Monday, May 16, 2011

ဖွံ့ဖြိုးသော နိုင်ငံသားတို့၏ လက္ခဏာတစ်ခု (သို့မဟုတ်) တရားမျှတစွာ ဈေးကွက်ယှဉ်ပြိုင်ခြင်း စိတ်ဓာတ်

နိုင်ငံတစ်ခု ဖွံ့ဖြိုးရန် အတွက် ယင်းနိုင်ငံ၌ ဈေးကွက်စီးပွားရေး ဈေးကွက်ဖွံ့ဖြိုးခြင်းနှင့် ဆက်စပ်မှု ရှိပါသည်။ တရားမျှတစွာ ပြိုင်ဆိုင် ယှဉ်ပြိုင်နိုင်ခွင့်ဆိုတာ လိုပါတယ်။ အဲဒီလို ဖြစ်လာဖို့ စီမံခန့်ခွဲပေးဖို့ တာဝန်ရှိသူမှာ သက်ဆိုင်ရာ နိုင်ငံတစ်ခုရဲ့ နိုင်ငံတော်အစိုးရပါလို့ ဆိုရင် မမှားပါဘူး။ သို့သော် ရာနှုန်းပြည့်တော့ မမှန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလို အခြေအနေ တစ်ခုကိုရောက်ဖို့ ဆိုတာ နိုင်ငံသားတွေနဲ့ သက်ဆိုင်ပါတယ်။ ဒီကိစ္စကို နည်းနည်းရှင်းပြရရင်တော့ ဒီလိုပါ။

တရားမျှတစွာ ဈေးကွက် ယှဉ်ပြိုင်ခြင်း = တရားသော ယှဉ်ပြိုင်မှု + စီးပွားရေးလုပ်ငန်း လုပ်ခြင်း

တရားသော ယှဉ်ပြိုင်မှုနဲ့ စီးပွားရေးလုပ်ခြင်းကို တရားမျှတစွာ ဈေးကွက်စီးပွားရေး လုပ်ကိုင်ခြင်းလို့ ခေါ်ချင်ပါတယ်။ ဒီတော့ စီးပွားရေးလုပ်ငန်းကိစ္စ အသာ ခဏထားပြီး တရားမျှတသော ယှဉ်ပြိုင်ခြင်းဆိုတာ ဘာလဲဆိုတာ ခွဲခြမ်း စိတ်ဖြာချင်ပါတယ်။

တရားမျှတစွာ ယှဉ်ပြိုင်ခြင်း ဆိုရာမှ အောက်ပါ ဂုဏ်သတ္တိများနှင့် ပြည့်စုံသင့်ပါတယ်။

    - ရိုးသားစွာ ပြိုင်ရမယ်။
    - ဖြတ်လမ်း မလိုက်ရဘူး။ ကုလားဖန် မထိုးရဘူး။
    - မိမိ၏ ကိုယ်ပိုင် ကံ၊ ဉာဏ်နှင့် ၀ီရိယကိုသာ အားကိုးရမယ်။
    - တရားမျှတစွာ ယှဉ်ပြိုင်လို့ မိမိရှုံးရင် အရှုံးကို လက်ခံရမယ်။ မင်းသားကြီး မလုပ်ရရင် ပတ်မကြီး ထိုးဖောက်မယ် ဆိုတာမျိုး မလုပ်ရပါဘူး။
    - ရှုံးမဲ မဲပြီး လူချကစားမယ် ဆိုတာမျိုး မလုပ်ရဘူး။
    - မိမိရဲ့ ပြိုင်ဘက်မှာ သပ်လျှိုတာ၊ ကောက်ကျစ်တာ၊ နောက်ကျောက ဓားနဲ့ထိုးတာမျိုး မလုပ်ရဘူး။
    - စည်းကမ်းလိုက်နာရမယ်။
    - နိုင်သူကို ရှုံးသူက ကွန်ကရက်ကျူလေးရှင်း ဆိုပြီး အရိုးခံနဲ့ ဂုဏ်ပြုလိုတဲ့ စိတ်ရှိရပါမယ် စတာတွေပဲ ဖြစ်ပါတယ်။

အနိုင်မခံ အရှုံးမပေးတဲ့စိတ် ဆိုတာက ဘာလဲ

အနိုင်မခံ အရှုံးမပေးတဲ့စိတ် ဆိုတာ ဇွဲရှိမယ်၊ နောက်ဆုံး အချိန်အထိ ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်ကို ပြောတာသာ ဖြစ်တယ်။ အနိုင်မခံချင်လို့ ကုလားဖန်ထိုးမယ် ဆိုတဲ့ စိတ်ကို ပြောတာ မဟုတ်ပါ။

ရှုံးတော့ရော ဘာဖြစ်သေးလဲ (သို့မဟုတ်) အရှုံးသမားဘ၀ ကျွန်တော်

ကျွန်တော် ဆရာဝန်အဖြစ်နဲ့ ဆေးကုပြီး စီးပွားရှာတဲ့ဘ၀မှာ ရှုံးခဲ့ဖူးပါတယ်။ သိမ်ငယ်တဲ့ ဆေးခန်းငယ်လေး တစ်ခုကို ဖွင့်တော့ လာတဲ့လူနာ အရေအတွက်က ချောက်ချီးချောက်ချက်လို့ ဗန်းစကားနဲ့ ခေါ်နိုင်ပါတယ်။ တချို့

ဆရာဝန်တွေ ကျတော့လည်း လက်ဖျားမှာ ငွေသီးလို့ပါ။ ဒီတော့ ဘာဖြစ်လဲဆိုတော့ ဘာမှမဖြစ်ပါဘူး။ တစ်နေ့ကို ထမင်းနှစ်နပ်ကတော့ နေ့စဉ် စားနေရတာပါပဲ။ ခုတော့လည်း ဆောင်းပါးရှင်တစ်ယောက် ဖြစ်နေပြန်တာပါပဲ။

ကျွန်တော် ဆယ်ကျော်သက် ဘ၀တုန်းက မိန်းကလေးတစ်ယောက်ကို ချစ်ရေးဆိုဖူးပါတယ်။ သူမက ကျွန်တော့်ကို ပြန်မချစ်ပါဘူး။ တခြား တစ်ယောက်နဲ့ ချစ်သွားပါတယ်။ ဒီတော့ ကျွန်တော်ဟာ အရှုံးသမားပါ။ ဒီတော့

ဘာဖြစ်လဲဆိုတော့ ဘာမှမ ဖြစ်ပါဘူး။ နောက်ထပ်တစ်ယောက်နဲ့ ကျွန်တော်ဟာ ချစ်သူတွေ ဖြစ်သွားခဲ့ဖူးပေမယ့် မစားရတဲ့ စပျစ်သီးကို ချဉ်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့သလို မစားရတဲ့အမဲကို ဘယ်တုန်းကမှ

သဲနဲ့မပက်ခဲ့ဖူးပါဘူး။

အမြဲတမ်းနိုင်နေရမှ ကျေနပ်နိုင်မယ် ဆိုသော မိန်းကလေးတစ်ယောက်

တစ်ခါတုန်းက ကျွန်တော်သည် ရုံးတစ်ရုံး၌ တာဝန်ထမ်းဆောင်စဉ် ကျွန်တော်၏ လက်အောက်၌ ငွေစာရင်းကိုင် မိန်းကလေးတစ်ဦး အမှုထမ်းပါတယ်။ သူမက ပြောဖူးတာကတော့ သူမဟာ မောင်နှမခြောက်ယောက်ထဲမှာ

အငယ်ဆုံးပါ။ ငယ်စဉ် ကတည်းက အစ်ကိုတွေ၊ အစ်မတွေကို အမြဲ နိုင်ရတယ်။ ဘ၀မှာ နိုင်ရမှ ကျေနပ်မယ်လို့ ဆိုဘူးပါတယ်။ ကျွန်တော်ကတော့ ဆုံးမခဲ့ရတာကတော့ နိုင်တယ်ဆိုတာ ကောင်းပါတယ်။ တရားမျှတစွာ ယှဉ်ပြိုင်ပြီးမှ နိုင်တာ ကောင်းပါတယ်လို့ ပြောခဲ့ဖူးပါတယ်။

ကျွန်တော်တို့ရပ်ကွက်ထဲက ဈေးကွက်စီးပွားရေး ယှဉ်ပြိုင်မှု

တစ်ခါတုန်းက ကျွန်တော်သည် ရပ်ကွက်ထဲမှ ဗီဒီယို CD အငှားဆိုင် တစ်ဆိုင်မှာ နေ့စဉ် CD အချပ် ငှားကြည့်ပြီး ဖောက်သည်လို ဖြစ်သွားပါတယ်။ မကြာပါဘူး။ နောက်ထပ် CD အငှားဆိုင်တစ်ဆိုင် အသစ်ပေါ်လာတော့

နောက်ဆိုင်က ဈေးလျော့ပြီး ငှားတော့ ကျွန်တော်က ဆိုင်သစ်မှာ တစ်လလောက် ငှားပါတယ်။ တဖန် မူလဆိုင်ဟောင်းကို ပြန်ငှားတော့ ဆိုင်ရှင်က ကျွန်တော့်ကို စကား ဟက်ဟက်ပက်ပက် မပြောတော့တာ သတိထားမိပါတယ်။

ဒါနဲ့ပဲ သူတို့ဆိုင်နဲ့ လုံးလုံးပြတ်သွားရပါတော့ သည်။ သူတို့က ဖောက်သည်ကို ဘယ်လို ဆွဲဆောင်မလဲ စိတ်မကူးဘဲ ငါ့ဆိုင်မလာရင် ငါ့ရန်သူ သဘောမျိုး လုပ်နေတော့ တရားမျှတစွာ ယှဉ်ပြိုင် စီးပွားရေးရှာရေး အတွေ့အကြုံနဲ့ စိတ်ဓာတ် မရှိရာ ရောက်ပါတယ်။ ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ယောက်ရဲ့ ပြောပြချက်ကတော့ သူဟာ နံနက်တိုင်း ဂျာနယ်ဆိုင်တွေမှာ ဂျာနယ်တစ်စောင် ၀ယ်ပြီး လက်ဖက်ရည်ဆိုင် ထိုင်လေ့ ရှိပါတယ်။ ဂျာနယ်တွေက ဈေးတူပဲ ရောင်းပါတယ်။ အားလုံး လမ်းဘေးဆိုင်တွေပါ။ ဂျာနယ်ရောင်းတဲ့ ဘိုးဘိုးတစ်ယောက်က သူ့ကိုအားပေးဖို့ ပြောတော့ သူက အားပေးပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ ဘိုးဘိုးက ဆိုင်ထွက် နောက်ကျတယ်။ ဒီတော့ နံနက်တိုင်း ၆း၃၀ နာရီမှာ ဂျာနယ်အားလုံး ဆိုင်ပေါ်ရောက်အောင် တင်နိုင်တဲ့ ညီလေးရဲ့ ဆိုင်မှာပဲ ၀ယ်ဖြစ်တယ်။ ညီလေးရဲ့ ယှဉ်ပြိုင်မှုက ဂျာနယ်ကို ဈေးလျော့မရောင်းပါဘူး။ ဒါပေမယ့် ငွေစက္ကူအကြွေတွေ ဆောင်ထားတယ်။ စိတ်မညစ်ရဘူး။

ဂျာနယ်တွေကို ဖွရင်လည်း သည်းညည်းခံတယ်။ ၀န်ဆောင်မှုကောင်းစွာနဲ့ ယှဉ်ပြိုင်သွားပါ  တယ်။ ဒီလိုနဲ့ တစ်နေ့တော့ ညီလေးဆီမှာ ကုန်နေတဲ့ ဂျာနယ်တစ်စောင်ကို တူမအရွယ် မိန်းကလေးရောင်းတဲ့ ဂျာနယ်ဆိုင်မှာ ၀ယ်တော့ တူမက သူ့ကို တခြားဆိုင်ရဲ့ဖောက်သည် ဆိုတာ သိနေတော့ နည်းနည်းစိတ်ဆိုးနေတယ် ထင်ပါတယ်။ ငါးရာတန် ဂျာနယ်တစ်စောင်ကို ကျပ်ခြောက်ရာနဲ့ ရောင်းလိုက်ပါတယ်။ အမှန်ဆိုရင် ဖောက်သည်သစ်ကို ဆွယ်ချင်ရင် လေးရာကျပ်နဲ့ လျော့ရောင်းရမှာပါ။ ရပ်ကွက်ထဲမှာ လွတ်လပ်စွာ ဈေးကွက်ယှဉ်ပြိုင်ခြင်းနဲ့ အရှုံးကို လက်ခံနိုင်တဲ့စိတ် မရှိသေးဘူး။

ဖောက်သည်လုရာမှာ ရုပ်ပျက်ဆင်းပျက် မဖြစ်ပါဘူး

နယ်မှာနေတဲ့ မိတ်ဆွေတချို့ရဲ့ ပြောပြချက်အရ သူတို့နေတဲ့ မြို့ငယ်လေးနဲ့ ရန်ကုန်ကို နေ့စဉ် ပြေးဆွဲတဲ့ ဘတ်စကားတွေ ထပ်တိုးတော့ တစ်လိုင်းနဲ့တစ်လိုင်း ပြိုင်ကြပါတယ်။ ခရီးသည်က ကားဂိတ်ကိုသွားပြီး လက်မှတ်ဝယ်ရင် သူ့ဂိတ်မှာဝယ်၊ ငါ့ဂိတ်မှာဝယ်နဲ့ လုကြတယ် ဆိုပါတယ်။ တကယ်ဆိုရင် မိမိတို့ရဲ့ ယာဉ်လိုင်းက ကားတွေကို အဲကွန်းတပ်တာတို့၊ ထိုင်ခုံတွေ ကောင်းကောင်း လုပ်ပေးတာတို့၊ ကားပေါ်မှာ TV ပြတဲ့ ၀န်ဆောင်မှု၊ နှုတ်ချိုမှု စတာတွေကို ကောင်းသထက်ကောင်းအောင် လုပ်ပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဖောက်သည်ကို ဆိုင်ထဲ အတင်းဆွဲခေါ်တာဟာ လွတ်လပ်သော ဈေးကွက် ယှဉ်ပြိုင်မှု မဟုတ်သေးပါ။

လက်ဝါးကြီးအုပ်မယ်ဆိုတဲ့ လောဘတွေ ပေါ်နေရင် လွတ်လပ်စွာ ဈေးကွက်ယှဉ်ပြိုင်သော စိတ်ဓာတ် မဟုတ်ပါ

တစ်ခါတုန်းကတော့ ကျွန်တော်သည် ကျွန်တော်၏မိတ်ဆွေ တိရစ္ဆာန် ဆေးကုဆရာဝန် တစ်ယောက် တည်ထောင်ထားသော မွေးမြူရေး ကြက်ခြံတစ်ခုကို လည်ရောက်နေခိုက် ၎င်းကြက်ခြံမှ ကြက်ဥကို လာဝယ်သော

ဖောက်သည်တစ်ဦး ရောက်နေခိုက်နဲ့ ကြုံပါတယ်။ အဲဒီကြက်ခြံကို ဖောက်သည်က ပြောတာကတော့

''ဆရာရေ ဆရာ့ခြံက ကြက်ဥတွေကို ကျွန်မ ချုပ်ပါရစေ''

''ချုပ်တယ်ဆိုတာ ဘာလဲ'' လို့ မေးတော့

''ကြက်ဥတွေကို တခြား ဘယ်သူ့မှ မရောင်းပါနဲ့။ ကျွန်မပဲဝယ်မယ်။ ကျွန်မကိုပဲ ရောင်းပါ''လို့ ဆိုပါတယ်။ တကယ်ဆိုရင် ဈေးကွက်ယှဉ်ပြိုင်တဲ့ စိတ်စရိုက် ရှိရင် ဒါမျိုးပြောစရာ မလိုပါဘူး။ သူက ဈေးပိုပေးရင် သူ့ကိုရောင်းမှာ ဖြစ်ပါတယ်။

လွတ်လပ်သော ဈေးကွက် ဆိုပေမယ့် စည်းကမ်းဖောက်၍ မရပါ

ယနေ့ ရန်ကုန်မြို့မှာ ခရီးသည်တင် ဘတ်စကားလိုင်းတွေ တစ်စီးနဲ့တစ်စီး အပြိုင်မောင်းကြတာ ရှိပါတယ်။ သူတို့ခေါ် ဘန်းစကားနဲ့ ဖိုက်တယ် (Fight) လို့ ခေါ်ပါတယ်။ ခရီးသည် လုကြတာပေါ့။ ဒီတော့ လမ်းမတွေမှာ လွတ်လပ်စွာ ဖိုက်ကြတယ်။ ဒါပေမယ့် တစ်နာရီ မိုင် ၂၀ နှုန်းထက် ပိုမမောင်းရဆိုတဲ့ ယာဉ်စည်းကမ်းကို ချိုးဖောက်ရာရောက်လို့ တရားမျှတစွာ ဈေးကွက်ယှဉ်ပြိုင်မှု စရိုက်နဲ့ မကိုက်ညီပါဘူး။

ဈေးကွက် ယှဉ်ပြိုင်မှုမှာ မိမိကုန်ပစ္စည်းကို အရည်အသွေးကောင်းအောင်ပဲ ကြိုးစားတယ်။ တစ်ဖက်သားကို သပ်မလျိုဘူး လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က ဆေးလိပ်ခုံ နှစ်ခုံဟာ ပြိုင်ဘက်တွေ ဖြစ်ခဲ့တယ်။ ပထမ ဆေးလိပ်ခုံက ဒုတိယ ဆေးလိပ်ခုံထက် ပိုရောင်းကောင်းတယ်။ ဒီတော့ ဒုတိယ ဆေးလိပ်ခုံက ပထမ ဆေးလိပ်ခုံ တံဆိပ်နဲ့ ဆေးပေါ့လိပ် တော်တော်များများ ၀ယ် ပြီး မိမိဂိုထောင်မှာ သိမ်းထားတယ်။ ငါးလလောက်ကြာတော့ ၎င်းဆေးပေါ့လိပ်များ မှိုတက်ကုန်ပါတယ်။ မှိုတက်တဲ့အခါကျမှ ဆေးပေါ့လိပ်တွေကို ဖြန့်ချိလိုက်ပါတယ်။ ဒီတော့ ပထမဆေးလိပ်ခုံက ဆေးလိပ်တွေ မှိုတက်တယ် ဆိုပြီး နာမည်ပျက်သွား ပါတယ်။

အဲဒီလို ယှဉ်ပြိုင်ပုံမျိုးကို ကျွန်တော် ငယ်ငယ်က ပြောသံကြားဖူးခဲ့ရာ ဒါဟာ တရားမျှတစွာ ယှဉ်ပြိုင်မယ်ဆိုတဲ့ စိတ်မျိုး မဟုတ်ပါ။ အထက်ပါ ဥပမာများဟာ ဈေးကွက်စီးပွားရေး ယှဉ်ပြိုင်ခြင်း၏ ဥပမာအချို့သာ ဖြစ်ပါတယ်။ တကယ်ဆိုရင် ဥပမာပေါင်းက ထောင်သောင်းမက ရှိနိုင်ပါတယ်။ အဲဒီ ဥပမာတွေက ဈေးကွက်စီးပွားရေး ယှဉ်ပြိုင်မှု စိတ်ဓာတ်(Attitude)ကို ပြတဲ့ ဥပမာတွေ ဖြစ်ပါတယ်။

နိုင်ငံတစ်ခု ဖွံ့ဖြိုးရန် အတွက် ဈေးကွက်ဖွံ့ဖြိုးခြင်း Market Development က အရေးပါပါတယ်။

တရားမျှတပြီး ဖွံ့ဖြိုးသော ပေါ်လစီ၊ စနစ်တွေကို တည်ဆောက်ဖို့က နိုင်ငံတော်အစိုးရ၏ တာဝန် ဖြစ်ပါတယ်။

ဖွံ့ဖြိုးတဲ့စိတ်ဓာတ် Attitude Development ကို တည်ဆောက်ဖို့ကတော့ နိုင်ငံသားတို့၏ တာဝန် ဖြစ်ပါတယ်။ သာမန် နိုင်ငံသား တစ်ယောက်ဟာ ပေါ်လစီ၊ စနစ်တွေ တည်ဆောက်ဖို့ အခွင့်အာဏာ မရှိသလို အစိုးရလည်း နိုင်ငံသားတို့၏ စိတ်ကို ကိုင်တွယ်ပြီး တည်ဆောက်ခြင်းငှာ မစွမ်းနိုင်ပါဘူး။

သို့ပါ၍ Policy ရော Attitude ရော နှစ်မျိုးလုံး ပြိုင်တူ တိုးတက်သင့်သည်ဟု ဆိုချင်ပါကြောင်း။

Written by ဒေါက်တာထွန်းဝင်း
Cloud Cuckoo Land 3:23pm May 16

နိုင်ငံတစ်ခု ဖွံ့ဖြိုးရန် အတွက် ယင်းနိုင်ငံ၌ ဈေးကွက်စီးပွားရေး ဈေးကွက်ဖွံ့ဖြိုးခြင်းနှင့် ဆက်စပ်မှု ရှိပါသည်။ တရားမျှတစွာ ပြိုင်ဆိုင် ယှဉ်ပြိုင်နိုင်ခွင့်ဆိုတာ လိုပါတယ်။ အဲဒီလို ဖြစ်လာဖို့ စီမံခန့်ခွဲပေးဖို့ တာဝန်ရှိသူမှာ သက်ဆိုင်ရာ နိုင်ငံတစ်ခုရဲ့ နိုင်ငံတော်အစိုးရပါလို့ ဆိုရင် မမှားပါဘူး။ သို့သော် ရာနှုန်းပြည့်တော့ မမှန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလို အခြေအနေ တစ်ခုကိုရောက်ဖို့ ဆိုတာ နိုင်ငံသားတွေနဲ့ သက်ဆိုင်ပါတယ်။ ဒီကိစ္စကို နည်းနည်းရှင်းပြရရင်တော့ ဒီလိုပါ။

တရားမျှတစွာ ဈေးကွက် ယှဉ်ပြိုင်ခြင်း = တရားသော ယှဉ်ပြိုင်မှု + စီးပွားရေးလုပ်ငန်း လုပ်ခြင်း

တရားသော ယှဉ်ပြိုင်မှုနဲ့ စီးပွားရေးလုပ်ခြင်းကို တရားမျှတစွာ ဈေးကွက်စီးပွားရေး လုပ်ကိုင်ခြင်းလို့ ခေါ်ချင်ပါတယ်။ ဒီတော့ စီးပွားရေးလုပ်ငန်းကိစ္စ အသာ ခဏထားပြီး တရားမျှတသော ယှဉ်ပြိုင်ခြင်းဆိုတာ ဘာလဲဆိုတာ ခွဲခြမ်း စိတ်ဖြာချင်ပါတယ်။

တရားမျှတစွာ ယှဉ်ပြိုင်ခြင်း ဆိုရာမှ အောက်ပါ ဂုဏ်သတ္တိများနှင့် ပြည့်စုံသင့်ပါတယ်။

- ရိုးသားစွာ ပြိုင်ရမယ်။
- ဖြတ်လမ်း မလိုက်ရဘူး။ ကုလားဖန် မထိုးရဘူး။
- မိမိ၏ ကိုယ်ပိုင် ကံ၊ ဉာဏ်နှင့် ၀ီရိယကိုသာ အားကိုးရမယ်။
- တရားမျှတစွာ ယှဉ်ပြိုင်လို့ မိမိရှုံးရင် အရှုံးကို လက်ခံရမယ်။ မင်းသားကြီး မလုပ်ရရင် ပတ်မကြီး ထိုးဖောက်မယ် ဆိုတာမျိုး မလုပ်ရပါဘူး။
- ရှုံးမဲ မဲပြီး လူချကစားမယ် ဆိုတာမျိုး မလုပ်ရဘူး။
- မိမိရဲ့ ပြိုင်ဘက်မှာ သပ်လျှိုတာ၊ ကောက်ကျစ်တာ၊ နောက်ကျောက ဓားနဲ့ထိုးတာမျိုး မလုပ်ရဘူး။
- စည်းကမ်းလိုက်နာရမယ်။
- နိုင်သူကို ရှုံးသူက ကွန်ကရက်ကျူလေးရှင်း ဆိုပြီး အရိုးခံနဲ့ ဂုဏ်ပြုလိုတဲ့ စိတ်ရှိရပါမယ် စတာတွေပဲ ဖြစ်ပါတယ်။

အနိုင်မခံ အရှုံးမပေးတဲ့စိတ် ဆိုတာက ဘာလဲ

အနိုင်မခံ အရှုံးမပေးတဲ့စိတ် ဆိုတာ ဇွဲရှိမယ်၊ နောက်ဆုံး အချိန်အထိ ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်ကို ပြောတာသာ ဖြစ်တယ်။ အနိုင်မခံချင်လို့ ကုလားဖန်ထိုးမယ် ဆိုတဲ့ စိတ်ကို ပြောတာ မဟုတ်ပါ။

ရှုံးတော့ရော ဘာဖြစ်သေးလဲ (သို့မဟုတ်) အရှုံးသမားဘ၀ ကျွန်တော်

ကျွန်တော် ဆရာဝန်အဖြစ်နဲ့ ဆေးကုပြီး စီးပွားရှာတဲ့ဘ၀မှာ ရှုံးခဲ့ဖူးပါတယ်။ သိမ်ငယ်တဲ့ ဆေးခန်းငယ်လေး တစ်ခုကို ဖွင့်တော့ လာတဲ့လူနာ အရေအတွက်က ချောက်ချီးချောက်ချက်လို့ ဗန်းစကားနဲ့ ခေါ်နိုင်ပါတယ်။ တချို့

ဆရာဝန်တွေ ကျတော့လည်း လက်ဖျားမှာ ငွေသီးလို့ပါ။ ဒီတော့ ဘာဖြစ်လဲဆိုတော့ ဘာမှမဖြစ်ပါဘူး။ တစ်နေ့ကို ထမင်းနှစ်နပ်ကတော့ နေ့စဉ် စားနေရတာပါပဲ။ ခုတော့လည်း ဆောင်းပါးရှင်တစ်ယောက် ဖြစ်နေပြန်တာပါပဲ။

ကျွန်တော် ဆယ်ကျော်သက် ဘ၀တုန်းက မိန်းကလေးတစ်ယောက်ကို ချစ်ရေးဆိုဖူးပါတယ်။ သူမက ကျွန်တော့်ကို ပြန်မချစ်ပါဘူး။ တခြား တစ်ယောက်နဲ့ ချစ်သွားပါတယ်။ ဒီတော့ ကျွန်တော်ဟာ အရှုံးသမားပါ။ ဒီတော့

ဘာဖြစ်လဲဆိုတော့ ဘာမှမ ဖြစ်ပါဘူး။ နောက်ထပ်တစ်ယောက်နဲ့ ကျွန်တော်ဟာ ချစ်သူတွေ ဖြစ်သွားခဲ့ဖူးပေမယ့် မစားရတဲ့ စပျစ်သီးကို ချဉ်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့သလို မစားရတဲ့အမဲကို ဘယ်တုန်းကမှ

သဲနဲ့မပက်ခဲ့ဖူးပါဘူး။

အမြဲတမ်းနိုင်နေရမှ ကျေနပ်နိုင်မယ် ဆိုသော မိန်းကလေးတစ်ယောက်

တစ်ခါတုန်းက ကျွန်တော်သည် ရုံးတစ်ရုံး၌ တာဝန်ထမ်းဆောင်စဉ် ကျွန်တော်၏ လက်အောက်၌ ငွေစာရင်းကိုင် မိန်းကလေးတစ်ဦး အမှုထမ်းပါတယ်။ သူမက ပြောဖူးတာကတော့ သူမဟာ မောင်နှမခြောက်ယောက်ထဲမှာ

အငယ်ဆုံးပါ။ ငယ်စဉ် ကတည်းက အစ်ကိုတွေ၊ အစ်မတွေကို အမြဲ နိုင်ရတယ်။ ဘ၀မှာ နိုင်ရမှ ကျေနပ်မယ်လို့ ဆိုဘူးပါတယ်။ ကျွန်တော်ကတော့ ဆုံးမခဲ့ရတာကတော့ နိုင်တယ်ဆိုတာ ကောင်းပါတယ်။ တရားမျှတစွာ ယှဉ်ပြိုင်ပြီးမှ နိုင်တာ ကောင်းပါတယ်လို့ ပြောခဲ့ဖူးပါတယ်။

ကျွန်တော်တို့ရပ်ကွက်ထဲက ဈေးကွက်စီးပွားရေး ယှဉ်ပြိုင်မှု

တစ်ခါတုန်းက ကျွန်တော်သည် ရပ်ကွက်ထဲမှ ဗီဒီယို CD အငှားဆိုင် တစ်ဆိုင်မှာ နေ့စဉ် CD အချပ် ငှားကြည့်ပြီး ဖောက်သည်လို ဖြစ်သွားပါတယ်။ မကြာပါဘူး။ နောက်ထပ် CD အငှားဆိုင်တစ်ဆိုင် အသစ်ပေါ်လာတော့ နောက်ဆိုင်က ဈေးလျော့ပြီး ငှားတော့ ကျွန်တော်က ဆိုင်သစ်မှာ တစ်လလောက် ငှားပါတယ်။ တဖန် မူလဆိုင်ဟောင်းကို ပြန်ငှားတော့ ဆိုင်ရှင်က ကျွန်တော့်ကို စကား ဟက်ဟက်ပက်ပက် မပြောတော့တာ သတိထားမိပါတယ်။

ဒါနဲ့ပဲ သူတို့ဆိုင်နဲ့ လုံးလုံးပြတ်သွားရပါတော့ သည်။ သူတို့က ဖောက်သည်ကို ဘယ်လို ဆွဲဆောင်မလဲ စိတ်မကူးဘဲ ငါ့ဆိုင်မလာရင် ငါ့ရန်သူ သဘောမျိုး လုပ်နေတော့ တရားမျှတစွာ ယှဉ်ပြိုင် စီးပွားရေးရှာရေး အတွေ့အကြုံနဲ့ စိတ်ဓာတ် မရှိရာ ရောက်ပါတယ်။ ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ယောက်ရဲ့ ပြောပြချက်ကတော့ သူဟာ နံနက်တိုင်း ဂျာနယ်ဆိုင်တွေမှာ ဂျာနယ်တစ်စောင် ၀ယ်ပြီး လက်ဖက်ရည်ဆိုင် ထိုင်လေ့ ရှိပါတယ်။ ဂျာနယ်တွေက ဈေးတူပဲ ရောင်းပါတယ်။ အားလုံး လမ်းဘေးဆိုင်တွေပါ။ ဂျာနယ်ရောင်းတဲ့ ဘိုးဘိုးတစ်ယောက်က သူ့ကိုအားပေးဖို့ ပြောတော့ သူက အားပေးပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ ဘိုးဘိုးက ဆိုင်ထွက် နောက်ကျတယ်။ ဒီတော့ နံနက်တိုင်း ၆း၃၀ နာရီမှာ ဂျာနယ်အားလုံး ဆိုင်ပေါ်ရောက်အောင် တင်နိုင်တဲ့ ညီလေးရဲ့ ဆိုင်မှာပဲ ၀ယ်ဖြစ်တယ်။ ညီလေးရဲ့ ယှဉ်ပြိုင်မှုက ဂျာနယ်ကို ဈေးလျော့မရောင်းပါဘူး။ ဒါပေမယ့် ငွေစက္ကူအကြွေတွေ ဆောင်ထားတယ်။ စိတ်မညစ်ရဘူး။

ဂျာနယ်တွေကို ဖွရင်လည်း သည်းညည်းခံတယ်။ ၀န်ဆောင်မှုကောင်းစွာနဲ့ ယှဉ်ပြိုင်သွားပါ တယ်။ ဒီလိုနဲ့ တစ်နေ့တော့ ညီလေးဆီမှာ ကုန်နေတဲ့ ဂျာနယ်တစ်စောင်ကို တူမအရွယ် မိန်းကလေးရောင်းတဲ့ ဂျာနယ်ဆိုင်မှာ ၀ယ်တော့ တူမက သူ့ကို တခြားဆိုင်ရဲ့ဖောက်သည် ဆိုတာ သိနေတော့ နည်းနည်းစိတ်ဆိုးနေတယ် ထင်ပါတယ်။ ငါးရာတန် ဂျာနယ်တစ်စောင်ကို ကျပ်ခြောက်ရာနဲ့ ရောင်းလိုက်ပါတယ်။ အမှန်ဆိုရင် ဖောက်သည်သစ်ကို ဆွယ်ချင်ရင် လေးရာကျပ်နဲ့ လျော့ရောင်းရမှာပါ။ ရပ်ကွက်ထဲမှာ လွတ်လပ်စွာ ဈေးကွက်ယှဉ်ပြိုင်ခြင်းနဲ့ အရှုံးကို လက်ခံနိုင်တဲ့စိတ် မရှိသေးဘူး။

ဖောက်သည်လုရာမှာ ရုပ်ပျက်ဆင်းပျက် မဖြစ်ပါဘူး

နယ်မှာနေတဲ့ မိတ်ဆွေတချို့ရဲ့ ပြောပြချက်အရ သူတို့နေတဲ့ မြို့ငယ်လေးနဲ့ ရန်ကုန်ကို နေ့စဉ် ပြေးဆွဲတဲ့ ဘတ်စကားတွေ ထပ်တိုးတော့ တစ်လိုင်းနဲ့တစ်လိုင်း ပြိုင်ကြပါတယ်။ ခရီးသည်က ကားဂိတ်ကိုသွားပြီး လက်မှတ်ဝယ်ရင် သူ့ဂိတ်မှာဝယ်၊ ငါ့ဂိတ်မှာဝယ်နဲ့ လုကြတယ် ဆိုပါတယ်။ တကယ်ဆိုရင် မိမိတို့ရဲ့ ယာဉ်လိုင်းက ကားတွေကို အဲကွန်းတပ်တာတို့၊ ထိုင်ခုံတွေ ကောင်းကောင်း လုပ်ပေးတာတို့၊ ကားပေါ်မှာ TV ပြတဲ့ ၀န်ဆောင်မှု၊ နှုတ်ချိုမှု စတာတွေကို ကောင်းသထက်ကောင်းအောင် လုပ်ပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဖောက်သည်ကို ဆိုင်ထဲ အတင်းဆွဲခေါ်တာဟာ လွတ်လပ်သော ဈေးကွက် ယှဉ်ပြိုင်မှု မဟုတ်သေးပါ။

လက်ဝါးကြီးအုပ်မယ်ဆိုတဲ့ လောဘတွေ ပေါ်နေရင် လွတ်လပ်စွာ ဈေးကွက်ယှဉ်ပြိုင်သော စိတ်ဓာတ် မဟုတ်ပါ

တစ်ခါတုန်းကတော့ ကျွန်တော်သည် ကျွန်တော်၏မိတ်ဆွေ တိရစ္ဆာန် ဆေးကုဆရာဝန် တစ်ယောက် တည်ထောင်ထားသော မွေးမြူရေး ကြက်ခြံတစ်ခုကို လည်ရောက်နေခိုက် ၎င်းကြက်ခြံမှ ကြက်ဥကို လာဝယ်သော

ဖောက်သည်တစ်ဦး ရောက်နေခိုက်နဲ့ ကြုံပါတယ်။ အဲဒီကြက်ခြံကို ဖောက်သည်က ပြောတာကတော့

''ဆရာရေ ဆရာ့ခြံက ကြက်ဥတွေကို ကျွန်မ ချုပ်ပါရစေ''

''ချုပ်တယ်ဆိုတာ ဘာလဲ'' လို့ မေးတော့

''ကြက်ဥတွေကို တခြား ဘယ်သူ့မှ မရောင်းပါနဲ့။ ကျွန်မပဲဝယ်မယ်။ ကျွန်မကိုပဲ ရောင်းပါ''လို့ ဆိုပါတယ်။ တကယ်ဆိုရင် ဈေးကွက်ယှဉ်ပြိုင်တဲ့ စိတ်စရိုက် ရှိရင် ဒါမျိုးပြောစရာ မလိုပါဘူး။ သူက ဈေးပိုပေးရင် သူ့ကိုရောင်းမှာ ဖြစ်ပါတယ်။

လွတ်လပ်သော ဈေးကွက် ဆိုပေမယ့် စည်းကမ်းဖောက်၍ မရပါ

ယနေ့ ရန်ကုန်မြို့မှာ ခရီးသည်တင် ဘတ်စကားလိုင်းတွေ တစ်စီးနဲ့တစ်စီး အပြိုင်မောင်းကြတာ ရှိပါတယ်။ သူတို့ခေါ် ဘန်းစကားနဲ့ ဖိုက်တယ် (Fight) လို့ ခေါ်ပါတယ်။ ခရီးသည် လုကြတာပေါ့။ ဒီတော့ လမ်းမတွေမှာ လွတ်လပ်စွာ ဖိုက်ကြတယ်။ ဒါပေမယ့် တစ်နာရီ မိုင် ၂၀ နှုန်းထက် ပိုမမောင်းရဆိုတဲ့ ယာဉ်စည်းကမ်းကို ချိုးဖောက်ရာရောက်လို့ တရားမျှတစွာ ဈေးကွက်ယှဉ်ပြိုင်မှု စရိုက်နဲ့ မကိုက်ညီပါဘူး။

ဈေးကွက် ယှဉ်ပြိုင်မှုမှာ မိမိကုန်ပစ္စည်းကို အရည်အသွေးကောင်းအောင်ပဲ ကြိုးစားတယ်။ တစ်ဖက်သားကို သပ်မလျိုဘူး လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က ဆေးလိပ်ခုံ နှစ်ခုံဟာ ပြိုင်ဘက်တွေ ဖြစ်ခဲ့တယ်။ ပထမ ဆေးလိပ်ခုံက ဒုတိယ ဆေးလိပ်ခုံထက် ပိုရောင်းကောင်းတယ်။ ဒီတော့ ဒုတိယ ဆေးလိပ်ခုံက ပထမ ဆေးလိပ်ခုံ တံဆိပ်နဲ့ ဆေးပေါ့လိပ် တော်တော်များများ ၀ယ် ပြီး မိမိဂိုထောင်မှာ သိမ်းထားတယ်။ ငါးလလောက်ကြာတော့ ၎င်းဆေးပေါ့လိပ်များ မှိုတက်ကုန်ပါတယ်။ မှိုတက်တဲ့အခါကျမှ ဆေးပေါ့လိပ်တွေကို ဖြန့်ချိလိုက်ပါတယ်။ ဒီတော့ ပထမဆေးလိပ်ခုံက ဆေးလိပ်တွေ မှိုတက်တယ် ဆိုပြီး နာမည်ပျက်သွား ပါတယ်။

အဲဒီလို ယှဉ်ပြိုင်ပုံမျိုးကို ကျွန်တော် ငယ်ငယ်က ပြောသံကြားဖူးခဲ့ရာ ဒါဟာ တရားမျှတစွာ ယှဉ်ပြိုင်မယ်ဆိုတဲ့ စိတ်မျိုး မဟုတ်ပါ။ အထက်ပါ ဥပမာများဟာ ဈေးကွက်စီးပွားရေး ယှဉ်ပြိုင်ခြင်း၏ ဥပမာအချို့သာ ဖြစ်ပါတယ်။ တကယ်ဆိုရင် ဥပမာပေါင်းက ထောင်သောင်းမက ရှိနိုင်ပါတယ်။ အဲဒီ ဥပမာတွေက ဈေးကွက်စီးပွားရေး ယှဉ်ပြိုင်မှု စိတ်ဓာတ်(Attitude)ကို ပြတဲ့ ဥပမာတွေ ဖြစ်ပါတယ်။

နိုင်ငံတစ်ခု ဖွံ့ဖြိုးရန် အတွက် ဈေးကွက်ဖွံ့ဖြိုးခြင်း Market Development က အရေးပါပါတယ်။

တရားမျှတပြီး ဖွံ့ဖြိုးသော ပေါ်လစီ၊ စနစ်တွေကို တည်ဆောက်ဖို့က နိုင်ငံတော်အစိုးရ၏ တာဝန် ဖြစ်ပါတယ်။

ဖွံ့ဖြိုးတဲ့စိတ်ဓာတ် Attitude Development ကို တည်ဆောက်ဖို့ကတော့ နိုင်ငံသားတို့၏ တာဝန် ဖြစ်ပါတယ်။ သာမန် နိုင်ငံသား တစ်ယောက်ဟာ ပေါ်လစီ၊ စနစ်တွေ တည်ဆောက်ဖို့ အခွင့်အာဏာ မရှိသလို အစိုးရလည်း နိုင်ငံသားတို့၏ စိတ်ကို ကိုင်တွယ်ပြီး တည်ဆောက်ခြင်းငှာ မစွမ်းနိုင်ပါဘူး။

သို့ပါ၍ Policy ရော Attitude ရော နှစ်မျိုးလုံး ပြိုင်တူ တိုးတက်သင့်သည်ဟု ဆိုချင်ပါကြောင်း။

Written by ဒေါက်တာထွန်းဝင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...