" ဗုဒ္ဓဘာသာဝင်တို့ထားရှိရမည့် အမြင်မှန် ၁၀ - ချက် "
ဗုဒ္ဓဘာသာဝင်တို့သည် အမြင်မှန် ၁၀ -ချက် ( ဒသ၀တ္ထုက
သမ္မာဒိဋ္ဌိ )ကိုလည်း လက်ခံ ယုံကြည်ရပေမည်။ အမြင်မှန်
၁၀-ချက်သည် အောက်ပါအတိုင်းဖြစ်၏ -
၁ - အလှူဒါနပြုလျှင် ကောင်းကျိုးကို ခံစားရ၏ဟု ယုံကြည်ခြင်း၊
၂ - ပူဇော်မှု၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း၊
၃ - လက်ဆောင်ပေးကမ်းပူဇော်မှု ( ပဟေဏကသက္ကာရ )၏
အကျိုးရှိကြောင်း ယုံကြည်ခြင်း၊
၎ - ကုသိုလ်ကံ အကုသိုလ်ကံတို့၏ ကောင်းကျိုး, ဆိုးကျိုး
အကျိုးရင်း, အကျိုးဆက်ရှိကြောင်း ယုံကြည်ခြင်း၊
၅ - မိခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့် ပြစ်မှားခြင်း၏
ဆိုးကျိုးရှိကြောင်း ယုံကြည်ခြင်း၊
၆ - ဖခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့် ပြစ်မှားခြင်း၏
ဆိုးကျိုးရှိကြောင်း ယုံကြည်ခြင်း၊
၇ - လူတို့ပကတိမျက်စိဖြင့်မမြင်နိုင်သည့် ငရဲ, ပြိတ္တာ, နတ် ,သိကြား, ဗြဟ္မာ,
ဟူသော ( သြပပါတိက) သတ္တ၀ါတို့ရှိကြောင်း ယုံကြည်ခြင်း၊
၈ - ဤမျက်မှောက်လောကရှိကြောင်း ယုံကြည်ခြင်း၊
၉ - သေပြီးနောက်ဘ၀ တမလွန်လောကရှိကြောင်း ယုံကြည်ခြင်း၊
၁၀ - ဤလောက၌ ငြိမ်သက်ကောင်းမွန်စွာ ကျင့်ကြသော သမဏ,
ဗြဟ္မဏတို့ရှိကြကြောင်း၊ ယင်းတို့က ဤလောက တမလွန်
လောကကို ကိုယ်တိုင်မြင်သိ၍ လူများကို ပြန်လည်ဟောပြ
ကြကြောင်း ယုံကြည်ခြင်း။
ဤအချက် ၁၀-ချက်တို့ကို ယုံကြည်ခြင်းသည် မှန်ကန်သော ယုံကြည်
ချက်ပင် ဖြစ်သည်။ သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်တို့သည် ဖော်ပြပါအချက်
တို့ကို သံသယကင်းစွာယုံကြည်ရမည်ဖြစ်သည်။
- ဗုဒ္ဓဘာသာကောင်းတစ်ယောက်
( How To Live As A Good Buddhist )
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဋ္ဌှာန
0 comments:
Post a Comment