Thursday, February 28, 2013

အကျီပေါ်ကသွေးကွက်များ............

မှော်ဘီ နည်းပညာကျောင်းသို့သွားသော မင်္ဂလာဒုံမှ ဖယ်ရီကားရှေ့တွင် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် စကားများနေကြသည်။
ကောင်မလေးက" ဇေယျ နင်အဲ့ဆေးစွဲတာ ဖြတ်မလား ငါ့ကို ဖြတ်မလားပြောတော့ဟာ" ဟုပြောလိုက်ရာ

ဇေယျဆိုသော ကောင်လေးက

" ဟာာာ ငါနင့်ကိုဘယ်လိုအင်အားမျိုးနဲ့ဖြတ်ရမှာလဲဟာ ငါနင့်ကိုငါ့အသက်လောက်ချစ်တာပါဟာ ငါဆေးဖြတ်ပါမယ်နော်.".လို့ ပြန်ဂတိပေးလိုက်လေသည်.

.ထိုဖြင့်ဇေယျနှင့် ကောင်မလေးပြန်အဆင်ပြေသွားသည်။

ကောင်လေးသည် တစ်ပတ်လောက်တော့ဟုတ်တိပတ်တိနဲ့ ဆေးဖြတ်လိုက်သေးသည်။

.သို့သော်ခွေးမြီးကောက် ကျည်တောက်စွပ်ပါပဲနောက်ပိုင်းတွင် ပြန်သုံးဖြစ်သွားလေသည်။

ထိုအခါတွင်မူ ကောင်မလေးက ကောင်လေးအား စပြီးတော့ ....

" နင်ကိုငါမချစ်တော့ဘူး နင်လဲ ငါ့ကိုမချစ်နဲ့တော့ နင်လိုကောင်မျိုးကို အားကိုးနေရရင်ငါ့ဘ၀လဲပျက်လိမ့်မယ် " ဟုပြောပြီး ဖြတ်သွားလေသည်.။

ကောင်လေးက အစတုန်းကသူ့ကောင်မလေးစိတ်ဆိုးပြီးပြောသည်ထင်ပြီး စိတ်ဆိုးပြေရန် တစ်ပတ်လောက်စောင့်ပေးလိုက်သည်..။

သို့သော်သူ့အထင်နဲ့အမြင်လွဲသွားလေသည်။

.ကောင်မလေးသည် ကောင်လေးအား ဖြတ်ပြီး ၃ ရက်လောက်နေလျှင်ပဲ နောက်ဘဲတစ်ကောင်ရသွားလေသည်.

ကောင်လေးလွန်စွာပေါက်ကွဲသွားသည် ကောင်မလေးအား ထိပ်တိုက်တွေ့ရှင်းရန်ပြင်သည် ။

သို့သော်ကောင်မလေးက ကျောင်းတွင် သူ့အားရှောင်လေသည် ။

ထိုတွင်သာမက ကောင်မလေး၏နောက်ဘဲနှင့်သူ့အပေါင်းအပါများကလဲ ကောင်လေးအား ကောင်မလေးနဲ့ဝေးဝေးနေရန် သတိပေးတဲ့အဆင့်ထိဖြစ်လာသည်။

….တနေ့ကောင်လေးက သူတို့နားတွင်ဘုရားပွဲဈေးရှိရာ ပွဲဈေးတွင် လိုလိုမယ်မယ်ဆိုပြီး

၈လက်မ အရွှယ်အစားရှိ ဓားတစ်ချောင်းအားဝယ်ထားပြီး သူ့လွယ်အိတ်တွင်ထည့်ထားလေသည်..။

တနေ့ကောင်လေး မနက်အစောကြီးဖယ်ရီကားဂိတ်သို့သွားရာ တော်တော်စောနေသောကြောင့် ဖယ်ရီကားတောင်မရောက်သေးချေ။

သူတို့ဖယ်ရီကားဂိတ်သည် လူရှင်းနေလေသည် ။ထိုအချိန်တွင် ကောင်မလေးလဲ အစောကြီးဖယ်ရီကားဂိတ်သို့ရောက်လာလေသည်။

ထိုချိန်တွင်ကောင်လေးက ရသည့်အခွင့်အရေးအားလက်လွတ်မခံတော့ပဲ ကောင်မလေးအား တောင်းပန်လေသည် ။

သူ့အားပြန်တွဲရန်.ကောင်မလေးက ငြင်းသည်..ငြင်းတာမှ အသေအလဲကိုငြင်းသည် ။

ကောင်လေးသည် နောက်ဆုံးတွင် ဒူးထောက်ပြီးပါ တောင်းပန်သော်လဲမရ ။

ထိုအခါကောင်လေးသည် လွယ်အိတ်ထဲမှ ဓားအားထုတ်ပြီး .......

" နင်ပြန်မချစ်ရင် ငါ့ဘာသာ ငါသတ်သေလိုက်မှာနော် " ဟု ခြိမ်းချောက်ရာ...

ကောင်မလေးက .....

" အေး သေပေါ့ နင်လိုကောင်သေတော့ ကောင်းတာပေါ့ဟ လူမိုက်တစ်ယောက်လျှော့သွားတာပေါ့ " ဟု ပြန်ပြောရာကောင်လေးသည်

လွန်စွာဒေါသထွက်သွားပြီ ကောင်မလေးအား ဓားနှင့်မသေမချင်းထိုးသတ်လိုက်တော့သည်။

ဒေါသစိတ်ဖြင့်ဘာမှမမြင်တော့ပဲ အသေအလဲ ဓားဖြင့်ထိုးသတ်ပြီး နောက်မှ အသိတရားဝင်လာသောအခါတွင်မူ .......

ကောင်မလေးသည် အသက်မရှိတော့ချေ။

.ထိုအခါကောင်လေးသည်လွန်စွာကြောက်သွားပြီး .....

ကောင်မလေး ခန္ဓာကိုယ်အားအနီးတွင်ရှိသော ကျောက်ခဲအရွှယ်ကြီးကြီးနှင့်ချည်ပြီး ဖယ်ရီဂိတ်နောက်ကရေတွင်းထဲသို့ပစ်ချလိုက်သည်။

ထို့နောက်အိမ်သို့သုတ်သုတ် သုတ်သုတ်နဲ့ပြန်လာလေသည် ။

အိမ်သို့ရောက်သောအခါတွင်ကံကောင်းသည်ဟုပြောရမည် အဖေကအလုပ်သွား အမေက ဈေးသွားသောကြောင့် ဘယ်သူမှမရှိပေ ။

ထိုအခါကောင်လေးသည် သွေးများပေနေသော သူ့အကျီအား သူ့ဘာသာသူလျှော်ပြီး လှန်းထားသည်။

ပြီးနောက်ကျောင်းသို့ဟန်မပျက်သွားသည်။

ညနေပြန်ရောက်တော့ အကျီက ခြောက်နေသလောက်ရှိရာ ကို့ဘာသာကိုပဲ မီးပူတိုက်ပြီး ဗီဒိုထဲသို့ထည့်ထားလေသည်။

နောက်နေ့မနက်တွင်ကောင်လေးက အင်္ကျီအားထုတ်လိုက်ရာ အကျီတွင်သွေးများ ပေလျက်ရှိသည်ကိုတွေ့လိုက်ရသည်

ကောင်လေးက သွေးပျက်မတက် ကြောက်လန့်သွားပြီး ချက်ခြင်းပြန်လျှော်လိုက်သည် ပြီးတော့လှန်းထားလိုက်သည်

အပြင်တွင်မူကောင်မလေးပျောက်သောကြောင့် ရဲများလဲ ခြေချင်းလိန်နေကြသည်..

ညဘက်တွင်လဲအိပ်မက်မကောင်း သရဲအိပ်မက်လိုလိုဘာလိုလိုတွေမက်ပြီး အိပ်ရေးပျက်သောညတွေ ဖြစ်လာလေသည်..

နောက်တစ်နေ့တွင်လဲ ထိုနည်းလည်ကောင်းပေ ကောင်လေးအကျီတွင် သွေးများ နဂိုအတိုင်းထွက်နေပြန်သည်။

.ထိုအခါကောင်လေးသည်လွန်စွာကြောက်သွားပြီး .....

ရာဇ၀တ်ဘေးပြေးလဲမလွတ်တော့ပါဘူး နောက်နေ့ငါအဖမ်းသွားခံပါတော့မယ်ဟုတွေးထားလိုက်သည် ။

အဲ့နေ့ညတွင် ကောင်လေးအိပ်မက်ထဲသို့ ကောင်မလေးရောက်လာသည် ။ကောင်မလေးမျက်နှာတွင်သွေးမရှိပဲဖြူဖတ်ဖြူလျော်ဖြစ်နေသည် ။

ကောင်လေးကကောင်းမလေးအားတောင်းပန်ပြီး ငါအဖမ်းသွားခံပါတော့မယ်ဟာ ငါမှားတာ ငါသိပါတယ်ဟုပြောလိုက်သည် ။

ထိုအခါကောင်မလေးက နင်အကျီက သွေးကွက်တွေ ဘာလို့မပျောက်တာလဲနင်သိလားဟုမေးရာကောင်လေးက ခေါင်းခါပြလိုက်သည် ။

ထိုအခါကောင်မလေးက စကားတစ်ခွန်းပြောပြီး ပျောက်သွားလေသည် ကောင်မလေးပြောသွားသည်မှာ…

“ဘယ်လိုလုပ်သွေးကွက်တွေက ပျောက်မှာတုန်း နင်က Fuji ဆပ်ပြာမှ မသုံးတာဟ” .......တဲ့

တိန်

ရီမောကျန်းမာပျော်ရွှင်ကြပါေ

Lon Ely ( sh)

  1 comment:

  1. စိတ်ပျက်အောင်ရယ်ရပါတယ်.။
    ဇာတ်လမ်းလေးဖတ်ပီး ရည်းစားဟောင်းအကြောင်းသတိရနေတာ ဟာတာတာပဲကျန်ခဲ့တယ်.။
    တီဗွီတင်မကဘူး websiteမှာလည်း ကြော်ငြာဝင်တာပဲ.။

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...