Tuesday, May 17, 2011

အပွင့်ရယ်ကုန်တစ်ငုံကျန်ပါသေး

by ထက် ထက် on Thursday, May 12, 2011 at 2:02pm
  • ရှေးရှေးအခါ ကာလသမယကပင် အမျိုးဘာသာသာသနာ ယဉ်ကျေးမူအစဉ်လာကောင်းများကို စောင့်ရှောက်ထိန်းသိမ်းခဲ့ကြသည့် မြန်မာမူနယ်ပယ်၌ ဘိုးစဉ်ဘောင်ဆက် ဘွားလက်ထက်မှ ယခုထက်တိုင် ကျေးလက်မှသည်မြို့ရွာအနှံ့ ရေပန်းစားဆိုရိုးပြုခဲ့ကြသည့် အနက်အဓိပ္ပာယ်ပြည့်ဝ အနှစ်သာရရှိလှသည့် မြန်မာ့ရိုးရာ စကားထာတစ်ပုဒ်ကို မင်္ဂလာအတွေးဖြင့်ဖော်ထုတ် တင်ပြလိုပါသည်။ ဤစကားထာလေး၏ မြှုပ်ကွယ်ထားသည့် အနက်အဓိပ္ပာယ်တို့ကို ဖော်ထုတ်ကြည့်မည်ဆိုပါက-
]စံပယ်တဲ့လေးရုံ၊
ပျိုတို့မောင်မပန်ထိုက်တယ်၊
ပန်းပြတ်ခိုက်ကြုံ၊
အပွင့်ရယ်ကုန်၊
တစ်ငုံကျန်ပါသေး၊
ပန်ချင်သူ လူညိုထွေးရယ်၊
ခေါင်းဖြီးခဲ့လေး}
  • စကားလှသလောက် တရားပြကာ အနှစ်သာရပြည့်ဝလှသည့် စကားထာလေးပင် ဖြစ်ပါသည်။ ဃရာဝါသ၊သမ္ဘာရနှင့် ကိစ္စမြားမြောင် လူတို့ဘောင်ဝယ် အိမ်ထောင်ညွတ်ကွင်း မသက်ဆင်း သေရသည့်တိုင် သူလည်းလေ လောကီသားပေမို့ ချစ်ရေးချစ်ရာ မကင်းနိုင်ရှာသော်လည်း ရတနာမြတ်သုံးပါး ဦးထိပ်ထားသည့် ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးကောင်းလေး ပျိုမေသည် မေတ္တာသက်ဝင် ချစ်ခင်ရသည့် ပျိုတို့မောင်အား ကောင်းပင်ကောင်းကျိုး ကိုယ်၌တည်၍ အပ္ပမာဒတရား လက်ကိုင်ထားနိုင်စေရန် အမှာပါးလိုက်သော စကားထာဖြစ်ပါသည်။
  • ဗုဒ္ဓဘာသာတရားတော်အရ သုံးလောက၏ အကျိုးငှာပွင့်ထွန်းတော်မူကြကုန်သော ဘုရားရှင်တို့ ပွင့်တော်မူရာတွင် ကမ္ဘာခြောက်ပါးအနက် ဘုရားတစ်ဆူသာ ပွင့်တော်မူသော သာရကမ္ဘာ၊ ဘုရားနှစ်ဆူပွင့်တော်မူသော မဏ္ဍကမ္ဘာ၊ ဘုရားသုံးဆူပွင့်တော်မူသော ဝရကမ္ဘာ၊ ဘုရားလေး ဆူပွင့် တော်မူသော သာရမဏ္ဍကမ္ဘာ၊ ဘုရားငါးဆူပွင့်တော်မူသော ဘဒ္ဒကမ္ဘာ နှင့် ဘုရားပွင့်တော်မမူသော သုညကမ္ဘာ ဟူ၍ ရှိရာတွင် ယခုကမ္ဘာသည် ဘဒ္ဒကမ္ဘာ ဖြစ်ပါသည်။ဤ ဘဒ္ဒကမ္ဘာ၌ ကကုသန်၊ ကောဏာဂုံ၊ကဿပ၊ဂေါတမ ဟူသော သုံးလောကထွတ်ထား မြတ်စွာဘုရားလေးဆူ ပွင့်တော်မူခဲ့ပြီး ဖြစ်၍ နောင်ပွင့်တော်မူရန် အရိမေတ္တေယျ ဘုရားတစ်ဆူသာ ကျန်ပါတော့သည်ဟု ဆိုလိုခြင်းဖြစ်၍ ဘုရားလေးဆူကို ]စံပယ်တဲ့လေးရုံ} ဟုတင်စားကာ ဆိုလိုက်ခြင်း ဖြစ်ပါသည်။

  • ]ပန်းပြတ်ခိုက်ကြုံ} ဟုဆိုရာ၌ ပျိုတို့မောင်နှင့်တကွသော ပျိုမေတို့အဝင်အပါ သတ္တဝါတို့မှာ ထိုပွင့်တော်မူပြီးကုန်သော ဘုရားလေးဆူတို့တွင် ကျွတ်ခွင့်မကြုံခဲ့ရသည်ဖြစ်ကာ လွဲချော်လာခဲ့ရ၍ ဘုရားရှင်တို့နှင့် ဖူးတွေ့ခွင့်မရသောအခိုက်နှင့် ကြုံနေရပါသည်ဟု ]ပျိုတို့မောင် မပန်ထိုက်တယ်၊ပန်းပြတ်ခိုက်ကြုံ} ဟု အားမလိုအားမရ ဆိုလိုက်ခြင်းဖြစ်သည်။ ]အပွင့်ရယ်ကုန်၊ တစ်ငုံကျန်ပါသေး} ဆိုသည်မှာ ဤသို့ ဘုရားအဆူဆူ ပွင့်တော်မူခဲ့သည်ကို ကျွတ်ခွင့်ရယ်မကြုံ လွဲချော်ခဲ့ရသော ပျိုတို့မောင်နှင့် ပျိုမေတို့ဖူးမြော် ကျွတ်တမ်းဝင်နိုင်ဖို့ မျှော်လင့်ရန်မှာ ဤ ဘဒ္ဒကမ္ဘာ၌ နောက်ဆုံးပွင့်တော်မူရန် ကျန်သေးသော အရိမေတ္တေယျဘုရားရှင် တစ်ဆူကျန်ပါသေးသည်ဟု ပျိုမေသည် မိမိကိုယ်တိုင် အားတင်းမျှော်လင့်သကဲ့သို့ ပျိုတို့မောင်အားလည်း အားပေးစကားဆိုလိုက်ခြင်းပင် ဖြစ်ပါသည်။
  • ]ပန်ချင်သူလူညိုထွေးရယ်၊ခေါင်းဖြီးလှည့်လေး} ဆိုသည်ကာ ပျိုတို့မောင်သည် နောင်ပွင့်တော်မူ လတ္တံ့သော အရိမေတ္တေယျ ဘုရားရှင်ကို ဖူးမြော်လိုပါလျှင် သံသာရပပဉ္စ ဟူသည့် သံသရာလည်စေတတ်သော တရားဆိုးများဖြစ်သည့် လောဘ၊ဒေါသ၊ မောဟ အစရှိသည့် ကိလေသာ အညစ်ကြေးတို့မှ ကင်းစင် သန့်ရှင်းအောင် ဒါန၊ သီလ၊ ဘာဝနာ တည်းဟူသော ကုသိုလ်တရား လက်ကိုင်ထားသည့် ဘီးဖြင့် ခေါင်းဖြီးလှည့်ပါဟု မမေ့မလျော့ မပေါ့မဆလျက် ပမာဒလေမခရလေအောင် ကြီးမားသောမေတ္တာဖြင့် ကောင်းမြတ်သည့် မနသီ ကြည်လင်သည့်သဘော၊ဖြူစင်သည့်သဘော၊ ဖြူစင်သည့်စေတနာဖြင့် ပျိုတို့မောင်ကို မှာတမ်းခြွေ သတိပေးစကား ပြောကြားလိုက်ခြင်းပင် ဖြစ်ပါသည်။ဤစကားထာလေးကိုပင် ပျိုတို့မောင်လူညိုထွေးက ပျိုမေ မလေးခင်အား မှာတမ်းခြွေခဲ့ပုံမှာ ထပ်တူပင် ဖြစ်ပါသည်။
]စံပယ်တဲ့လေးရုံ၊
မလေးခင်မပန်ထိုက်တယ်၊
ပန်းပြတ်ခိုက်ကြုံ၊
အပွင့်ရယ်ကုန်၊
တစ်ငုံကျန်ပါသေး၊
ပန်ချင်သူ ရှင်ညိုထွေးရယ်၊
ခေါင်းဖြီးခဲ့လေး}
ဟူ၍ဖြစ်ပါသည်။
  • စေတနာမှန်သော ကံတရားကြောင့် ဗုဒ္ဓဘာသာ မြန်မာအမျိုးကောင်းသား၊ အမျိုးကောင်းသမီးဖြစ်သော မောင်နှင့်မယ်တို့သည် သုံလောကထွတ်တင် သဗ္ဗညုဗုဒဂေါတမ မြတ်စွာဘုရားသခင် ဘဂ္ဂတိုင်း သုမာဂိရမြို့သား သမင်တို့ဘေးမဲ့ပေးရာ ဘေသကဋ္ဌတော၌ သီတင်းသုံးတော်မူစဉ်အခါက နကုလပိတာသူကြွယ်နှင့် နကုလပိတုသူကြွယ်ကတော် ဇနီးမောင်နှံတို့အား ဟောကြားတော်မူခဲ့သော အင်္ဂုတ္တိုရ်မြန်မာပြန် စတုက္ကနိပါတ်၌လာရှိသည့် သမဇီဝီသုတ်္လေသနာနှင့် အညီ မောင်မယ်နှစ်ဦးတို့သည် တူမျှသောသဒ္ဓါ၊ တူမျှသောသီလ၊ တူမျှသောစွန့်ကြဲမူ၊တူမျှသောပညာတို့နှင့် ပြည့်စုံအောင်စောင့်ရှောက်ကြခြင်း ]တစ်ငုံကျန်ပါသေး} ဟူသော နောင်ပွင့်လတ္တံ့သောအရိမေတ္တေယျဘုရားရှင်ကိုဖူးမြင်ကြရလျှင် ကျွတ်တမ်းဝင်နိုင်ကြမည် ဖြစ်ပါသည်။
  • မောင်နှင့်မယ်တို့ဖူးမြင်ရန် မျှော်လင့်ချက်ကြီးစွာ ရည်ညွှန်းသည့် ဤဘဒ္ဒကမ္ဘာ၌ နောက်ဆုံး ပွင့်တော်မူလတ္တံ့သော အရိမေတ္တေယျဘုရားလောင်းတော် အကြောင်းကို သုံးလောကထွတ်ထား ဂေါတမမြတ်စွာဘုရားရှင်သည် လက်ယာရံ အဂ္ဂသာဝကြီးဖြစ်သော အရှင်သာရိပုတ္တရာအား ဟောကြားတော်မူခဲ့ပုံကို အနာဂတဝင်ကျမ်းမှ ကောက်နုတ်၍ အကျဉ်းချုပ် ဖော်ပြလိုပါသည်။

မေတ္တေယျအလောင်း ပဋိသန္ဓေယူခြင်း

  • ချစ်သားသာရိပုတ္တရာ၊ထိုရောအခါမေတ္တေယျဘုရားအလောင်းကား တစ်ဆယ့်ခြောက်သင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီကိုဖြည့်၍ စွန့်ခြင်းကြီးငါးပါးကိုစွန့်ပြီး ပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကို ဖြည့်ကျင့်ပြီးလျှင် တုသိတာနတ်ပြည့်၌ဖြစ်လတ္တံ့။
  • ထိုတုသိတာနတ်ပြည်၌ မေတ္တေယျဘုရားအလောင်း တန်ခိုးသီတင်း ကျော်စောလတ်၍ စကြာဝဋာတစ်သောင်း၌နေကုန်သော နတ်တို့သည် ဘုရားဖြစ်စိမ့်သော ငှာတောင်းပန်လာ၍ ငါးပါးသောကြည့်ခြင်းကြည့်၍ တစ်ဆယ့်ရှစ်ကုဋေသော အရံနှင့်တကွ တုသိတာနတ်ပြည်မှ စုတေခဲ့၍ ကေတုမတီမင်းနေပြည်တော်၌ သင်္ခစကြဝတေမင်းနှင့် တိုင်ပင်ကြံစည်ဖက် ကိုးကွယ်ရာဖြစ်သော အတိတ်၊အနာဂတ်ကိုသိမြင်နိုင်၍ ပစ္စုပ္ပန်၊သံသရာ အစီးအပွားကို ဆုံးမတတ်သော သုဗြဟ္မအမည်ရှိသောပုဏ္ဏားကြီး၏ ခင်ပွန်းမဖြစ်သော ဗြဟ္မဝတီအမည်ရှိသော ပုဏ္ဏေးမဝမ်း၌ ပဋိသန္ဓေနေလတ္တံ့။ ထိုရောအခါ တစ်သောင်း သောလောကဓာတ်လူပ်လတ္တံ့။ ဆယ်လလွန်လျှင် ဣသိပတနသမင်တောမှာ ဖွားလတ္တံ့။ အဇိတဟူသောအမည်ကိုမှည့်လတ္တံ့။ ဖွားဖက်ကားတစ်ဆယ့်ရှစ်ကုဋေတည်း၊ အမတ်ချည်းဖြစ် လတ္တံ့။

ဘုရားအလောင်း စည်းစိမ်ခံစံတော်မူခြင်း

  • အဇိတမင်းသားအား လောကစည်းစိမ်ကို စံစားစိမ့်သောငှာ ရတနာခုနစ်ပါးအတိပြီးသော အရောင်အဝါထွန်းတောက်လျက် နေမင်း၏ ရောင်ခြည်ကဲ့သို့ မျက်စိစိမ်းစိမ်း မကြည့်ဝံ့သော အရောင်တို့ဖြင့် တင့်တယ်သော ပြာသာဒ်လေးဆောင်တို့သည် ပေါက်လတ္တံ့။ တစ်ဆောင်တစ်ဆောင်သော ပြာသာဒ်၌ ခန်းတိုက်ခုနစ်ထောင်စီ၊ တစ်ဖက်တစ်ဖက်၌ ပတ္တမြားကျောက်ရွဲစီသော ကိုးပါးသောနဝရတ်ဖြင့်ပြီးသော ပလ္လင်ခုနစ်ထောင်စီ၊ အထူးထူးသော သားမွေးတို့ဖြင့်ပြီးသော ညောင်စောင်းခုနစ်ထောင်စီ၊ တစ်ဆောင်တစ်ဆောင်သော ပြာသာဒ်၌ ရတနာခုနစ်ပါးတို့ဖြင့်ပြီးသော ရွှေအိုးကြီးလေးလုံးစီ ပေါက်လတ္တံ့။ တစ်လုံးတစ်လုံးသော ရွှေအိုး၏အဝကား တစ်ယူဇနာတည်း။ ရွှေအိုး၏အစောက်ကား မြေကြီးအမျှတည်း။ ထိုရွှေအိုးတစ်လုံးတစ်လုံး၌ ပဒေသာပင်ခြောက်ပင် ခြောက်ပင်စီ ပေါက်လတ္တံ့။ တစ်ဆောင်တစ်ဆောင်သောပြာသာဒ်၌ ရတနာခုနစ်ပါးတို့ဖြင့် တန်ဆာဆင်လျက် ရွှေတံခွန်ဆောက်သော ခုနစ်ထောင်သော ဆဒ္ဒန်ဆင်မင်းတို့သည် ရံလတ္တံ့။ တစ်ကိုယ်လုံးကို တန်ဆာဆင်သော ဝလာဟကသိန္ဓောမြင်းတစ်ထောင်ကသော ခုနစ်ရာသောရထားတို့ သည်လည်း ဖြစ်လတ္တံ့။ တစ်ဘုံတစ်ဘုံ၌ အမျိုးအနွယ်အားဖြင့်မြတ်သော အဆင်းငါးပါးနှင့် ပြည့်စုံသော နတ်သမီးနှင့်တူသော ရတနာအတိတန်ဆာဆင်လျက် မောင်းမတစ်သောင်းခြောက်ထောင် စီရံလတ္တံ့။ တစ်ဘုံတစ်ဘုံ၌ ကခြင်း၊သီခြင်း၊တီးမူတ်ခြင်း၌ တတ်သိလိမ္မာသော ရူချင့်စဖွယ်တင့်တယ်ခြင်း၊ စံပယ်ခြင်းနှင့်ယှဉ်သော ခုနစ်ထောင်သော ကခြေသည်တို့ ဖြစ်လတ္တံ့။
  • ချစ်သား သာရိပုတ္တရာ၊ အဇိတမင်းသား၏ မိဖုရားမြတ်ကား စန္ဒမုခီအမည်ရှိ၏။ စန္ဒမုခီမိဖုရားကား မောင်းမအပေါင်းခြံရံလျက် အကျင့်သီလသီတင်းနှင့် ပြည့်စုံ၏။ အပြစ်ခြောက်ပါးကင်း၏။ ကြန်အင်ငါးပါးနှင့်ညီ၏။ အလွန်အဆင်းလျ၏။ လူမတူနတ်တမျှ အလွန်လှပသဖြင့် ရူ၍မငြီးသည်ဖြစ်လတ္တံ့။စန္ဒမုခီမိဖုရား၏ကိုယ်မှာ စန္ဒကူးသရက္ခန်အနံ့ကြိုင်၏။ ကိုယ်ရောင်ဖြင့် တစ်ဆယ့်နှစ်တောင်အရပ်သို့ ထွန်းလင်း၏။ ကိုယ်အသားကားဝါဂွမ်းကဲ့သို့ နူးညံ့၏။ ပြုခဲ့ဖူးသောကုသိုလ်ကောင်းမူတို့သည် အဆုံးစွန်သောဘဝ၌တည်ကြည်၏။ စန္ဒမုခီမိဖုရားသားကား ဗြဟ္မဝဎနမည်၏။ ရာဟုလာကဲ့သို့ အဆုံးစွန်သောဘဝ ၌ယှဉ်၏။
  • ချစ်သား သာရိပုတ္တရာ၊ အဇိတအမည်ရှိသော ဘုရားအလောင်းသည်ကား ထိုပြာသာဒ်၌ နတ်မင်းကြီးကဲ့သို့တန်ဆာဆင်၍ စန္ဒမုခီမိဖုရားအမှူးရှိသော မောင်းမအပေါင်းခြံရံလျက် နတ်မင်းစည်းစိမ်ကဲ့သို့ စံစား၍နေလတ္တံ့။ ချစ်သား သာရိပုတ္တရာ၊ ထိုသောအခေါ အဇိတဘုရားလောင်းကား တစ်ဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်းပြည့်ဖူးသော ပါရမီကောင်းမူနိုးဆော်လေရကားဇမ္ဗူဒီပါကျွန်း ၌ မြေပြင်ရှိသမျှသည် ခပင်းများစွာတို့ ကြွေးကြော်လျက် တာဝတိ့သာနတ်ပြည်ကဲ့သို့သောအညံညံရှိလတ္တံ့၊သုဓမ္မာနတ်သဘင်ကဲ့သို့ဖြစ်လတ္တံ့။ခပ်သိမ်းသော လောကဓာတ်၌်ရှိသော အသရေဟူသမျှတို့ကို စုပုံ၍ထားဘိသကဲ့သို့ ဖြစ်လတ္တံ့။
  • ချစ်သားသာရိပုတ္တရာ၊ရှစ်သောင်းလေးထောင်သောမင်းတို့သည်လည်းကောင်း၊ခပ်သိမ်းသော နတ်တို့သည်လည်းကောင်းသင်္ခဝကြဝတေးမင်းနှင့်တကွမေတ္တေယျဘုရားအလောင်းထံသို့သွားကုန်၍]အရှင့်အမူကြီးငယ်ကို အကျွန်ုပ်တို့ ထမ်းလိုပါ၏}ဟု မျက်နှာတော်ကိုကြည့်၍ နေလတ္တံ့။ ဘုရားအလောင်းတော်သည်-]မင်းများတို့၊ အမူထမ်းသူကားတစ်ဆယ့်ရှစ်ကုဋေသော အမတ်ကြီးမှစ၍ များစွာသော ဆင်၊မြင်း၊ ရဲမက်ဗိုလ်ပါ ရှိ၏။ ငါအလိုမရှိ၊သွားကြလေ} ဟု ဆိုလတ္တံ့။

ဘုရားအလောင်းတောထွက်တော်မူခြင်း

  • ထိုသို့အလွန်တရာပြည့်စုံစွာသော ပြည့်ပြီးသော ပါရမီတော်၏ အာနုဘော်အားဖြင့် အဇိတမင်းသားကား လေးဆောင်သောပြာသာဒ်၌ လောကီစည်းစိမ်ကိုသာစံစား၍ အနှစ်ရှစ်ထောင်နေမှ စန္ဒမုခီမိဖုရားသည်ဗြဟ္မဝဎနသားကို ဖွားလတ်သောအခါ ဘုရားတို့၏ ဓမ္မတာအလျောက် ဥယျာဉ် ကစားသွားလတ်သော် သူအို၊ သူနာ၊ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကိုမြင်၍ စည်းစိမ်ချမ်းသာတို့နှင့် ပြည့်စုံသောပြာသာဒ်တို့ဖြင့်မမွေ့လျော်သည်ဖြစ်၍မြတ်သော တောထွက်ခြင်းဖြင့် တောထွက်အံ့ဟု ကြံ၏။ ထိုအကြံကိုသိ၍ သင်္ခစကြဝတေးမင်းသည် ပျော်ပါးစိမ့်သောငှာ ရှစ်သောင်းလေးထောင်သော ကချေသည်တို့ဖြင့် ဘုရားလောင်းနေသော ပြာသာဒ်၌ သဘင်ကြီးစွာခံ၍ နေလတ္တံ့။
  • ထိုသို့ အဇိတမင်းသား တောထွက်မည်ဟူသော အသံကျော်စောလတ်၍ ပြည်ကြီးသူ၊ နိဂုံးဇနပုဒ်သူ၊ မင်းသား၊ မင်းမြေး၊ သူဌေး၊ သူကြွယ် စသော လူအပေါင်းတို့သည် ပန်းနံ့သာစွဲလျက် ခြံရံ၍ နေလတ္တံ့။ ယနေ့ အဇိတမင်းသားသည် တောထွက် လတ္တံ့ဟု အုတ်အုတ်ကျက်ကျက်သောအသံ ဖြစ်လတ္တံ့။ ကောင်းကင်၌နေသော နတ်တို့သည်လည်း သဘင်နှင့်တကွ ပန်းနံ့သာလက်စွဲလျက် ပူဇော်ကြလတ္တံ့။ စကြဝဠာ တစ်သောင်း၌ နတ်၊ ဗြဟ္မာတို့သည်လည်း နတ်တို့၏ ထီး၊ တံခွန်၊ ပန်း၊ နံ့သာ၊ ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက် စသည်တို့ဖြင့် ဘုရားလောင်းနေသော ပြာသာဒ်၌မိုးကြီးရွာသကဲ့သို့ အပြည့်အထပ်ရှိ လတ္တံ့။
  • ချစ်သားသာရိပုတ္တရာ၊ ထိုအခါ၌ တောင်၊ ကမ်း၊ ချောက်မရှိ၊ မြေအပြင်သည် ညီညွတ်စွာဖြစ်လတ္တံ့။ အရိမေတ္တေယျဘုရား သက်တော်ကား ရှစ်သောင်းတမ်းဖြစ်၍ အနှစ်ခြောက်သောင်းလေးထောင်နေလတ္တံ့။ မေတ္တေယျဘုရား၏ အရပ်တော်ကား အတောင် ရှစ်ဆယ့်ရှစ်တောင်ရှိ လတ္တံ့။

တောထွက်ရာအခြံအရံ


  • ချစ်သားသာရိပုတ္တရာ၊ ထိုရောအခါ မေတ္တေယျဘုရားကားမိဖုရား၊ သားတော်အပေါင်း ခြံရံလျက် ကချေသည်ခုနစ်ထောင်အလုပ်အကျွေးနှင့်တကွ ဘုရားလောင်းနေသော ပြာသာဒ်သည် ကောင်းကင်သို့ ပျံတက်၍ ဟင်္သာမင်းပျံသကဲ့သို့ ပျံလတ္တံ့။ ထိုရောအခါ ဘုရားလောင်းတောထွက်ရာသို့ လိုက်ပါလိုသောသူတို့သည် ဘုရားလောင်းတန်ခိုးတော် ကြောင့်လည်း ကောင်း၊ သင်္ခစကြဝတေးမင်း တန်ခိုးကြောင့်လည်းကောင်း နတ်တို့တန်ခိုးကြောင့်လည်းကောင်း ကောင်းကင်ခရီးဖြင့်သာ လိုက်လတ္တံ့သတည်း။ ချစ်သားသာရိပုတ္တရာ၊ ထိုရောအခါ ဗြဟ္မာမင်းကား သုံးယူဇနာရှိသော ထီးဖြူကိုမိုး၍လိုက်လတ္တံ့။ သိကြားမင်းက အတောင်တစ်ရာ့နှစ်ဆယ်ရှိသော လက်ယာရစ် ခရုသင်းကို ကိုင်လျက်သာဓုခေါ်၍ လိုက်လတ္တံ့။ သုယာမနတ်သားကား သားမြီးယပ်ကိုကိုင်၍ လိုက်လတ္တံ့။ တုသိတာနတ်သားကား ပတ္တမြားယပ်ကို ကိုင်၍ လိုက်လတ္တံ့။ ပဉ္စသီခနတ်သားကား စောင်းကိုကိုင်၍ လိုက်လတ္တံ့။ လောကပါလနတ်သားလေးယောက်တို့ကား သန်လျက် ကိုင်၍ လိုက်လတ္တံ့။ နှစ်သိန်းရှစ်သောင်းသော ဘီလူးစစ်သည်တို့ကား လက်နက်ကိုယ်စီ ကိုင်၍ လိုက်လတ္တံ့။ ဘုမ္မဌ၊ အာကာသဌဖြစ်ကုန်သော နတ်သမီးများလည်း ရတနာပန်းတောင်းတို့ကိုကိုင်လျက လိုက်ကုန်လတ္တံ့။ အသုရာနတ်တို့ကား သီချင်းသီလျက်၊ နတ်တို့၏ တံခွန်ကိုကိုင်လျက် လိုက်ကုန်လတ္တံ့။ နတ်မင်းတို့ကား ပတ္တမြားရှိသော ဆီမီးတိုင်ကို ကိုင်လျက် လိုက်ကုန်လတ္တံ့။ ဂန္ဓဗ္ဗနတ်အပေါင်းတို့ကား စောင်းတီးလျက် နတ်၏ ကခြင်း၊ သီခြင်းတို့ဖြင့် ကသီလျက် လိုက်ကုန်လတ္တံ့။

ဒုက္ကစရိယာကျင့်၍ ရဟန်းပြုခြင်း

  • ဤသို့ နတ်ပရိသတ်၊ လူပရိတ်သတ်ခြံရံလျက် နတ်သဘင်နှင့်တကွ နတ်တို့၏ ကောင်းချီးသံဖြင့်လည်းကောင်း လူပရိသတ်တို့၏ ချီးမွမ်းသံဖြင့်လည်းကောင်း၊ ဗြဟ္မာတို့၏ လက်ပမ်းပေါက်သံဖြင့် လည်းကောင်း တကွ နက်သောကောင်းကင်ကို ပဲ့တင်ထပ်စေလျက် တင့်တယ်စွာ စံပယ်ခြင်းဖြင့် ပြာသာဒ်ပျံနှင့် တောထွက်လေ၍ ကံ့ကော်ဗောဓိမဏ္ဍိုင် ငွေအဆင်းနှင့်တူသော တလင်းပြင်၌ ကောင်းကင်မှသက်လေ၍ မိမိထိုင်စဉ်၌ပင် ခြောက်ရက်ဒုက္ကရစရိယာကျင့်လတ္တံ့။ အသေရေရှိသော တိုက်တွင်းမှ နေ့ရက်စေ့၍ ထွက်လတ်သော ဗြဟ္မာမင်းသည် အလောင်းတော်မင်းသားအား ရဟန်းပြုအံ့သောငှာ ကြာသင်္ကန်းကိုကပ်သဖြင့် ရဟန်းပြု လတ္တံ့။ ဘုရားလောင်းနောက်သို့လိုက်သော ပရိသတ်သည် ရဟန်းဖြစ်၍ မဂ်ဖိုလ်ရကြလေ လတ္တံ့သတည်း။


သဗ္ဗုညုတÓဏ်ရခြင်း

  • ချစ်သား သာရိပုတ္တရာ၊ စန္ဒမုခီမည်သော မိဖုရားသည် ထိုအရပ်၌ပင်လျှင် နတ်သြဇာထည့်သော နွားနို့ဆွမ်းကိုလှူ လတ္တံ့၊ ဘုဉ်းပေး၍ ညချမ်းအခါ၌တောင်မျက်နှာက ကံ့ကော်ပင်မဏ္ဍိုင်သို့ကပ်လေ၍ မဟာမဏ္ဍိုင်ကံ့ကော်ပင်၏ မနီးမဝေး ၌ရတနာခုနစ်ပါးတို့ဖြင့် တန်ဆာဆင်အပ်သော ခြောက်ဆယ့်လေးတောင်အစောက်ရှိသော ရွှေပလ္လင်ပေါက်၍ ထိုရွှေပလ္လင် ထက်၌ ထက်ဝ်ဖွဲ့ခွေတော်မူ၍ အရှေ့လောကဓာတ်သို့ ကြည့်တော်မူပြီးလျှင် နတ်ပရိသတ်၊ လူပရိတ်သတ် ခြံရံလျက် မာရ်နတ်သားကိုအောင်ပြီးသော်-
  • ၁။ ညဥ့်ဦးယံ ၌ပုဗ္ဗေနိဝါသÓဏ်ကိုရ၏။
  • ၂။ သန်းခေါင်ယံ ၌ ဒိဗ္ဗစက္ခုÓဏ်ကိုရ၏။
  • ၃။ မိုးသောက်ယံ ၌ အာသဝက္ခယÓဏ်ကိုရ၏။
  • နေဝန်းပေါ်လတ်သော် သစ္စာလေးပါးတရားကို သိ၍ သဗ္ဗုညုတÓဏ်ကို ရ လတ္တံ့တည်း။

မေတ္တေယျဘုရားတန်ခိုးတော်

  • မာရ်ငါးပါးကို အောင်ပြီးသော် ]အနေကဇာတိ သံသာရံ} စသော ဥဒါန်းကိုကျူး လတ္တံ့။ဗောဓိကံ့ကော်ပင်၏အနီး၌ လေးဆယ့်ကိုးရက်လွန်စေပြီးမှ ဗြဟ္မာမင်းတောင်းပန်ခြင်းကိုစွဲ၍ ဣသိပတနဥယျာဉ်တော်သို့ ဓမ္မစကြာတရားဟောအံ့ဟု သွားလေသောအခါ ဟင်္သပဒါးနှင့်တူသော ခြေတော်စုံကိုခံအံ့သောငှာ မြေကြီးကိုခွဲ၍ ကြာပဒုမ္မာတို့သည် ပေါက်လတ္တံ့။ ထိုကြာပွင့်ချပ်ကြီးသည်ကား အတောင်သုံးဆယ်ရှိ၏။ ကြာပွင့်ချပ်ငယ်သည်ကား နှစ်ဆယ့်ငါးတောင်ရှိ၏။ ကြာဝတ်ဆံသည်ကား အတောင်နှစ်ဆယ်ရှိ၏။ အလယ်ချပ်သည်ကား တစ်ဆယ့်ခြောက်တောင်ရှိ၏။ထိုကြာသည် အရိမေတ္တေယျဘုရားကိုယ်မှထွက်သော တစ်ခဲနက်သော ရောင်ခြည်တော် ခြောက်သွယ်တို့သည် ထန်းလုံးလောက် အသွယ်သွယ်ထွက်လတ်၍ အရိမေတ္တေယျဘုရားသခင်ကြောင့် စကြဝဠာတစ်သောင်း ၌နေ့မှန်း၊ညမှန်းမသိထွန်း လတ္တံ့။ ထိုရောအခါ အထက်ကို ဘဝဂ်တိုင်အောင် အောက်ကို အဝီစိတိုင်အောင် ဘီလာထုတ်ချင်း အကြွင်းမရှိ အနန္တစကြဝဠာထိအောင် နှံ့စေ၏။
  • ဓမ္မာစကြာတရားဟောအံ့ဟု ရွှေကြာပွင့်ကိုနင်း၍ မိဂဒါဝုန်တောသို့ သွားလတ္တံ့။ လူတို့သည် နေ့မှန်း၊ညမှန်းမသိ ကြက်တက်၊ကြက်ဆင်းသည်ကိုလည်းကောင်း ချင့်တွက်၍ ညဥ့်၊ နေ့အမှတ်ပြု၏။ ထိုသို့ ဓမ္မာစကြာတရား ဟောသောအခါ လူပရိသတ်အပေါင်းတို့သည် တစ်ဆယ့်ခြောက်ယူဇနာ၊ နတ်ပရိသတ်တို့ကား စကြဝဠာ တိုက်လုံးအပြည့် အကနိဌ ဗြဟ္မာ့ပြည် တိုင်အောင် စည်းဝေးကြလတ္တံ့။ ထိုသို့စည်းဝေးစဉ်ပင်လျှင် ပရိသတ်တို့အလယ်၌လူလည်းမကိုင်၊ နတ်လည်းမကိုင်၊ မီးလည်းမလောင်၊ မိုးလည်းမစွတ်၊ မြူလည်းမထင်သော ဗိတာန်သည် နိဗ္ဗာန်ဝင်သည့်တိုင်အောင် မေတ္တေယျဘုရားရှင် ဦးခေါင်းတော်ထက် နေ့၊ညဥ့်အမြဲပင်ကာ၍ ရှိ လတ္တံ့။ ရတနာခုနစ်ပါးတို့ဖြင့်ပြီးသော ရွှေခြူညောင်ရွက် သန္တာဆိုင်းတို့ဖြင့်တည်လျက် တစ်ဆယ့်နှစ်ယူဇနာရှိသော ဗိတာန်သည် လူလည်းမကိုင်၊ နတ်လည်းမကိုင်၊မီးလည်းမလောင်၊ မိုးလည်းမစွတ်၊ မြူလည်းမထင် နိဗ္ဗာန်ဝင်သည့်တိုင်အောင်ပင် တရားဦးဟောသောနေ့မှစ၍ မေတ္တေယျဘုရားရှင် ဦးခေါင်းတော်ထက်၌ နေ့၊ ညဥ့်အမြဲပင် ကာ၍ ရှိလတ္တံ့။


အကျွတ်တရားရသူများ


  • မေတ္တေယျဘုရားရှင်သည် သစ္စာလေးပါးတရားကို ဟောတော်မူသောအခါ လူကား အကုဋေတစ်သိန်းကျွတ်လတ္တံ့။ နတ်လည်း အကုဋေတစ်သိန်းကျွတ်လတ္တံ့။
  • ချစ်သား သာရိပုတ္တရာ၊ အဘိညာဉ်ငါးပါးနှင့်ပြည့်စုံသော အကုဋေတစ်သိန်းသော ရဟန္တာတို့သည် မေတ္တေယျဘုရားကို ရံလတ္တံ့။ ထိုရောအခါ သင်္ခစကြဝတေးမင်းသည် ရတနာခုနစ်ပါးဖြင့်ပြီးသော ပြာသာဒ်ကျောင်းကို ဘုရားအမှူးရှိသော သံဃာတော်တို့အား ဆောင်နှင်း၍ ပစ္စည်းလေးပါးဖြင့် လှူပြီးမှ ဘုရားသို့ ချဉ်းကပ်၍ နောက်ပါ အခြွေအရံ ကုဋေတစ်သိန်းနှင့်တကွ မင်းမိဖုရား တို့သည် ဧဟိဘိက္ခူချည်း ဖြစ်လတ္တံ့။ မေတ္တေယျဘုရားသည် ကျွတ်ထိုက်သောသတ္တဝါ၊နတ်၊ လူများတို့အား ချွတ်အံ့ငှာသွားလတ္တံ့။


အနွယ်အဆက်နှင့်အခြံအရံ

  • မေတ္တေယျဘုရားသခင်၏ အမိကား ဗြဟ္မဝတီပုဏ္ဏေးမတည်း။ အဖကား သုဗြဟ္မအမည် ရှိသော ပုရောဟိတ်ပုဏ္ဏား။ မေတ္တေယျဘုရားအလောင်း၏ မိဖုရားကား စန္ဒမုခီတည်း။ သားကား ဗြဟ္မဎနတည်း။ လက်ယာရံကား အာသောက၊ လက်ဝဲရံကား ဗြဟ္မဒေဝ၊ အလုပ်အကျွေးကား သီဟတည်း။ လက်ယာရံ အဂ္ဂသာဝိကာမကား ပဒုမတည်း။ လက်ဝဲရံ အဂ္ဂသာဝိကာမကား သုမနာတည်း။ လက်ယာရံ ဥပါသကာကား သုမနတည်း။ လက်ဝဲရံ ဥပါသကာကား သင်္ဃတည်း။ လက်ယာရံ ဥပါသိကာမကား ယသဝတီတည်း။ လက်ဝဲရံ ဥပါသိကာမကား သင်္ဃာတည်း။
ကံ့ကော်ဗောဓိပမာဏ

ဗောဓိကံ့ကော်ပင်၏ ပင်စည်ကား အမြင့်အတောင် တစ်ရာ့နှစ်ဆယ်၊အကိုင်းကား အမြင့်တစ်ရာ့နှစ်ဆယ်၊ နှစ်ရပ်ပေါင်း အမြစ်မှ အညွန့်ဖျားအထိ အမြင့်အတောင် နှစ်ရာ့လေးဆယ်၊ အချင်းကား နှစ်ရာ့လေးဆယ်၊ အဝန်းကား ခုနစ်ရာ့နှစ်ဆယ်ရှိ၏။ ခက်မကိုးဖြာကား အတောင်တစ်ရာ့နှစ်ဆယ်ရှိ၏။ ကံ့ကော်ပင်ကား စန္ဒကူးသရက္ခန်အနံ့ကဲ့သို့ လေအောက်၊လေညာဆယ်ယူဇနာမွှေး၏။ အပွင့်ကား လှည်းဘီးခန့်ရှိ၏။ ထိုကံ့ကော်ပင်၌ ဘုရားဖြစ်သောနေ့မှစ၍ ပွင့်သောပန်းသည် မညိုးမနွမ်းဘဲ နိဗ္ဗာန်ဝင်မှ ကြွေလတ္တံ့။ စန္ဒကူးထင်းပုံထက်စု၍ ထားဘိသကဲ့သို့ကြွေလတ္တံ့။ ကံ့ကော်ပင်၏ဝန်းကျင် တစ်ယူဇနာ လောက်သောအရပ်၌ အထူးထူးသောပန်းတို့သည်လည်းကောင်း၊ အထူးထူးသောသစ်သီး တို့သည်လည်းကောင်း၊ အသီးအပွင့်တို့ဖြင့် ဖုံးလွှမ်းလျက်၊ လက်ယာရစ်လည်၍ တည်ကုန်လျက် ဗောဓိပင်၏ ဝန်းကျင်တစ်ယူဇနာခွဲ ရှိသောအရပ်၌ ရတနာသလဲ ဖုံးလွှမ်းလျက်၊ ရတနာသလဲ၌ အထူးထူးသော အဆင်းအနံ့အမွှေးရှိသော ကြည်းပန်း၊ရေပန်းတို့သည်လည်းကောင်း၊စကား၊ စံပယ်၊ ချရား၊ မြတ်လေး၊ သရဖီတို့သည် လည်းကောင်းပန်းကုံးကဲ့သို့၊ ဗောဓိကံ့ကော်ပင်သို့ညွတ်၍ပွင့်လတ္တံ့။
ကံ့ကော်၏ခက်မကြား၌ ပဒုမ္မာကြာပွင့်စသော ကြာမျိုးငါးပါး ဖုံးလွှမ်းလျက်ဖြစ်လတ္တံ့။ ဗောဓိပင်၏ လေးမျက်နှာ၌ ရတနာမဏ္ဍပ် ရွှေဇရပ်တို့သည် ပေါက်လတ္တံ့။ ကံ့ကော်ပင်၏ ခက်မအကြားတို့၌ ပဒုမ္မာကြာပွင့်တို့သည်လည်း ကြာဗိတာန်မိုးသကဲ့သို့ ရှိလတ္တံ့။ ကောင်းကင်ဖြင့် သွားသောငှက်တို့သည် လက်ယာရစ်လှည့်၍ ပျံကုန်၏။ ဗောဓိပင်ကို နားဝံ့သော ငှက်မရှိကုန်။ လေလာသော်လည်း အရွက်ကိုမျှ မလူပ်နိုင်။ လူ၊ နတ်၊ ဗြဟ္မာတို့သည် ဗောဓိကံ့ကော်ပင်ကို ကြည့်၍ မငြီးသည်ဖြစ်လတ္တံ့။ချစ်သား သာရိပုတ္တရာ၊ ဤသို့ တင့်တယ်လှပသော ကံ့ကော်ပင်သည် ဖြစ်လတ္တံ့။မေတ္တေယျဘုရားအလောင်း၏ လက္ခဏာကြီးငယ်တို့သည် စီစဉ်၍ ထားဘိသကဲ့သို့ရှိလတ္တံ့။ ဗြဟ္မာမင်း၏ အသရေကို နှိပ်စက်သကဲ့သို့ ရှိလတ္တံ့။


အာနုဘော်တော်နှင့်ရှေးကောင်းမူ

  • ချစ်သားသာရိပုတ္တရာ၊ မေတ္တေယျဘုရားနေ့သန့်အံ့သောငှာ မြေကြီးကိုခွဲ၍ တစ်ဆယ့်နှစ်ယူဇနာရှိသော ရတနာခုနစ်ပါးတို့ဖြင့်ပြီးသော ရွှေမဏ္ဍပ်သည် ပေါက်လတ္တံ့။ ရတနာခုနစ်ပါးတို့ဖြင့်ပြီးသော ပတ္တမြားပလ္လင်သည် မဏ္ဍပ်အလယ်၌် ပေါက်လတ္တံ့။ ရတနာဖြင့်ပြီးသော ပုလဲဆိုင်း၊ ရွှေခြူ၊ ညောင်ရွက်တို့ဖြင့် တင့်တယ်သောနတ်၏ ထီးဖြူလည်းဖြစ်လတ္တံ့။
  • ချစ်သား သာရိပုတ္တရာ၊ နတ်တို့သည် အထူးထူးဆန်းကြယ်စွာ သီကုံးဖန်ဆင်းအပ်သော ပန်းဆိုင်းတိုင်တို့သည်ကား ရွှေပန်းဆိုင်းတိုင်၊ ငွေပန်းဆိုင်းတိုင်၊ ပတ္တမြားပန်းဆိုင်းတိုင် ဖြစ်လတ္တံ့။ ရတနာတို့ဖြင့်ပြီးသော တံခွန်တို့သည် တလျှပ်လျှပ်သာရှိလတ္တံ့။ ရတနာဆီမီးတိုင်၊ ဆီမီးခွက်တို့သည် လူလည်းမထွန်း၊ နတ်လည်းမထွန်းဘဲ တပြောင်ပြောင်တောက်လျက်ရှိ လတ္တံ့။ ပန်းမျိုးတို့သည်လည်း အနံ့တကြိုင်ကြိုင်လှိုင်လျက်သာမွှေးလတ္တံ့။ မဏ္ဍပ်ဝန်းကျင်၌် ရွှေအိုး၊ ငွေအိုး၊ ပတ္တမြားအိုးတို့သည် ဖြစ်လတ္တံ့။ မဏ္ဍပ်ဝန်းကျင်၌် အဆင်းငါးပါးရှိသော နတ်ပုဆိုးတို့သည် ဖြစ်လတ္တံ့။ ပန်းမိုး၊ နံ့သာမိုးတို့သည် တစ်ရံမပြတ်ပင် ရွာလတ္တံ့။ မဏ္ဍပ်လေးထောင့်၌ အတောင်သုံးဆယ်ရှိသော ခေါင်းလောင်းကြီးသည် တွဲရရွဲဆွဲလတ္တံ့။ လေခတ်သော် ခေါင်းလောင်းသံသည် စကြဝဋ္ဌာတိုက်အလုံးကြားလတ္တံ့။ ရတနာခုနစ်ပါးတို့နှင့် ပြီးသော၊ တန်ဆာဆင်သောပတ္တမြားပလ္လင်ထက်၌နေ၍ လူ၊ နတ်တို့အားတရားဟော၍ ရဟန်းအဖြစ်ကိုပေးလတ္တံ့။
  • မေတ္တေယျဘုရားရှင်၏ ပါရမီဆုတောင်း အာနုဘော်တော်ကြောင့် နေတော်မူသော မဏ္ဍပ်၊ဗိတာန်၊ ပန်းဆိုင်းတိုင်၊ ထီး၊ တံခွန်၊ ဆီမီး၊ တန်ဆောင်းတို့သည် မေတ္တေယျဘုရားသွားလျှင် သွားခြင်း၊နေလျှင်နေခြင်း ဖြစ်လတ္တံ့။ ချစ်သား သာရိပုတ္တရာ၊ မေတ္တေယျဘုရားကား ပတ္တမြားပလ္လင်ထက်နေ၍ စကြဝဠာတစ်သောင်းလုံးကို တရားဟောသဖြင့် ကြားစေလတ္တံ့။ မေတ္တေယျဘုရားအလောင်းကား လွန်လေပြီးသောဘုရားတို့ကို ကျောင်းဇရပ်၊ ပလ္လင်၊ ဆွမ်း၊ သင်္ကန်း၊ ဆေး၊ နံ့သာ၊ ထီး၊ တံခွန်၊ ဆီမီး၊ ညောင်ရေ၊ ကြာဗိတာန်၊ ပန်းဆိုင်းတိုင် အစရှိသော အထူးထူးသော အသရေဟူသမျှကို မဏ္ဍပ်၌်စုပုံ၍ ထားဘိသကဲ့သို့ ရှိပေလတ္တံ့။ ရတနာမဏ္ဍပ်အတွင်း၌ကား စံပယ်၊ချရား၊စံကား၊မြတ်လေး စသော ပန်းနံ့သာမျိုးတို့သည် အနံ့တကြိုင်ကြိုင်လိုင်လတ္တံ့။ မေတ္တေယျဘုရားကို ‘ဒါယကာတို့သည် ဆွမ်းဖိတ်၍သွားအံ့သောအခါ ရတနာမဏ္ဍပ်သည် စိတ်ရှိရာအရပ်သို့ကောင်းကင်ဖြင့်သွားလတ္တံ့။ လှူအံ့သောဒါယကာတို့ အိမ်တံခါး ၌တည်လတ္တံ့။
  • ထိုမဏ္ဍပ်ခေါင်းလောင်တို့၏ အသံဖြင့်ကြားနှံ့၍ ဘုရားကြွလာတော်မူပြီဟု လူ၊နတ်၊နဂါးတို့သည် ဆွမ်းလုပ်ကျွေးလတ္တံ့။ ဆွမ်းအကျိုးအနုမောဒနာတရား ဟောသော အသံကား စကြဝဋာတစ်တိုက်လုံး ကြားလတ္တံ့။ လူတို့သည်လည်း မိမိအိမ်၌နေ၍ ဟောသကဲ့သို့ ကြား၍ လည်းကောင်း၊ ဘုရား၏ တင့်တယ်ခြင်းကိုမြင်၍ လည်းကောင်း ဘုရားကိုသာ ကိုးကွယ်ရာဖြစ်သော ပဉ္စသီလ စသောသီတင်းသီလကမ္မဌာန်းကို ဆောက်တည်၍ အရဟတ္တဖိုလ်သို ရောက်လတ္တံ့။ချစ်သားသာရိပုတ္တရာ၊ ထိုရောအခါ၌ ဒိဌိတက္ကတွန်းရဟန်း တို့သည်လည်း မရှိလတ္တံ့။ လူတို့သည်ဆယ်ပါးသော ပုညကြိယာဝတ္ထုတို့ဖြင့် လည်းကောင်း၊ ဝိပဿနာသို့ရောက်၍လည်းကောင်း ၊ သာသနာတော်ကို သုတ်သင်ပြုစု၍ လည်းကောင်း နတ်ပြည်၊ ဗြဟ္မာပြည်သို့ ချဉ်းရောက်လတ္တံ့။ ထိုအခါဖြစ်သောလူတို့သည် စည်းစိမ်ချမ်းသာ အခြံအရံနှင့် ပြည့်စုံကုန်၏။ ကြောင့်ကြစိုးရိမ်းခြင်းမရှိ။ ချမ်းသာစွာ အသက်မွေး၍ နေကုန်၏။ နတ်ပြည်ကဲ့သို့ရှိလတ္တံ့။

နိဗ္ဗာန်စံဝင်ခြင်း

  • အရိမေတ္တေယျဘုရားကား သက်တော်ရှစ်သောင်းစေ့လေသော် တရားဟူသော ဆီမီးကိုသာ ထွန်းခဲ့၍ တရားဟူသော မဂ္ဂင်လှေကို လူ၊ ရဟန်းတို့အား ကူးစိမ့်သောငှာထားခဲ့၍ သာသနာတော်ကား အနှစ်သုံးသိန်းရှစ်သောင်းထားလတ္တံ့။ ချစ်သား သာရိပုတ္တရာ၊ မေတ္တေယျဘုရားကား တပည့်အပေါင်းနှင့် ကျွတ်ထိုက်သော လူ၊နတ်တို့၏ ကိလေသာဟူသော အမှောင်ကို ဖျောက်၍ သဗ္ဗညုတဥာဏ်ဟူသော အလင်းကိုထွန်းခဲ့ပြီး ဝိပါကကမ္မဇရုပ် အကြွင်းမရှိ သော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ဝင်လေအံ့သတည်း။ အရိမေတ္တေယျ ဟူသောဝေါဟာရကိုသာ လူတို့ ဆိုရကုန်လတ္တံ့သတည်း။

အရိမေတ္တေယျဘုရားရှင်ကို ဖူးမြင်လိုသူများကျင့်သုံးရန်

  • အရိမေတ္တေယျဘုရားကို ဖူးမြင်လိုသောသူတို့သည်-
  • သာသနာတော်၌ ကောင်းစွာရဟန်းပြု၍ ငါ၏ အဆုံးအမတော်ကိုခံပေသောသူ၊ သားကိုကောင်းစွာ ရဟန်းပြုပေးသူ၊ သား၊မြေး၊မြစ်တို့ကိုလည်းကောင်း၊ သူတစ်ပါးတို့ကို လည်းကောင်း ရဟန်းပြုပေးသောသူ၊မိခင် ဖခင်တို့ကို ရိုသေစွာလုပ်ကျွေးသောသူ၊ ပဉ္စသီလ ဆောက်တည်သောသူ၊ သရဏဂုံမပြတ် ဆောက်တည်သောသူ၊ ကမ္မဌာန်းဘာဝနာကို မပြတ်ဆောက်တည်သောသူ၊ ငါ၏သာသနာတော် တည်စိမ့်သောငှာ စည်းခုံ၊ပုထိုး၊ စေတီ၊ဥမင်၊ လိုဏ်ခေါင်း၊ဇရပ်ပြုပြင်သောသူ၊ ဗောဓိညောင်တော်ကို စိုက်ပျိုးသောသူ၊ စတုဒီသာကျောင်း၊ ဇရပ်ဆောက်သောသူ၊ ရေတွင်းရေကန်၊ရေအိမ် တံတားပြုသောသူ၊ ပိဏ္ဍပါတ်ဆွမ်းလောင်းသောသူ၊ ထီး၊တံခွန်၊ဆီမီး၊ကြာပန်း လှူဒန်းသောသူ၊ ရဟန်းတို့အားပစ္စည်းလေးပါး လှူသောသူ၊ ညောင်ရေသွန်းလောင်းသောသူ။ ထိုသို့ပူဇော်လှူဒန်းသောသူတို့သည် အရိမေတ္တေယျဘုရားကို ဖူးမြင်ရကုန်လတ္တံ့။
  • ဤကား အတုလဓမ္မရာဇ် မြတ်သက်ြမ်ဖြစ်တော်မူသော သုံးလောကထွတ်ထား ဂေါတမမြတ်စွာ ဘုရားရှင်သည် လက်ယာရံ အဂ္ဂသာဝကကြီး အရှင်သာရိပုတ္တရာအား ဟောကြားတော်မူခဲ့သော မေတ္တေယျအနာဂတဝင် ဖြစ်ပါသည်။
  • သို့ဖြစ်၍ ဗုဒ္ဓဘာသာ မြန်မာအမျိုးကောင်းသား၊ အမျိုးကောင်းသမီး ဖြစ်ကြသောပျိုတို့မောင်နှင့် မလေးခင်တို့မေတ္တာစကား အမှားပါးအပ်သော စကားထာလေး ၌ ပါရှိသည့်အတိုင်း -
(အပွင့်ရယ်ကုန်၊တစ်ငုံကျန်ပါသေး၊
ပန်ချင်သူ သူတော်ကောင်းရယ်၊
ခေါင်းဖြီးခဲ့လေး}
ဟု ဓမ္မမိတ်ဆွေအပေါင်းတို့အား ဓမ္မလက်ဆောင် မင်္ဂလာစကား မှာကြားလိုက်ရပါသတည်း။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...