Wednesday, February 27, 2013

ပကတိအတိုင်း မြင်ကြစေလိုပါတယ်

သက်တန့်ချို
ဒီနေ့ သတင်းတွေအများကြီးပဲ ပျော်စရာတစ်ခုမှမပါဘူး ၀မ်းနည်းစရာတွေ ကြေကွဲစရာတွေ စိတ်မကောင်းစရာတွေချည်းပဲ

၁ ။ သမ္မတကြီးအဖွဲ့ကိုနော်ဝေမှာ ဆန္ဒပြတာ ကို ဘာမှမပြောလိုဘူး ဒါပေမယ့် ပြပုံပြနည်းကို ဘ၀င်မကျဘူး ။ ရွှေပန်းဖြင့်ကြိုဆိုပါ၏ ဆိုတာ . . Liar Thein Sein ဆိုတာဘာသဘောလဲလူတိုင်းသိတယ် ။ လူလိမ်လို့ပြောရအောင် သူပြုပြင်ပြောင်းလဲနေလို့ ကျွန်တော်တို့သိန်း ၄၀ တန်ဖုန်းတွေကနေ အနည်းဆုံးတော့ ၂ သိန်းလောက်အထိ ကိုင်လာနိုင်ကြတယ် ။ လက်လှမ်းမမှီတဲ့ကားတွေကို မော်ဒယ်မြင့်တွေ စီးလာနိုင်ကြတယ် ။ ဂျာနယ်လွတ်လပ်ခွင့်တွေ အနည်းငယ်ပဲဖြစ်စေရလာကြတယ် ။ ဒေါ်စုဆိုပြီး ကျယ်ကျယ်လောင်လောင်အော်ရဲလာတယ် ။ အရင်ကအဲဒါတွေရှိခဲ့လို့လား ။ ဒါဟာ သူမပြောင်းလို့ဘယ်သူပြောင်းတာလဲ ။ သူ့အခြေအနေနဲ့သူ့လုပ်ပိုင်ခွင့်နဲ့ အကောင်းဖက်ကလည်းနည်းနည်းကြည့်စေချင်တယ် ။ လိုချင်တာကိုတောင်းပါ ဒါပေမယ့် စကားလုံးတွေကတော့သိက္ခာမမဲ့စေချင်ဘူး ။ ဒါဟာ သမ္မတကို စော်ကားခြင်းပဲ ဆန္ဒပြတာနဲ့မတူဘူး ။ သမ္မတက ဆန္ဒပြနေတဲ့သူကို လစ်လျှုမပြုဘူး ဆွေးနွေးခိုင်းတယ် သိရတယ် ။ အဆင့်အတန်းမြင့်မြင့် ဆန္ဒပြစေချင်တယ် ။ ပြည်တွင်းကိုပြန်လာပါ ဒိုးတူဘောင်ဖက်လုပ်ကိုင်ပါ ဆင်းရဲဒုက္ခကို အတူခံစားပြီး ဆန္ဒပြပါ ။ သမ္မတလည်း နှလုံးခုန်စက်လေး ဘက်ထရီအားပြည့်ရဲ့လားမသိ ။

၂ ။ ဒေါ်စုက မန်မာနိုင်ငံသို့ရောက်ရှိနေသော တောင်အာဖရိကမှ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးကို ဂါရ၀ပြုနေပုံကို အမျိုးမျိုးအဖုံဖုံပြောဆိုကြတယ် ဒီနေရာမှာ ဒေါ်စုအနေနဲ့လုပ်သင့်လုပ်ထိုက်လို့ ဂါရပြုတာ ဘာမှမထူးဆန်းဘူး အဲဒါကို ပုံကြီးချဲ့ပြီး ဒေါ်စုကို သိက္ခာ ချနေတာ စိတ်မကောင်းစရာပဲ ။ အရိုအသေပေးတာက ရိုသေထိုက်လို့အရိုအသေပေးတာပဲ ။ ဘာလို့ တခြား မဆိုင်တဲ့ အတွေးတွေနဲ့ ရှုပ်ထွေးအောင်လုပ်ချင်နေကြတာလဲ ။

၃ ။ နိုင်ငံတိုင်းမှာ ဆန္ဒပြသူတွေနဲ့ ရဲဆိုတာရှိတယ် ။ ပြည်သူတွေက ပြည့်သူ့အသံ ပြောခွင့်ရှိသလို ရဲကလည်း တားဆီးခွင့်ရှိတယ်ဆိုပေမယ့် သွေးထွက်သံယို ဖြစ်ရလောက်အောင်အသက်ဆုံးရလောက်အောင်နှိမ်နှင်းဖြိုခွဲတာတွေကိုရှံ့ချတယ် ။ မြန်မာအချင်းချင်း ပြည်သူတွေ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သွေးထွက်သံယိုဖြစ်အောင်နှိမ်နှင်းတာကိုတော့ စိတ်မကောင်းဘူး ။ အထင်သေးတယ် ။ ကန့်ကွက်တယ် ။ ဆွေးနွေးညှိနိုင်းခြင်းလမ်းစဉ်ကိုလိုက်နေတဲ့ အစိုးရအဖွဲ့အနေနဲ့ အခြေအနေတွေမဆိုးအောင်တားဆီးတာကိုလက်ခံတယ် သွေးတော့မထွက်စေနဲ့ ဒါဏ်ရာနဲ့ အသက်အန္တရာယ်တွေကိုတော့ ရန်မရှာစေချင်ဘူး ။ အခုတော့ လယ်သမားတွေနဲ့ဆန္ဒပြသူတွေလည်း ဒါဏ်ရာတွေနဲ့သွေးတွေနဲ့ ဆေးရုံတွေရောက် ရဲတစ်ယောက်လည်းအသက်ဆုံးရတယ်သတင်းကြား တကယ့်ကို ဆိုးလိုက်တာ ။ ဒီလိုဆိုပြည်သူတွေ တဖြည်းဖြည်းကြောက်လာကြလိမ့်မယ် ။ ဆွေးနွေးညှိနှိုင်းအဖြေရှာ တဲ့လမ်းစဉ်ကိုပဲအားပေးပါတယ် ။

သက်တန့်ချို


အေးချမ်းမွန်မှ  သက်တန့်ချို တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

ဒီနေ့ သတင်းတွေအများကြီးပဲ ပျော်စရာတစ်ခုမှမပါဘူး ၀မ်းနည်းစရာတွေ ကြေကွဲစရာတွေ စိတ်မကောင်းစရာတွေချည်းပဲ

၁ ။ သမ္မတကြီးအဖွဲ့ကိုနော်ဝေမှာ ဆန္ဒပြတာ ကို ဘာမှမပြောလိုဘူး ဒါပေမယ့် ပြပုံပြနည်းကို ဘ၀င် မကျဘူး ။ ရွှေပန်းဖြင့်ကြိုဆိုပါ၏ ဆိုတာ . . Liar Thein Sein ဆိုတာဘာသဘောလဲလူတိုင်းသိတယ် ။
လူလိမ်လို့ပြောရအောင် သူပြုပြင်ပြောင်းလဲနေလို့ ကျွန်တော်တို့သိန်း ၄၀ တန်ဖုန်းတွေကနေ အနည်းဆုံးတော့ ၂ သိန်းလောက်အထိ ကိုင်လာနိုင်ကြတယ် ။ လက်လှမ်းမမှီတဲ့ကားတွေကို မော်ဒယ်မြင့်တွေ စီးလာနိုင်ကြတယ် ။ ဂျာနယ်လွတ်လပ်ခွင့်တွေ အနည်းငယ်ပဲဖြစ်စေရလာကြတယ် ။ ဒေါ်စုဆိုပြီး ကျယ်ကျယ်လောင်လောင်အော်ရဲလာတယ် ။ အရင်ကအဲဒါတွေရှိခဲ့လို့လား ။ ဒါဟာ သူမပြောင်းလို့ဘယ်သူပြောင်းတာလဲ ။ သူ့အခြေအနေနဲ့သူ့လုပ်ပိုင်ခွင့်နဲ့ အကောင်းဖက်ကလည်းနည်းနည်းကြည့်စေချင်တယ် ။ လိုချင်တာကိုတောင်းပါ ဒါပေမယ့် စကားလုံးတွေကတော့သိက္ခာမမဲ့စေချင်ဘူး ။ ဒါဟာ သမ္မတ ကို စော်ကားခြင်းပဲ ဆန္ဒပြတာနဲ့မတူဘူး ။ သမ္မတက ဆန္ဒပြနေတဲ့သူကို လစ်လျှု မပြုဘူး ဆွေးနွေး ခိုင်းတယ် သိရတယ် ။ အဆင့်အတန်းမြင့်မြင့် ဆန္ဒပြစေချင်တယ် ။ ပြည်တွင်းကိုပြန်လာပါ ဒိုးတူဘောင်ဖက်လုပ်ကိုင်ပါ ဆင်းရဲဒုက္ခကို အတူခံစားပြီး ဆန္ဒပြပါ ။ သမ္မတလည်း နှလုံးခုန်စက်လေး ဘက်ထရီအားပြည့်ရဲ့လားမသိ ။

၂ ။ ဒေါ်စုက မြန်မာနိုင်ငံသို့ရောက်ရှိနေသော တောင်အာဖရိကမှ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးကို ဂါရ၀ပြုနေပုံကို အမျိုးမျိုးအဖုံဖုံပြောဆိုကြတယ်။ ဒီနေရာမှာ ဒေါ်စုအနေနဲ့လုပ်သင့်လုပ်ထိုက်လို့ ဂါရပြုတာ ဘာမှမထူးဆန်းဘူး အဲဒါကို ပုံကြီးချဲ့ပြီး ဒေါ်စုကို သိက္ခာ ချနေတာ စိတ်မကောင်းစရာပဲ ။ အရိုအသေပေးတာက ရိုသေထိုက်လို့အရိုအသေပေးတာပဲ ။ ဘာလို့ တခြား မဆိုင်တဲ့ အတွေးတွေနဲ့ ရှုပ်ထွေးအောင်လုပ်ချင်နေကြတာလဲ

၃ ။ နိုင်ငံတိုင်းမှာ ဆန္ဒပြသူတွေနဲ့ ရဲဆိုတာရှိတယ် ။ ပြည်သူတွေက ပြည့်သူ့အသံ ပြောခွင့်ရှိသလို ရဲကလည်း တားဆီးခွင့်ရှိတယ်ဆိုပေမယ့် သွေးထွက်သံယို ဖြစ်ရလောက်အောင်အသက်ဆုံးရလောက်အောင်နှိမ်နှင်းဖြိုခွဲတာတွေကိုရှံ့ချတယ် ။ မြန်မာအချင်းချင်း ပြည်သူတွေ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သွေးထွက်သံယိုဖြစ်အောင်နှိမ်နှင်းတာကိုတော့ စိတ်မကောင်းဘူး ။ အထင်သေးတယ် ။ ကန့်ကွက်တယ် ။ ဆွေးနွေးညှိနိုင်းခြင်းလမ်းစဉ်ကိုလိုက်နေတဲ့ အစိုးရအဖွဲ့အနေနဲ့ အခြေအနေတွေ မဆိုးအောင်တားဆီးတာကိုလက်ခံတယ် သွေးတော့မထွက်စေနဲ့ ဒါဏ်ရာနဲ့ အသက်အန္တရာယ်တွေကိုတော့ ရန်မရှာစေချင်ဘူး ။ အခုတော့ လယ်သမားတွေနဲ့ဆန္ဒပြသူတွေလည်း ဒါဏ်ရာတွေနဲ့သွေးတွေနဲ့ ဆေးရုံတွေရောက် ရဲတစ်ယောက်လည်းအသက်ဆုံးရတယ်သတင်းကြား တကယ့်ကို ဆိုးလိုက်တာ ။ ဒီလိုဆိုပြည်သူတွေ တဖြည်းဖြည်းကြောက်လာကြလိမ့်မယ်။ ဆွေးနွေး ညှိနှိုင်းအဖြေရှာ တဲ့လမ်းစဉ်ကိုပဲအားပေးပါတယ် ။

သက်တန့်ချို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...