Monday, May 16, 2011

မှတ်မှတ်သားသား ပညာရှိစကားများ

မှတ်မှတ်သားသားပညာရှိစကား

ကိုယ့်ကိုယ်လာမလုပ်စေချင်တဲ့ကိစ္စသူများကိုသွားမလုပ်ပါနဲ့။

ကွန်ဖြူးရှပ်

ကျွန်တော်တို့အနေနဲ့ အပြန်အလှန်လေးစားမှုနဲ့ အပြန်အလှန်တာဝန်သိတတ်မှုမျိုးရှိတဲ့ ဆက်ဆံရေးကိုသာ တည်ဆောက်ချင်တာဖြစ်ပါတယ်။
အိုဘားမား

ကျွန်တော်တို့အနေနဲ့ သမိုင်းရဲ့ သင်ခန်းစာတွေကို လေ့လာသင်ယူရဦးမှာပါ။

ဘန်ကီမွန်း

လူတွေဟာ အာဏာနဲ့ပတ်သက်လာပြီဆိုရင်တော့ သာမန်မဟုတ်ကြတော့ဘူး။
ဒေးဗစ်ဟူးမ်

ယနေ့ခေတ်ကြီးမှာ အကြွင်းမဲ့ ပြီးပြည့်စုံတဲ့ အစိုးရဆိုတာ ဘယ်နိုင်ငံမှာမှ ရှိနိုင်မှာ မဟုတ်ပါဘူး။
ပီတာဒရပ်ကာ

ကျွန်တော်တို့လုပ်နေတဲ့ လုပ်ငန်းတွေဟာ မပြီးသေးဘူး။ ပြီးလာတဲ့ တစ်နေ့ ခင်ဗျားတို့ မြင်လာတဲ့ တစ်နေ့မှာ ကျွန်တော်တို့လုပ်ငန်းတွေဟာ အောင်သလား၊ မအောင်ဘူးလား ဆိုတာ ခင်ဗျားတို့ မြင်နိုင်မှာပဲ။

ဗိုလ်ချုပ်အောင်ဆန်း

လူတွေဟာ ဆင်းရဲလာပြီဆိုရင် တော်လှန်မယ်၊ ရာဇဝတ်မှုတွေ ကျူးလွန်ကြမယ်။

အရစ္စတိုတယ်

 

ပါဝါကို လျှော့လျှော့ပေါ့ပေါ့ အသုံးပြုနိုင်လေ အသိပညာဖွံ့ဖြိုးလေလို့ အတွေ့အကြုံတွေက ကျွန်တော်တို့ကို သင်ကြားထားပါတယ်။

အိုဘားမား

လူမှုရေး၊ မညီမျှမှုများကို ချေဖျက်၍ အမျိုးသားစီးပွားရေးကို တန်သလို ရာသလို ဖြန့်ကျက် ကျယ်ပြန့်စေရမည်။ လူတိုင်း၌ ဖွံ့ဖြိုးနိုင်သော အခွင့်အရေး အညီအမျှ ရှိရမည်။

မဟတ္တမဂန္ဒီ

ယုံကြည်ချက်တစ်ခုတည်းဖြင့် အရာရာကို ကောင်းလှပြီလို့ မဆုံးဖြတ်သင့်ပေ။

မာတင်လူသာ

တစ်မျိုးသားလုံး လွတ်လပ်ရေးပန်းတိုင်းကို တပ်လုံးချီတဲ့အခါ ခြေလှမ်း  ညီညီညာညာနဲ့ တပ်ချင်းပြတ်ပြီး တပ်မကျွံရလေအောင် ရန်သူက အမှည့်ခြွေ၊ ခြွေပြီး မတိုက်နိုင်အောင် ရာဇဝင်မှာ စစ်ကျွံသလို မကျွံရအောင် မှန်မှန်ကြီး ခရီးသွားဖို့ အရေးကြီးပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း

“လူတို့သည် အခြေခံအားဖြင့် ကံဆိုးခြင်းကို ကြောက်ရွံ့နေတတ်ပြီး ကံကောင်းခြင်းကိုသာ တောင့်တနေတတ်ကြသည်။ သို့သော် ကံကောင်းခြင်းနှင့် ကံဆိုးခြင်းတို့၏ ထူးခြားချက်ကို ဂရုတစိုက် လေ့လာခဲ့ပါက ကံဆိုးခြင်းသည်လည်း ကံကောင်းခြင်းသို့ ပြောင်းလဲသွားတတ်သကဲ့သို့ ကံကောင်းခြင်း သည်ကလည်း ကံဆိုးခြင်းသို့ ပြောင်းလဲသွားတတ်သည်ကို တွေ့ရပါလိမ့်မည်။ ပညာရှိသောသူသည် မျှတသော စိတ်ထားဖြင့် လူ့ဘဝ၏ ပြောင်းလဲနေမှုကို ရင်ဆိုင်ရန် သဘောပေါက်ထားပြီး ဖြစ်သည်။ သူသည် အောင်မြင်မှုအတွက် အထူးတလည် ဝမ်းမြောက်ခြင်း မရှိသလို ကျဆုံးမှုကိုလည်း စိတ်ပျက်ဝမ်းနည်းနေခြင်းမရှိပေ”

ဗုဒ္ဓ

 
“ကျွန်တော်တို့လုပ်သလိုပဲ အစိုးရအရာထမ်း အမှုထမ်းတွေဟာ မိမိတို့အပေါ်ကို တရားသဖြင့် ကျရောက်လာတဲ့ တာဝန်ဝတ္တရားတွေကို လူထုနဲ့ တိုင်းပြည်ရဲ့ မျက်နှာကိုထောက်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်စေချင်တယ်။ ဒီလိုမှ ပြတ်ပြတ်သားသား မဆောင်ရွက်ဝံ့ကြရင်လည်း ဆောင်ရွက်ဝံ့တဲ့လူတွေကို နေရာဖယ်ပေးကြစေချင်တယ်။ အစိုးရအမှုထမ်း အရာထမ်းဆိုတာ အမှန်စင်စစ်တော့ ကိုယ့်ဝတ္တရားကို ကျေပွန်အောင်ထမ်းဖို့ပဲ။ ဟိုလူ့ကြောက်သလိုလို၊ ဒီလူ့ကြောက်သလိုလို၊ ဟိုလူ့ကို မျက်နှာချိုသွေးချင်သလိုလို၊ ဒီလူ့ကို မျက်နှာချိုသွေးချင်သလိုလို ဒီလိုလုပ်လို့မရဘူး။ ကိုယ့်ဝတ္တရား ကိုယ်ကျေပွန်ရင် ဘယ်သူမှကြောက်ဖို့မလိုဘူး။ ဘယ်သူကမှလည်း လက်ဖျားနဲ့ မတို့နိုင်ဘူးဆိုတာ မှတ်ထားကြပါ။

ဗိုလ်ချုပ်အောင်ဆန်း

Opportunity frowns upon selfish monopolies.
အကယ်၍သင်သည် ရလာသော အခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်အောင် အရည်အချင်းမပြည့်မီပါက အခွင့်အလမ်းက သင့်အားရှောင်ထွက်သွားပေလိမ့်မည်။
(ရှိတ်စပီးယား)

It is more beneficial to ask intelligent questions than it is to offer free opintions which have not been requested.
သင်၏ ထင်မြင်ချက်များကို တောင်းဆိုခြင်းမခံရဘဲ ပေးမည့်အစား ပညာသားပါသော မေးခွန်းများကို မေးမြန်းခြင်းက ပို၍ အကျိုးကျေးဇူးရှိမည် ဖြစ်သည်။
(ရှိတ်စပီးယား)

“အချိန် တန်ဖိုးကို မသိတာ ဘဝမှာ အကြီးမားဆုံး အရှုံးပါပဲ။ အချိန်ကို သုံးတတ်ပါစေ။ မဖြုန်းကြပါနဲ့”
ဦးအုန်းဖေ(တက်တိုး)၊

 

အမှန်တရားသည် အမြဲတစေ ပွင့်လန်းနေလေသည်ဟု အာမခံနိုင်စွမ်း မရှိ၊ သို့သော် နောက်ဆုံး၌ အမှန်တရားသည်သာပင်လျှင် အောင်ရမည်ဆိုသော ယုံကြည်ချက်ကိုကား မမှိတ်မသုန် ခံယူသည်။

မဟတ္တမဂန္ဒီ

ကံအလှည့်သင့်သဖြင့်ကား တစ်ခဏတာမျှသာ အုပ်စိုးနိုင်သည်။ မေတ္တာဖြင့်ကား အမြဲအုပ်စိုးနိုင်သည်။

လောင်ဆူ

 

ခေါင်းဆောင်ဆိုတာ နေရာယူဖို့မဟုတ်ဘူး။ လုပ်ဆောင်ဖို့သာဖြစ်ပေတယ်။

ဒေါ်နယ်အိတ်ခ်ျမက်စ်ဂန်နွန်

ကိုယ့်ကိုယ်ကို မယုံတဲ့လူဟာ ဘယ်သောအခါမှ တခြားလူကို မယုံဘူး။ ကိုယ့်တိုင်းသူ ပြည်သားကိုလဲ မယုံဘူး။ ကျွန်တော်အဖို့ ကျွန်တော့်ကိုယ်ကို ကျွန်တော်ယုံတယ်။ ခင်ဗျားတို့ကိုလဲ ယုံကြည်တယ်။ မဟာလွတ်လပ်ရေးလဲ ယုံကြည်တယ်။ ဘယ်ကိစ္စမဆို မှားတယ် မှန်တယ်ဆိုတာ ရာဇဝင်က ဆုံးဖြတ်လိမ့်မယ်။

ဗိုလ်ချုပ်အောင်ဆန်း

 

မေမွန်ကျော်
Aung Lat 6:16pm May 16

ကိုယ့်ကိုယ်လာမလုပ်စေချင်တဲ့ကိ
စ္စသူများကိုသွားမလုပ်ပါနဲ့။

ကွန်ဖြူးရှပ်

ကျွန်တော်တို့အနေနဲ့ အပြန်အလှန်လေးစားမှုနဲ့ အပြန်အလှန်တာဝန်သိတတ်မှုမျိုးရှိ
တဲ့ ဆက်ဆံရေးကိုသာ တည်ဆောက်ချင်တာဖြစ်ပါတယ်။
အိုဘားမား

ကျွန်တော်တို့အနေနဲ့ သမိုင်းရဲ့ သင်ခန်းစာတွေကို လေ့လာသင်ယူရဦးမှာပါ။

ဘန်ကီမွန်း

လူတွေဟာ အာဏာနဲ့ပတ်သက်လာပြီဆိုရင်တော့ သာမန်မဟုတ်ကြတော့ဘူး။
ဒေးဗစ်ဟူးမ်

ယနေ့ခေတ်ကြီးမှာ အကြွင်းမဲ့ ပြီးပြည့်စုံတဲ့ အစိုးရဆိုတာ ဘယ်နိုင်ငံမှာမှ ရှိနိုင်မှာ မဟုတ်ပါဘူး။
ပီတာဒရပ်ကာ

ကျွန်တော်တို့လုပ်နေတဲ့ လုပ်ငန်းတွေဟာ မပြီးသေးဘူး။ ပြီးလာတဲ့ တစ်နေ့ ခင်ဗျားတို့ မြင်လာတဲ့ တစ်နေ့မှာ ကျွန်တော်တို့လုပ်ငန်းတွေဟာ အောင်သလား၊ မအောင်ဘူးလား ဆိုတာ ခင်ဗျားတို့ မြင်နိုင်မှာပဲ။

ဗိုလ်ချုပ်အောင်ဆန်း

လူတွေဟာ ဆင်းရဲလာပြီဆိုရင် တော်လှန်မယ်၊ ရာဇဝတ်မှုတွေ ကျူးလွန်ကြမယ်။

အရစ္စတိုတယ်



ပါဝါကို လျှော့လျှော့ပေါ့ပေါ့ အသုံးပြုနိုင်လေ အသိပညာဖွံ့ဖြိုးလေလို့ အတွေ့အကြုံတွေက ကျွန်တော်တို့ကို သင်ကြားထားပါတယ်။


အိုဘားမား

လူမှုရေး၊ မညီမျှမှုများကို ချေဖျက်၍ အမျိုးသားစီးပွားရေးကို တန်သလို ရာသလို ဖြန့်ကျက် ကျယ်ပြန့်စေရမည်။ လူတိုင်း၌ ဖွံ့ဖြိုးနိုင်သော အခွင့်အရေး အညီအမျှ ရှိရမည်။

မဟတ္တမဂန္ဒီ

ယုံကြည်ချက်တစ်ခုတည်းဖြင့် အရာရာကို ကောင်းလှပြီလို့ မဆုံးဖြတ်သင့်ပေ။

မာတင်လူသာ

တစ်မျိုးသားလုံး လွတ်လပ်ရေးပန်းတိုင်းကို တပ်လုံးချီတဲ့အခါ ခြေလှမ်း ညီညီညာညာနဲ့ တပ်ချင်းပြတ်ပြီး တပ်မကျွံရလေအောင် ရန်သူက အမှည့်ခြွေ၊ ခြွေပြီး မတိုက်နိုင်အောင် ရာဇဝင်မှာ စစ်ကျွံသလို မကျွံရအောင် မှန်မှန်ကြီး ခရီးသွားဖို့ အရေးကြီးပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း

“လူတို့သည် အခြေခံအားဖြင့် ကံဆိုးခြင်းကို ကြောက်ရွံ့နေတတ်ပြီး ကံကောင်းခြင်းကိုသာ တောင့်တနေတတ်ကြသည်။ သို့သော် ကံကောင်းခြင်းနှင့် ကံဆိုးခြင်းတို့၏ ထူးခြားချက်ကို ဂရုတစိုက် လေ့လာခဲ့ပါက ကံဆိုးခြင်းသည်လည်း ကံကောင်းခြင်းသို့ ပြောင်းလဲသွားတတ်သကဲ့သို့ ကံကောင်းခြင်း သည်ကလည်း ကံဆိုးခြင်းသို့ ပြောင်းလဲသွားတတ်သည်ကို တွေ့ရပါလိမ့်မည်။ ပညာရှိသောသူသည် မျှတသော စိတ်ထားဖြင့် လူ့ဘဝ၏ ပြောင်းလဲနေမှုကို ရင်ဆိုင်ရန် သဘောပေါက်ထားပြီး ဖြစ်သည်။ သူသည် အောင်မြင်မှုအတွက် အထူးတလည် ဝမ်းမြောက်ခြင်း မရှိသလို ကျဆုံးမှုကိုလည်း စိတ်ပျက်ဝမ်းနည်းနေခြင်းမရှိပေ”

ဗုဒ္ဓ


“ကျွန်တော်တို့လုပ်သလိုပဲ အစိုးရအရာထမ်း အမှုထမ်းတွေဟာ မိမိတို့အပေါ်ကို တရားသဖြင့် ကျရောက်လာတဲ့ တာဝန်ဝတ္တရားတွေကို လူထုနဲ့ တိုင်းပြည်ရဲ့ မျက်နှာကိုထောက်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်စေချင်တယ်။ ဒီလိုမှ ပြတ်ပြတ်သားသား မဆောင်ရွက်ဝံ့ကြရင်လည်း ဆောင်ရွက်ဝံ့တဲ့လူတွေကို နေရာဖယ်ပေးကြစေချင်တယ်။ အစိုးရအမှုထမ်း အရာထမ်းဆိုတာ အမှန်စင်စစ်တော့ ကိုယ့်ဝတ္တရားကို ကျေပွန်အောင်ထမ်းဖို့ပဲ။ ဟိုလူ့ကြောက်သလိုလို၊ ဒီလူ့ကြောက်သလိုလို၊ ဟိုလူ့ကို မျက်နှာချိုသွေးချင်သလိုလို၊ ဒီလူ့ကို မျက်နှာချိုသွေးချင်သလိုလို ဒီလိုလုပ်လို့မရဘူး။ ကိုယ့်ဝတ္တရား ကိုယ်ကျေပွန်ရင် ဘယ်သူမှကြောက်ဖို့မလိုဘူး။ ဘယ်သူကမှလည်း လက်ဖျားနဲ့ မတို့နိုင်ဘူးဆိုတာ မှတ်ထားကြပါ။


ဗိုလ်ချုပ်အောင်ဆန်း

Opportunity frowns upon selfish monopolies.
အကယ်၍သင်သည် ရလာသော အခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်အောင် အရည်အချင်းမပြည့်မီပါက အခွင့်အလမ်းက သင့်အားရှောင်ထွက်သွားပေလိမ့်
မည်။
(ရှိတ်စပီးယား)

It is more beneficial to ask intelligent questions than it is to offer free opintions which have not been requested.
သင်၏ ထင်မြင်ချက်များကို တောင်းဆိုခြင်းမခံရဘဲ ပေးမည့်အစား ပညာသားပါသော မေးခွန်းများကို မေးမြန်းခြင်းက ပို၍ အကျိုးကျေးဇူးရှိမည် ဖြစ်သည်။
(ရှိတ်စပီးယား)

“အချိန် တန်ဖိုးကို မသိတာ ဘဝမှာ အကြီးမားဆုံး အရှုံးပါပဲ။ အချိန်ကို သုံးတတ်ပါစေ။ မဖြုန်းကြပါနဲ့”
ဦးအုန်းဖေ(တက်တိုး)၊



အမှန်တရားသည် အမြဲတစေ ပွင့်လန်းနေလေသည်ဟု အာမခံနိုင်စွမ်း မရှိ၊ သို့သော် နောက်ဆုံး၌ အမှန်တရားသည်သာပင်လျှင် အောင်ရမည်ဆိုသော ယုံကြည်ချက်ကိုကား မမှိတ်မသုန် ခံယူသည်။


မဟတ္တမဂန္ဒီ

ကံအလှည့်သင့်သဖြင့်ကား တစ်ခဏတာမျှသာ အုပ်စိုးနိုင်သည်။ မေတ္တာဖြင့်ကား အမြဲအုပ်စိုးနိုင်သည်။

လောင်ဆူ



ခေါင်းဆောင်ဆိုတာ နေရာယူဖို့မဟုတ်ဘူး။ လုပ်ဆောင်ဖို့သာဖြစ်ပေတယ်။


ဒေါ်နယ်အိတ်ခ်ျမက်စ်ဂန်နွန်

ကိုယ့်ကိုယ်ကို မယုံတဲ့လူဟာ ဘယ်သောအခါမှ တခြားလူကို မယုံဘူး။ ကိုယ့်တိုင်းသူ ပြည်သားကိုလဲ မယုံဘူး။ ကျွန်တော်အဖို့ ကျွန်တော့်ကိုယ်ကို ကျွန်တော်ယုံတယ်။ ခင်ဗျားတို့ကိုလဲ ယုံကြည်တယ်။ မဟာလွတ်လပ်ရေးလဲ ယုံကြည်တယ်။ ဘယ်ကိစ္စမဆို မှားတယ် မှန်တယ်ဆိုတာ ရာဇဝင်က ဆုံးဖြတ်လိမ့်မယ်။

ဗိုလ်ချုပ်အောင်ဆန်း


မေမွန်ကျော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...