Friday, February 22, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၂)

သစ်ထူးလွင်



Posted: 22 Feb 2013 07:05 AM PST
ကချင် ပြည်နယ်အတွင်း ဖြစ်ပွား နေသော စစ်ပွဲများ ရပ်တန့်၍ ငြိမ်းချမ်းရေး ရရှိရန် ကချင်ပြည်နယ် လိုင်ဇာမြို့သို့ အရောက် ခြေလျင်လမ်းလျှောက် လာသော ငြိမ်းချမ်းရေး လမ်းလျှောက်
အဖွဲ့ (၂)ဖွဲ့ မှာ စစ်ကိုင်းတိုင်း ဒေသကြီး၏ နောက်ဆုံး ခရိုင်ဖြစ်သော ကသာ ခရိုင်အတွင်းမှ စတင်ဖြတ်သန်း လမ်းလျှောက်နေပြီ ဖြစ်ပါသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လိုင်ဇာငြိမ်းချမ်းရေးခြေလျင်အဖွဲ့ကိုးတောင်ဘို့ရွာမသို့ရောက်ရှိစဉ်။

Posted: 22 Feb 2013 06:47 AM PST
မရမ်းကုန်မြို့နယ် ၆ရက်ကွက်က နေအိမ် ၃ဝဝနီးပါးကို စည်ပင်နဲ့ပေါင်းပြီး သိမ်းယူခဲ့တဲ့ကိစ္စအပေါ် ဆန္ဒပြတဲ့သူတွေ စွပ်စွဲချက် မမှန်ကန်ဘူးလို့ အိမ်သိမ်းရာမှာ အဓိကပါဝင်ခဲ့သူလို့ စွပ်စွဲခံရသူက ဖေဖော်ဝါရီ ၂၂ရက်နေ့မှာ ငြင်းဆိုလိုက်ပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 22 Feb 2013 06:06 AM PST
ဒိန်းမတ်နိုင်ငံ ပါလီမန်မှာ ဒိန်းမတ်လွှတ်တော် ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌတို့နဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့ မြန်မာ့အရေး ဆွေးနွေးခဲ့ပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါ တင်ဆက်။ ရိုက်ကူး နေဇော်နိုင်
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Feb 2013 06:01 AM PST
ရန်ကုန်မြို့သုဝဏ္ဏကွင်းမှာ ဒီနေ့ ယှဉ်ပြိုင်သွားတဲ့ မြန်မာယူ ၂၃ ဘောလုံး အသင်းနဲ့ မလေးရှား ယူ ၂၃ အသင်းတို့ ဂိုးမရှိ သရေကျ သွားခဲ့ပါတယ်။ မြန်မာယူ ၂၃ အသင်းနဲ့ မလေးရှား ယူ ၂၃ အသင်းတို့ဟာ ၂၀၁၃ ဒီဇင်ဘာလ အတွင်း ကျင်းပမယ့် ဆီးဂိမ်းပြိုင်ပွဲ အတွက် အကြိုခြေစမ်း ခဲ့ကြတာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 22 Feb 2013 05:50 AM PST
၂၀ရက် ၊ ၂လ ၊ ၂၀၁၃ ရက်နေ့တွင် ရန်ကုန်မှ ကွင်းကောက်သို့ ခရီးသည်များ တင်ဆောင်သွားသည့် မိဘမေတ္တာ ယာဉ်လိုင်းမှ မော်တော်ယာဉ် အမှတ်၅ခ / ၆၁၃၄ သည် ဟသာင်္တ နှင့် တလုတ်ထော် ကြားတွင် အရှိန်ပြင်းစွာ မောင်းနှင်သောကြောင့် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 22 Feb 2013 05:40 AM PST
ရန်ကုန် နေပြည်တော် မိုင်တိုင် အမှတ်(104) မှာရှိတဲ့ ကျော်သာ ကုမ္ပဏီက တရုတ်နိုင်ငံလုပ်
နောက်တွဲ နှစ်တွဲပါ ထွန်စက် ယာဉ်နှင့် ကြံစိုက်ခင်း ၀န်ထမ်းတွေကို ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နံနက် (4) နာရီခန့်တွင် ရန်ကုန် နေပြည်တော် အမြန် လမ်းပိုင်း အတိုင်း ကြိုလာစဉ် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 22 Feb 2013 05:27 AM PST
မန္တလေးမှ တောင်ကြီးသို့ တက်လာသည့် ခရီးသည်တင် ရန်ကြီးအောင် မှန်လုံလေအိတ် EXPRESS အမြန်ယာဉ်ကားကြီးသည် ဖေဖော်ဝါရီ ၂၁ရက်နေ့ ၊နံနက် ၄း၀၀ နာရီအချိန်တွင် ဟဲဟိုးမြို့ အကျော် ၊ တောင်လေးလုံး မရောက်မီ တီကောင် တောင်အကွေ့တွင် ကားဘရိတ် ပေါက်ပြီး တီကောင်တောင်အောက်ရှိ ချောက်ကမ်းပါး အတွင်းသို့ ကားတစ်စီးလုံး ထိုးကျသွားခဲ့ကြောင်း---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 22 Feb 2013 05:13 AM PST
ညောင်ရွှေမြို့နယ်၊ အတွင်း တည်ရှိ သတ်မှတ်ထားသည့် ဟိုတယ်ဇုန်စီမံကိန်း နေရာတွင် ကျရောက်နေသော ကံပဲ့ နှင့် အင်ကြင်းကုန်း ရွာသားများက စုပေါင်းပြီး ဘူဒိုဇာဖြင့် ထိုးနေသည့် ဖြူစင်
ကုမ္ပဏီအား ဆက်လက်ပြီး မိမိတို့ စိုက်ပျိုးမြေများအား ဘူဒိုဖာဖြင့် ဖျက်စီး ခြင်း မပြုရန် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 22 Feb 2013 03:47 AM PST
လာမယ့် မတ်လ ၁၃ ရက် ကနေ ၂၂ ရက်နေ့အထိ ကျင်းပမယ့် အခြေခံပညာအထက်တန်း စာမေးပွဲ ဖြေဆိုချိန်ကာလမှာ ကျောင်းသူကျောင်းသားတွေ လျှပ်စစ်မီး မှန်မှန်ရဖို့အတွက် မတ် ၁ ရက်နေ့ကစလို့ နိုင်ငံပိုင်စက်ရုံတွေ လည်ပတ်မှုကို ညနေ ၅ နာရီကနေ မနက် ၅ နာရီအထိ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Feb 2013 03:36 AM PST
သီရိလင်္ကာ ရေတပ်က ကယ်ဆယ်ထားသည့် မြန်မာနိုင်ငံသား ၃၂ ယောက် သည် မြန်မာပြည်ကိုပြန်ရန် ငြင်းဆိုကြောင်း သီရိလင်္ကာ ရဲတပ်ဖွဲ့က ပြောဆိုလိုက်သည်။ ရဲအဖွဲ့အဆိုအရ  မြန်မာနိုင်ငံသား မွတ်စလင် ရိုဟင်ဂျာများက သူတို့ဟာ ပြန်ဖို့ မျှော်လင့်စရာ  မရှိကြောင်း ပြောဆိုသည်ဟု သိရသည်။  ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သီရိလင်္ကာ ရေတပ်က ကယ်ဆယ်ထားသည့် ရိုဟင်ဂျာများ မြန်မာပြည် ပြန်ပို့မည်ကို ငြင်းဆို



Posted: 22 Feb 2013 03:24 AM PST
ပဲခူးတိုင်း ဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ပျဉ်းမပင်ရပ်ကွက်၊ အပိုင်း(၂) ကမ်းနားလမ်းရှိ အများပြည်သူသုံး သောက်ရေကန် ဆောက်လုပ်ရန် တူးဖော်နေသည့် မြေနေရာအား ဝင်ရောက် မြေဖို့၍ (၁၁ -ကေဗွီ)လျှပ်စစ် ဓါတ်အားတိုင် ဆောက်လုပ်ခဲ့ခြင်းအား ဒေသခံပြည်သူများမှ စည်းကမ်း ချက်အချို့နှင့် မကိုက်ညီခြင်းကြောင့် တားမြစ်ပေးရန် တောင်းဆိုထားပြီး သောက်ရေကန် ဖျက်ဆီးခဲ့သည့် တာဝန်ရှိသူများအား ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 22 Feb 2013 03:05 AM PST
လားရှိုးမြို့၊ လားရှိုးမူးယစ်(အထူး)အဖွဲ့မှ ကြိုတင်သတင်းရရှိ ထားချက်အရ မသင်္ကာဖွယ် ဆိုင်ကယ်တစ်စီးကို ရှာဖွေစစ် ဆေးရာ ဆိုင်ကယ်ကြား၌ ညှပ်၍ သယ်လာသော စောင်အိတ် နှစ်အိတ်ထဲရှိ ရောင်စုံ ပလပ်စတစ် ခွက်ထဲမှ ဘိန်းဖြူ အမှုန့်များကို ရှာဖွေဖမ်းဆီး တွေ့ရှိခဲ့သည်ဟု လားရှိုးရဲစခန်းမှ တာဝန်ရှိသူများက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 22 Feb 2013 02:49 AM PST
နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ ဘုန်းကြီးကျောင်း ၂၆ ကျောင်းအား ဖယ်ရှားခြင်းကို ဆက်လက် ဆောင်ရွက်သွား မည်ဟု နေပြည်တော် သာသနာရေး ဦးစီးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ နေပြည်တော် ကောင်စီနယ် မြေ ဇမ္ဗူသီရီ၊ ဥတ္တရသီရိနှင့် ဒက္ခိ ဏသီရိမြို့နယ်များမှ ဘုန်းကြီး ကျောင်း ၂၆ ကျောင်းအား ဖယ်ရှား ပေးရန် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 22 Feb 2013 02:43 AM PST
ပခုက္ကူမြို့နယ် ကမ္မ ကျေးရွာသား အချို့ကို စည်ပင်နယ်နိမိတ် အခွန်အခ များပေးဆောင်ခြင်း မရှိဟုဆိုကာ မြို့နယ် တရားရုံးသို့ တရားစွဲဆို ခဲ့သည်ဟု သိရသည်။ ပခုက္ကူနှင့် မိုင် ၂ဝကွာဝေးသော ကမ္မကျေးရွာသည် မြို့အသွင်ဖွံ့ဖြိုး တိုးတက်ခဲ့၍ စည်ပင်သာယာရေး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 22 Feb 2013 02:26 AM PST
ပုဂံ-ညောင်ဦးမှာ (၁၆) ရက်အတွင်း နိုင်ငံခြားသား တွေဆီက လုယက်မှု (၃) မှုဖြစ်ပွားခဲ့တာမှာ တစ်မှုကို နှစ်ရက် အတွင်း ဖော်ထုတ်နိုင်ခဲ့ပြီး ကျန်နှစ်မှုကို စုံစမ်း စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေကြောင်း သတင်းရရှိ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 22 Feb 2013 02:18 AM PST
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ထုတ် Premier Eleven Vol 10 No 26
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 22 Feb 2013 02:16 AM PST
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ထုတ်  မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းဂျာနယ် အတွဲ (၁)၊ အမှတ် (၅၀)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Feb 2013 02:14 AM PST
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ထုတ် EURO SPORTS Journal (VOL.4, NO.45)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Feb 2013 02:11 AM PST
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ထုတ် HR Journal အမှတ် (၁၈၂)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 22 Feb 2013 02:10 AM PST
ပွင့်လင်းတဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံ ဖြစ်ဖို့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ မြောက်များစွာလုပ်ဖို့ လိုအပ်နေသေးတယ်လို့ အဲဒီအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောကြားလိုက်ပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါ တင်ဆက်။ ရိုက်ကူး ကျော်ဇေယျာဝင်း၊ အောင်ထွန်းမြင့်

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Feb 2013 01:53 AM PST
တောင်ဆင်းခရီးကြမ်း စက်ဘီးစီးအားကစား ရုပ်သံမှတ်တမ်း

တင်ဆက်- ရဲဝင့်သူ

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

Posted: 21 Feb 2013 03:09 PM PST
နှစ်ရက်အတွင်း အစိုးရတပ် နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA  တို့အကြား တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားပြီး သည့် နောက် တပ်စခန်း မဖယ်ပေးပါက ထပ်တိုက်မည်ဟု အစိုးရ တပ်မှ ထပ်မံ ညွှန်ကြားလာကြောင်း ရှေ့တန်း ရောက် SSPP/SSA တပ်မှူးတဦး ကပြောပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


SSPP/SSA ရှေ့တန်းတပ်သားများ

Posted: 21 Feb 2013 01:58 PM PST
၂၀၁၆ ခုနှစ်မှာ OGP Open Government Partnership လို့ခေါ်တဲ့ ပွင့်လင်း အစိုးရများ မဟာမိတ် အဖွဲ့ဝင် အဖြစ် ပါဝင်ဖို့ မြန်မာနိုင်ငံက အဆိုပြု ထားတာကြောင့် ပွင့်လင်းမြင်သာ မှုဆိုတဲ့ OGP ရဲ့ အဓိက လိုအပ်ချက်ကို ပြည့်မှီအောင် ကြိုးပမ်းဖို့ အတွက် ဗြိတိန်နိုင်ငံက ပံ့ပိုး ကူညီသွားမှာ ဖြစ်တယ်လို့ OGP ရဲ့ လက်ရှိ နာယက ဗြိတိန်နိုင်ငံ ကနေ ပြောကြားလိုက်ပါတယ်။  OGP အဖွဲ့ဝင်ဖြစ်ဖို့ ထိပ်တန်းအစိုးရ အရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှုကို ကြေညာဖို့ လိုအပ်ပြီး  အဂတိ လိုက်စားမှုဟာ ပွင့်လင်းမြင်သာမှုရဲ့ ရန်သူဖြစ်တယ် လို့လည်း ဗြိတိန်အစိုးရ၀န်ကြီးအဖွဲ့ ဝန်ကြီး Francis Maude က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ အပြည့်အစုံ ကိုတော့ ဒေါ်ခင်စိုးဝင်း က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံကို နှစ်ရက်ကြာ ခရီးရောက်ရှိခဲ့တဲ့ ဗြိတိန်အစိုးရဝန်ကြီးအဖွဲ့ ဝန်ကြီး Francis Maude က လွန်ခဲ့တဲ့ ၁၈လအတွင်း မထင်မှတ်ပဲ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်ထွန်းမှုတွေ တွေ့ရ လို့ အားတက်မိပါတယ်တဲ့။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေး ဆိုတဲ့ တောင်ကြီးကို တက်ဖို့ တောင်ရဲ့ခြေရင်းမှာပဲ ရှိနေသေးတာကြောင့် ပန်းတိုင်ရောက်အောင် အတော်လေး ကြိုးစားဖို့လိုသေးတယ်လို့ သုံးသပ်လိုက်ပါတယ်။

မနှစ်က အမေရိကန်သမ္မတ ဘရက်အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ သမ္မတ ဦးသိန်းစိန်က ၂၀၁၆ ခုနှစ်မှာ  OGP ခေါ် ပွင့်လင်းတဲ့ အစိုးရများ မိတ်ဖက်အဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်နိုင်ဖို့အတွက် သူတာဝန်ခံပါ့မယ်လို့ ပြောကြားခဲ့ဖူးတဲ့ အကြောင်း၊ ဒါကြောင့် OGP အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံ ပါဝင်ဖို့ ကြိုဆိုတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်ဖြစ်ဖို့အတွက် လုပ်စရာတွေ အများကြီးရှိသေးတယ်လို့ ဝန်ကြီး Francis Maude က အခုလိုပြောဆို လိုက်ပါတယ်။

“OGP အဖွဲ့ဝင်ဖြစ်ဖို့အတွက် မြန်မာအစိုးရအနေနဲ့ အရေးကြီးတဲ့ အပြောင်းအလဲတွေ လုပ်ဖို့လိုပါတယ်။ ဘတ်ဂျက် ရသုံးမှန်ခြေငွေစာရင်း၊ အကြီးတန်း အစိုးရအရာရှိကြီးတွေ ရဲ့အခြေပစ္စည်းပိုင်ဆိုင်မှုတွေ အပါအ၀င် အားလုံးကို ထင်သာမြင်သာဖြစ်ရပါမယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့်ကတော့ အခု အထိုက်အလျောက် တိုးတက်လာတာတွေ့ရပါပေမဲ့ သတင်း အချက်အလက်တွေ လက်လှမ်းမှီအောင်ရယူနိုင်ဖို့ အခွင့်အလမ်းတွေ လိုနေပါသေးတယ်။ ဒါတွေအားလုံး ပွင့်လင်းလာတဲ့ကျမှသာ OGP အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်မှာဖြစ်ပါတယ်။  ဒီလို အပြောင်းအလဲတွေ ဖြစ်ထွန်းလာအောင် ကျနော်တို့ ကူညီပါ့မယ်လို့ တာဝန်ရှိသူတွေ ကိုလည်း ပြောကြားခဲ့ပါတယ်။”

ဗြိတိန်ဝန်ကြီး Francis Maude က အစိုးရဝန်ကြီးတွေနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါ တွေ့ဆုံ ခဲ့ပြီး လူထုအခြေပြု အဖွဲ့အစည်းတွေကိုလည်း တွေ့ဆုံနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ့လို တွေ့ဆုံရာ မှာ OGP အဖွဲ့ဝင်ဖြစ်ဖို့ လိုအပ်ချက်တွေကို သူရှင်းပြခဲ့တယ်လို့ အခုလို ဆိုပါတယ်။

“အဖွဲ့ဝင်ဖြစ်ဖို့ အခြေခံ အချက် ၃ ခု လိုပါတယ်။ ပထမအချက်က အနဲဆုံး နည်းဥပဒေနဲ့ အညီ ဘောင်ဝင်ဖို့ လိုပါတယ်။  ဒုတိယအချက်က OGP ရဲ့ အခြေခံမူဖြစ်တဲ့ ပွင့်လင်းမြင်သာမှု ရှိဘို့ပါဘဲ။ တတိယအချက်က ပွင့်လင်းမြင်သာမှု အတွက် ယုံကြည် အားထားလောက်တဲ့ လုပ်ငန်းအစီအစဉ် ချမှတ်ရပါမယ်။ ဒါဟာ မြန်မာ တစ်နိုင်ငံတည်းအတွက် မဟုတ်ပဲ ဘယ်နိုင်ငံမှာမဆို လိုက်နာရမှာဖြစ်ပါတယ်။ ပွင့်လင်းမှုမှာ ဦးဆောင်တယ်လို့ ဆိုရပေမယ့် ကျနော်တို့ဗြိတိန်နိုင်ငံမှာလည်
း ပိုပြီးတိုးတက်အောင် ကောင်းသထက်ကောင်းအောင် လိုက်နာကြရပါတယ်။”

OGP အဖွဲ့ကို လွန်ခဲ့တဲ့ နှစ်နှစ်က အဖွဲ့ဝင် ၅၈နိုင်ငံနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ OGP ရဲ့ အဓိက ရည်ရွယ်ချက်က Public Accountability လို့ ခေါ်တဲ့ ပြည်သူတွေအပေါ် တာဝန်သိတဲ့ တာဝန်သိမှုဖြစ်ပါတယ်လို့ ပြောရင်း OGP အဖွဲ့ဝင်ဖြစ်ခြင်းအားဖြင့် ရရှိမယ့် အကျိုးခံစားခွင့်တွေနဲ့ပတ်သက်လိ
ု့ အခုလို ရှင်းပြသွားပါတယ်။

“OGP အဖွဲ့ဝင်ဖြစ်ခြင်းအားဖြင့် ပွင့်လင်းမှုကို တွန်းအားပေးတဲ့ သဘောဆောင်ပါတယ်။ ပြည်သူ့ ဘဏ္ဍာတွေ ဘယ်လို သုံးတယ်ဆိုတာကအစ ယုံကြည်ကိုးစားမှု တိုးစေပါတယ်။  နောက်ပြီး အဂတိလိုက်စားမှုဟာ ပွင့်လင်းမြင်သာမှုရဲ့ ရန်သူဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုက အဂတိ လိုက်စားမှုကို ချေမှုန်းပစ်နိုင်ပါတယ်။  ဒါကြောင့် OGP အဖွဲ့ဝင်ဖြစ်ခဲ့ရင် ပွင့်လင်းတဲ့ စနစ်ကို ဖေါ်ဆောင်နိုင်ကြမှာဖြစ်လို့ ဧရာမ ကွာခြားချက်ကြီးကို တွေ့ကြရမှာပါ။”

မြန်မာပြည် ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်အောင် ကောင်းမွန်တဲ့ အုပ်ချုပ်မှု၊ တာဝန်သိတဲ့ ရင်းနှီးမြှပ်နှံမှု၊ ပွင့်လင်းမြင်သာမှု တိုးတက်စေရေး၊ လွှတ်တော်ရဲ့ လုပ်ငန်းတွေ ခိုင်မာရေး၊ တိုင်းရင်းသားတွေနဲ့ပြန်လည်ရင်ြ
ကားစေ့ရေး အတွက် နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဖို့အတွက် OGP အဖွဲ့ဝင်တွေက ဝိုင်းဝန်းပံ့ပိုးသွားမှာဖြစ်တယ်လို့ OGP ရဲ့ နာယကအဖြစ် တာဝန်ယူထားတဲ့ ဗြိတိန်အစိုးရ၀န်ကြီးအဖွဲ့ ၀န်ကြီး Francis Maudeက ကြာသပတေးနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

ဒေါ်ခင်စိုးဝင်း (ဗွီအိုအေ)


Posted: 21 Feb 2013 01:55 PM PST
ရှင်ဇို အာဘေး အစိုးရ အာဏာ ရလာ ပြီးတဲ့နောက် ဂျပန် နိုင်ငံမှာ သေဒဏ် ကျခံ နေရတဲ့ အကျဉ်းသား သုံးယောက်ကို ပထမဆုံး အကြိမ် ကွပ်မျက်ခဲ့ ပါတယ်။ အဲဒီလူ သုံးယောက် စလုံးဟာ လူသတ်မှု ကျူးလွန် ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဒီဇင်ဘာလက အာဏာရလာခဲ့တဲ့ ဂျပန် ဝန်ကြီး ချုပ်သစ် ရှင်ဇို အာဘေး

Posted: 21 Feb 2013 01:49 PM PST
လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ သန်းခေါင် စာရင်း ကောက်ခံဖို့ ရှိနေရာမှာ အစမ်းကောက်ယူမှုကို မတ်လ ၃ဝ ရက်နေ့ ကနေ ဧပြီလ ၁ဝ အထိ ၁၂ ရက်ကြာ ကောက်ယူမှာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ် ၁၄ ခုစလုံး ပါဝင်တဲ့ မြို့နယ် ၂ဝ မှာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မြန်မာ နိုင်ငံမှာ လူပေါင်း သန်း ၆၀ ကျော်ပြီ ဆိုပေမဲ့ စာရင်း အတိအကျ မသိရသေး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...