တော်လှန်ရေး ဂလိုဘယ်လိုက်ဇေးရှင်း
ဖေ့စ်ဘွတ်၊ တွစ်တာ တို့လို လူမှုဆက်သွယ်ပေါင်းဖော်ရေး ဝက်ဆိုက်တွေအကြောင်း၊ အိဂျစ်တော်လှန်ရေးအကြောင်း တွေ နားထောင်ကြည့်လိုက်ရင် အိဂျစ်အာဏာရှင် မူဘာရတ်ကို ဖြုတ်ချခဲ့တာက အိဂျစ်ပြည်သူတွေမဟုတ်ဘဲ (အမေ ရိကန်နိုင်ငံက ကွန်ပျူတာ/အင်တာနက် လုပ်ငန်းစု အခြေစိုက်ရာ) ဆီလီကွန်တောင်ကြားကပဲ ဖြုတ်ချခဲ့သလိုလို ထင်ရပါတယ်။
အနောက်တိုင်းဟာ အဆင့်မြင့်နည်းပညာတွေရဲ့စွမ်းပကားနဲ့ အာရပ်အုံကြွပုန်ကန်မှုကို ဆောင်ကျဉ်းပေးခဲ့တယ်လို့ အနောက်အုပ်စုက ကိုယ့်ဖာသာကိုယ် အထင်ရောက်နေပါတယ်။ အင်တာနက်ဆိုတာ အမေရိကန်ကာကွယ်ရေးဝန် ကြီးဌာန စီမံကိန်းကနေ ပေါ်ထွက်လာတာဖြစ်လို့ အာရပ်တော်လှန်ရေးကို လန်ဒန်နဲ့ လော့စ်အိန်ဂျယ်လိက အင်တာ နက်အမြဲတက်နေတဲ့ ခေတ်လွန်လူငယ်တွေကို အတုယူနေတဲ့ အိဂျစ်လူငယ်တွေနဲ့တွဲပြီး ပင်တန်ဂွန်ကပဲ လုပ်ခဲ့သလို လို ပြောနေပါတယ်။
ဂလိုဘယ်လိုက်ဇေးရှင်း လို့ခေါ်တဲ့ ကမ္ဘာမှုပြုတဲ့ဖြစ်စဉ် အကြောင်းပြောရင် ဥရောပကိုဗဟိုပြုပြီး အကြီးအကျယ်အမွှန်း တင်ကြတာ များပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းဟာ အနောက်တိုင်းသားလူဖြူတွေက ကမ္ဘာကြီးကို ဆက်သွယ် ပေါင်းစည်းပေးတာ၊ ကမ္ဘာကြီးကို ဘောဂဗေဒသဘောတရားတွေ ဘဏ္ဍာငွေတွေ ဖြည့်ဆီးပေးတာ၊ ဆက်သွယ်ရေး နည်းပညာတွေ တီထွင်ပေးတာ၊ ယဉ်ကျေးမှုပေါင်းစည်းပြောင်း လဲတာတွေ ဖြစ်နေပါတယ်။
ဒါပေမဲ့ အဲဒီဖွင့်ဆိုချက်တွေဟာ ဒေသန္တရအာဏာရှင်စနစ်တော်လှန် ရေးကို ဆင်နွှဲဖို့ ဘယ်လိုမှအသုံးမဝင်ပါဘူး။ အိ ဂျစ် တော်လှန်ရေးမှာ တကယ့်ချက်ကျတဲ့အချိန်တွေမှာ အင်တာနက်ကို ဖြတ်တောက်ထားခဲ့ပါတယ်။ အိဂျစ်တော် လှန်ရေးသမားတွေ လျှို့ဝှက်ကြိုတင်ရေးဆွဲခဲ့ တဲ့ ‘အိဂျစ်တော်လှန်ရေးလက်စွဲ’ စာအုပ်ရှေ့ဖုံးနဲ့ နောက်ဖုံးမှာ ဖေ့စ် ဘွတ်က်နဲ့ တွစ်တာ လုံးဝမသုံးဖို့ သတိပေးထားပါတယ်။ တကယ်တော့ အိဂျစ်အာဏာရှင်အစိုးရကို ဖြုတ်ချခဲ့တာဟာ ကမ္ဘာလုံးဆိုင်ရာ ပညာတတ်လူတန်းစားတွေရဲ့ စပ်ကျလူငယ်တွေမဟုတ်ဘဲ အညတရ အိဂျစ်ပြည်သား မိခင်တွေ ဖခင်တွေ သမီးတွေ သားတွေပဲ ဖြစ်ပါတယ်။
ဂလိုဘယ်လိုက်ဇေးရှင်းဟာ အသစ်အဆန်းမဟုတ်
ဂလိုဘယ်လိုက်ဇေးရှင်းအကြောင်း တခြားရှုဒေါင့်ကဇာတ်လမ်းတွေလဲ ရှိပါတယ်။ ဒါတွေက သူပုန်တွေ ပြောက်ကျား တွေဘက်က ပြောတဲ့ဇာတ်လမ်းမျိုးတွေ ဖြစ်ပါတယ်။
ဂလိုဘယ်လိုက်ဇေးရှင်းဟာ စီးပွားရေးအစိတ်အပိုင်းတွေတ င်မကဘဲ တခြားပြည်သူ့အခြေအနေတွေကိုလဲ ရိုက်ခတ် ပါတယ်။ ဒေသခံအာဏာပိုင်တွေရဲ့ အဖိနှိပ်ခံရတဲ့ အခြေအနေတွေ၊ ပင်လယ်ရပ်ခြားအာဏာပိုင်တွေရဲ့ အဖိနှိပ်ခံရတဲ့ အခြေအနေမျိုးတွေ ဖြစ်ပါတယ်။ အထူးစိတ်ဝင်စားဖို့ကောင်းတာ က ပြည်သူလူထုတွေ အုံကြွလာတဲ့အချိန်မျိုး၊ ပြည်သူ လူထုတွေက တော်လှန်ပုန်ကန် တိုက်ပွဲဝင်တဲ့နည်းနာတွေကို ဖော်ထုတ်ကြံဆလာချိန်မျိုး ဖြစ်ပါတယ်။ အဲဒီအခါမှာ ကမ္ဘာတဝှန်းက ရှုံးနိမ့်မှုတွေဆီကနေ သင်ခန်းစာတွေရပြီး အောင်မြင်မှုတွေဆီက မျှော်လင့်ချက်တွေရကြပါတယ်။ ညွှန်ကြားချက်တွေရဖို့အတွက် တော်လှန်ရေးတွေဟာ ဂြိုလ်တုရုပ်သံသတင်းထဲပါမှ ရတာ မဟုတ်ပါဘူး။ ၁၇၉၀ ခုနှစ် များတုံးက ပြင်သစ်တော်လှန်ရေးနဲ့ ဟေတီတော်လှန်ရေးတွေဟာ ဂျမေကာနဲ့ လန်ဒန်ဆွဲတဲ့ ပုံမှန်လိုင်းသင်္ဘောကဆင့် တနိုင်ငံရဲ့ လှုပ်ရှားမှုသတင်းကို တနိုင်ငံက ကြားခဲ့ကြပါတယ်။
၁၈၅၇ ခုမှာ အိန္ဒိယနိုင်ငံက စစ်ဗာရီသူပုန်ထတဲ့အခါ ဖရက်ဒရစ်အိန်ဂျယ်က သူပုန်တွေရဲ့အမှားတွေကို သုံးသပ် ဆန်း စစ်ခဲ့ပါတယ်။ အဲဒီတုံးက အိန္ဒိယသူပုန်တွေဟာ ဒီကနေ့ လစ်ဗျားသူပုန်တွေလိုပဲ ကိုယ့်ထက်ပိုပြီး ပြင်ဆင် တည် ဆောက်ထားမှုရှိတဲ့ ရန်သူကို ရင်ဆိုင်တိုက်ခိုက်ဖို့ အလွန်အမင်းစိတ်အားထက်သန်နေခဲ့တာ ဖြစ်ပါတယ်။ အိန်ဂျယ်ဟာ အိန္ဒိယသူပုန်ထမှုအကြောင်း အခန်းဆက်သတင်းစာဆောင်းပါး ရေးခဲ့ပြီး ဒီဆောင်းပါးတွေဟာ မော်စီ တုံးရဲ့ ပြောက်ကျားစစ်သဘောတရားတွေကို နောက်ဆုံးမှာ မွေးဖွားစေခဲ့ပါတယ်။ မော်စီတုံး သဘောတရားတွေဟာ ဗီယက်နမ်၊ ကျူးဘား၊ အယ်လ်ဂျီးရီးယားနဲ့ တခြားတော်လှန်ရေးသမားတွေအတွ က် အိတ်ဆောင်လက်စွဲစာအုပ်လေး တွေအဖြစ် ပျံ့နှံ့သွားခဲ့ပါတယ်။ (ဒီတော်လှန်ရေးသမားတွေကို နှိမ်နင်းဖို့ ကြိုးစားနေသူအတွက်လဲ မဖတ်မဖြစ်ဖတ်ရ တဲ့ စာအုပ်တွေ ဖြစ်သွားပါတယ်။)
မော်စီတုံးမပေါ်ခင် ၂၀ ရာစုအစမှာတော့ တရုတ်အမျိုးသားရေးဝါဒီတွေနဲ့  ပညာတတ်တွေဟာ ပိုလန်နိုင်ငံ စိတ်ပိုင်းခံရ မှုအကြောင်းလေ့လာကြ၊ နယ်ချဲ့ဖိနှိပ်သူတွေကို တိုက်ပွဲဝင်နေတဲ့ ဘိုးဝါး (တောင်အာဖရိက)၊ ဖိလိပိုင် နဲ့ တခြားသူပုန် တွေကို လေ့လာကြပြီး ကိုယ့်အခြေအနေနဲ့ ကိုက်ညီအောင် တွေးခေါ်ကျင့်သုံးခဲ့ကြပါတယ် ။
ဒါဟာ တော်လှန်ရေးရဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ပါပဲ။ တော်လှန်ရေးကို ကမ္ဘာမှု ပြုလိုက်တာပဲ ဖြစ်ပါတယ်။ ဒီသမိုင်း တွေထဲမှာ အခု ကျူနီးရှားနမူနာ ပါသွားပါပြီ။ တဖန် ကျူနီးရှားနမူနာက အိဂျစ်ပြည်သူတွေကို လှုံ့ဆော်ပေးလိုက်ပြန်ပါ တယ်။ ကျူနီးရှားသတင်းဟာ အိဂျစ်ကို အလင်းဖန်မျှင်ကြိုးနဲ့ ရောက်သလို လှည်းတန်းနဲ့လဲ ရောက်သွားနိုင်ပါတယ်။ ဘယ်နည်းနဲ့ပဲရောက်ရောက် သစ်သီးရောင်းသမားတယောက်ရဲ့ တကိုယ်တော်ရပ်တည်ချက်နဲ့ ဧရာမအကောင်ကြီး တွေကို ဖြိုချပစ်နိုင်ခဲ့တယ် ဆိုတဲ့သတင်းက လူတွေကို လှုပ်ခတ်သွားစေမှာ ဖြစ်ပါတယ်။ အဓိကကြားခံက လူသား ဖြစ်ပြီး လုပ်ရပ်က နိုင်ငံရေးလုပ်ရပ် ဖြစ်ပါတယ်။
ဒါပေမဲ့ စိတ်ဓာတ်ကျရတဲ့သမိုင်းတွေ၊ စွန့်လွှတ်အနစ်ခံရမှုတွေ၊ ကြေကွဲစရာတွေလဲ ရှိပါတယ်။ ဗီယက်နမ်ပြည်သူတွေ လောက် တော်လှန်တိုက်ပွဲဝင်ခဲ့၊ စွန့်လွှတ်ခဲ့ရတာ ရှိမှာမဟုတ်ပါ။ အဲဒီအတွက် အရင်းရှင်ကမ္ဘာ့စနစ်ထဲ နောက်ကျမှ ဝင်ခွင့်ရခဲ့ပါတယ်။ အယ်လ်ဂျီးရီးယားတော်လှန်ရေး ရဲ့ရှေ့ဆောင် ဖရန့်ဇ်ဖာနွန် ဟာ ဒီကနေ့ အာဏာရှင်အောက်က အယ်လ်ဂျီးရီးယား အခြေအနေကို မမြင်လိုက်ရရှာပါဘူး။
အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးသူရဲကောင်း နယ်လ်ဆင်မင်ဒဲလားလဲ ဒီလိုအဖြစ်မျိုး ကြုံရနိုင်ပါတယ်။ ဘာ ကြောင့်လဲဆိုတော့ တောင်အာဖရိကနိုင်ငံဟာ ရေပေါ်ဆီလူ့မလိုင်တွေလက်ထဲ ရောက်သထက်ရောက်လာလို့ ဖြစ်ပါ တယ်။ တရုတ်နိုင်ငံဟာ ကြီးပွားချမ်းသာလာပေမဲ့ တော်လှန်ရေးကို စွန့်လွှတ်လိုက်ပြီဖြစ်ပါတယ် ။ တရုတ်ပြည်သူတွေ ဟာ မော်ရဲ့ မဟာဗျူဟာတွေ လမ်းစဉ်တွေအတွက် စစ်ပွဲကာလမှာထက် ငြိမ်းချမ်းတဲ့ကာလမှာ ပိုပြီးပေးဆပ် နစ်နာ နေရပါတယ်။
တန်ပြန်တော်လှန်ရေးရဲ့ ဂလိုဘယ်လိုက်ဇေးရှင်း
လစ်ဗျားအာဏာရှင်အစိုးရရဲ့ ခေါင်းမာမှုဟာ တခြားအာရပ်မင်းဆိုးမင်းညစ်ေ တွအကြား တဒင်္ဂစိတ်အေးမှုကို ဖြစ်ပေါ် နေစေပါတယ်။ အာရပ်အာဏာရှင်တွေအနေနဲ့ ရက်ရက်စက်စက် အင်အားသုံးအကြမ်းဖက်ရင် (ကျူနီးရှားအာဏာရှင်) ဘင်အလီ နဲ့ (အိဂျစ်အာဏာရှင်) မူဘာရတ် တို့ ကံကြမ္မာမျိုး ရှောင်လွဲနိုင်မယ်လို့ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန် လာပါတယ်။
နောက်ဆုံးသွေးတစက်ကျန်တဲ့အထိ ချမယ်ဆိုတဲ့ ဂဒါဖီရဲ့သံလက်သီးနမူနာက အာရပ်အာဏာရှင်တွေကို ရဲဆေးတင် ပေးလိုက်ပြီး အတိုက်အခံမှန်သမျှကို ရက်ရက်စက်စက်နှိမ်နင်းဖို့ စိတ်အားတက်ကြွလာစေပါတယ်။ ယီမင်နိုင်ငံမှာ အာဏာရှင် အလီအက်ဘ်ဒူလာဆာလဲ ဟာ သူ့လူဆိုးလူမိုက် စွမ်းအားရှင်တွေကို ဇက်ကြိုးဖြေပြီး မြို့တော်အလယ် ဗဟို တက်ဂ်ဟိုင်ယီးယားရင်ပြင်မှာ ရှိတဲ့ ဆန္ဒပြသမားတွေကို အစုအပြုံလိုက် လူသတ်ပွဲဆင်စေခဲ့ပါတယ်။ ဆီးရီးယား မှာတော့ ဘာရှာအယ်လ်အာဆာဒ့် ဟာ ဒါရား၊ လက်တာကီးယား စတဲ့မြို့တွေမှာ ဆန္ဒပြသမားတွေကို အရမ်းကာရော ပစ်သတ်နေသလို ဂျော်ဒန်နိုင်ငံမှာလဲ လုံခြုံရေးတပ်ဖွဲ့တွေက ပြုပြင်ပြောင်းလဲရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြ နေသူ တွေကို အကြမ်းဖက်ဖြိုခွဲခဲ့ပါတယ်။ ဘာရိန်းနိုင်ငံလေးမှာလဲ အိမ်နီးချင်းပဒေသရာဇ်သက်ဦး ဆံပိုင်အာဏာရှင်တွေ အ ကူအညီနဲ့ သွေးချောင်းစီးနှိမ်နင်းတာေ တွ ဖြစ်လာပါတယ်။ တကယ်တော့ ဂဒါဖီဟာ ပြည်သူလူထုရင်ထဲ အကြောက် တရားဝင်သွားအောင် အကြမ်းဖက်မှုအသုံးပြုဖို့ ရောင်းရင်းအာဏာရှင်တွေကို တွန်းအားပေးနေတာ ဖြစ်ပါတယ်။
အာရပ်ခေါင်းဆောင်တွေဟာ ဘင်အလီ ကာသေ့နန်းတော်ကနေ ဂျက်လေယာဉ်ပေါ် တက်ပြေးကတည်းက တုန်လှုပ် ခြောက်ခြားစွာနဲ့ ကြည့်နေခဲ့တာ ဖြစ်ပါတယ်။ နောက်တဖန် မူဘာရတ် ကိုင်ရိုမြို့တော်ကနေ ကန်ထုတ်ခံလိုက်ရတဲ့ အခါမှာတော့ သူတို့ရဲ့ ထိတ်လန့်မှုဟာ စိတ်ဓာတ်ကျမှုအဖြစ် ကူးပြောင်းသွားခဲ့ပါတယ်။ ယီမင်အာဏာရှင် ဆာလဲ ပြောတဲ့ “ကျူနီးရှား-အိဂျစ် တုပ်ကွေးရောဂါ” ကနေ လွတ်လမ်း မရှိတော့တဲ့ပုံ ပေါ်နေပါတယ်။ ဘယ်အာဏာရှင်မှ ဒီ ရောဂါပိုးကူးစက်မှုကို ခံနိုင်ရည် မရှိနိုင်၊ ဇီဝိန်ကြွေမယ့်ရလာဒ်ကို ရှောင်မရနိုင်လို့ မြင်နေကြပါပြီ။
လာဘ်ထိုး အချိန်ဆွဲ
သေဒဏ်ပေး ကွပ်မျက်ခံရမယ့်အချိန် စောင့်နေသူလို အာဏာရှင်တွေဟာ ရှောင်လွဲမရနိုင်တာကို တတ်နိုင်သလောက် အချိန်ဆွဲဖို့ အရူးအမူးကြိုးစားကြတဲ့အနေနဲ့  လာဘ်ထိုးမှုတွေ လုပ်လာကြပါတယ်။ ဆော်ဒီအာရေးဗျမှာ ဒေါ်လာသန်း ၃၆၀၀၀ အကုန်အကျခံမယ့် “စီးပွားရေး ပြန်လည်ရှင်သန်ရေး” စီမံကိန်းကို ကြေညာပြီး အစိုးရဝန်ထမ်းတွေကို လစာ ၁၅% တိုးပေးတာ၊ ကျောင်းသားတွေကို စတိုင်ပင် ဖောဖောသီသီပေးတာ၊ အလုပ်လက်မဲ့တွေကို ထောက်ပံ့ကြေး အ များကြီးပေးတာတွေ လုပ်ခဲ့ပါတယ်။ ဂျော်ဒန်မှာ လောင်စာဆီနဲ့ ရိက္ခာဆန်-ဂျုံ-သကြားတွေကို ဒေါ်လာ ၁၂၅ သန်း ဖိုး အရှုံးခံရောင်းပေးတာ လုပ်ခဲ့သလို ဆီးရီးယားမှာလဲ ဝန်ထမ်းတွေအတွက် စားသုံးဆီထောက်ပံ့ကြေး ၇၂% တိုးပေး ခဲ့ပါတယ်။
ဒါပေမဲ့ ဂဒါဖီရဲ့သွေးချောင်းစီးခုခံ မှုက သူ့ရောင်းရင်းတွေကိုပေးတဲ့ မက်ဆေ့ကတော့ ပွဲမပြီးသေးဘူး ဆိုတဲ့သတင်း စကားဖြစ်ပါတယ်။ ဒီတော့ “ထူးခြားချက် ခြွင်းချက်” ဆိုတာတွေကို ပြောလာကြပါတယ်။ အစောပိုင်းတုံးက အာဏာ ရှင်တွေက ကိုယ့်တိုင်းပြည်ကို တော်လှန်ရေးပျံ့လာမှာစိုးလို့ ဟန့်တားတဲ့အနေနဲ့ပြောခဲ့တဲ့ အိဂျစ်ဟာ ကျူနီးရှားနဲ့ မတူ ဘူး၊ နောက်တခါကျတော့ လစ်ဗျားက အိဂျစ်နဲ့ မတူဘူး၊ ယီမင်-ဆီးရီးယားတို့က ကျူနီးရှား-အိဂျစ်-လစ်ဗျားနဲ့ မတူဘူး ဆိုတဲ့စကားမျိုးတွေ ထပ်ခါထပ်ခါပြောလာကြပါတယ်။ (ဗမာပြည်အခြေအနေက အိဂျစ်နဲ့မတူဘူးဆိုတဲ့ စကားလိုပါ ဘဲ။) အာရပ်နိုင်ငံ တခုပြီးတခုကို တော်လှန်ရေးပျံ့သွားလေ အဲဒီလို မတူဘူးပြောပြီး တော်လှန်ရေးကိုတားဖို့ကြံတဲ့  နိုင်ငံစာရင်းက ဆက်လက်ပြီးရှည်လေ ဖြစ်လာပါတယ်။ မတူတာကို ဘယ်လောက်ဘဲ ပြောကြပါစေ အဓိကကျတဲ့ တူညီချက်ကတော့ အာဏာရှင်စနစ်အောက် ဖိနှိပ်ခံနေရတာ၊ လူထုတွေ ဆင်းရဲဒုက္ခရောက် ငတ်ပြတ်သေကြေ နေတာ၊ လွတ်မြောက်ချင်တာ လွတ်လပ်ချင်တာ ဒီမိုကရေစီအခွင့်အရေးလိုချင်တာတွေဟာ တကယ့်လက်တွေ့မှာ အတူတူပဲ ဖြစ်ပါတယ်။
တကယ်တော့ အရှေ့အလယ်ပိုင်းဒေသဟာ အခြေခံအားဖြင့် အပြန်အလှန်ဆက်စပ်နေပါတယ်။ အာရပ်တွေဟာ နယ်မြေအရရော ဘာသာစကားနဲ့ ဘာသာရေးအရပါ တူညီနေပြီး ပြဿနာတွေ မျှော်မှန်းချက်တွေလဲ တူညီနေကြပါ တယ်။ အာရပ်တွေဟာ နိုင်ငံ ၂၂ နိုင်ငံ ကွဲနေပြီး တချို့က သက်ဦးဆံပိုင်ပဒေသရာဇ်၊ တချို့က သမတနိုင်ငံ၊ တချို့ ချမ်းသာ အများဆင်းရဲ ဖြစ်နေပေမဲ့ အာရပ်ပြည်သူတွေဟာ အကြမ်းတမ်းအဆိုးဝါးဆုံးနဲ့ ခေတ်နောက်ပြန်အဆွဲဆုံး အစိုးရပုံစံတွေအောက် ကျရောက်နေတာ တူနေပါတယ်၊ ဒုက္ခဆင်းရဲခံရတာ တူနေပါတယ်၊ လူ့အခွင့်အရေး ဒီမိုကရေ စီအခွင့်အရေး ရချင်တာတွေ တူညီနေပါတယ်။
ဘင်အလီနဲ့ မူဘာရတ်ကို ဆုံးရှုံးလိုက်တာဟာ နိုင်ငံကြီးတွေအဖို့ ဒုတိယကမ္ဘာစစ်နောက်ပိုင်းချမှတ်ကျင့်သုံး အမွှန်း တင်ခဲ့တဲ့ တည်ငြိမ်ရေးဝါဒကြီး အကြီးအကျယ်ထိခိုက်သွားတာ ဖြစ်ပါတယ်။ ဒီ တည်ငြိမ်ရေးဝါဒ မျက်နှာဖုံးအောက်မှာ အာဏာရှင်တွေကို ထောက်မ၊ နိုင်ငံရေးအခြေအနေကို ဇွတ်အတင်းပိတ်ဆို့၊ အမြတ်အစွန်းကြီးလှတဲ့ လက်နက် အ ရောင်းအဝယ်တွေ လုပ်ခဲ့ကြပါတယ်။
အခုတော့ အာရပ်တွေရဲ့ လမ်းပေါ်ဆန္ဒပြပွဲတွေ အရှိန်အဟုန်ကြောင့် တည်ငြိမ်ရေးသင်္ဘော နစ်သွားတဲ့အခါ ဒီမိုကရေ စီသင်္ဘောဆီ ခုန်ကူးကြပါပြီ။ နိုင်ငံတကာအသိုင်းအဝိုင်းဟာ လစ်ဗျားနဲ့ဆီးရီးယားမှာ “တော်လှန်ရေး” ကြွေးကြော်နေ တာနဲ့တချိန်တည်း ဂျော်ဒန်၊ ဘာရိန်း၊ အိုမန်၊ ယူအေအီး၊ မော်ရိုကို နဲ့ ယီမင်တို့က မဟာမိတ်ဟောင်းတွေကို တိတ် တိတ်ပုံး ထောက်ကူအားပေးနေပါတယ်။ အဓိကမဟာမိတ်ကြီးဖြစ်တဲ့ ဆော်ဒီအာရေးဗျဆီ တော်လှန်ရေး ပျံ့မသွား အောင် လုပ်နေပါတယ်။ အနောက်အုပ်စုနဲ့ ရုရှား၊ တရုတ်တို့ရဲ့ စဉ်းစားချက်ကတော့ “ကယ်တင်လို့ ရသရွေ့ မိတ်ဆွေ က မိတ်ဆွေပဲ” ဖြစ်ပုံရပါတယ်။
အပြောင်းအလဲတွေက သိတ်မြန် သိတ်ကြီး
အာရပ်အာဏာရှင်တွေတင်မက သူတို့မဟာမိတ်တွေလဲ မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေကြောင့် အငိုက်မိ အံ့အားသင့်ခဲ့ကြပါတယ်။ အာရပ်လမ်းမတွေပေါ်မှာ အနာဂတ်ကို ဖန်တီးဖို့ ကျယ်လောင်တဲ့အသံတွေပေးနေတာကို ဝါရှင်တန်၊ မော်စကို၊ ပီကင်း၊ လန်ဒန်၊ ပါရီ၊ ရောမတို့က စိတ်ညစ်ညစ်နဲ့ ထိုင်ကြည့်ခဲ့ရပါတယ်။ အဲဒီလို စိတ်ပျက် လက်ပျက် ထွက်ပေါက်မဲ့နေချိန်မှာ လစ်ဗျားက ထွက်ပေါက်ပြပေးလိုက်ပါတယ်။ ဂဒါဖီနဲ့တကွ ဧရာမ ရေနံစာချုပ်တွေ လက်နက်အရောင်းအဝယ်စာချုပ်တွေကို ကယ်တင်နိုင်မယ့်အလားအလာ တနေ့တခြား လျော့နည်းလာတဲ့အခါ သူပုန် စခန်းကို သွားရောက်ပူးပေါင်းလိုက်ကြပါတယ်။ အာဏာရှင်စနစ်နဲ့ အကျင့်ပျက်ခြစားမှုကို အားပေးထောက်ခံသူတွေ အဖြစ်ကနေ အပြောင်းအလဲနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးလိုလားသူတွေအဖြစ် ပုံဖမ်းလိုက်ပါတယ်။
ကျူနီးရှားနဲ့အိဂျစ်တို့ဟာ အာရပ်ပြည်သူတွေကို သေကြေဆုံးရှုံးမှုအနည်းဆုံးနဲ့  အပြောင်းအလဲဖြစ်တဲ့ စံနမူနာတခု စိတ်တက်ကြွစရာပြပေးခဲ့ပေမဲ့ လစ်ဗျားကတော့ ဗြောင်အတိအလင်းအကြမ်းဖက်မှုနဲ့ ပြည်တွင်းစစ်နဲ့ကိုင်ပေါက်မှုတို့ အားဖြင့် အာဏာရှင်တွေကို အာဏာဆက်လက်ဖက်တွယ်နိုင်ရေးေ မျှာ်လင့်ချက်တွေ ပေါက်ဖွားပေးခဲ့ပါတယ်။ မဟာ မိတ်တွေအတွက်လဲ အတိတ်ကညစ်ပေစွန်းထင်းခဲ့တဲ့ လက်တွေကို ဆေးကြောပြီး အပြောင်းအလဲလမ်းကြောင်းကို ကိုယ်လိုချင်သလို လမ်းကြောင်းပေးဖို့ မဟာအခွင့်အလမ်းရသွားစေပါတယ် ။
အရိုးထိအောင် ပုပ်သိုးနေတဲ့ အာရပ်နိုင်ငံရေးအခင်းအကျင်း ကတော့ ဘယ်လိုမှ ကယ်တင်မရနိုင်တော့ပါဘူး။ အာရပ် သမတနိုင်ငံအများစုဟာ အပြောင်းအလဲလှိုင်းလုံးကြီးကို ကြံ့ကြံ့ခံနိုင်မှာ မဟုတ်ပါဘူး။ ပဒေသရာဇ်နိုင်ငံ စော်ဘွားနိုင် ငံအများစုကတော့ ပြုပြင်ပြောင်းလဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ပြီး သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်က နေ စည်းမျဉ်းခံ ပဒေသရာဇ်စနစ်ကို ပြောင်းလဲရဖို့ ရှိပါတယ်။
အာရပ်ကမ္ဘာရဲ့ ခန္ဓာကိုယ်အတွင်း မျိုးဆက်ပေါင်းများစွာတငွေ့ ငွေ့ လှိုက်လောင်နေတဲ့ မဟာအာရပ်တော်လှန်ရေးကြီး ကို နိုင်ငံရေးဖိနှိပ်မှု၊ စီးပွားရေးချွတ်ခြုံကျမှု၊ လူမှုရေးကွာဟ မွဲပြာကျမှု၊ ဂါဇာကမ်းမြောင်-အီရတ်-လက်ဘနွန် တို့မှာ သိက္ခာကျရမှုတွေက မီးထိုးပေးလိုက်ပါတယ်။ ဒီတော်လှန်ရေးကြီးကို ဘယ်လိုမှ ဟန့်တား ထိန်းချုပ်နိုင်မှာ မဟုတ်ပါ။
ဂါမဏိ
ရည်ညွှန်း
အယ်လ်ဂျာဇီးယားရား သတင်းဌာန ဝက်ဆိုက်ပါ တာရာ့က်ဘာကာဝီ နဲ့ ဆိုမာယာဂန်နွတ်ရှိ တို့ရဲ့ ဆောင်း ပါးများ တာရာ့က်ဘာကာဝီ ဟာ ကိမ်းဘရစ်တက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာန ရဲ့ စစ်ပွဲလေ့လာရေးကထိက ဖြစ်ပြီး ဟားဗာ့ဒ်တက္ကသိုလ်၊ လန်ဒန် ကင်းကောလိပ်၊ စတန်ဖို့တက္ကသိုလ်၊ အိုဟိုင်းယိုးပြည်နယ်တက္ကသို လ် တို့မှာ စစ်ရေးနဲ့ လုံခြုံရေးဘာသာရပ်များ အထူးပြု ပညာရှင်အဖွဲ့ဝင် ဖြစ်ပါတယ်။
ဆိုမာယာဂန်နွတ်ရှိ ကတော့ အစ္စလမ်ဘာသာအပေါ် ဥရောပရှုမြင်ချက်သမိုင်း အထူးပြုလိုက်စားနေတဲ့ အလွတ်တန်း စာရေးဆရာမ ဖြစ်ပြီး ဗြိတိန်ထုတ် ဂါးဒီးယန်းသတင်းစာ အင်ဒီပင်းဒင့် သတင်းစာတို့ထဲမှာ ဆောင်းပါးတွေ ရေးခဲ့ဖူးပါတယ်။
အနောက်တိုင်းဟာ အဆင့်မြင့်နည်းပညာတွေရဲ့စွမ်းပကားနဲ့ အာရပ်အုံကြွပုန်ကန်မှုကို ဆောင်ကျဉ်းပေးခဲ့တယ်လို့ အနောက်အုပ်စုက ကိုယ့်ဖာသာကိုယ် အထင်ရောက်နေပါတယ်။ အင်တာနက်ဆိုတာ အမေရိကန်ကာကွယ်ရေးဝန် ကြီးဌာန စီမံကိန်းကနေ ပေါ်ထွက်လာတာဖြစ်လို့ အာရပ်တော်လှန်ရေးကို လန်ဒန်နဲ့ လော့စ်အိန်ဂျယ်လိက အင်တာ နက်အမြဲတက်နေတဲ့ ခေတ်လွန်လူငယ်တွေကို အတုယူနေတဲ့ အိဂျစ်လူငယ်တွေနဲ့တွဲပြီး ပင်တန်ဂွန်ကပဲ လုပ်ခဲ့သလို လို ပြောနေပါတယ်။
ဂလိုဘယ်လိုက်ဇေးရှင်း လို့ခေါ်တဲ့ ကမ္ဘာမှုပြုတဲ့ဖြစ်စဉ် အကြောင်းပြောရင် ဥရောပကိုဗဟိုပြုပြီး အကြီးအကျယ်အမွှန်း တင်ကြတာ များပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းဟာ အနောက်တိုင်းသားလူဖြူတွေက ကမ္ဘာကြီးကို ဆက်သွယ် ပေါင်းစည်းပေးတာ၊ ကမ္ဘာကြီးကို ဘောဂဗေဒသဘောတရားတွေ ဘဏ္ဍာငွေတွေ ဖြည့်ဆီးပေးတာ၊ ဆက်သွယ်ရေး နည်းပညာတွေ တီထွင်ပေးတာ၊ ယဉ်ကျေးမှုပေါင်းစည်းပြောင်း
ဒါပေမဲ့ အဲဒီဖွင့်ဆိုချက်တွေဟာ ဒေသန္တရအာဏာရှင်စနစ်တော်လှန်
ဂလိုဘယ်လိုက်ဇေးရှင်းဟာ အသစ်အဆန်းမဟုတ်
ဂလိုဘယ်လိုက်ဇေးရှင်းအကြောင
ဂလိုဘယ်လိုက်ဇေးရှင်းဟာ စီးပွားရေးအစိတ်အပိုင်းတွေတ
၁၈၅၇ ခုမှာ အိန္ဒိယနိုင်ငံက စစ်ဗာရီသူပုန်ထတဲ့အခါ ဖရက်ဒရစ်အိန်ဂျယ်က သူပုန်တွေရဲ့အမှားတွေကို သုံးသပ် ဆန်း စစ်ခဲ့ပါတယ်။ အဲဒီတုံးက အိန္ဒိယသူပုန်တွေဟာ ဒီကနေ့ လစ်ဗျားသူပုန်တွေလိုပဲ ကိုယ့်ထက်ပိုပြီး ပြင်ဆင် တည် ဆောက်ထားမှုရှိတဲ့ ရန်သူကို ရင်ဆိုင်တိုက်ခိုက်ဖို့ အလွန်အမင်းစိတ်အားထက်သန်နေခ
မော်စီတုံးမပေါ်ခင် ၂၀ ရာစုအစမှာတော့ တရုတ်အမျိုးသားရေးဝါဒီတွေနဲ
ဒါဟာ တော်လှန်ရေးရဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ပါပဲ။ တော်လှန်ရေးကို ကမ္ဘာမှု ပြုလိုက်တာပဲ ဖြစ်ပါတယ်။ ဒီသမိုင်း တွေထဲမှာ အခု ကျူနီးရှားနမူနာ ပါသွားပါပြီ။ တဖန် ကျူနီးရှားနမူနာက အိဂျစ်ပြည်သူတွေကို လှုံ့ဆော်ပေးလိုက်ပြန်ပါ တယ်။ ကျူနီးရှားသတင်းဟာ အိဂျစ်ကို အလင်းဖန်မျှင်ကြိုးနဲ့ ရောက်သလို လှည်းတန်းနဲ့လဲ ရောက်သွားနိုင်ပါတယ်။ ဘယ်နည်းနဲ့ပဲရောက်ရောက် သစ်သီးရောင်းသမားတယောက်ရဲ့ တကိုယ်တော်ရပ်တည်ချက်နဲ့ ဧရာမအကောင်ကြီး တွေကို ဖြိုချပစ်နိုင်ခဲ့တယ် ဆိုတဲ့သတင်းက လူတွေကို လှုပ်ခတ်သွားစေမှာ ဖြစ်ပါတယ်။ အဓိကကြားခံက လူသား ဖြစ်ပြီး လုပ်ရပ်က နိုင်ငံရေးလုပ်ရပ် ဖြစ်ပါတယ်။
ဒါပေမဲ့ စိတ်ဓာတ်ကျရတဲ့သမိုင်းတွေ၊ စွန့်လွှတ်အနစ်ခံရမှုတွေ၊ ကြေကွဲစရာတွေလဲ ရှိပါတယ်။ ဗီယက်နမ်ပြည်သူတွေ လောက် တော်လှန်တိုက်ပွဲဝင်ခဲ့၊ စွန့်လွှတ်ခဲ့ရတာ ရှိမှာမဟုတ်ပါ။ အဲဒီအတွက် အရင်းရှင်ကမ္ဘာ့စနစ်ထဲ နောက်ကျမှ ဝင်ခွင့်ရခဲ့ပါတယ်။ အယ်လ်ဂျီးရီးယားတော်လှန်ရေး
အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးသူရဲကောင်း နယ်လ်ဆင်မင်ဒဲလားလဲ ဒီလိုအဖြစ်မျိုး ကြုံရနိုင်ပါတယ်။ ဘာ ကြောင့်လဲဆိုတော့ တောင်အာဖရိကနိုင်ငံဟာ ရေပေါ်ဆီလူ့မလိုင်တွေလက်ထဲ ရောက်သထက်ရောက်လာလို့ ဖြစ်ပါ တယ်။ တရုတ်နိုင်ငံဟာ ကြီးပွားချမ်းသာလာပေမဲ့ တော်လှန်ရေးကို စွန့်လွှတ်လိုက်ပြီဖြစ်ပါတယ်
တန်ပြန်တော်လှန်ရေးရဲ့ ဂလိုဘယ်လိုက်ဇေးရှင်း
လစ်ဗျားအာဏာရှင်အစိုးရရဲ့ ခေါင်းမာမှုဟာ တခြားအာရပ်မင်းဆိုးမင်းညစ်ေ
နောက်ဆုံးသွေးတစက်ကျန်တဲ့အထ
အာရပ်ခေါင်းဆောင်တွေဟာ ဘင်အလီ ကာသေ့နန်းတော်ကနေ ဂျက်လေယာဉ်ပေါ် တက်ပြေးကတည်းက တုန်လှုပ် ခြောက်ခြားစွာနဲ့ ကြည့်နေခဲ့တာ ဖြစ်ပါတယ်။ နောက်တဖန် မူဘာရတ် ကိုင်ရိုမြို့တော်ကနေ ကန်ထုတ်ခံလိုက်ရတဲ့ အခါမှာတော့ သူတို့ရဲ့ ထိတ်လန့်မှုဟာ စိတ်ဓာတ်ကျမှုအဖြစ် ကူးပြောင်းသွားခဲ့ပါတယ်။ ယီမင်အာဏာရှင် ဆာလဲ ပြောတဲ့ “ကျူနီးရှား-အိဂျစ် တုပ်ကွေးရောဂါ” ကနေ လွတ်လမ်း မရှိတော့တဲ့ပုံ ပေါ်နေပါတယ်။ ဘယ်အာဏာရှင်မှ ဒီ ရောဂါပိုးကူးစက်မှုကို ခံနိုင်ရည် မရှိနိုင်၊ ဇီဝိန်ကြွေမယ့်ရလာဒ်ကို ရှောင်မရနိုင်လို့ မြင်နေကြပါပြီ။
လာဘ်ထိုး အချိန်ဆွဲ
သေဒဏ်ပေး ကွပ်မျက်ခံရမယ့်အချိန် စောင့်နေသူလို အာဏာရှင်တွေဟာ ရှောင်လွဲမရနိုင်တာကို တတ်နိုင်သလောက် အချိန်ဆွဲဖို့ အရူးအမူးကြိုးစားကြတဲ့အနေနဲ
ဒါပေမဲ့ ဂဒါဖီရဲ့သွေးချောင်းစီးခုခံ
တကယ်တော့ အရှေ့အလယ်ပိုင်းဒေသဟာ အခြေခံအားဖြင့် အပြန်အလှန်ဆက်စပ်နေပါတယ်။ အာရပ်တွေဟာ နယ်မြေအရရော ဘာသာစကားနဲ့ ဘာသာရေးအရပါ တူညီနေပြီး ပြဿနာတွေ မျှော်မှန်းချက်တွေလဲ တူညီနေကြပါ တယ်။ အာရပ်တွေဟာ နိုင်ငံ ၂၂ နိုင်ငံ ကွဲနေပြီး တချို့က သက်ဦးဆံပိုင်ပဒေသရာဇ်၊ တချို့က သမတနိုင်ငံ၊ တချို့ ချမ်းသာ အများဆင်းရဲ ဖြစ်နေပေမဲ့ အာရပ်ပြည်သူတွေဟာ အကြမ်းတမ်းအဆိုးဝါးဆုံးနဲ့ ခေတ်နောက်ပြန်အဆွဲဆုံး အစိုးရပုံစံတွေအောက် ကျရောက်နေတာ တူနေပါတယ်၊ ဒုက္ခဆင်းရဲခံရတာ တူနေပါတယ်၊ လူ့အခွင့်အရေး ဒီမိုကရေ စီအခွင့်အရေး ရချင်တာတွေ တူညီနေပါတယ်။
ဘင်အလီနဲ့ မူဘာရတ်ကို ဆုံးရှုံးလိုက်တာဟာ နိုင်ငံကြီးတွေအဖို့ ဒုတိယကမ္ဘာစစ်နောက်ပိုင်းချမ
အခုတော့ အာရပ်တွေရဲ့ လမ်းပေါ်ဆန္ဒပြပွဲတွေ အရှိန်အဟုန်ကြောင့် တည်ငြိမ်ရေးသင်္ဘော နစ်သွားတဲ့အခါ ဒီမိုကရေ စီသင်္ဘောဆီ ခုန်ကူးကြပါပြီ။ နိုင်ငံတကာအသိုင်းအဝိုင်းဟာ
အပြောင်းအလဲတွေက သိတ်မြန် သိတ်ကြီး
အာရပ်အာဏာရှင်တွေတင်မက သူတို့မဟာမိတ်တွေလဲ မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေကြောင့် အငိုက်မိ အံ့အားသင့်ခဲ့ကြပါတယ်။ အာရပ်လမ်းမတွေပေါ်မှာ အနာဂတ်ကို ဖန်တီးဖို့ ကျယ်လောင်တဲ့အသံတွေပေးနေတာက
ကျူနီးရှားနဲ့အိဂျစ်တို့ဟာ အာရပ်ပြည်သူတွေကို သေကြေဆုံးရှုံးမှုအနည်းဆုံးနဲ
အရိုးထိအောင် ပုပ်သိုးနေတဲ့ အာရပ်နိုင်ငံရေးအခင်းအကျင်း
အာရပ်ကမ္ဘာရဲ့ ခန္ဓာကိုယ်အတွင်း မျိုးဆက်ပေါင်းများစွာတငွေ့
ဂါမဏိ
ရည်ညွှန်း
အယ်လ်ဂျာဇီးယားရား သတင်းဌာန ဝက်ဆိုက်ပါ တာရာ့က်ဘာကာဝီ နဲ့ ဆိုမာယာဂန်နွတ်ရှိ တို့ရဲ့ ဆောင်း ပါးများ တာရာ့က်ဘာကာဝီ ဟာ ကိမ်းဘရစ်တက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာန ရဲ့ စစ်ပွဲလေ့လာရေးကထိက ဖြစ်ပြီး ဟားဗာ့ဒ်တက္ကသိုလ်၊ လန်ဒန် ကင်းကောလိပ်၊ စတန်ဖို့တက္ကသိုလ်၊ အိုဟိုင်းယိုးပြည်နယ်တက္ကသို
ဆိုမာယာဂန်နွတ်ရှိ ကတော့ အစ္စလမ်ဘာသာအပေါ် ဥရောပရှုမြင်ချက်သမိုင်း အထူးပြုလိုက်စားနေတဲ့ အလွတ်တန်း စာရေးဆရာမ ဖြစ်ပြီး ဗြိတိန်ထုတ် ဂါးဒီးယန်းသတင်းစာ အင်ဒီပင်းဒင့် သတင်းစာတို့ထဲမှာ ဆောင်းပါးတွေ ရေးခဲ့ဖူးပါတယ်။
0 comments:
Post a Comment