Friday, May 27, 2011

အရွယ်မတိုင်မီ အိမ်ထောင်ပြုသော အာဖဂန် မိန်းကလေးများ

ဖွံ့ဖြိုးဆဲနိုင်ငံများမှ မိန်းကလေး သန်း ၅၀ ကျော်မှာ အသက် ၁၇ နှစ် မပြည့်မီ အိမ်ထောင်ပြုကြသည်။ နောက်ထပ် မိန်းကလေးငယ် သန်းပေါင်းများစွာမှာလည်း child marriages ဖြစ်အောင် ဖိအားပေးခံနေရသည်။ ၄င်း အလေ့အထကို အာဖဂန်နစ္စတန်ရှိ ကျေးလက်များတွင် အများဆုံး တွေ့ရှိနိုင်သည်။


အထက်ပုံတွင် အာဖဂန်နစ္စတန်ရှိ ဒမာဒါ ကျေးရွာတွင် အသက် ၄၀ အရွယ် Faiz Mohammed နှင့် အသက် ၁၁ နှစ်အရွယ် Ghulam Haider တို့ ၂၀၀၅ ခုနှစ်က လက်ထပ်ပြီးစ ပုံဖြစ်သည်။ အာဖဂန် မိန်းကလေးငယ်များမှာ အိမ်ထောင်ပြုဖို့အတွက် မူလတန်းအဆင့် မပြီးခင် ကျောင်းထွက်ကြရသည်။ အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်မှု အရေအတွက် များပြားနေသည်။ အသက် ၁၆ နှစ် မပြည့်ခင် အာဖဂန် မိန်းကလေး ၅၇ ရာခိုင်နှုန်း လက်ထပ်ကြသည်။

 အတင်းအဓမ္မ အိမ်ထောင်ချမှုက အာဖဂန်နစ္စတန်မှာ ယဉ်ကျေးမှုသဖွယ် ဖြစ်နေခဲ့သည်။ မိဘတွေက ကြွေးဆပ်ဖို့၊ လူမှုရေး မိတ်ဖွဲ့ဖို့ မိန်းကလေးငယ်များကို အတင်း ပေးစားကြသည်။ ဆင်းရဲ စုတ်ပြတ်နေတဲ့ နိုင်ငံမှာ သမီးငယ်လေးများက စီးပွားရေးအတွက် ရောင်းကုန်တွေ ဖြစ်နေသည်။

Friday, 27 May 2011 00:52 မောက္ခ နိုင်ငံတကာသတင်း
http://www.maukkha.org/index.php?option=com_content&view=article&id=1642%3A2011-05-27-01-05-01&catid=120%3A2010-10-11-07-37-22&Itemid=374   မှဖြစ်ပါသည်...။
အထက်ပုံတွင် ၂၀၁၀ ခုနှစ်က ဘမီယန် ကျေးရွာတွင် သတို့သမီးငယ်လေး သတို့သားကြီးနှင့် အတူ လမ်းလျှောက်လာစဉ်။
အသက် ၁၇ ရှိ Bas Gul ကို အမျိုးသမီးများ စောင့်ရှောက်တဲ့ safe house တွင် ၂၀၁၀ ခုနှစ်တွင် ရပ်နေတာ တွေ့ရသည်။ အသက် ၁၁ နှစ်တွင် သူမထက် အသက် ၅ နှစ်ကြီးသူနှင့် လက်ထပ်ခဲ့ရပြီး၊ ငါးနှစ်ပေါင်းပြီးနောက် ထွက်ပြေးခဲ့သည်။
အသက် ၅၅ နှစ်ရှိ Said Mohammed နှင့် အသက် ၈ နှစ်ရှိ Roshan Kasem တို့ ၂၀၀၅ စက်တင်ဘာ ၁၀ ရက်နေ့က စေ့စပ်ပွဲလုပ်တဲ့ ပုံဖြစ်သည်။ မိန်းကလေးရဲ့ ဖခင်က အသက် ၆၀ ရှိပြီး၊ ကြွေးဆပ်ဖို့ သမီးငယ်ကို ပေးလိုက်ရခြင်း ဖြစ်သည်။
၂၀၀၅ ခုနှစ် မေ ၂၅ ရက်နေ့က အသက် ၂၄ နှစ်ရှိ Reza Ali Zada နှင့် အသက် ၁၆ နှစ်ရှိ ဇနီးလောင်း Aqila Nazali တို့ရဲ့ စေ့စပ်ပွဲဖြစ်သည်။ ယခင်က သူတို့နှစ်ဦး တစ်ကြိမ်မှ တွေ့ဆုံဖူးခြင်း မရှိ။
၂၀၁၀ တွင် အာဖဂန် သတို့သမီး တစ်ဦးရဲ့ မိခင်နှင့် အဖွားတို့ကိုလည်း မင်္ဂလာပွဲအတွက် နားချည်မှု လုပ်ကြသည်။
၂၀၁၀ အောက်တိုဘာ ၁၇ ရက်နေ့တွင် ကာဘူးမြို့ရှိ ဗြူတီပါလာဆိုင်ဘေးတွင် အာဖဂန် မိန်းကလေးငယ် တစ်ဦး ပီကေ ရောင်းနေစဉ်။ ပန်းချီကားမှာ မိန်းကလေးများနှင့် စေ့စပ်ပေးဖို့ ကြော်ငြာထားခြင်း ဖြစ်သည်။
ဘမီယန် ကျေးရွာလမ်းကြားမှ ၂၀၁၀ အောက်တိုဘာ ၁၄ ၇က်နေ့က သတို့သားနှင့် အသက် ၁၄ နှစ်ရှိ သတို့သမီးတို့ အတူ လမ်းလျှောက်လာစဉ်။
ရဲမေ Malalai Kakar က၂၀၀၆ ဇွန် ၄ ရက်နေ့တွင် အသက် ၃၅ နှစ်ရှိ Janan ကို ဖမ်းထားတဲ့ပုံ ဖြစ်သည်။ Janan က အသက် ၁၅ နှစ်ရှိ သူ့ဇနီး Jamila ကို သတ်ဖို့ကြိုးစားသည်။ Jmaila က လင်ယောက်ျားရဲ့ အမျိုးမျိုး နှိပ်စက်မှုကို မခံနိုင်လို့ မိခင် ရှိရာကို ထွက်ပြေးခဲ့သည်။

Janan က သူ့ဇနီးသည်ကို သတ်ဖို့ ရည်ရွယ်ချက်နဲ့ အမျိုးမျိုး အကြောင်းပြ ပြန်ခေါ်သည်။ သို့သော် နောက်ဆုံး သူမရဲ့ အဖွားကို ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့သည်။ အဖွားက Jamila ကို အကာအကွယ် ပေးထားလို့ ဖြစ်သည်။ Jamila က အသက် ၁ နှစ်တွင် စေ့စပ်ခဲ့ပြီး၊ ၁၀ နှစ် အရွယ်တွင် လက်ထပ်ခဲ့သည်။

ရဲမေ Kakar မှာ ၂၀၀၈ ခုနှစ်တွင် ပစ်သတ်ခံရသည်။
၂၀၀၉ ခုနှစ် ဩဂုတ်လ Heart ပြည်နယ်တွင် အာဖဂန် အမျိုးသမီး ၅၀ အပြုံလိုက် လက်ထပ်ပွဲမှ ထိုင်နေကြသော သတို့သမီးများ ဖြစ်သည်။

အသက် ၁၄ နှစ်ရှိ သတို့သမီးလေး Zahara ကျေးရွာ အလှပြင်ဆိုင်တွင် ပြင်ဆင်ပြီး မင်္ဂလာပွဲသွားဖို့ ဖိနပ်စီးနေစဉ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...