ရပါတယ်။များသောအားဖြင့်တော့ တရုတ်တွေ ပေါ့ ။ တကယ့်ပညာတတ် တရုတ်တွေ ကနေ
အလုပ်သမားခေါင်းအဆင့်တရုတ်တွေ အထိ တွေ့ခဲ့ပါတယ်။သူတို့ကတော့သူုတို့ကိုသူတို့  တက်စ်ကနေရှင် လို့ခေါ်တာပေါ့လေ။ကျွန်တော်မြင်တာကတော့ ဈေးကြီးတဲ့အလုပ်သမားခေါင်းပေါ့။သူတို့ဟာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအတွက်ရောက်နေခဲ့ကြတာပါ။ ကျောက်ဖြူ မြိုနယ်နဲ့ ရမ်းဗြဲ မြို့နယ်ပိုင် ကျွန်းတွေကိုလဲ ယန်စီတွေ က ဂရန် ခံပြီး ၀ယ်ယူထားပါတယ်။ ရေနက်ဆိပ်ကမ်းကိုလဲ သူတှို ဦးစီးပြီးဆောက်ပါတယ်။အောက်ခြေ အလုပ်သမားတွေ ကတော့ ထုံးစံ အတိုင်း  ရွှေမြန်မာတွေ ပေါ့ဗျာ။ရခိုင် နဲ့ဗမာတွေ ၊မွန်တွေ ၊ကရင်တွေဟာ နေရာအမျိုးမျိုးမှာ တရက်၃၀၀၀ ငွေကြေးအတွက် ပင်ပန်းဆင်းရဲစွာလုပ်ကိုင်ကြရပါတယ်။ ကိုယ့်နိုင်ငံမှာကိုယ်နေပြီး  ကိုယ့် ရေမြေက သယံဇာတတွေ ကိုထုတ်ယူနေတဲ့နေရာမှာလည်း  တိုင်းရင်းသားတွေ ဟာ နည်းအမျိုးမျိုး နဲ့ ၂၁ ရာစု ကျွန်အသစ်တွေ ဖြစ်နေတာတွေ့ခဲ့ရပါတယ်။ပတ်ဝန်းကျင်လဲ ပျက်စီးနေပါပြီ။ ရေနက်ဆိပ်ကမ်းက အလုပ်ဖြစ်လားမဖြစ်လားတော့မသိဘူး။ အဲ့ဒီ တ၀ိုက်မှာ ဘာငါးမှ မရှိတော့ပါဘူး။ ဘယ်ရှိတော့မလဲခင်ဗျာ ယန်စီတွေက သဘောင်္အဆန်းတွေ နဲ့  ရေအောက် အနက်ကို တူးဖော်
နေကြတယ်လို့ဆိုပါတယ်။ ဘာတွေ တူးဖော်နေလဲ ဆိုတာတော့ မသိခဲ့ရပါဘူး။ မနက်ဈေးမှာလည်း  တရုတ်လုပ်ငန်းရှင် အမျိုးမျိုးဟာ ခြင်းတောင်းကြီးငယ်နဲ့ရောက်ချလာပြီး  တွေ့သမျှလက်ညိုးထိုးဝယ်ပါတယ်။ဝယ်နိုင်
မှာပေါ့ တရုတ်ယွမ်ငွေ နဲ့မြန်မာကျပ်ငွေ က ဖောင်းပွမူ့ နုန်း ကွာဟနေတာကိုး။ တရုတ်ငွေ နည်းနည်းကို မြန်မာငွေ နဲ့သာလဲလိုက်  ပီနံအိတ်နဲ့ထုတ်ယူရတယ်လို့ ငါးနဲ့ ပုဇွန်ဒိုင်ဖွင့်ထားတဲ့  မစ္စတာ ရှောင်ကီချွမ်း ခေါ်
ပေါက်ဖော်ကြီး ကပြောပြပါတယ်။ သူက ယူနန်ကလာပြီး ကျောက်ဖြူ မှာစီးပွားရေးလာလုပ်နေတာပါ။ ရခိုင်တိုင်းရင်းသူ မြသန္တာ ကို ယူထားတာပါ။ မမြသန္တာ ဟာ အတော်ချောတဲ့ ညိုချော တိုင်းရင်းသူပါ။
ကျွန်တော်တို့ မြန်မာနိုင်ငံသူ ဘယ်နှစ်ယောက်များ  တရုတ်မယား ၊ကုလား မယားတွေ ဖြစ်ကုန်ပြီလဲ လို့တွေးမိပါတယ်။ကျောက်ဖြူ မှာ အခု ခေတ်စားနေပါသေးတယ်။ ဘာတဲ့အဌားမယား တဲ့ခင်ဗျာ ။ ဆင်းရဲ တဲ့ လိပ်ခမော် ဂုံးချိန်ရွာဘက်က တောသူလေးတွေ ဟာ တလကို၂ သိန်းကျပ်နဲ့ ယန်စီကြီးတွေ ဆီမှာ အဌားမယားလုပ်ကြရတယ်လို့ဆိုပါတယ်။ များသော အားဖြင့် တော့ မြို့ပေါ်မှာပဲ တရုတ်ကြီးတွေက အိမ်ခန်းဌားပေးထားပါတယ်။ ဒါကတော့ အင်ဂျင်နီယာ ယန်စီကြီးတွေပါ။ အလုပ်သမားခေါင်းယန်စီတွေ ကတော့ မြို့စွန်က  ဟိုဟာလုပ်စားတဲ့အိမ်မှာ တန်းစီနေကြတာလဲ တွေ့ခဲံရပါတယ်။တကယ်မျိုးချစ်စိတ် ရှိပါ
တယ်၊မျိုးရိုးကို စောင့်ထိန်းပါတယ် ဆိုတဲ့ ရခိုင်လူမျိုးတောင် နောက်ဆုံးတော့ ဆင်းရဲတဲ့ဒဏ်၊ကျပ်တည်းတဲ့ဒဏ်တွေ မခံနိုင်ပဲ ဒီလို အဖြစ်မျိုးတွေ ကြုံတွေ့ခဲံရပါတယ်။တရုတ်တွေ ဟာ မြန်မာနိုင်ငံမှာ အဲ့လို မင်းမူနေတဲ့ အဆင့်ကိုရောက်နေကြပါပြီ။ ဒါဟာ မော်စီတုန်းကြောင့်တော့ မဟုတ်ပါဘူး။ နိုင်ငံရေးသုခမိန် တိန်ရှောင်ဖိန် လို့ခေါ်တဲ့ တရုတ်ကွန်မြူ နစ်ပါတီခေါင်းဆောင်နဲ့ နောက်ဆက်ခံတဲ့ တရုတ်သွေးသစ်ခေါင်းဆောင်တွေ ကြောင့် ယန်စီတွေ အခုလို
မော်ကြွားနိုင်တဲ့အဆင့်ကိုရောက်ခဲ့ကြတာပါ။ တိန်ရှောင်ဖိန်ဟာ ငတ်ပြတ်နေတဲ့နိုင်ငံကို ခုန်ပျံကျော်လွှားပေါ်လစီတွေ ။ အခြားလမ်းစဉ်တွေ ချမတ်ပြီး ပြောင်းလဲ ရေးကို စတင်လုပ်ဆောင်ခဲတယ်လို့ ဆရာဟိန်းလတ်က ဆိုပါတယ်။တိန်ရှောင်ဖိန်က ဒီလိုကြွေးကျော်ခဲ့ပါသတဲ့ " ကြောင် ဆိုတာ ဖြူဖြူ မဲမဲ ကြွက်ခုတ်ဖို့သာ အဓိကပဲ "။ ဆိုလိုရင်းကတော့ အရင်းရှင် ဒီမိုကရေစီစနစ်ဖြစ်ဖြစ်၊ ကွန်မြူနစ် စနစ်ဖြစ်ဖြစ်နိုင်ငံကြီးထွားချမ်းသာ
ဖို့အဓိကပဲ လို့ဆိုလိုချင်ခဲ့တာပါ။တိန်ရှောင်ဖိန်ဟာတခါးပိတ်ဝါဒကျင့်သုံးတဲ့ တရုတ်ပြည်ကိုတံခါးဖွင့်ခဲ့တာပါ။ တခါးဖွင့်လိုက်ရင်တော့ အလင်းရောင်ကောင်းကောင်းရမှာပဲ ၊ လေကောင်းလေသန့်ကောင်းကောင်းရမှာပဲ။
ထို့အတူ ဖုန်တွေ ၀င်လာနိုင်တာပဲ၊ ယင်တွေ ခြင်တွေ ၀င်လာနိုင်တာပဲ ။ ဖုန်ဝင်လာရင် သန့်ရှင်းရေးလုပ်ပေါ့ ၊ ယင်ဝင်လာရင် အုပ်ဆောင်းတို့ ၊ဇကာတို့ သုံးပေါ့လို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ ဖုန်ဝင်
လာရင်သန့်ရှင်းရေးလုပ်ရမဲ့ အစိုးရက အင်မတန်အလုပ်များနေတဲ့ အတွက်မအားပါဘူး။ယင်ဝင်လာရင်အုပ်ဆောင်းအုပ်ရမဲ့ လ၀က တို့ ကပ်စတန်တို့က အုပ်ဆောင်းကို အခကြေးငွေ နဲ့ဖွင့်ပေးနေပါတယ်။ကောင်းတယ်
မဟုတ်လား ရွှေမြန်မာတို့ရေ။သမိုင်းအစဉ်အလာရှိခဲ့တဲ့ မြန်မာတွေ ဟာ အခုတော့ အနိုင်ကျင့်ချင်စရာလူမျိုး အဖြစ်သို့ရောက်နေပါပြီ။ အားကိုးစရာ မဲ့နေတဲ့ မိဘမဲ့ကလေးလိုဖြစ်နေပါပြီ။ဦးနုလက်ထက်ကလည်း တရုတ်နီတွေ ကို မြို့သုံးမြို့ပေးခဲ့ရပါသေးတယ် ။နယ်နိမိတ်ကိစ္စ အချင်းများတဲ့ကိစ္စနဲ့ပေါ့။ ဒါတောင် ကျွန်တော်တို့ရဲ့ အစိုးရဆိုတဲ့ ပုဂ္ဂိုလ်တွေ က မျိုးချစ်စိတ်ဓါတ်ရှင်သန်ထွန်းကားရေး တွေဘာတွေ အသံကောင်းဟစ်နေပါသေးတယ်။ အခုထိ အလောင်းမင်းတရားတို့ရဲ့ အမွေ ကိုဆက်ခံသောတပ်မတော်တို့ ဘာလို့လုပ်နေပါသေးတယ်။ထိုင်းကိုနိုင်ခဲ့တာကို ဂုဏ်ယူနေတုန်းပါ။ လက်ရှိအခြေအနေမှာတော့ ထိုင်း
လုပ်သမျှခံနေရတာကို လူကြားအောင် မအော်ရဲပါဘူး။ အင်္ဂလိပ်တွေ မြန်မာကိုသိမ်းတာကျတော့ အင်္ဂလိပ်နယ်ချဲ့လေးဘာလေးနဲ့၊ မြန်မာတွေ ထိုင်းကို သိမ်းတာကျတော့ မြန်မာနယ်ချဲံလို့မပြောပါဘူး။ဘုန်းလက်
ရုံးဆန့်တန်းပါသတဲ့။ ရယ်ပဲ ရယ်ရသေးတော့။ဆရာဟိန်းလတ်ထောက်ပြမှ ကျွန်တော်လဲ သတိထားမိပါတော့တယ်။တကယ်တော့ နယ်ချဲ့တွေ၊ ကြားနေထား ၊နိုင်ငံတနိုင်ငံဟာ သူ့အင်အားပြည့်အောင် အမြဲ အရံသင့်ရှိနေရမှာပါ။ စီးပွားရေးရော စစ်ရေးရောပေါ့။ ပြည်သူတွေ ကိုတုတ်နဲ့ ရိုက်သတ်ဖို့ ၊ ဂျီသရီး သေနတ်နဲ့ နားထင်ကို အနီးကပ် ပစ်သတ်တဲ့ စစ်တပ် ကိုပြောတာမဟုတ်ရပါဘူးခင်ဗျာ။ နိုင်ငံ ကြီးတွေ က ကျူကျော် မူ့ မပြုရအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့    တပ်မတော်အစစ်ကိုပြောတာပါ။  အခု အခြေ အနေက ကျွန်တော်တို့ အတွက်တော်တော်သတိထားရမဲ့အခြေအနေပါ။ ဘေးနှစ်နိုင်ငံ ဟာ အရှိန်အဟုန် နဲ့
တိုးတက်နေပါပြီ။ ကျွန်တော်တို့ အတွက် အကောင်းတွေ ရောအဆိုးတွေ ရော ကြုံတွေ့နိုင်ပါတယ်။တရုတ်ဟာ ၂၀၁၀ ခုနှစ်မှာ တနှစ်ပျှပ်းမျှ တရုတ်နိုင်ငံသားတစ်ယောက်ရဲ့ဝင်ငွေဟာ 2010 ဒေါ်လာရှိပါသတဲ့၊ အိန္ဒိယ
နိုင်ငံသားတယောက်ရဲ့ ၀င်ငွေကတော့800 ဒေါ်လာရှိပါသတဲ့။ ဒါက ပျဉ်းမျှ ကိုပြောတာနော်။ 2010 ဒေါ်လာဆိုတော့ တလကို အနည်းဆူံတော့၂ သိန်းလောက်တော့ရှိမှာပါ။အိန္ဒိယဟာလည်းတသိန်းလောက်ရှိပါတယ်။
ဒါတောင် အိန္ဒိယ ဟာ အခုမှ ကြီးထွားခါစပဲ ရှိပါတယ်။တရုတ်ဟာ ၂၀၂၀ မှာ တနှစ်ပျဉ်းမျှငွေ ၁၃၀၀၀ ဒေါ်လာလောက်ဝင်မှာပါ။ ဒါကြောင့် ဆရာဟိန်းလတ်က နောက်ဆယ်စုနှစ် သုံးခု အတွင်းတရုတ်ဟာ ကမ္ဘာကို အုပ်
စိုးမယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ဆရာ ဟိန်းလတ်ရဲ့ အာဘော်အတိုင်း ဆိုရင်တော့ သိပ်မဝေးလှသော အနာဂါတ်ပေါ့ ခင်ဗျာ။

တရုတ်ဘာ့ကြောင့်ကြီးထွားလာရသလဲ။ အဲ့နောက်ကွယ်မှာ မြန်မာ ဘယ်လို အကျိုးဆက်တွေ ရနိုင်လဲ  ဆိုတာ ကျွန်တော်တို့ အင်မတန်လေ့လာဖို့ကောင်းပါတယ်။ ကျွန်တော်တို့ မျိုးဆက်ဖြေရှင်းရမဲ့ ပြသနာတွေ ပါ။ ပထမဆုံးမေးခွန်းက ကွန်မြူနစ်နိုင်ငံ တရုတ်ဟာ ဘာ့ကြောင့် အရင်းရှင် အမေရိကန်ထက် ပိုပြီး ချမ်းသာ လာရမှာလဲ ။တရုတ်ဟာ အခုလက်ရှိအခြေအနေအရ နိုင်ငံရေး ဟာ ကွန်မြူနစ်ပါ ၊ စီးပွားရေးကတော့ အရင်းရှင်ပါ။တရုတ်နီပြည် စတင်ထူထောင်စဉ်က လူုတရာမှာ ၂ ယောက်လောက်ရှိတဲ့ တရုတ်လူချမ်းသာတွေ ကို  ဖောက်ပြန်ရေးသမား ဓနရှင်လူတန်းစားလို့ တံဆိပ်ကပ် ။ ပစ္စည်းတွေကို ပြည်သူပိုင်သိမ်း၊လူကိုလဲ
သတ်တန်သတ်လုပ်ခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ ... တိန်ရှောင်ဖိန်လက်ထက်မှာတော့ အရင်းရှင်တိုင်းရင်းသားတရုတ်တွေ ကို ကူညီစောင့်ရှောက့် ၊ စီးပွားရေးကောင်းမွန်စွာလုပ်နိုင်အောင် အစိုးရက ကူညီ၊တရုတ်
ပစ္စည်းသွင်းနိုင်အောင် နိုင်ငံတကာနဲ့ ရလေးရှင်းရှစ်တွေ ထူထောင်ငွေတွေ ချေး၊ လုပ်လာခဲ့ပါတယ်။ပြီးတော့ အခုလက်ရှိအနေအထားမှာ တရုတ်နိုင်ငံ ရဲ့ ကွန်မြူ နစ် ပုံစံ ဟာ ဗဟိုက ချုပ်ကိုင်မူ့ အားနည်းတဲ့ ပုံစံပါ။
ပြည်နယ်အစိုးရတွေ ဖွဲ့ထားပါတယ်၊ ဟဲဟဲ တို့နဲ့လာတူနေသလိုပဲနော်...  တရုတ်တွေ ကခိုးချထားတာဖြစ်ရမယ်။ ကိုယ်ပိုင်အုပ်ချူုပ်ခွင့်ရ ဒေသတွေ ထူထောင် ပြီး စီးပွားရေးကို လွတ်လပ်စွာ လုပ်နိုင်ခွင့်ပေးထားပါ
တယ်။ ပြီးတော့  တရုတ်အစိုးရဟာ မြန်မာထက်စာရင် စာပေလွတ်လပ်မူ့ ရှိပါတယ်၊ ဝေဖန်တာလဲ ခံနိုင်ပါသတဲ့၊ စက်ရုံအလုပ်ရုံတွေ မှာ ၀ိုက်ဘုတ်တွေ ထောင်ပေးထားပါသတဲ့၊ ဆော့ပင်ပါတွဲပေးထားပြီး တကယ်လို့
အလုပ်သမားတယောက်ဟာ မကျေနပ်ရင် အဲ့ဒီမှာ မကျေနပ်ချက်ကို ရေးသားပိုင်ခွင့်ရှိပါတယ်တဲ့ဗျာ။ ( မြန်မာနိုင်ငံမှာဆိုရင်တော့ လုံထိန်းက ဒုတ်နဲ့ ၀င်ရိုက်ပါလိမ့်မယ်)၊အဲ့ဒါကို စက်ရုံ လူကြီးတွေ က ဖြေရှင်းပေးရပါ
သတဲ့။ ဟုတ်ကဲ့ပါခင်ဗျာ တကမ္ဘာလုံးက သတင်းလွတ်လပ်ခွင့်မရှိဘူး ၊လူ့ အခွင့်အရေး မရှိဘူးလို့ လက်ညိုးငေါက်ငေါက်ထိုးဝေဖန်ခံနေရတဲ့   ယန်စီကြီးတောင် မြန်မာထက် ပိုဖရီးဆန်နေတော့လဲ ... သူတို့ တိုးတက်
တာ အံ့သြောစရာမဟုတ်ပါကြောင်း.....၊

မြန်မာ ပြည်ရဲ့ လက်ရှိ အုပ်ချူပ်ရေး စနစ်သစ်ဟာ  တရုတ်နိုင်ငံရဲ့ အုပ်ချူပ်ရေး စနစ်နဲ့အတော်လေးကိုဆင်တူ နေတာကိုလည်း တွေ့ရပါတယ်။ ဒါကလဲ ထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး ခင်ဗျ။ ကြံ့ဖွံ့အသင်းကနေ
ကြံ့ဖွံ့ ပါတီ ဖြစ်လာရတာဟာလည်း  ပါကစ္စတန် သမ္မတ မူရှာယက်  ရဲ့ ပြည်သှု့ ပါတီ ဖြစ်စဉ်နဲ့ အတော်လေးကို ဆင်တူနေတာကို လေ့လာတွေ့ရှိရပါတယ်။ဒါပေမယ့် မတူ ညီနိုင်တဲ့ အချက်တွေ ကတော့ မူရှာယက်က
စစ်ဗိုလ်ချုပ် ဘ၀က နေ သမ္မတ တစ်ယောက်ရဲ့ ဘ၀ ကို လုံးဝ ချိန်းပလိုက်တယ်။ ဒါပေမယ့် ဦးသိန်းစိန်က တော့အနည်းငယ်ပြောင်းလဲ နိုင်ဖို့တောင် အတော်ကြိုးစားနေရတာ တွေ့ရပါတယ်။ သူ့ အနောက် ကလာကါ
က ထိန်းချုပ်ထားတဲ့ ကြိုးဆွဲ ရာအတိုင်းလေးပဲ လက်လေး မြှောက်လိုက် ၊ခြေလေး မြောက်လိုက် သာလုပ် နိုင်တာ တွေ့ရပါတယ်။ပြီးတော့ တရုတ်နဲ့ မြန်မာဟာ အုပ်ချူပ်ရေး စနစ်ခြင်း ပုံစံဆင်တယ်ဆိုတာကို တချို့တွေ က စောဒက တက်ကြပါလိမ့်မယ်။ ဘာဆိုင်လို့လဲကွာ ဟိုမှာက တစ်ပါတီင်္ စနစ် ၊ ငါတို့က ပါလီမန် ဒီမိုကရေစီ စနစ်  ဘာမှမဆိုင်ဘူး ဆိုပြီး အငြင်းပွားရင် ကျွန်တော် ပြန်ဖြေရှင်းပြချင်ပါတယ်။ တိုင်းရင်းသား မျိုးနွယ်စု
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွေ ၊ ပြည်နယ်အစိုးရတွေ ။ အစိုးရ ပေါ်လစီနဲ့ စာပေလွတ်လပ် ခွင့်ကို ထိန်းချူပ်ထားတာတွေ ၊ တစုံတခု ဖြစ်ရင် တပ်နဲ့ နှိမ်နင်းတာတွေ ။ ဟုတ်ကဲ့ ဆက်ပြောရရင် တပုံကြီးပါ။
ကျွန်တော်တို့ ရဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကြီးရဲ့ ဒီမိုကရေစီပုံစံဟာဘယ် ဒီမိုကရေစီ နိုင်ငံ နဲ့မှ မတူ နိုင်ပါဘူး။ ဒါပေမယ့်  ကွန်မြူနစ်နိုင်ငံကြီးနဲ့သွားတူနေတာကတော့ အလွန်တရာ ရယ်ဖွယ်ရာကောင်းပါတယ်။
ပြောခဲ့သလိုပါပဲ တချို့သောနေရာတွေမှာ  ယန်စီကြီးကတောင် မြန်မာနိုင်ငံထက် စာပေလွတ်လပ်ခွင့်တွေရှိပါသေးတယ်။ ဆရာဟိန်းလတ်က ဟာသလေးတခုပြောပြပါတယ်။ သူ တရုတ်ပြည်ကြီး ကိုရောက်တုန်းက
သတင်းစာတစောင်မှာ ဟာသလေးတခုဖတ်မိပါသတဲ့။ဟာသလေးကတော့  တရုတ်ပြည်ရဲ့တောရွာတရွာမှာ မစ္စတာ ယူ ဆိုတဲ့ ကွန်မြူနစ်ပါတီ ၀င် တရုတ်ကြီးရှိပါတယ် တဲ့။အဲ့ဒီမစ္စတာယူ ဟာ ပါတီအတွက်ကြိုးစားတော့
မြို့ မှာ ဥက္ကဌ အဖြစ် ဆောင်ရွက်ဖို့ တာဝန်ပေးခြင်းခံရတယ်။ အဲ့တော့ သူလဲ သူ့ရွာက မိတ်ဆွေ အပေါင်းအသင်းတွေ ကို လိပ်စာပေးခဲ့တာပေါ့ ။ ကဲ ငါတော့မြို့ကိုသွားတော့မယ်.. မင်းတို့တွေ မြို့ရောက်ရင် ငါဆီကိုလာ
လည်ကြဆိုပြီးတော့...မစ္စတာယူဟာ မြို့ကိုတက်သွားခဲ့တယ်။ဒါနဲ့ တရက်ကြတော့ မစ္စတာယူ ရဲ့ မိတ်ဆွေတစ်ယောက်ဟာ မြို့ကို ကိစ္စတခုနဲ့လာရင်း  မစ္စတာ ယူရဲ့လိပ်စာ အတိုင်းလိုက်ချလာတယ်။လိပ်စာ ထဲ က နေရာ
ကိုရောက်သွားတော့ ၀င်းတံခါးအကြီးကြီးနဲ့ အိမ်တစ်အိမ်ကို တွေ့ရပါသတဲ့ ။ဒါနဲ့ သူလဲ စဉ်းစားတယ် ၊ မစ္စတာ ယူ ဟာ မြို့မှာအခု တော့ ဥက္ကဌဖြစ်နေတယ်၊ ဒီတော့ ငါ သူ့ကို ရိုရိုသေသေခေါ်မှဖြစ်မယ်ဆိုပြီးတော့
ဥက္ကဌကြီးယူ၊ ဥက္ကဌကြီးယူ လို့အော်ခေါ်ပါသတဲ့ ။ ဒီတော့ တခါးမကြီးရဲ့ ချောင်းကြည့်ပေါက်က မျက်လုံးတစုံက ချောင်းကြည့်တယ် ပြီးတော့ ချောင်းကြည့်ပေါက်ပြန်ပိတ်သွားတယ်၊တခါးတော့ဖွင့်မပေးဘူး ဆိုပဲ။
သူလဲ တော်တော် စိတ်တိုသွားတယ် ဒါနဲ့ စိတ်ပေါက်ပေါက်နဲ့  မစ္စတာယူ မစ္စတာယူလို့ ခေါ်ပြန်သတဲ့ ။ဒီတခါလဲ အရင်ကလိုပဲ ချောင်းကြည့်ပြီးတော့ ပြန်ပိတ်သွားပြန်တယ်။နောက်ဆုံးတော့ ဒေါသထွက်ထွက်နဲ့
ခွေးမသားယူ  ခွေးမသားယူ လို့အော်လိုက်ပါတယ်။ ဒီတော့မှ တခါးကြီးက ၀ုန်းခနဲ ပွင့်လာပါတယ်။ဒီတော့ အထဲ ကိုဝင်ပြီး တခါးဖွင့်တဲ့ကောင်လေးကိုမေးတော့တာပေါ့။ မင်းမစ္စတာယူရဲ့ သားမဟုတ်ဘူးလား၊
ဥက္ကဌကြီးယူ၊ ဥက္ကဌကြီးယူ လို့ငါခေါ်တာကြားဘူးလားဆိုတော့ ... ကြားပါတယ်ခင်ဗျတဲ့....... ဟ ဒါဆို မင်းကြားရဲ့သားနဲ့ ဘာလို့ မဖွင့်ပေးတာလဲကွ ဆိုတော့..... အဖေက ပြောထားပါတယ် ဥက္ကဌကြီးယူ၊ ဥက္ကဌကြီးယူ လို့
ခေါ်ရင် ဖွင့်မပေးပါနဲ့     အဲ့လို ငါ့ကိုမြှောက်ပင့်ပြီးခေါ်ပြီးရင် ငါ့ဆီ က အခွင့်အရေး တောင်းတဲ့ ကောင်တွေ များတယ်လို့ မှာထားလို့ပါ  လို့ပြန်ဖြေပါတယ်၊   ဒါနဲ့ ဧည့်သည်က     မစ္စတာယူလို့ခေါ်တုန်းကလဲ မင်း
ကြားတယ်မဟုတ်လားလို့မေးတော့ ....  ဟုတ်ကဲ့ကြားပါတယ် ခင်ဗျာ  ဒါပေမယ့် အဖေက ပြောထားပါသေးတယ် မစ္စတာယူလို့ခေါ်ရင်လဲ ငါ့လုပ်ဖော်ကိုင်ဖက်တွေ ဧည့်သည်တွေ များတယ် အလုပ်ရှုပ်တယ် ဖွင့်မပေးနဲ့
လို့မှာထားပါတယ်ခင်ဗျ   လို့ ပြန်ဖြေပါတယ်၊  ဟ ဒါဆိုရင် ခွေးမသားယူလို့ခေါ်တော့ မင်းက ဘာလို့ဖွင့်ပေးတာတုန်းလို့မေးတော့   .....  ဟုတ်ကဲ့  အဖေ က မှာထားပါတယ်ခင်ဗျ  ခွေးမသားယူ ဆိုရင်  ငါ့အထက်က
ပေါ်လစ်ဗျူရိုတွေ ဖြစ်မယ် ၊ ငါ့အထက်အရာရှိတွေဖြစ်မယ် အမြန်သာဖွင့်ပေးလို့မှာထားပါတယ် လို့ပြန်ဖြေပါတယ်။ ဒါနဲ့ မင်းဘာလို့ချောင်းကြည့်ပေါက်က ချောင်းချောင်းကြည့်တာတုန်းဆိုတော့
အထုပ်ကြီးကြီးကိုင်လာတဲ့ လူဆိုရင် ဘယ်သူဖြစ်ဖြစ် အမြန်သာ ဖွင့် ပေးလိုက်ဆိုပြီးတော့ အမေက   မှာထားလို့ပါ ဆိုပြီး ပြန်ဖြေပါသတဲ့ ။


တရုတ်သတင်းစာတစ်စောင်မှာ  အုပ်ချုပ်နေတဲ့ ကွန်မြူနစ်ပါတီ ကြီးကို အဲ့လို ကလိခွင့်၊  လှောင်ခွင့်၊ ဟာသလုပ်ခွင့်ရှိတယ်ဆိုရင်  တရုတ်နိုင်ငံ ရဲ့လူအခွင့်ရေးဟာ ၅၀ ရာခိုင်နုန်းလောက် ရှိနေသေးတယ်ဆိုတာ သေချာ
ပါတယ် ခင်ဗျာ။မြန်မာနိုင်ငံ က ဘယ်ဂျာနယ် ၊ ဘယ်သတင်းစာမှာ အဲ့လို ဖတ်ခဲ့ကြဖူးပါသလဲ ...  ဟုတ်ကဲ့ ကျွန်တော်တော့ တခါမှမဖတ်ခဲ့ရဖုးပါဘူးခင်ဗျာ။ဒါကြောင့်လဲ တရုတ်ကွန်မြူနစ်ပါတီ က ကြွေးကျော်ရဲခဲ့ပါတယ်။
ဥပဒေ ရဲ့ အထက်မှာ ဘယ်သူမှ မရှိပါတဲ့ခင်ဗျ။ မြန်မာနိုင်ငံမှာတော့ ဥပဒေရဲ့ အထက်မှာ ဘယ်သူရှိလဲ ဆိုတာ အားလုံးသိကြတဲ့ အတွက် ကျွန်တော်မပြောတော့ပါဘူး။ဒါကြောင့် ၂၁ ရာစု ယန်စီတွေဟာ တာဝန်ယူမူ့ ရှိ
သလို တာဝန်ခံနိုင်မူ့လည်းရှိပါတယ်လို့ ဆရာဟိန်းလတ်က ဟောပြောသွားခဲ့ပါတယ်။တရုတ်နိုင်ငံ ဟာ ၈.၈.၂၀၀၈ မှာ ဘေဂျင်းအိုလံပစ်ကြီးကို ကျင်းပနိုင်ခဲ့ပါတယ်.. အဲ့ဒီအချိန်တုန်းက တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်က   " တကမ္ဘာ အိမ်မက်တခုထဲ "ဆိုပြီး လေကျယ်ခဲ့တာကို အားလုံးမှတ်မိကြမှာပါ....    ၀မ်ကြားပေါင် လေကျယ်မယ်ဆိုလဲ ကျယ်လောက်ပါတယ် တရုတ်ပြည်ဟာ တကမ္ဘာလုံးက အံ့သြောသွားအောင်
လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ခမ်းနားတဲ့ ဖွင့်ပွဲ   ကောင်းမွန်တဲ့ အားကစားရုံတွေ   လမ်းဘေး ကားအိမ်သာတွေ နဲ့ တရုတ်ဟာ သူ့ရဲ့ ကြွယ်ဝမူ့ ကို ကမ္ဘာကို ချပြခဲ့ပါတယ်..


ဟုတ်ကဲ့  စာကလဲ အတော်ရှည်နေပါပြီ...  နောက်ဆုံး အကျဉ်းချူပ်အနေနဲ့ ဆရာဟိန်းလတ်ရဲ့ ယန်စီ ဂင်္ဂါ ဟောပြောပွဲ မှာ ယန်စီအကြောင်းတော့ တော်တော်သိခွင့်ရခဲ့ပေမယ့် ဂင်္ဂါအကြောင်းတော့ သိပ် မရခဲ့ပါဘူး။
ဆရာဟိန်းလတ်ဟာ တရုတ်အကြောင်း ကို အတော်နိုက်နိုက်ချွတ်ချွတ်သိပေမယ့်  အိန္ဒိယ အကြောင်းကတော့ အိမ်စာသိပ်ကြေပုံ မရပါဘူး ... မသိဘူးလို့ပြောတာမဟုတ်ရပါ ခင်ဗျာ  တရုတ်အကြောင်းလောက်မသိဘူး
ကြိုမမြင်နိုင်ဘူးလို့ ဆိုလိုတာပါ၊ တရုတ်အကြောင်းကတော့ အတော်စိတ်ဝင်စားအောင်ပြောနိုင်ပါတယ်၊ ပြီးတော့ ဆရာဟာ တရုတ်ကိုပိုတွက်နေပါတယ်... တရုတ်ရဲ့လုပ်နိုင်စွမ်းထက် ပိုထင်နေပါတယ်..ဒါဟာဆရာမှ
မဟုတ်ရပါဘူး  ...  သူတေသီ တော်တော်များများ အဲ့လို တွက်နေကြပါတယ်... ကျွန်တော်အမြင်မှားရင်လဲ မှားပါလိမ့်မယ်  ဒါပေမယ့်  ကျွန်တော်ကတော့ တရုတ်ဟာ စူပါပါဝါဘယ်လောက်ပဲ ဖြစ်လာဖြစ်လာ အမေရိကန်ကို  နောက်မှာချန်ခဲ့နိုင်ဖို့ဆိုတာ အနည်းဆုံး ဆယ်စုနှစ် ၅ခုလောက်ထက်မနည်း အချိန်ယူရပါလိမ့်မယ်. လို့ထင်ပါတယ်.. တရုတ်က အခုမှ လေယဉ်တင်သဘောင်္ကို ကိုယ့်ဟာကိုယ်ဆောက်နေတုန်းမှာ အမေရိကန်မှာ လေယဉ်တင်သဘောင်္ဆိုတာ ရိုးနေပြီဆိုတဲ့ အဆင့်ကိုရောက်ခဲ့ပြီးပါပြီ... ဒါပေမယ့် ဆရာဟာ တရုတ်ရန်ကို ကြိုမြင်ထားပါတယ်... တရုတ်ရဲ့ အကျိုးကျေးဇူးတွေ ကိုလဲ ကြိုတင် သိထားပါတယ်...

လေယဉ်တင်သဘောင်္ဆိုတာ ရိုးနေပြီဆိုတဲ့အဆင့်ရောက်ခဲ့ပါပြီ... ဆရာ ဦးကိုကိုလှိုင် တို့ နေဇင်လတ်တို့ သမ္မတ အကြံပေးအဖွဲ့ ထဲ ကိုရောက်ခဲ့ကြသလို ဆရာဟိန်းလတ်လဲ တရုတ်ရေးရာကျွမ်းကျင်သူ အနေ နဲ့ အကြံ
ပေးအဖွဲထဲ ရောက်သွားရင် အခုလိုတရုတ်လုပ်သမျှ ခံနေရတဲ့အခြေအနေထက်တော့ ကောင်းလာနိုင်စရာရှိပါကြောင်း  ပြောကြားရင်းနဲ့ ယန်စီ နဲံ ဂင်္ဂါ ကို နိဂုံးချူပ်အပ်ပါတယ်...။


ကျွန်တော် ဆောင်းပါးမှာ အမှားအယွင်းများ ပါ ခဲ့လို့ ရှိရင်  နားလည်ပေးပါ ဆရာဟိန်းလတ် ခင်ဗျားလို့ တောင်းပန်ရင်း ဒီစာနဲ့ ပဲ ဆရာကိုဂါဝရ ပြု အပ်ပါတယ်။ဝေဖန်အကြံ ပေးလိုလျှင် sexymagic.male13@gmail.com  ကိုပေးပို့ နိုင်ပါတယ်... ကျေးဇူးတင်ပါတယ် ခင်ဗျားး


    မာဃလုလင်   ၁၆.၅.၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...